Article La Liga Ligue1 Premier League

၂၀၂၁ နွေရာသီမှာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ကြတဲ့ ခေါ်ယူမှု ၅ ဦး

၂၀၂၁ နွေရာသီ အပြောင်းအရွှေ့ကတော့ ပရိသတ်တွေအတွက် ကြီးကြီးမားမား ကျေနပ်စရာ မရှိခဲ့သလို အသင်းသစ်တွေကို ရောက်လာခဲ့ကြတဲ့ နာမည်ကြီး ကစားသမား၊ အထူးသဖြင့် တိုက်စစ်က ဖန်တီးရှင်တွေနဲ့ ဂိုးသွင်းသူရဲကောင်းတွေကတော့ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ဘဲ သူတို့အပေါ် မျှော်လင့်ထားသမျှကို အောင်မှတ်ရအောင် စွမ်းဆောင်နိုင်ခဲ့သူလောက်သာ ရှိခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်တို့ရဲ့ အသင်းနဲ့ လိုက်ဖက်ညီတဲ့ ခံစစ်သမား ခေါ်ယူမှုတွေက ဈေးကွက်ထဲမှာ ချီးကျူးစရာဖြစ်ခဲ့ချိန်မှာ ကျန်တဲ့ ဥရောပအသင်းတွေရဲ့ တိုက်စစ်သမားတွေ ခေါ်ယူမှုတွေက ဒီပုံစံမျိုး ၁၀ မှတ်ပေးရင် ၇ မှတ်ရမယ့်သူမျိုးတောင် ရှားပါးနေပြီး နာမည်ကြီးတွေ အလုပ်မဖြစ်ခဲ့သလို မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ အထဲက ပြောစရာဖြစ်ခဲ့ကြသူ ၅ ဦးကို ဖော်ပြလိုက်ပါတယ်။

၅။ မမ်းဖစ္စ ဒီပိုင်း (ဘာစီလိုနာ)
ဒတ်ချ်တိုက်စစ်မှူးကို သူ့ဆရာ ရော်နယ်လ် ကိုးမန်းက လီယွန်နယ် မက်ဆီကိုပါ ပစ်ရင် ပစ်ရပါစေဆိုပြီး အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တာပါ။ သူ့ကို ကိုးမန်းက ၂၀၂၀ နွေရာသီမှာကတည်းက လိုချင်ခဲ့ပေမယ့် ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ ဘတ်ဂျက်ရှားပါးမှုကြောင့် ၂၀၂၁ နွေရာသီရောက်မှ ဖရီးနဲ့ ခေါ်ခဲ့ရတာဖြစ်ပါတယ်။ ဘယ်တောင်ပံနဲ့ ဗဟိုတိုက်စစ်မှာ မြန်နှုန်းမြင့် အင်အားသုံးကစားတတ်တဲ့ ဒီပိုင်းဟာ ဘာစီလိုနာနဲ့ အဖွင့်လှခဲ့ပေမယ့် ပရိသတ်တွေရဲ့ ထင်သလောက် အားပေးမှုကိုတော့ မရနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်အနေနဲ့ သူ့ကြောင့် နူးကမ့်ကနေ မက်ဆီကို စာချုပ်သက်တမ်းမတိုးနိုင်ဘဲ လက်လွှတ်ခဲ့ရတယ်ဆိုတဲ့ အမြင်စောင်းမှုကြီးကိုလည်း ရင်ဆိုင်နေရပြီး ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၈ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်ထားနိုင်တာကတော့ သူ့ကို မျှော်လင့်ထားသမျှနဲ့ မကိုက်ညီဘဲဖြစ်ခဲ့ပါတယ်။ သူ့ကို ခေါ်ယူခဲ့တဲ့ နည်းပြ ကိုးမန်းက အသင်းနဲ့ လမ်းခွဲသွားချိန်မှာ နောက်ရောက်လာတဲ့ နည်းပြ ဇာဗီ အာနန်ဒက်ဇ်ကတော့ သူအလိုမရှိဘူးလို့ ပြောခဲ့ဖူးတဲ့ လုခ် ဒီယုံးကို ပိုမိုဦးစားပေးနေပြီး ခေါ်မယ့်သူရှိရင် ပြန်ရောင်းချင်ပြီလို့တောင် ကြားခဲ့ရတာပါ။

