Premier League

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေဘာလုံးအျမဲလိုခ်င္ေနတဲ့ ကစားပုံအတြက္ အီဗရာခ်ီးက်ဴး

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူေဟာင္း ပက္ထရိစ္ အီဗရာက ေဘာလုံးအျမဲလက္ခံရယူဖို႔ အဆင္သင့္ျဖစ္ေနၿပီး တစ္ပါတည္း ေျပးလႊားကစားဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ကစားပုံကို ၾကည့္ေနရတာ အသင္းရဲ႕ ပရိသတ္တစ္ေယာက္အဖို႔ ဝမ္းေျမာက္ဝမ္းသာျဖစ္ရမွာျဖစ္တယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

ဘ႐ိုက္တန္နဲ႔ပြဲမွာ တုိက္စစ္နဲ႔ ကြင္းလယ္ၾကား အရပ္အနားမရွိ ခ်ိတ္ဆက္ကစားခဲ့တဲ့ ဘ႐ူႏုိ ဖာနန္ဒက္စ္ဟာ အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ေပါလ္ ေပါ့ဘာနဲ႔ နီမန္ဂ်ာ မာတစ္ခ်္တို႔ေၾကာင့္ ဒီလိုမ်ဳိး လြတ္လြတ္လပ္လပ္ေျခစြမ္းျပႏုိင္ခဲ့တာျဖစ္ၿပီး သြင္းဂိုးႏွစ္ဂိုးကိုလည္း ရယူသြားႏုိင္ခဲ့ပါတယ္။

“သူက ေဘာလုံးလိုခ်င္တယ္။ အျမဲတမ္း အဆင္သင့္ျဖစ္ေနၿပီး ေျပးလႊားကစားခ်င္ေနတယ္။ သူ႕ရဲ႕ ကိုယ္စြမ္းကိုယ္စနဲ႔ ခံယူခ်က္ကို ကၽြန္ေတာ္ ႀကဳိက္တယ္ဗ်။ လုံးဝ အေၾကာက္အလန္႔မရွိတဲ့ ပုံစံပဲ။ ဖန္တီးမယ္… ဂိုးေတြသြင္းမယ္… အသင္းအတြက္ အျပဳသေဘာေဆာင္ၿပီး တုိက္စစ္ဆင္ဖို႔ပဲ ႀကဳိးစားေနတဲ့သူ… ရလဒ္ေတြ ေျပာင္းလဲႏိုင္တဲ့သူမ်ဳိးလုိ႔ ကၽြန္ေတာ္ထင္တယ္”လို႔ အီဗရာက စကိုင္းစပုိ႔စ္မွာ ဆုိပါတယ္။

အီဗရာက မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လက္ရွိရပ္တည္ေနတဲ့ အမွတ္ေပးဇယားက အဆင့္ ၅ ေနရာဟာ ဖာနန္ဒက္စ္ေၾကာင့္လို႔ေတာင္ ဆုိႏုိင္ၿပီး သူ႕အေနနဲ႔ ကစားသမားအားလုံးရဲ႕ ႐ုန္းအားကို ေလးစားေပမယ့္ အသက္ ၂၅ ႏွစ္အရြယ္ ေပၚတူဂီသားက ေသာ့ခ်က္ေနရာမွာရွိတာကိုေတာ့ ဘယ္သူမွ ျငင္းႏုိင္မွာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

