Analysis Article Premier League

အာဆင်နယ်တို့ ထိပ်ဆုံး ၄ နေရာကို လက်ဝယ်ပိုင်ပိုင်ပြန်ရယူနိုင်မယ့် အကြောင်းအရင်း ၄ ခု

အာဆင်နယ်အသင်းဟာ ၂၀၁၇-၁၈ ဘောလုံးရာသီကတည်းက စတင်ပြီး ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ကို မရရှိခဲ့ရုံမက မနှစ်က ၂၀၂၀-၂၁ ရာသီမှာတော့ အဆင့် ၈ သာရရှိပြီး ယူရိုပါလိဂ်ဝင်ခွင့်ပါ ဆုံးရှုံးခဲ့ပြီး ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ၂၆ နှစ်ကာလအတွင်း ပထမဆုံးဆုံးရှုံးခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီ ပွဲဦးထွက်မှာ ရလဒ်ဆိုးတွေနဲ့ စတင်ခဲ့ရပေမယ့်လည်း ယခုအခါမှာတော့ နည်းပြအာတီတာတည်ဆောက်နေတဲ့ လက်ရှိပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးဖြစ်တဲ့အာဆင်နယ်အသင်းဟာ အဆင့် ၄ အတွင်းပြန်လည်ဝင်ရောက်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့ အခြေအနေကောင်းနေပြီဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ် ကန့်လန့်ကာအချမှာ အာဆင်နယ်တို့ ထိပ်ဆုံး ၄ နေရာဝင်နိုင်တဲ့ အကြောင်းအရင်း ၄ ခုကို ဖော်ပြပေးလိုက်ပါတယ်။

အမြဲတိုးတက်မှုရှိနေတဲ့ အာဆင်နယ်ရဲ့ လက်ရှိ လမ်းကြောင်း

၂၀၂၂ ခုနှစ်ထဲမှာ ၃ ပွဲကစားထားပြီး အာဆင်နယ်တို့ကတော့ အောင်ပွဲအရသာကို မခံစားရသေးပေမယ့် ဒီအသင်း သွားနေတဲ့ လမ်းကြောင်းဟာ နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်ပြီးကတည်းက ဆက်တိုက်ဆိုသလို ရှေ့တက်လာနေပြီး ပထမဆုံး အောင်ပွဲကိုလည်း ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အာတီတာရဲ့ စိတ်ကူးတွေဟာ အခု ပိုင်ဆိုင်ထားတဲ့အသင်းထက်ပိုပြီး သက်သေပြသနိုင်ခဲ့တဲ့အသင်း ဘယ်တုန်းကမှ မရှိခဲ့တာဖြစ်ပါတယ်။ အခွင့်အရေးတွေဟာ အထူးဆုမဟုတ်တော့သလို တိုက်စစ်စတင်မှုကလည်း နှေးကွေးခြင်းမရှိတော့ဘဲ ပုံမှန်ထက် ပိုပြီး ဂိုးတွေ ရရှိနေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ အပတ်တိုင်း တိုးတက်လာမှုတွေကို မြင်နိုင်ပြီး ကစားသမားတွေဟာ အသက်အရွယ်အရ ငယ်ရွယ်သေးသလို တွဲကစားတဲ့ကာလဟာ ၁၅ ပွဲသာ ရှိသေးပေမယ့် အချိတ်အဆက်မိနေကြပြီ ဖြစ်ပါတယ်။

ဒီလူငယ်ကစားသမားလေးတွေနဲ့တောင် ပရိသတ်တွေဟာ ယခုရာသီမှာ တစ်ဦးတည်းရော အသင်းလိုက်ပါ တိုးတက်မှုတွေကို မြင်နိုင်နေပြီဖြစ်ပါတယ်။ မာတီနယ်လီဟာ ၎င်းရဲ့ အလားအလာအတိုင်း ကစားနေသလို စမစ် ရိုးကလည်း အဆုံးသတ်ရလဒ် ပုံဖော်ပေးနေပြီး ဆာကာက ပွဲစဉ်တိုင်းမှာ ရင့်ကျက်တဲ့ နည်းစနစ်ပိုင်းကစားပုံနဲ့ လွှမ်းမိုးထားနိုင်တာက ဒီအသင်းအနေနဲ့ ဒီရာသီမှာ ဆက်လက်နိုင်ပွဲတွေ ရယူနိုင်တယ်ဆိုတာကို ယုံကြည်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နည်းမျိုးစုံနဲ့ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်နေပြီး ယခုရာသီရဲ့ အကောင်းဆုံးစွမ်းဆောင်တွေအားလုံးဟာ သစ်လွင်ပြီး ပြီးပြည့်စုံတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ပိုမိုကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ ဒီအစုအဖွဲ့ဟာ ဦးတည်ချက်တစ်ခုတည်းအတိုင်းသာ သွားနေပြီး အဲဒီဦးတည်ချက်က လာမယ့် မေလမှာ ၎င်းတို့ကို ထိပ်ဆုံးလေးနေရာအတွင်း ရောက်ရှိနိုင်အောင် ဦးဆောင်သွားစေနိုင်မှာမဟုတ်ဘူးလို့ ပြောစရာမရှိပါဘူး။