၄။ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ် (ပီအက်စ်ဂျီ)
နောက်ထပ် ဒတ်ချ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗိုင်နယ်လ်ဒွမ်ရဲ့ လက်မှတ်ကို ရဖို့ ဘာစီလိုနာအပါအဝင် ဥရောပသင်းကြီးတွေ ဝိုင်းလိုက်ခဲ့ရတာဖြစ်ပြီး လီဗာပူးလ်တို့ ဆက်ထိန်းဖို့ လက်လျှော့ခဲ့ရချိန်မှာ ပီအက်စ်ဂျီက လစာမြင့်မြင့်ပေးပြီး ခေါ်ယူနိုင်ခဲ့ပေမယ့် မင်းသားကွင်းကြီးမှာ အဓိက ကစားသမားအဖြစ်တော့ တိုးဝင်နိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ လက်ရှိမှာလည်း လိဂန်ပွဲထွက် ၁၁ ပွဲနဲ့ လူစားဝင် ၇ ပွဲသာ ကစားထားပြီး ၉၇၈ မိနစ် (ပွဲပြည့် ကစားချိန်ရဲ့ ၆၀ ရာခိုင်နှုန်းသာ ကစားခွင့်ရထားတဲ့ နယ်သာလန်ကပ္ပတိန်ဟာ ပြိုင်ပွဲစုံမှာ ၃ ဂိုးသာ ရရှိထားခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ရှိသွားခဲ့ပြီဖြစ်ပေမယ့် ခြေစွမ်းခြေစနဲ့ လုပ်အားနှုန်းအရ ၉၀ ရာခိုင်နှုန်းအထက်မှာ ပေးဆပ်နိုင်ဆဲဖြစ်တဲ့ ကွင်းလယ်လူအနေနဲ့ ပီအက်စ်ဂျီမှာ အခန်းကဏ္ဍ ထင်သလောက် မရခဲ့တာအပေါ် စိတ်ပျက်နေတယ်လို့ သတင်းထွက်နေပြီး ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ သွားရောက်ကစားနိုင်ဖို့ စိတ်အားထက်သန်နေတယ်လို့လည်း ဆိုတာကြောင့် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာပြီး အငှားနဲ့ပဲဖြစ်ဖြစ် ပြောင်းရွှေ့နိုင်ဖို့က ဖြစ်ပေါ်လာနိုင်ပြီး ပရီးမီးယားလိဂ်ကို ပြန်လာမလားတော့ စောင့်ကြည့်ရမှာပါ။

၃။ လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ)
တစ်ရွာမပြောင်း သူကောင်းမဖြစ်ထုံး နှလုံးမူပြီး ပါရီမြေကို ခြေချခဲ့တဲ့ အာဂျင်တီးနားသားကြီးဟာ လွယ်လှပါတယ်လို့ တခြားဥရောပပြိုင်ဘက်အသင်းတွေနဲ့ မီဒီယာတွေက “လယ်သမားပြိုင်ပွဲ”လို့ ကဲ့ရဲ့လေ့ရှိတဲ့ လိဂန်မှာ အသားကျအောင် ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို ရောက်ပြီး သူ့ရဲ့ အသားအကျဆုံးဖြစ်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ ၅ ပွဲကို ၅ ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် ပြည်တွင်းမှာတော့ ၁၁ ပွဲကစားအပြီးမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာက ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေကိုပါ ရရှိစေခဲ့တာပါ။

