Premier League

ဘင်နီတက်ဇ်အလွန် အဲဗာတန်နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ ဝိန်း ရူနီ

အဲဗာတန်အသင်းဟာ နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ဝိန်း ရူနီ သို့မဟုတ် ဒန်ကန် ဖာဂူဆန်ကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် တောင်းဆိုခံခဲ့ရပါတယ်။

အဲဗာတန်အသင်းဟာ ယခုရာသီရဲ့ ဒုတိယမြောက်နည်းပြခန့်အပ်မှုကို ပြုလုပ်ဖို့ ရှာဖွေနေတာဖြစ်ပြီး နည်းပြဟောင်း ရောဘတ်တို မာတီနက်ဇ်ကို ပြန်လည် ခေါ်ယူနိုင်တဲ့အလားအလာရှိကြောင်းကို talkSPORT က ဖော်ပြခဲ့ပါတယ်။ နည်းပြပေါင်းများစွာ ဝင်လိုက် ထွက်လိုက်နဲ့ မတည်ငြိမ်တဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးနောက် အဲဗာတန်ဟာ အသင်းကို အမှန်တကယ် တည်ငြိမ်စေပြီး အလွန်လိုအပ်နေတဲ့ အောင်မြင်မှုတွေကို ယူဆောင်ပေးနိုင်မယ့် နည်းပြတစ်ဦးကို မဖြစ်မနေ လိုအပ်နေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တဲ့သူတွေထဲကမှ ဝိန်း ရူနီဟာ အသင့်တော်ဆုံးဖြစ်ပြီး ၎င်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားသင့်တယ်လို့ talkSPORT ရဲ့ Boot Room ရှိုးကို ပင်တိုင်တင်ဆက်နေတဲ့ ဒါရင်း ဘန့်တ်က ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အမြင်မှာတော့ ဝိန်း ရူနီပဲ နည်းပြအဖြစ် ခန့်အပ်သွားရမှာပါ။ အတွေ့အကြုံကင်းမဲ့မှုနဲ့ပတ်သက်ပြီး ပြဿနာလုပ်တတ်တဲ့ လူတော်တော်များများကို ကျွန်တော် သိပါတယ်။ လူတွေက ချဲလ်ဆီးက ဖရန့်ခ် လမ်းပတ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ငေါ့ဖို့ ချောင်းနေကြတာပါ”

“ဒါပေမယ့် ခင်ဗျား အဲဒီလူ(ရူနီ)ကို ကြည့်လိုက်ပါ။ အဲဒါကို ပြောရတာ ကျွန်တော် ဆိုးဆိုးရွားရွားခံစားရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒါဘီကို ကောင်းကောင်း လုပ်နိုင်စေချင်ပြီး သူတို့ကို ဒီတိုင်း အခြေအနေ ဆက်ကောင်းနေစေချင်လို့ပါ။ တကယ်လို့ သူသာ ဒါဘီကို စွန့်ခွာခဲ့မယ်ဆိုရင် သူတို့တွေ အလိုအလျောက် ကမ္ဘာပျက်သွားမှာပါ။ သူက ရှိတာနဲ့ ဖြစ်အောင် လုပ်နေတာပါ။ သူ့မှာ အပြောင်းအရွှေ့ ဘတ်ဂျက်လည်း မရှိဘူး။ စီမံအုပ်ချုပ်ရေးပိုင်းကလည်း သူ့ကို ဘာတွေဖြစ်နေနေ အကူအညီပေးခဲ့တာ မရှိပါဘူး”

“ခင်ဗျား ဒီ ချိတ်ဆက်မှုကို ပြန်လိုချင်တယ်ဆိုရင် သူတို့ အန်ဆယ်လော့တီကို ပြန်ခေါ်ခဲ့တယ်။ စူပါစတား နည်းပြပါ။ အဲဒါကလည်း အလုပ်မဖြစ်ခဲ့ဘူး။ သူတို့တွေ အစဉ်အလာရှိတဲ့ ရာဖေးလ် ဘင်နီတက်ဇ်ကို နည်းပြခန့်ခဲ့တယ်။ သူက ကမ္ဘာပေါ်က အကြီးမားဆုံးဆုဖလားအချို့ကို ရရှိခဲ့သူပါ။ အဲဒါလည်း အလုပ်မဖြစ်ပါဘူး။ ၂၂ ပွဲပဲ ကိုင်တွယ်ခဲ့ရပါတယ်။ အသင်းကို ချစ်တဲ့တစ်စုံတယောက်၊ ပရိသတ်တွေ ခံစားနေရတာကို ခံစားနိုင်တဲ့သူကို လိုချင်တယ်ဆိုရင် အဲဒါက အဲဗာတန်ပရိသတ်ဖြစ်ရမှာပါ”