ခံစစ်အခြေခိုင်တဲ့ အာဆင်နယ်

ဆာအဲလက်စ် ဖာဂူဆန်ပြောခဲ့တဲ့ ကျော်ကြားတဲ့စကားတစ်ခွန်းက တိုက်စစ်က ခင်ဗျားကို နိုင်ပွဲတွေ ရယူပေးနိုင်ပြီး ခံစစ်က ခင်ဗျားကို ဆုဖလားတွေ ရယူပေးနိုင်တယ်ဆိုတဲ့စကားဖြစ်ပါတယ်။ အာဆင်နယ်ဟာ သိပ်မကြာမီ ကာလအတွင်းတော့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နိုင်ဦးမှာမဟုတ်ပေမယ့် ၎င်းတို့ အသည်းအသန် တောင့်တနေခဲ့တဲ့ တည်ငြိမ်မှုမျိုးနဲ့ ခံစစ်ကို ပုံဖော်နေပြီဖြစ်ပါတယ်။ တိုက်စစ်ရဲ့ ရေလို လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုနဲ့ ငယ်ရွယ်မှုတို့ဟာ အခုအချိန်မှာ ချီးကျူးမှုအားလုံး သိမ်းကျုံးယူနေပေမယ့် ၎င်းတို့ကို တိုက်စစ်မှာ ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်လာစေမယ့် အခြေခံအုတ်မြစ်အဖြစ် ထောက်ပံ့ပေးနေတဲ့ ခံစစ် ရှိနေတာဖြစ်ပါတယ်။

အာတီတာဟာ အသင်းကို ခံစစ်ပိုင်း ပိုအားကောင်းလာစေအောင် လုပ်ဆောင်ဖို့အတွက် အဓိက အာရုံစို်ကထားခဲ့ပြီး နည်းပြအဖြစ် တာဝန်ယူပြီးကတည်းက ခံစစ်ပိုင်းကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး နောက်ဆုံးတော့ ၎င်းရဲ့ တိုက်စစ်ကစားသမားတွေဆီက အကောင်းဆုံးပုံစံ ရရှိစေမယ့် ဖော်မြူလာကို ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ဗဟိုခံစစ်နေရာမှာ ကွင်းလယ်ကစားသမား၊ တည်ငြိမ်အောင် ထိန်းသိမ်းဖို့အတွက် ပြီးပြည့်စုံတဲ့ ညာနောက်ခံလူ၊ တိုက်စစ်ရော ခံစစ်ကိုပါ ကူညီပေးနိုင်မယ့် ခြေစွမ်းတည်ငြိမ်တဲ့ ဘယ်နောက်ခံလူ၊ အာဆင်နယ်ရဲ့ တိုက်စစ်စတင်မှုကို ပြုလုပ်နိုင်အောင် အဆင့်ဆင့် အကူအညီပေးနိုင်မယ့် ဂိုးသမားစတာတွေဟာ မြောက်လန်ဒန်မှာ နှစ်အတော်ကြာ မမြင်တွေ့ခဲ့ရတဲ့ အရာတွေဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုရှိတဲ့အသင်းဆိုတာဟာ ခံစစ်ကနေ စတင်တာဖြစ်ပြီး ကျစ်လစ်တဲ့ ခံစစ်မရှိဘဲ ရေရှည်မှာ ဘာအောင်မြင်မှုမှ ရနိုင်မှာမဟုတ်ပါဘူး။ အာဆင်နယ်မှာ အဲဒီအရာ ရှိနေပါပြီ။