ပါတီအသွား ကိုဗစ်ထိခဲ့လို့ပါ အပြောခံနေခဲ့ရတဲ့ မက်ဆီအနေနဲ့ ဒုတိယ ရာသီဝက်ကိုတော့ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး တည်ဆောက်လာခဲ့တဲ့ သိက္ခာနဲ့ မာနကို အထိမခံရစေဖို့ ပထမပိုင်းထက် နှစ်ဆပို ရုန်းကန်ပြရဖို့လည်း ရှိနေခဲ့ပြီး အသက် ၃၄ နှစ်အရွယ်မှာ သွင်းဂိုးတွေ ပိုမိုရယူနိုင်ဖို့တော့ နည်းပြ ပိုချက်တီနိုရဲ့ အသင်းဖော်တွေရဲ့ ဦးစားပေးမှုနဲ့ ပံ့ပိုးမှုကိုလည်း လိုအပ်နေခဲ့ပါတယ်။ လက်ရှိမှာတော့ မျှော်မှန်းထားတာနဲ့ ကိုက်ညီမှု မရှိသေးဘူးလို့ ရိုးရိုးလေးပဲ သုံးသပ်ရမယ့် မက်ဆီအတွက် ပရိသတ်တွေကတော့ စောင့်စားဆုတောင်းပေးနေကြဦးမှာတော့ သေချာနေပါတယ်။

၂။ ရိုမီလူ လူကာကူး (ချဲလ်ဆီး)
မန်ချက်စတာယူနိုက်တက်မှာ အနည်းငယ် ရုန်းကန်ခဲ့ရပြီး အီတလီမှာ ပြန်လည်တောက်ပခဲ့တဲ့ လူကာကူးကို ချဲလ်ဆီးတို့အနေနဲ့ အသင်းစံချိန် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ကမ္ဘာ့အဆင့်မှာ သတ္တမမြောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးဖြစ်ခဲ့သလို ကစားသမားဘဝတစ်လျှောက် ပြောင်းရွှေ့ကြေး စုစုပေါင်း ပေါင် ၂၈၈ သန်းနဲ့ ငွေသုံးခံရအများဆုံး ကစားသမားဖြစ်လာခဲ့ပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာတော့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ခဲ့ဘဲ ဒုတိယအကြိမ် ပေါင်းစည်းမှုမှာ ပထမအကြိမ် လူငယ်ဘဝကထက်တောင် ငြိုငြင်သူတွေ ပေါများခဲ့တာပါ။

ပြိုင်ပွဲစုံ ၂၂ ပွဲမှာ ၈ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ဘယ်လ်ဂျီယမ်ကစားသမားဟာ သူ့ရဲ့ ရိုးရှင်းလွန်းတဲ့ ကစားပုံကြောင့် လက်ရှိမှာ အသင်းဖော်တွေနဲ့ ထင်သလောက် မပေါင်းစည်းနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ စီးရီးအေထက် ပိုမိုမြန်ဆန်တဲ့ ကစားပုံမှာ ရုန်းကန်နေခဲ့ရပြီး နည်းပြ တူဟယ်လ်ရဲ့ နည်းစနစ်တွေကိုပါ ဝေဖန်ခဲ့လို့ မျက်နှာပျက်ရလုနီးပါး ဖြစ်ခဲ့သေးတာပါ။ ဒါပေမယ့် ငြိမ်းချမ်းရေး ပြန်ယူနိုင်ခဲ့အပြီးမှာတော့ အသင်းရဲ့ ပရီးမီးယားလိဂ်ကို ရယူဖို့ မဖြစ်နိုင်သလောက် အနေအထားမှာ ကျန်တဲ့ ဖလားတွေကို ရယူနိုင်ဖို့ ကြိုးစားပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၁။ ဂျေဒန် ဆန်ချို (မန်ချက်စတာယူနိုက်တက်)
ပြောင်းရွှေ့ကစားချင်လွန်းပါတယ်ဆိုတဲ့ အသင်းကို ရောက်လာခဲ့ရပေမယ့် ဆန်ချိုရဲ့ ခြေစွမ်းက သာမန်အောက် တော်တော်ဝေးဝေးမှာ ရောက်ရှိနေဆဲဖြစ်သလို ပုံမှန်ကစားခွင့်ကိုလည်း နည်းပြနှစ်ဦးစလုံးရဲ့ လက်ထဲမှာ ရယူနိုင်ခဲ့ခြင်း မရှိဘဲ ပေါင် ၇၁ သန်းဆိုတဲ့ ပမာဏအထိ သူ့ရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချခေါ်ယူနိုင်ခဲ့လို့သာ အပြောခံရတဲ့ ဘေးကနေ ကင်းဝေးနေခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူတွေကြောင့်ပဲဖြစ်ဖြစ် ကွင်းထဲက ခြေစွမ်းမှာ လက်ခံနိုင်စရာ မရှိသေးတာပါ။