“သူက အရင်ကတည်းက အသင်းမှာ ရှိနေခဲ့ပြီး သူ မြင့်တက်လာနေတယ်။ သူက နည်းပြအဖြစ်နဲ့ လုပ်ကိုင်ဖူးသူလောက်ကို သူ့ရဲ့ နည်းပြဝမ်းစာက မြင့်မားနေတယ်။ ကျွန်တော်ကတော့ ဝိန်း ရူနီထက်ပိုပြီး နောက်ထပ်ဘယ်သူကိုမှ ရှာမတွေ့တော့ပါဘူး။ ကျွန်တော် တကယ်လည်း ရှာမတွေ့နိုင်ပါဘူး”

ဒါရင်း ဘန့်တ်က ဝိန်း ရူနီဟာ ဂွတ်ဒီဆင် ပါ့ခ်က နည်းပြခုံတန်းမှာ ရှိနေသင့်တဲ့သူလို့ ယုံကြည်နေပေမယ့်လည်း အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူးဟောင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကို စွန့်ခွာဖို့ ရွေးချယ်ချင်မှ ရွေးချယ်မှာဖြစ်ပြီး အဲဒီလိုသာဆိုရင် အဲဗာတန်အနေနဲ့ အခြား ရွေးချယ်စရာရှိကြောင်း talkSPORT ရဲ့ ဘောလုံးသတင်းထောက် အဲလက်စ် ခရွတ်ခ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ talkSPORT မှာ ကြားနေရတဲ့ နာမည် ၂ ခုက ရာသီကုန်အထိ ယာယီနည်းပြအဖြစ်နဲ့ ဆိုရင်တောင်မှ အရမ်းလူသိများထင်ရှားတဲ့ ခန့်အပ်မှုဖြစ်နိုင်မယ်လို့ ကျွန်တော် ထင်တဲ့ ဒန်ကန် ဖာဂူဆန်ရယ် အသင်းကနေ ထွက်ခွာခဲ့မှုကြောင့် တကယ်ကို စိတ်ဝင်စားစရာဖြစ်ခဲ့တဲ့ ရောဘတ်တို မာတီနက်ဇ်(၂၀၁၆ ခုနှစ်မှာ ထုတ်ပယ်ခံခဲ့ရ) အခုကလည်း ကမ္ဘာ့ဖလားယှဉ်ပြိုင်မယ့်နှစ်ဖြစ်နေပါတယ်။ မာတီနက်ဇ်က ကမ္ဘာ့ဖလားကို အနိုင်ရဖို့အတွက် ဥရောပနိုင်ငံတွေ ယှဉ်ပြိုင်တဲ့အခါမှာ ရေပန်းအစားဆုံးတွေထဲက တစ်သင်းဖြစ်တဲ့ ဘယ်လ်ဂျီယမ်ကို လေယာဉ်ပျံကြီး စီးပြီး သွားမှာလား။ အဲဗာတန်ကို ပြန်လာမှာလား။ ဒါက သူ အချိန်ပြည့်မှ ဖြေမယ့် မေးခွန်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

မာတီနက်ဇ် သို့မဟုတ် ဝိန်း ရူနီကို နည်းပြအဖြစ် ခန့်အပ်ခြင်းက လက်ရှိမှာ အဲဗာတန်အနေနဲ့ ၎င်းတို့ရဲ့ လက်ရှိ ကန့်သတ်ချက်တွေအရ အခက်တွေ့နိုင်တယ်ဆိုတာကို သက်သေပြကောင်း ပြသနေတာဖြစ်ပေမယ့် ခရွတ်ခ်က ဖာဂူဆန်ဟာ ရာသီကုန်အထိ နည်းပြရာထူးအတွက် ယူဆခြင်းခံနေရတယ်လို့ ပြောကြားခဲ့သလို အဲဗာတန်ဂန္တဝင် ပီတာ ရိဒ်ကလည်း ထောက်ခံခဲ့ပါတယ်။