ထိပ်ဆုံး ၄ နေရာအတွက် ပြိုင်နေတဲ့ပြိုင်ဘက်တွေရဲ့ ယိမ်းယိုင်နေမှု

မန်ချက်စတာယူနိုက်တက်ဟာ အက်စတန် ဗီလာနဲ့ပွဲမှာ ၂ ဂိုးသွင်းပြီး ဦးဆောင်ထားပြီးမှ ၂ ဂိုးပြန်သွင်းပြီး သရေကျသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ လောက်အထိ ယူနိုက်တက်ဟာ နည်းပြ ရန်းနစ်ခ်လက်အောက် လက်ရှိအချိန်အထိ ၎င်းတို့ရဲ့ အကောင်းဆုံးကစားနိုင်တဲ့ပုံစံအတိုင်း ကစားခဲ့ပြီး ၎င်းတို့ဟာ လုံးဝ ယုံကြည်ရခြင်း မရှိသေးတာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ အလျင်စလိုဖြစ်နေပြီး ဂျာမန်လူမျိုးနည်းပြဟာ သာမန်မဟုတ်တဲ့ လူရွေးချယ်မှုတွေ ပြုလုပ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်ကစားသမား ကင်းမဲ့နေသလို ရော်နယ်လ်ဒိုရဲ့အခြေအနေကလည်း ၎င်းတို့အပေါ်မှာ အရိပ်မိုးနေပြီး အဝတ်လဲခန်းအတွင်း မငြိမ်မသက်မှုတွေနဲ့ ကစားသမားတွေက အသင်းက ထွက်ချင်နေကြပါတယ်။

တစ်ချိန်တည်းမှာပဲ တော့တင်ဟမ်ဟော့စပါးကလည်း မကျေမနပ်ဖြစ်နေတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်စွမ်းမရှိသလို နည်းပြ ကွန်တီရဲ့ အရည်အသွေးကြောင့် စိတ်ကျေနပ်ရလောက်တဲ့ လူစာရင်းမျိုးမရှိတာဖြစ်ပါတယ်။ အီတလီလူမျိုးနည်းပြလက်အောက်မှာ စပါးစ်အနေနဲ့ ပွဲအများကြီး ရှုံးကောင်း မရှုံးနိုင်ပေမယ့် အပြည့်အဝ ယုံကြည်လို့လည်း မရသေးတာစြဖ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်က စပါးစ်ရဲ့ အရည်အသွေးက ဘယ်လောက်တောင် မျှော်လင့်ချက်မဲ့နေလဲဆိုတာကို မြင်နေရပြီး နည်းပြသစ် လက်အောက်မှာ စွမ်းဆောင်ရည်ကောင်း မပြသနိုင်မီ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်ဆိုတာကို ပြသနေခဲ့တာဖြစ်ပါတယ်။

လက်စတာကလည်း ခြေစွမ်းမတည်ငြိမ်မှုကို ဆက်လက်ပြသနေပြီး ဝုလ်ဗ်စ်ကလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကောင်းကောင်း ကစားနိုင်နေပေမယ့် အသင်းထဲမှာ သွင်းဂိုးတွေ ပိုမိုရှာမတွေ့ဘဲနဲ့တော့ ၎င်းတို့ရဲ့ ပုံစံကောင်းကို ထိန်းသိမ်းထားနိုင်မှာမဟုတ်ပါဘူး။ ဘရိုက်တန်ကလည်း တိုက်စစ် အရည်အသွေး မရှိဘဲ စိုးရိမ်စရာအကောင်းဆုံးအသင်းကတော့ ဝက်စ်ဟမ်းပါ။
ပရီးမီးယားလိဂ်က အခြားနည်းပြတွေအားလုံးထက် ပိုမိုနည်းပါးတဲ့ကစားသမားတွေကို အသုံးပြုနေရတဲ့ ဒေးဗစ် မွိုက်စ်ဟာ ၎င်းရဲ့ ကစားသမားတွေ ခြေကုန်လက်ပမ်းကျသွားမှာကို စိုးရိမ်ရမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းဟာ အထင်ကြီးဖွယ် ခြေစွမ်း ဆက်လက်ပြသနေပေမယ့်လည်း တနင်္ဂနွေနေ့က လိဒ်စ်နဲ့ပွဲမှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာက အာဆင်နယ်အတွက် နောက်ထပ်ကြီးမားတဲ့ရလဒ်ဖြစ်ပါတယ်။ ဝက်စ်ဟမ်းရဲ့ နောက်ထပ် အဝေးကွင်း ၃ ပွဲဟာ မန်ချက်စတာယူနိုက်တက်၊ လက်စတာ၊ လီဗာပူးလ်တို့နဲ့ဖြစ်ပြီး အဲဒါက အာဆင်နယ်အတွက် အကူအညီဖြစ်စေနိုင်တဲ့ အခင်းအကျင်းဖြစ်ပါတယ်။