အိုးလ်ထရက်ဖို့ဒ်က ပဲ့ကိုင်ရှင် နည်းပြတွေအနေနဲ့ မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကြယ်ပွင့်ဆိုပြီး ဂုဏ်ယူနေရတဲ့ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့ တစ်ဦးဦးကို မပစ်နိုင်ချိန်မှာ ဒေါ့မွန်လူဟောင်းအနေနဲ့ ဘယ်နေရာမှာ အတည်တကျ ကစားရမလဲဆိုတာပါ ဂဏန်းမငြိမ်နိုင်သေးဘဲဖြစ်နေခဲ့ပြီး ဒါတောင်မှ ပေါ့ဘာကို ဒဏ်ရာ၊ စာချုပ်သက်တမ်းတွေအရ နောက်ကို ပို့ထားခဲ့လို့ တော်နေသေးတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမားအနေနဲ့ နည်းပြ ရန်းနစ်ခ် လက်ထက်မှာလည်း အသင်းရဲ့ ကစားကွက် အပြောင်းလဲမှာ ကစားပုံအသစ်ကိုပါ သင်ယူနေခဲ့ရပြီး လက်ရှိအချိန်အထိမှာတော့ ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားအပြီးမှာ ၂ ဂိုးသာ ရယူပေးထားနိုင်သေးတာပါ။ ဆန်ချိုအနေနဲ့ ဝေဖန်မှုတွေကို ကျော်လွှားနိုင်ဖို့က အသင်းဖော်တွေနဲ့ အသားတကျ ပူးပေါင်းနားလည်နိုင်ဖို့အပြင် နည်းပြရဲ့ ထောက်ခံမှုကိုပါ ရယူနိုင်ဖို့ လိုအပ်နေပြီး ယာယီနည်းပြတစ်ယောက်လက်ထဲမှာတော့ အလျင်အမြန် တိုးတက်လာမယ်လို့တော့ မယုံကြည်နိုင်ကြသေးတာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၂၀၂၁ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကေတာ့ ပရိသတ္ေတြအတြက္ ႀကီးႀကီးမားမား ေက်နပ္စရာ မရွိခဲ့သလို အသင္းသစ္ေတြကို ေရာက္လာခဲ့ၾကတဲ့ နာမည္ႀကီး ကစားသမား၊ အထူးသျဖင့္ တိုက္စစ္က ဖန္တီးရွင္ေတြနဲ႔ ဂိုးသြင္းသူရဲေကာင္းေတြကေတာ့ ထင္သေလာက္ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ သူတို႔အေပၚ ေမွ်ာ္လင့္ထားသမွ်ကို ေအာင္မွတ္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူေလာက္သာ ရွိခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္တို႔ရဲ႕ အသင္းနဲ႔ လိုက္ဖက္ညီတဲ့ ခံစစ္သမား ေခၚယူမႈေတြက ေဈးကြက္ထဲမွာ ခ်ီးက်ဴးစရာျဖစ္ခဲ့ခ်ိန္မွာ က်န္တဲ့ ဥေရာပအသင္းေတြရဲ႕ တိုက္စစ္သမားေတြ ေခၚယူမႈေတြက ဒီပုံစံမ်ိဳး ၁၀ မွတ္ေပးရင္ ၇ မွတ္ရမယ့္သူမ်ိဳးေတာင္ ရွားပါးေနၿပီး နာမည္ႀကီးေတြ အလုပ္မျဖစ္ခဲ့သလို မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့တဲ့ အထဲက ေျပာစရာျဖစ္ခဲ့ၾကသူ ၅ ဦးကို ေဖာ္ျပလိုက္ပါတယ္။