“ဒန်ကန် အရင်တုန်းက ဂွတ်ဒီဆင် ပါ့ခ်ကို လာတဲ့အချိန်မှာ ပရိသတ်တွေဆီကနေ တုံ့ပြန်မှုတွေ သူ ရခဲ့တယ်။ ကစားသမားတွေဆီကနေ တုံ့ပြန်မှုတွေရခဲ့တယ်။ တကယ်လို့သာ သူတို့တွေ ဒီတစ်ယောက်ကို နည်းပြအဖြစ်နဲ့ ထည့်မစဉ်းစားရင် သူတို့ ဘာလုပ်မလဲ ကျွန်တော်မသိတော့ပါဘူး။ သူတို့တွေ ဒန်ကန်ကို နည်းပြရာထူး ပေးရမယ်လို့ ကျွန်တော် ထင်တယ်။ ဒါက ရှင်းလင်းတဲ့ ဖြစ်နိုင်ခြေလို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုရင် သူက သူတို့ကို ပိုမိုအသာစီးရတဲ့အနေအထားကို ရောက်အောင် လုပ်ပေးနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် သေချာနေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အဲဗာတန္အသင္းဟာ နည္းၿပ ရာေဖးလ္ ဘင္နီတက္ဇ္ကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ပိုင္း ဂႏၲဝင္ကစားသမားေတြျဖစ္တဲ့ ဝိန္း ႐ူနီ သို႔မဟုတ္ ဒန္ကန္ ဖာဂူဆန္ကို နည္းျပအျဖစ္ ခန႔္အပ္ဖို႔အတြက္ ေတာင္းဆိုခံခဲ့ရပါတယ္။

အဲဗာတန္အသင္းဟာ ယခုရာသီရဲ့ ဒုတိယေျမာက္နည္းျပခန႔္အပ္မႈကို ျပဳလုပ္ဖို႔ ရွာေဖြေနတာျဖစ္ၿပီး နည္းျပေဟာင္း ေရာဘတ္တို မာတီနက္ဇ္ကို ျပန္လည္ ေခၚယူနိုင္တဲ့အလားအလာရွိေၾကာင္းကို talkSPORT က ေဖာ္ျပခဲ့ပါတယ္။ နည္းျပေပါင္းမ်ားစြာ ဝင္လိုက္ ထြက္လိုက္နဲ႔ မတည္ၿငိမ္တဲ့ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရၿပီးေနာက္ အဲဗာတန္ဟာ အသင္းကို အမွန္တကယ္ တည္ၿငိမ္ေစၿပီး အလြန္လိုအပ္ေနတဲ့ ေအာင္ျမင္မႈေတြကို ယူေဆာင္ေပးနိုင္မယ့္ နည္းျပတစ္ဦးကို မျဖစ္မေန လိုအပ္ေနတာျဖစ္ပါတယ္။

အဲဗာတန္အသင္းရဲ့ နည္းျပသစ္ ျဖစ္လာနိုင္တဲ့သူေတြထဲကမွ ဝိန္း ႐ူနီဟာ အသင့္ေတာ္ဆုံးျဖစ္ၿပီး ၎ကို နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ ပစ္မွတ္ထားသင့္တယ္လို႔ talkSPORT ရဲ့ Boot Room ရွိုးကို ပင္တိုင္တင္ဆက္ေနတဲ့ ဒါရင္း ဘန႔္တ္က ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ့္အျမင္မွာေတာ့ ဝိန္း ႐ူနီပဲ နည္းျပအျဖစ္ ခန႔္အပ္သြားရမွာပါ။ အေတြ႕အၾကဳံကင္းမဲ့မႈနဲ႔ပတ္သက္ၿပီး ျပႆနာလုပ္တတ္တဲ့ လူေတာ္ေတာ္မ်ားမ်ားကို ကၽြန္ေတာ္ သိပါတယ္။ လူေတြက ခ်ဲလ္ဆီးက ဖရန႔္ခ္ လမ္းပတ္ရဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး ေငါ့ဖို႔ ေခ်ာင္းေနၾကတာပါ”