ဥရောပပြိုင်ပွဲတွေ ကစားရမယ့် အာဆင်နယ်ရဲ့ ပြိုင်ဘက်များ

မတ်လဝင်ခါနီး ဖေဖော်ဝါရီနှောင်းပိုင်းမှာ ဥရောပပွဲစဉ်တွေ ပြန်လည်စတင်တော့မှာဖြစ်ပြီး ဒီရာသီ ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတွေလည်း အဲဒီဥရောပပြိုင်ပွဲမှာ ပါဝင်ကစားသွားရမှာဖြစ်ပေမယ့် စပါးစ်အသင်းကတော့ ဥရောပပွဲမကစားရတဲ့အသင်းအဖြစ် အာဆင်နယ်နဲ့အတူ ကျန်နေခဲ့မှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလား နောက်တဆင့် ကစားရမယ့် အုပ်စုထဲမှာလည်း မပါဝင်တဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ကစားဖို့ ရှိနေသလို ဝက်စ်ဟမ်းကလည်း လာမယ့်လ ယူရိုပါလိဂ်မှာ ဘယ်သူနဲ့တွေ့ရမလဲဆိုတာကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်းအတွက် ပွဲစဉ်အပို ၂ ပွဲသာ ကစားရမှာ ဖြစ်ကောင်းဖြစ်ပေမယ့်လည်း အာဆင်နယ်က တစ်ပတ်လောက် အောင်ပွဲခံနေနိုင်တဲ့အချိန်မှာ ပွဲချိန်စာရင်းအပေါ်မှာ နောက်ထပ် ဖိအားတွေ ဖြစ်လာစေမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ယူနိုက်တက်က မတ်လမှာ မန်စီးတီး၊ တော့တင်ဟမ်၊ အက်သလက်တီကို မက်ဒရစ်၊ လီဗာပူးလ်၊ လက်စတာတို့နဲ့ ဆက်တိုက် ကစားသွားရမှာဖြစ်ပါတယ်။ ဥရောပပွဲစဉ် ကစားဖို့မရှိတဲ့ အာဆင်နယ်အတွက်တော့ အေးရာအေးကြောင်း ဖြစ်နေမှာဖြစ်ပြီး အဲဒါက ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ဖို့အတွက် နောက်ထပ် ခွန်အားအပို ၅ ရာခိုင်နှုန်းသာ ပေးနိုင်မယ်ဆိုရင်တောင်မှ အာတီတာအတွက် ငြင်းဆန်လို့မရနိုင်တဲ့ အပိုဆုဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ဖို့၊ ဒဏ်ရာကနေ ပြန်လည်သက်သာလာအောင် လုပ်ဖို့ အချိန်ပိုရလေ၊ ခရီးသွားရတာနည်းလေလေ ကွဲပြားခြားနားမှုတွေ ပိုဖန်တီးနိုင်လေဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ၂၀၁၇-၁၈ ေဘာလုံးရာသီကတည္းက စတင္ၿပီး ယူအီးအက္ဖ္ေအခ်န္ပီယံလိဂ္ၿပိဳင္ပြဲဝင္ခြင့္ကို မရရွိခဲ့႐ုံမက မႏွစ္က ၂၀၂၀-၂၁ ရာသီမွာေတာ့ အဆင့္ ၈ သာရရွိၿပီး ယူ႐ိုပါလိဂ္ဝင္ခြင့္ပါ ဆုံးရႈံးခဲ့ၿပီး ဥေရာပၿပိဳင္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ကို ၂၆ ႏွစ္ကာလအတြင္း ပထမဆုံးဆုံးရႈံးခဲ့ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ၂၀၂၁-၂၂ ေဘာလုံးရာသီ ပြဲဦးထြက္မွာ ရလဒ္ဆိုးေတြနဲ႔ စတင္ခဲ့ရေပမယ့္လည္း ယခုအခါမွာေတာ့ နည္းျပအာတီတာတည္ေဆာက္ေနတဲ့ လက္ရွိပရီးမီးယားလိဂ္ရဲ႕ အသက္အငယ္ဆုံးျဖစ္တဲ့အာဆင္နယ္အသင္းဟာ အဆင့္ ၄ အတြင္းျပန္လည္ဝင္ေရာက္ၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိဖို႔ အေျခအေနေကာင္းေနၿပီျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ ကန႔္လန႔္ကာအခ်မွာ အာဆင္နယ္တို႔ ထိပ္ဆုံး ၄ ေနရာဝင္ႏိုင္တဲ့ အေၾကာင္းအရင္း ၄ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