၅။ မမ္းဖစၥ ဒီပိုင္း (ဘာစီလိုနာ)
ဒတ္ခ်္တိုက္စစ္မႉးကို သူ႔ဆရာ ေရာ္နယ္လ္ ကိုးမန္းက လီယြန္နယ္ မက္ဆီကိုပါ ပစ္ရင္ ပစ္ရပါေစဆိုၿပီး အားကိုးတႀကီးနဲ႔ ေခၚယူခဲ့တာပါ။ သူ႔ကို ကိုးမန္းက ၂၀၂၀ ေႏြရာသီမွာကတည္းက လိုခ်င္ခဲ့ေပမယ့္ ဘာစီလိုနာရဲ႕ အေျပာင္းအေ႐ႊ႕ ဘတ္ဂ်က္ရွားပါးမႈေၾကာင့္ ၂၀၂၁ ေႏြရာသီေရာက္မွ ဖရီးနဲ႔ ေခၚခဲ့ရတာျဖစ္ပါတယ္။ ဘယ္ေတာင္ပံနဲ႔ ဗဟိုတိုက္စစ္မွာ ျမန္ႏႈန္းျမင့္ အင္အားသုံးကစားတတ္တဲ့ ဒီပိုင္းဟာ ဘာစီလိုနာနဲ႔ အဖြင့္လွခဲ့ေပမယ့္ ပရိသတ္ေတြရဲ႕ ထင္သေလာက္ အားေပးမႈကိုေတာ့ မရႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ နယ္သာလန္လက္ေ႐ြးစင္အေနနဲ႔ သူ႔ေၾကာင့္ ႏူးကမ့္ကေန မက္ဆီကို စာခ်ဳပ္သက္တမ္းမတိုးႏိုင္ဘဲ လက္လႊတ္ခဲ့ရတယ္ဆိုတဲ့ အျမင္ေစာင္းမႈႀကီးကိုလည္း ရင္ဆိုင္ေနရၿပီး ၿပိဳင္ပြဲစုံ ၂၃ ပြဲ ကစားၿပီးခ်ိန္မွာ သြင္းဂိုး ၈ ဂိုးနဲ႔ ဖန္တီးမႈ ၂ ႀကိမ္သာ ျပဳလုပ္ထားႏိုင္တာကေတာ့ သူ႔ကို ေမွ်ာ္လင့္ထားသမွ်နဲ႔ မကိုက္ညီဘဲျဖစ္ခဲ့ပါတယ္။ သူ႔ကို ေခၚယူခဲ့တဲ့ နည္းျပ ကိုးမန္းက အသင္းနဲ႔ လမ္းခြဲသြားခ်ိန္မွာ ေနာက္ေရာက္လာတဲ့ နည္းျပ ဇာဗီ အာနန္ဒက္ဇ္ကေတာ့ သူအလိုမရွိဘူးလို႔ ေျပာခဲ့ဖူးတဲ့ လုခ္ ဒီယုံးကို ပိုမိုဦးစားေပးေနၿပီး ေခၚမယ့္သူရွိရင္ ျပန္ေရာင္းခ်င္ၿပီလို႔ေတာင္ ၾကားခဲ့ရတာပါ။