ဖာနန္ဒက္စ္ကေတာ့ ဒီလိုမ်ဳိး ေျခစြမ္းျပၿပီး သြင္းဂိုးေတြ ရယူႏိုင္ခဲ့လုိ႔ အသင္းေဖာ္ ေပါ့ဘာကိုလည္း ေက်းဇူးတင္ေၾကာင္းနဲ႔ မကစားရတာ ၾကာေပမယ့္ ျပန္ကစားႏုိင္တာနဲ႔ ထိထိေရာက္ေရာက္ အက်ဳိးျပဳႏုိင္တာကို ေတြ႕ရေၾကာင္းဆုိခဲ့ၿပီး သူတုိ႔ႏွစ္ေယာက္အေၾကာင္းကိုပဲ ေျပာေနမယ္ဆုိရင္ အသင္းေဖာ္ေတြကို မေလးစားရာက်ေၾကာင္းနဲ႔ တစ္သင္းလုံးရဲ႕ စုဖြဲ႕မွဳေကာင္းမြန္ခဲ့လုိ႔သာျဖစ္ေၾကာင္း ေျပာၾကားထားခဲ့တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူဟောင်း ပက်ထရိစ် အီဗရာက ဘောလုံးအမြဲလက်ခံရယူဖို့ အဆင်သင့်ဖြစ်နေပြီး တစ်ပါတည်း ပြေးလွှားကစားဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ကစားပုံကို ကြည့်နေရတာ အသင်းရဲ့ ပရိသတ်တစ်ယောက်အဖို့ ဝမ်းမြောက်ဝမ်းသာဖြစ်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ တိုက်စစ်နဲ့ ကွင်းလယ်ကြား အရပ်အနားမရှိ ချိတ်ဆက်ကစားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းဖော်တွေဖြစ်ကြတဲ့ ပေါလ် ပေါ့ဘာနဲ့ နီမန်ဂျာ မာတစ်ချ်တို့ကြောင့် ဒီလိုမျိုး လွတ်လွတ်လပ်လပ်ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုးနှစ်ဂိုးကိုလည်း ရယူသွားနိုင်ခဲ့ပါတယ်။

“သူက ဘောလုံးလိုချင်တယ်။ အမြဲတမ်း အဆင်သင့်ဖြစ်နေပြီး ပြေးလွှားကစားချင်နေတယ်။ သူ့ရဲ့ ကိုယ်စွမ်းကိုယ်စနဲ့ ခံယူချက်ကို ကျွန်တော် ကြိုက်တယ်ဗျ။ လုံးဝ အကြောက်အလန့်မရှိတဲ့ ပုံစံပဲ။ ဖန်တီးမယ်… ဂိုးတွေသွင်းမယ်… အသင်းအတွက် အပြုသဘောဆောင်ပြီး တိုက်စစ်ဆင်ဖို့ပဲ ကြိုးစားနေတဲ့သူ… ရလဒ်တွေ ပြောင်းလဲနိုင်တဲ့သူမျိုးလို့ ကျွန်တော်ထင်တယ်”လို့ အီဗရာက စကိုင်းစပို့စ်မှာ ဆိုပါတယ်။

အီဗရာက မန်ချက်စတာယူနိုက်တက်ရဲ့ လက်ရှိရပ်တည်နေတဲ့ အမှတ်ပေးဇယားက အဆင့် ၅ နေရာဟာ ဖာနန်ဒက်စ်ကြောင့်လို့တောင် ဆိုနိုင်ပြီး သူ့အနေနဲ့ ကစားသမားအားလုံးရဲ့ ရုန်းအားကို လေးစားပေမယ့် အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီသားက သော့ချက်နေရာမှာရှိတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဖာနန်ဒက်စ်ကတော့ ဒီလိုမျိုး ခြေစွမ်းပြပြီး သွင်းဂိုးတွေ ရယူနိုင်ခဲ့လို့ အသင်းဖော် ပေါ့ဘာကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ မကစားရတာ ကြာပေမယ့် ပြန်ကစားနိုင်တာနဲ့ ထိထိရောက်ရောက် အကျိုးပြုနိုင်တာကို တွေ့ရကြောင်းဆိုခဲ့ပြီး သူတို့နှစ်ယောက်အကြောင်းကိုပဲ ပြောနေမယ်ဆိုရင် အသင်းဖော်တွေကို မလေးစားရာကျကြောင်းနဲ့ တစ်သင်းလုံးရဲ့ စုဖွဲ့မှုကောင်းမွန်ခဲ့လို့သာဖြစ်ကြောင်း ပြောကြားထားခဲ့တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.