အၿမဲတိုးတက္မႈရွိေနတဲ့ အာဆင္နယ္ရဲ႕ လက္ရွိ လမ္းေၾကာင္း

၂၀၂၂ ခုႏွစ္ထဲမွာ ၃ ပြဲကစားထားၿပီး အာဆင္နယ္တို႔ကေတာ့ ေအာင္ပြဲအရသာကို မခံစားရေသးေပမယ့္ ဒီအသင္း သြားေနတဲ့ လမ္းေၾကာင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္ၿပီးကတည္းက ဆက္တိုက္ဆိုသလို ေရွ႕တက္လာေနၿပီး ပထမဆုံး ေအာင္ပြဲကိုလည္း ရယူႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ အာတီတာရဲ႕ စိတ္ကူးေတြဟာ အခု ပိုင္ဆိုင္ထားတဲ့အသင္းထက္ပိုၿပီး သက္ေသျပသႏိုင္ခဲ့တဲ့အသင္း ဘယ္တုန္းကမွ မရွိခဲ့တာျဖစ္ပါတယ္။ အခြင့္အေရးေတြဟာ အထူးဆုမဟုတ္ေတာ့သလို တိုက္စစ္စတင္မႈကလည္း ေႏွးေကြးျခင္းမရွိေတာ့ဘဲ ပုံမွန္ထက္ ပိုၿပီး ဂိုးေတြ ရရွိေနခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြအေနနဲ႔ အပတ္တိုင္း တိုးတက္လာမႈေတြကို ျမင္ႏိုင္ၿပီး ကစားသမားေတြဟာ အသက္အ႐ြယ္အရ ငယ္႐ြယ္ေသးသလို တြဲကစားတဲ့ကာလဟာ ၁၅ ပြဲသာ ရွိေသးေပမယ့္ အခ်ိတ္အဆက္မိေနၾကၿပီ ျဖစ္ပါတယ္။

ဒီလူငယ္ကစားသမားေလးေတြနဲ႔ေတာင္ ပရိသတ္ေတြဟာ ယခုရာသီမွာ တစ္ဦးတည္းေရာ အသင္းလိုက္ပါ တိုးတက္မႈေတြကို ျမင္ႏိုင္ေနၿပီျဖစ္ပါတယ္။ မာတီနယ္လီဟာ ၎ရဲ႕ အလားအလာအတိုင္း ကစားေနသလို စမစ္ ႐ိုးကလည္း အဆုံးသတ္ရလဒ္ ပုံေဖာ္ေပးေနၿပီး ဆာကာက ပြဲစဥ္တိုင္းမွာ ရင့္က်က္တဲ့ နည္းစနစ္ပိုင္းကစားပုံနဲ႔ လႊမ္းမိုးထားႏိုင္တာက ဒီအသင္းအေနနဲ႔ ဒီရာသီမွာ ဆက္လက္ႏိုင္ပြဲေတြ ရယူႏိုင္တယ္ဆိုတာကို ယုံၾကည္ေစတဲ့ အေၾကာင္းအရင္းေတြျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ နည္းမ်ိဳးစုံနဲ႔ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ေနၿပီး ယခုရာသီရဲ႕ အေကာင္းဆုံးစြမ္းေဆာင္ေတြအားလုံးဟာ သစ္လြင္ၿပီး ၿပီးျပည့္စုံတဲ့ စြမ္းေဆာင္ရည္ေတြနဲ႔အတူ ပိုမိုေကာင္းမြန္ေနခဲ့တာျဖစ္ပါတယ္။ ဒီအစုအဖြဲ႕ဟာ ဦးတည္ခ်က္တစ္ခုတည္းအတိုင္းသာ သြားေနၿပီး အဲဒီဦးတည္ခ်က္က လာမယ့္ ေမလမွာ ၎တို႔ကို ထိပ္ဆုံးေလးေနရာအတြင္း ေရာက္ရွိႏိုင္ေအာင္ ဦးေဆာင္သြားေစႏိုင္မွာမဟုတ္ဘူးလို႔ ေျပာစရာမရွိပါဘူး။