၄။ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ (ပီအက္စ္ဂ်ီ)
ေနာက္ထပ္ ဒတ္ခ်္ကစားသမားတစ္ဦးျဖစ္တဲ့ ဗိုင္နယ္လ္ဒြမ္ရဲ႕ လက္မွတ္ကို ရဖို႔ ဘာစီလိုနာအပါအဝင္ ဥေရာပသင္းႀကီးေတြ ဝိုင္းလိုက္ခဲ့ရတာျဖစ္ၿပီး လီဗာပူးလ္တို႔ ဆက္ထိန္းဖို႔ လက္ေလွ်ာ့ခဲ့ရခ်ိန္မွာ ပီအက္စ္ဂ်ီက လစာျမင့္ျမင့္ေပးၿပီး ေခၚယူႏိုင္ခဲ့ေပမယ့္ မင္းသားကြင္းႀကီးမွာ အဓိက ကစားသမားအျဖစ္ေတာ့ တိုးဝင္ႏိုင္ခဲ့ျခင္း မရွိတာျဖစ္ပါတယ္။ လက္ရွိမွာလည္း လိဂန္ပြဲထြက္ ၁၁ ပြဲနဲ႔ လူစားဝင္ ၇ ပြဲသာ ကစားထားၿပီး ၉၇၈ မိနစ္ (ပြဲျပည့္ ကစားခ်ိန္ရဲ႕ ၆၀ ရာခိုင္ႏႈန္းသာ ကစားခြင့္ရထားတဲ့ နယ္သာလန္ကပၸတိန္ဟာ ၿပိဳင္ပြဲစုံမွာ ၃ ဂိုးသာ ရရွိထားခဲ့တာလည္းျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္ အ႐ြယ္ ရွိသြားခဲ့ၿပီျဖစ္ေပမယ့္ ေျခစြမ္းေျခစနဲ႔ လုပ္အားႏႈန္းအရ ၉၀ ရာခိုင္ႏႈန္းအထက္မွာ ေပးဆပ္ႏိုင္ဆဲျဖစ္တဲ့ ကြင္းလယ္လူအေနနဲ႔ ပီအက္စ္ဂ်ီမွာ အခန္းက႑ ထင္သေလာက္ မရခဲ့တာအေပၚ စိတ္ပ်က္ေနတယ္လို႔ သတင္းထြက္ေနၿပီး ကာတာ ၂၀၂၂ ကမာၻ႔ဖလားမွာ သြားေရာက္ကစားႏိုင္ဖို႔ စိတ္အားထက္သန္ေနတယ္လို႔လည္း ဆိုတာေၾကာင့္ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာၿပီး အငွားနဲ႔ပဲျဖစ္ျဖစ္ ေျပာင္းေ႐ႊ႕ႏိုင္ဖို႔က ျဖစ္ေပၚလာႏိုင္ၿပီး ပရီးမီးယားလိဂ္ကို ျပန္လာမလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

၃။ လီယြန္နယ္ မက္ဆီ (ပီအက္စ္ဂ်ီ)
တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ထုံး ႏွလုံးမူၿပီး ပါရီေျမကို ေျခခ်ခဲ့တဲ့ အာဂ်င္တီးနားသားႀကီးဟာ လြယ္လွပါတယ္လို႔ တျခားဥေရာပၿပိဳင္ဘက္အသင္းေတြနဲ႔ မီဒီယာေတြက “လယ္သမားၿပိဳင္ပြဲ”လို႔ ကဲ့ရဲ႕ေလ့ရွိတဲ့ လိဂန္မွာ အသားက်ေအာင္ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းကို ေရာက္ၿပီး သူ႔ရဲ႕ အသားအက်ဆုံးျဖစ္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲေတြမွာ ၅ ပြဲကို ၅ ဂိုး သြင္းယူထားႏိုင္ခဲ့ေပမယ့္ ျပည္တြင္းမွာေတာ့ ၁၁ ပြဲကစားအၿပီးမွာ ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာက ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈေတြကိုပါ ရရွိေစခဲ့တာပါ။