“ဒါေပမယ့္ ခင္ဗ်ား အဲဒီလူ(႐ူနီ)ကို ၾကည့္လိုက္ပါ။ အဲဒါကို ေျပာရတာ ကၽြန္ေတာ္ ဆိုးဆိုးရြားရြားခံစားရတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ ဒါဘီကို ေကာင္းေကာင္း လုပ္နိုင္ေစခ်င္ၿပီး သူတို႔ကို ဒီတိုင္း အေျခအေန ဆက္ေကာင္းေနေစခ်င္လို႔ပါ။ တကယ္လို႔ သူသာ ဒါဘီကို စြန႔္ခြာခဲ့မယ္ဆိုရင္ သူတို႔ေတြ အလိုအေလ်ာက္ ကမၻာပ်က္သြားမွာပါ။ သူက ရွိတာနဲ႔ ျဖစ္ေအာင္ လုပ္ေနတာပါ။ သူ႔မွာ အေျပာင္းအေရႊ႕ ဘတ္ဂ်က္လည္း မရွိဘူး။ စီမံအုပ္ခ်ဳပ္ေရးပိုင္းကလည္း သူ႔ကို ဘာေတြျဖစ္ေနေန အကူအညီေပးခဲ့တာ မရွိပါဘူး”

“ခင္ဗ်ား ဒီ ခ်ိတ္ဆက္မႈကို ျပန္လိုခ်င္တယ္ဆိုရင္ သူတို႔ အန္ဆယ္ေလာ့တီကို ျပန္ေခၚခဲ့တယ္။ စူပါစတား နည္းျပပါ။ အဲဒါကလည္း အလုပ္မျဖစ္ခဲ့ဘူး။ သူတို႔ေတြ အစဥ္အလာရွိတဲ့ ရာေဖးလ္ ဘင္နီတက္ဇ္ကို နည္းျပခန႔္ခဲ့တယ္။ သူက ကမၻာေပၚက အႀကီးမားဆုံးဆုဖလားအခ်ိဳ႕ကို ရရွိခဲ့သူပါ။ အဲဒါလည္း အလုပ္မျဖစ္ပါဘူး။ ၂၂ ပြဲပဲ ကိုင္တြယ္ခဲ့ရပါတယ္။ အသင္းကို ခ်စ္တဲ့တစ္စုံတေယာက္၊ ပရိသတ္ေတြ ခံစားေနရတာကို ခံစားနိုင္တဲ့သူကို လိုခ်င္တယ္ဆိုရင္ အဲဒါက အဲဗာတန္ပရိသတ္ျဖစ္ရမွာပါ”

“သူက အရင္ကတည္းက အသင္းမွာ ရွိေနခဲ့ၿပီး သူ ျမင့္တက္လာေနတယ္။ သူက နည္းျပအျဖစ္နဲ႔ လုပ္ကိုင္ဖူးသူေလာက္ကို သူ႔ရဲ့ နည္းျပဝမ္းစာက ျမင့္မားေနတယ္။ ကၽြန္ေတာ္ကေတာ့ ဝိန္း ႐ူနီထက္ပိုၿပီး ေနာက္ထပ္ဘယ္သူကိုမွ ရွာမေတြ႕ေတာ့ပါဘူး။ ကၽြန္ေတာ္ တကယ္လည္း ရွာမေတြ႕နိုင္ပါဘူး”