ခံစစ္အေျခခိုင္တဲ့ အာဆင္နယ္

ဆာအဲလက္စ္ ဖာဂူဆန္ေျပာခဲ့တဲ့ ေက်ာ္ၾကားတဲ့စကားတစ္ခြန္းက တိုက္စစ္က ခင္ဗ်ားကို ႏိုင္ပြဲေတြ ရယူေပးႏိုင္ၿပီး ခံစစ္က ခင္ဗ်ားကို ဆုဖလားေတြ ရယူေပးႏိုင္တယ္ဆိုတဲ့စကားျဖစ္ပါတယ္။ အာဆင္နယ္ဟာ သိပ္မၾကာမီ ကာလအတြင္းေတာ့ ပရီးမီးယားလိဂ္ဖလားအတြက္ ယွဥ္ၿပိဳင္ႏိုင္ဦးမွာမဟုတ္ေပမယ့္ ၎တို႔ အသည္းအသန္ ေတာင့္တေနခဲ့တဲ့ တည္ၿငိမ္မႈမ်ိဳးနဲ႔ ခံစစ္ကို ပုံေဖာ္ေနၿပီျဖစ္ပါတယ္။ တိုက္စစ္ရဲ႕ ေရလို လိုက္ေလ်ာညီေထြ ေျပာင္းလဲႏိုင္မႈနဲ႔ ငယ္႐ြယ္မႈတို႔ဟာ အခုအခ်ိန္မွာ ခ်ီးက်ဴးမႈအားလုံး သိမ္းက်ဳံးယူေနေပမယ့္ ၎တို႔ကို တိုက္စစ္မွာ ပိုမိုႀကီးမားတဲ့ ၿခိမ္းေျခာက္မႈျဖစ္လာေစမယ့္ အေျခခံအုတ္ျမစ္အျဖစ္ ေထာက္ပံ့ေပးေနတဲ့ ခံစစ္ ရွိေနတာျဖစ္ပါတယ္။

အာတီတာဟာ အသင္းကို ခံစစ္ပိုင္း ပိုအားေကာင္းလာေစေအာင္ လုပ္ေဆာင္ဖို႔အတြက္ အဓိက အာ႐ုံစို္ကထားခဲ့ၿပီး နည္းျပအျဖစ္ တာဝန္ယူၿပီးကတည္းက ခံစစ္ပိုင္းကို ႀကီးႀကီးမားမား ရင္းႏွီးျမႇဳပ္ႏွံခဲ့တာျဖစ္ၿပီး ေနာက္ဆုံးေတာ့ ၎ရဲ႕ တိုက္စစ္ကစားသမားေတြဆီက အေကာင္းဆုံးပုံစံ ရရွိေစမယ့္ ေဖာ္ျမဴလာကို ရွာေတြ႕ခဲ့တာျဖစ္ပါတယ္။ ဗဟိုခံစစ္ေနရာမွာ ကြင္းလယ္ကစားသမား၊ တည္ၿငိမ္ေအာင္ ထိန္းသိမ္းဖို႔အတြက္ ၿပီးျပည့္စုံတဲ့ ညာေနာက္ခံလူ၊ တိုက္စစ္ေရာ ခံစစ္ကိုပါ ကူညီေပးႏိုင္မယ့္ ေျခစြမ္းတည္ၿငိမ္တဲ့ ဘယ္ေနာက္ခံလူ၊ အာဆင္နယ္ရဲ႕ တိုက္စစ္စတင္မႈကို ျပဳလုပ္ႏိုင္ေအာင္ အဆင့္ဆင့္ အကူအညီေပးႏိုင္မယ့္ ဂိုးသမားစတာေတြဟာ ေျမာက္လန္ဒန္မွာ ႏွစ္အေတာ္ၾကာ မျမင္ေတြ႕ခဲ့ရတဲ့ အရာေတြျဖစ္ပါတယ္။ အက်ိဳးသက္ေရာက္မႈရွိတဲ့အသင္းဆိုတာဟာ ခံစစ္ကေန စတင္တာျဖစ္ၿပီး က်စ္လစ္တဲ့ ခံစစ္မရွိဘဲ ေရရွည္မွာ ဘာေအာင္ျမင္မႈမွ ရႏိုင္မွာမဟုတ္ပါဘူး။ အာဆင္နယ္မွာ အဲဒီအရာ ရွိေနပါၿပီ။