ပါတီအသြား ကိုဗစ္ထိခဲ့လို႔ပါ အေျပာခံေနခဲ့ရတဲ့ မက္ဆီအေနနဲ႔ ဒုတိယ ရာသီဝက္ကိုေတာ့ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္လုံး တည္ေဆာက္လာခဲ့တဲ့ သိကၡာနဲ႔ မာနကို အထိမခံရေစဖို႔ ပထမပိုင္းထက္ ႏွစ္ဆပို ႐ုန္းကန္ျပရဖို႔လည္း ရွိေနခဲ့ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္မွာ သြင္းဂိုးေတြ ပိုမိုရယူႏိုင္ဖို႔ေတာ့ နည္းျပ ပိုခ်က္တီႏိုရဲ႕ အသင္းေဖာ္ေတြရဲ႕ ဦးစားေပးမႈနဲ႔ ပံ့ပိုးမႈကိုလည္း လိုအပ္ေနခဲ့ပါတယ္။ လက္ရွိမွာေတာ့ ေမွ်ာ္မွန္းထားတာနဲ႔ ကိုက္ညီမႈ မရွိေသးဘူးလို႔ ႐ိုး႐ိုးေလးပဲ သုံးသပ္ရမယ့္ မက္ဆီအတြက္ ပရိသတ္ေတြကေတာ့ ေစာင့္စားဆုေတာင္းေပးေနၾကဦးမွာေတာ့ ေသခ်ာေနပါတယ္။

၂။ ႐ိုမီလူ လူကာကူး (ခ်ဲလ္ဆီး)
မန္ခ်က္စတာယူႏိုက္တက္မွာ အနည္းငယ္ ႐ုန္းကန္ခဲ့ရၿပီး အီတလီမွာ ျပန္လည္ေတာက္ပခဲ့တဲ့ လူကာကူးကို ခ်ဲလ္ဆီးတို႔အေနနဲ႔ အသင္းစံခ်ိန္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ကမာၻ႔အဆင့္မွာ သတၱမေျမာက္ အျမင့္မားဆုံး ေျပာင္းေ႐ႊ႕ေၾကးျဖစ္ခဲ့သလို ကစားသမားဘဝတစ္ေလွ်ာက္ ေျပာင္းေ႐ႊ႕ေၾကး စုစုေပါင္း ေပါင္ ၂၈၈ သန္းနဲ႔ ေငြသုံးခံရအမ်ားဆုံး ကစားသမားျဖစ္လာခဲ့ေပမယ့္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာေတာ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္က မကိုက္ခဲ့ဘဲ ဒုတိယအႀကိမ္ ေပါင္းစည္းမႈမွာ ပထမအႀကိမ္ လူငယ္ဘဝကထက္ေတာင္ ၿငိဳျငင္သူေတြ ေပါမ်ားခဲ့တာပါ။