ဒါရင္း ဘန႔္တ္က ဝိန္း ႐ူနီဟာ ဂြတ္ဒီဆင္ ပါ့ခ္က နည္းျပခုံတန္းမွာ ရွိေနသင့္တဲ့သူလို႔ ယုံၾကည္ေနေပမယ့္လည္း အဂၤလန္ဂႏၲဝင္တိုက္စစ္မႉးေဟာင္းဟာ လက္ရွိအခ်ိန္မွာ ခ်န္ပီယံရွစ္ကို စြန႔္ခြာဖို႔ ေရြးခ်ယ္ခ်င္မွ ေရြးခ်ယ္မွာျဖစ္ၿပီး အဲဒီလိုသာဆိုရင္ အဲဗာတန္အေနနဲ႔ အျခား ေရြးခ်ယ္စရာရွိေၾကာင္း talkSPORT ရဲ့ ေဘာလုံးသတင္းေထာက္ အဲလက္စ္ ခရြတ္ခ္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္တို႔ talkSPORT မွာ ၾကားေနရတဲ့ နာမည္ ၂ ခုက ရာသီကုန္အထိ ယာယီနည္းျပအျဖစ္နဲ႔ ဆိုရင္ေတာင္မွ အရမ္းလူသိမ်ားထင္ရွားတဲ့ ခန႔္အပ္မႈျဖစ္နိုင္မယ္လို႔ ကၽြန္ေတာ္ ထင္တဲ့ ဒန္ကန္ ဖာဂူဆန္ရယ္ အသင္းကေန ထြက္ခြာခဲ့မႈေၾကာင့္ တကယ္ကို စိတ္ဝင္စားစရာျဖစ္ခဲ့တဲ့ ေရာဘတ္တို မာတီနက္ဇ္(၂၀၁၆ ခုႏွစ္မွာ ထုတ္ပယ္ခံခဲ့ရ) အခုကလည္း ကမၻာ့ဖလားယွဥ္ၿပိဳင္မယ့္ႏွစ္ျဖစ္ေနပါတယ္။ မာတီနက္ဇ္က ကမၻာ့ဖလားကို အနိုင္ရဖို႔အတြက္ ဥေရာပနိုင္ငံေတြ ယွဥ္ၿပိဳင္တဲ့အခါမွာ ေရပန္းအစားဆုံးေတြထဲက တစ္သင္းျဖစ္တဲ့ ဘယ္လ္ဂ်ီယမ္ကို ေလယာဥ္ပ်ံႀကီး စီးၿပီး သြားမွာလား။ အဲဗာတန္ကို ျပန္လာမွာလား။ ဒါက သူ အခ်ိန္ျပည့္မွ ေျဖမယ့္ ေမးခြန္းျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”

မာတီနက္ဇ္ သို႔မဟုတ္ ဝိန္း ႐ူနီကို နည္းျပအျဖစ္ ခန႔္အပ္ျခင္းက လက္ရွိမွာ အဲဗာတန္အေနနဲ႔ ၎တို႔ရဲ့ လက္ရွိ ကန႔္သတ္ခ်က္ေတြအရ အခက္ေတြ႕နိုင္တယ္ဆိုတာကို သက္ေသျပေကာင္း ျပသေနတာျဖစ္ေပမယ့္ ခရြတ္ခ္က ဖာဂူဆန္ဟာ ရာသီကုန္အထိ နည္းျပရာထူးအတြက္ ယူဆျခင္းခံေနရတယ္လို႔ ေျပာၾကားခဲ့သလို အဲဗာတန္ဂႏၲဝင္ ပီတာ ရိဒ္ကလည္း ေထာက္ခံခဲ့ပါတယ္။

“ဒန္ကန္ အရင္တုန္းက ဂြတ္ဒီဆင္ ပါ့ခ္ကို လာတဲ့အခ်ိန္မွာ ပရိသတ္ေတြဆီကေန တုံ႔ျပန္မႈေတြ သူ ရခဲ့တယ္။ ကစားသမားေတြဆီကေန တုံ႔ျပန္မႈေတြရခဲ့တယ္။ တကယ္လို႔သာ သူတို႔ေတြ ဒီတစ္ေယာက္ကို နည္းျပအျဖစ္နဲ႔ ထည့္မစဥ္းစားရင္ သူတို႔ ဘာလုပ္မလဲ ကၽြန္ေတာ္မသိေတာ့ပါဘူး။ သူတို႔ေတြ ဒန္ကန္ကို နည္းျပရာထူး ေပးရမယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ဒါက ရွင္းလင္းတဲ့ ျဖစ္နိုင္ေျခလို႔ ကၽြန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုရင္ သူက သူတို႔ကို ပိုမိုအသာစီးရတဲ့အေနအထားကို ေရာက္ေအာင္ လုပ္ေပးနိုင္လိမ့္မယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာေနလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.