ထိပ္ဆုံး ၄ ေနရာအတြက္ ၿပိဳင္ေနတဲ့ၿပိဳင္ဘက္ေတြရဲ႕ ယိမ္းယိုင္ေနမႈ

မန္ခ်က္စတာယူႏိုက္တက္ဟာ အက္စတန္ ဗီလာနဲ႔ပြဲမွာ ၂ ဂိုးသြင္းၿပီး ဦးေဆာင္ထားၿပီးမွ ၂ ဂိုးျပန္သြင္းၿပီး သေရက်သြားခဲ့ပါတယ္။ ပြဲခ်ိန္ မိနစ္ ၆၀ ေလာက္အထိ ယူႏိုက္တက္ဟာ နည္းျပ ရန္းနစ္ခ္လက္ေအာက္ လက္ရွိအခ်ိန္အထိ ၎တို႔ရဲ႕ အေကာင္းဆုံးကစားႏိုင္တဲ့ပုံစံအတိုင္း ကစားခဲ့ၿပီး ၎တို႔ဟာ လုံးဝ ယုံၾကည္ရျခင္း မရွိေသးတာျဖစ္ပါတယ္။ ေဘာလုံးပိုင္ဆိုင္မႈမွာ အလ်င္စလိုျဖစ္ေနၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ သာမန္မဟုတ္တဲ့ လူေ႐ြးခ်ယ္မႈေတြ ျပဳလုပ္ေနပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ကြင္းလယ္ခံစစ္ကစားသမား ကင္းမဲ့ေနသလို ေရာ္နယ္လ္ဒိုရဲ႕အေျခအေနကလည္း ၎တို႔အေပၚမွာ အရိပ္မိုးေနၿပီး အဝတ္လဲခန္းအတြင္း မၿငိမ္မသက္မႈေတြနဲ႔ ကစားသမားေတြက အသင္းက ထြက္ခ်င္ေနၾကပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ေတာ့တင္ဟမ္ေဟာ့စပါးကလည္း မေက်မနပ္ျဖစ္ေနတဲ့ ကစားသမားေတြနဲ႔ပတ္သက္ၿပီး ေျဖရွင္းႏိုင္စြမ္းမရွိသလို နည္းျပ ကြန္တီရဲ႕ အရည္အေသြးေၾကာင့္ စိတ္ေက်နပ္ရေလာက္တဲ့ လူစာရင္းမ်ိဳးမရွိတာျဖစ္ပါတယ္။ အီတလီလူမ်ိဳးနည္းျပလက္ေအာက္မွာ စပါးစ္အေနနဲ႔ ပြဲအမ်ားႀကီး ရႈံးေကာင္း မရႈံးႏိုင္ေပမယ့္ အျပည့္အဝ ယုံၾကည္လို႔လည္း မရေသးတာျစဖ္ပါတယ္။ ခ်ဲလ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္က စပါးစ္ရဲ႕ အရည္အေသြးက ဘယ္ေလာက္ေတာင္ ေမွ်ာ္လင့္ခ်က္မဲ့ေနလဲဆိုတာကို ျမင္ေနရၿပီး နည္းျပသစ္ လက္ေအာက္မွာ စြမ္းေဆာင္ရည္ေကာင္း မျပသႏိုင္မီ လုပ္စရာေတြ အမ်ားႀကီး ရွိေနေသးတယ္ဆိုတာကို ျပသေနခဲ့တာျဖစ္ပါတယ္။

လက္စတာကလည္း ေျခစြမ္းမတည္ၿငိမ္မႈကို ဆက္လက္ျပသေနၿပီး ဝုလ္ဗ္စ္ကလည္း တိတ္တိတ္ဆိတ္ဆိတ္နဲ႔ ေကာင္းေကာင္း ကစားႏိုင္ေနေပမယ့္ အသင္းထဲမွာ သြင္းဂိုးေတြ ပိုမိုရွာမေတြ႕ဘဲနဲ႔ေတာ့ ၎တို႔ရဲ႕ ပုံစံေကာင္းကို ထိန္းသိမ္းထားႏိုင္မွာမဟုတ္ပါဘူး။ ဘ႐ိုက္တန္ကလည္း တိုက္စစ္ အရည္အေသြး မရွိဘဲ စိုးရိမ္စရာအေကာင္းဆုံးအသင္းကေတာ့ ဝက္စ္ဟမ္းပါ။ ပရီးမီးယားလိဂ္က အျခားနည္းျပေတြအားလုံးထက္ ပိုမိုနည္းပါးတဲ့ကစားသမားေတြကို အသုံးျပဳေနရတဲ့ ေဒးဗစ္ မြိဳက္စ္ဟာ ၎ရဲ႕ ကစားသမားေတြ ေျခကုန္လက္ပမ္းက်သြားမွာကို စိုးရိမ္ရမွာျဖစ္ပါတယ္။ ဝက္စ္ဟမ္းဟာ အထင္ႀကီးဖြယ္ ေျခစြမ္း ဆက္လက္ျပသေနေပမယ့္လည္း တနဂၤေႏြေန႔က လိဒ္စ္နဲ႔ပြဲမွာ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တာက အာဆင္နယ္အတြက္ ေနာက္ထပ္ႀကီးမားတဲ့ရလဒ္ျဖစ္ပါတယ္။ ဝက္စ္ဟမ္းရဲ႕ ေနာက္ထပ္ အေဝးကြင္း ၃ ပြဲဟာ မန္ခ်က္စတာယူႏိုက္တက္၊ လက္စတာ၊ လီဗာပူးလ္တို႔နဲ႔ျဖစ္ၿပီး အဲဒါက အာဆင္နယ္အတြက္ အကူအညီျဖစ္ေစႏိုင္တဲ့ အခင္းအက်င္းျဖစ္ပါတယ္။