ၿပိဳင္ပြဲစုံ ၂၂ ပြဲမွာ ၈ ဂိုးသာ သြင္းယူႏိုင္ခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကးအျမင့္မားဆုံး ဘယ္လ္ဂ်ီယမ္ကစားသမားဟာ သူ႔ရဲ႕ ႐ိုးရွင္းလြန္းတဲ့ ကစားပုံေၾကာင့္ လက္ရွိမွာ အသင္းေဖာ္ေတြနဲ႔ ထင္သေလာက္ မေပါင္းစည္းႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ စီးရီးေအထက္ ပိုမိုျမန္ဆန္တဲ့ ကစားပုံမွာ ႐ုန္းကန္ေနခဲ့ရၿပီး နည္းျပ တူဟယ္လ္ရဲ႕ နည္းစနစ္ေတြကိုပါ ေဝဖန္ခဲ့လို႔ မ်က္ႏွာပ်က္ရလုနီးပါး ျဖစ္ခဲ့ေသးတာပါ။ ဒါေပမယ့္ ၿငိမ္းခ်မ္းေရး ျပန္ယူႏိုင္ခဲ့အၿပီးမွာေတာ့ အသင္းရဲ႕ ပရီးမီးယားလိဂ္ကို ရယူဖို႔ မျဖစ္ႏိုင္သေလာက္ အေနအထားမွာ က်န္တဲ့ ဖလားေတြကို ရယူႏိုင္ဖို႔ ႀကိဳးစားေပးႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၁။ ေဂ်ဒန္ ဆန္ခ်ိဳ (မန္ခ်က္စတာယူႏိုက္တက္)
ေျပာင္းေ႐ႊ႕ကစားခ်င္လြန္းပါတယ္ဆိုတဲ့ အသင္းကို ေရာက္လာခဲ့ရေပမယ့္ ဆန္ခ်ိဳရဲ႕ ေျခစြမ္းက သာမန္ေအာက္ ေတာ္ေတာ္ေဝးေဝးမွာ ေရာက္ရွိေနဆဲျဖစ္သလို ပုံမွန္ကစားခြင့္ကိုလည္း နည္းျပႏွစ္ဦးစလုံးရဲ႕ လက္ထဲမွာ ရယူႏိုင္ခဲ့ျခင္း မရွိဘဲ ေပါင္ ၇၁ သန္းဆိုတဲ့ ပမာဏအထိ သူ႔ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေခၚယူႏိုင္ခဲ့လို႔သာ အေျပာခံရတဲ့ ေဘးကေန ကင္းေဝးေနခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ဘယ္သူေတြေၾကာင့္ပဲျဖစ္ျဖစ္ ကြင္းထဲက ေျခစြမ္းမွာ လက္ခံႏိုင္စရာ မရွိေသးတာပါ။

အိုးလ္ထရက္ဖို႔ဒ္က ပဲ့ကိုင္ရွင္ နည္းျပေတြအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ အကယ္ဒမီထြက္ ၾကယ္ပြင့္ဆိုၿပီး ဂုဏ္ယူေနရတဲ့ ဂရင္းဝုဒ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ တစ္ဦးဦးကို မပစ္ႏိုင္ခ်ိန္မွာ ေဒါ့မြန္လူေဟာင္းအေနနဲ႔ ဘယ္ေနရာမွာ အတည္တက် ကစားရမလဲဆိုတာပါ ဂဏန္းမၿငိမ္ႏိုင္ေသးဘဲျဖစ္ေနခဲ့ၿပီး ဒါေတာင္မွ ေပါ့ဘာကို ဒဏ္ရာ၊ စာခ်ဳပ္သက္တမ္းေတြအရ ေနာက္ကို ပို႔ထားခဲ့လို႔ ေတာ္ေနေသးတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္လက္ေ႐ြးစင္ကစားသမားအေနနဲ႔ နည္းျပ ရန္းနစ္ခ္ လက္ထက္မွာလည္း အသင္းရဲ႕ ကစားကြက္ အေျပာင္းလဲမွာ ကစားပုံအသစ္ကိုပါ သင္ယူေနခဲ့ရၿပီး လက္ရွိအခ်ိန္အထိမွာေတာ့ ၿပိဳင္ပြဲစုံ ၂၃ ပြဲ ကစားအၿပီးမွာ ၂ ဂိုးသာ ရယူေပးထားႏိုင္ေသးတာပါ။ ဆန္ခ်ိဳအေနနဲ႔ ေဝဖန္မႈေတြကို ေက်ာ္လႊားႏိုင္ဖို႔က အသင္းေဖာ္ေတြနဲ႔ အသားတက် ပူးေပါင္းနားလည္ႏိုင္ဖို႔အျပင္ နည္းျပရဲ႕ ေထာက္ခံမႈကိုပါ ရယူႏိုင္ဖို႔ လိုအပ္ေနၿပီး ယာယီနည္းျပတစ္ေယာက္လက္ထဲမွာေတာ့ အလ်င္အျမန္ တိုးတက္လာမယ္လို႔ေတာ့ မယုံၾကည္ႏိုင္ၾကေသးတာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.