ဥေရာပၿပိဳင္ပြဲေတြ ကစားရမယ့္ အာဆင္နယ္ရဲ႕ ၿပိဳင္ဘက္မ်ား

မတ္လဝင္ခါနီး ေဖေဖာ္ဝါရီေႏွာင္းပိုင္းမွာ ဥေရာပပြဲစဥ္ေတြ ျပန္လည္စတင္ေတာ့မွာျဖစ္ၿပီး ဒီရာသီ ထိပ္ဆုံး ၄ ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့ အသင္းေတြလည္း အဲဒီဥေရာပၿပိဳင္ပြဲမွာ ပါဝင္ကစားသြားရမွာျဖစ္ေပမယ့္ စပါးစ္အသင္းကေတာ့ ဥေရာပပြဲမကစားရတဲ့အသင္းအျဖစ္ အာဆင္နယ္နဲ႔အတူ က်န္ေနခဲ့မွာျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ အက္ဖ္ေအဖလား ေနာက္တဆင့္ ကစားရမယ့္ အုပ္စုထဲမွာလည္း မပါဝင္တဲ့ တစ္ခုတည္းေသာ အသင္းျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္မွာ အက္သလက္တီကို မက္ဒရစ္နဲ႔ ကစားဖို႔ ရွိေနသလို ဝက္စ္ဟမ္းကလည္း လာမယ့္လ ယူ႐ိုပါလိဂ္မွာ ဘယ္သူနဲ႔ေတြ႕ရမလဲဆိုတာကို ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဝက္စ္ဟမ္းအတြက္ ပြဲစဥ္အပို ၂ ပြဲသာ ကစားရမွာ ျဖစ္ေကာင္းျဖစ္ေပမယ့္လည္း အာဆင္နယ္က တစ္ပတ္ေလာက္ ေအာင္ပြဲခံေနႏိုင္တဲ့အခ်ိန္မွာ ပြဲခ်ိန္စာရင္းအေပၚမွာ ေနာက္ထပ္ ဖိအားေတြ ျဖစ္လာေစမွာျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ယူႏိုက္တက္က မတ္လမွာ မန္စီးတီး၊ ေတာ့တင္ဟမ္၊ အက္သလက္တီကို မက္ဒရစ္၊ လီဗာပူးလ္၊ လက္စတာတို႔နဲ႔ ဆက္တိုက္ ကစားသြားရမွာျဖစ္ပါတယ္။ ဥေရာပပြဲစဥ္ ကစားဖို႔မရွိတဲ့ အာဆင္နယ္အတြက္ေတာ့ ေအးရာေအးေၾကာင္း ျဖစ္ေနမွာျဖစ္ၿပီး အဲဒါက ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ႏိုင္ဖို႔အတြက္ ေနာက္ထပ္ ခြန္အားအပို ၅ ရာခိုင္ႏႈန္းသာ ေပးႏိုင္မယ္ဆိုရင္ေတာင္မွ အာတီတာအတြက္ ျငင္းဆန္လို႔မရႏိုင္တဲ့ အပိုဆုျဖစ္ပါတယ္။ ေလ့က်င့္ေရးကြင္းမွာ ေလ့က်င့္ဖို႔၊ ဒဏ္ရာကေန ျပန္လည္သက္သာလာေအာင္ လုပ္ဖို႔ အခ်ိန္ပိုရေလ၊ ခရီးသြားရတာနည္းေလေလ ကြဲျပားျခားနားမႈေတြ ပိုဖန္တီးႏိုင္ေလျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.