Match Report Premier League

ပုံစံေကာင္းနဲ႔ ေရွ႕ဆက္ဆဲ ယူႏုိက္တက္နဲ႔ သြင္းဂိုးေတြအတြက္ အာမခံထားတဲ့ ဖာနန္ဒက္စ္

မန္ခ်က္စတာယူႏုိက္တက္တုိ႔ကေတာ့ ဒီေန႔ပြဲစဥ္ ၃၂ မွာလည္း ပုံစံေကာင္းနဲ႔ပဲ ေရွ႕ဆက္ခဲ့ၿပီး အေဝးကြင္း အေမရိကန္အိတ္စ္ပရက္စ္မွာ အိမ္ရွင္ ဘ႐ိုက္တန္တုိ႔ကို ေျခစြမ္းပိုင္းအရလည္း အသာစီးရယူၿပီး သုံးဂိုး-ဂိုးမရွိရလဒ္နဲ႔ အႏိုင္ယူသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အမွားမခံဘဲ ဆက္လက္ႀကဳိးစားေနခဲ့ပါတယ္။

ဘ႐ိုက္တန္ကေတာ့ ေနာက္တန္းမွာ ဝက္ဘ္စတာ ဒဏ္ရာရသြားခဲ့အၿပီးမွာ ဒပ္ဖီကို ျပန္လည္ထည့္သြင္းၿပီးေနာက္ပုိင္း ခံစစ္ကစားပုံက အနည္းငယ္ ေလးလံေနခဲ့တာျဖစ္ၿပီး က်စ္လ်စ္မွဳ သိပ္မရွိသလို လ်င္ျမန္တဲ့ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ တုိက္စစ္ပုိင္းကို ကာကြယ္ရာမွာ ဖ်က္ထုတ္မွဳ ေႏွးေကြးေနခဲ့လို႔ ဂိုးျပတ္သြားခဲ့ရတာလည္းျဖစ္ပါတယ္။

ယူႏုိက္တက္ပရိသတ္ေတြအတြက္ ဝမ္းသာစရာကေတာ့ ေပါ့ဘာနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တုိ႔ရဲ႕အတြဲအဖက္က တစ္ပြဲထက္တစ္ပြဲပိုၿပီး နားလည္မွဳ ေကာင္းမြန္လာတာကို ေတြ႕ခဲ့ရသလို ဒီေန႔ပြဲမွာ သူတုိ႔ႏွစ္ဦးရဲ႕ အတက္အဆင္းနဲ႔ တာဝန္ခြဲေဝယူမွဳေတြက လာမယ့္ရာသီမွာ ျပင္သစ္ကြင္းလယ္လူကို အသင္းမွာ ဆက္ရွိေနေစမယ္လုိ႔ ဆုိလုိက္တဲ့ သေဘာလည္းျဖစ္ေနခဲ့ပါတယ္။

အသင္းအတြက္ ပထမဂိုးကိုေတာ့ ပြဲခ်ိန္ ၁၆ မိနစ္မွာ စတင္ရရွိခဲ့ၿပီး ညာေတာင္ပံမွာ ကစားေနတဲ့ လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္က ဝန္ဘစ္ဆာကာ ေပးလုိက္တဲ့ ေဘာလုံးကို ဘ႐ိုက္တန္ေနာက္ခံလူေတြၾကားက ဆြဲထြက္ၿပီး ေျခေယာင္ျပကန္သြင္းခဲ့ရာမွာ ေျခေထာက္ၾကားက ထြက္လာခဲ့တာကို ဂိုးသမား ႐ိုင္ယန္ မကာကြယ္ႏုိင္ဘဲ ဂိုးေပးလုိက္ရပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ လုခ္ေရွာရဲ႕ လူအနည္းငယ္ကၽြံေနသေယာင္ထင္ရတဲ့ ျဖတ္တင္ေဘာကေန ျပန္ထြက္လာခဲ့တာကို ေပါ့ဘာက ေဘးမွာ အဆင္သင့္ရွိေနတဲ့ ဖာနန္ဒက္စ္ဆီ ျပန္ခ်ေပးတာမွာ ေပၚတူဂီသားက အျမန္ကန္သြင္းခဲ့ၿပီး ဘ႐ိုက္တန္ရဲ႕ မက္အယ္လစၥတာနဲ႔ ထိၿပီး လမ္းေၾကာင္း အနည္းငယ္ေျပာင္းသြားခဲ့လို႔ ဂိုးသမား ငုတ္တုတ္ေမ့ခဲ့ရျပန္ၿပီး ယူႏုိက္တက္တုိ႔ ပထမပိုင္းအၿပီးမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခြင့္ရခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ညာေတာင္ပံမွာ ကစားတဲ့ အသက္ ၁၈ ႏွစ္အရြယ္ တုိက္စစ္မွဴး ဂရင္းဝုဒ္ရဲ႕ ယုံၾကည္မွဳ ျပည့္ဝတဲ့ ပုံစံေတြက ဘ႐ိုက္တန္ခံစစ္ကို ျပႆနာေတာ္ေတာ္ေလးရွာေနခဲ့တာျဖစ္ၿပီး သူ႕ေၾကာင့္ ကြင္းလယ္က ဖာနန္ဒက္စ္ ပုိမိုလွဳပ္ရွားခြင့္ရေပမယ့္ ေမွ်ာ္လင့္ထားတဲ့ နံပါတ္ ၉ တုိက္စစ္မွဴး မာစီယယ္လ္ကေတာ့ ေျခေပ်ာက္ေနခဲ့ျပန္ပါတယ္။

ဒုတိယပုိင္း ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဘ႐ိုက္တန္တုိ႔ရဲ႕ တုိက္စစ္ဆင္မွဳက ေဘာလုံးအပ်က္မွာ မာတစ္ခ်္က မယုံႏုိင္ေလာက္ေအာင္ တိက်ၿပီး အကြက္ျမင္တဲ့ ေပးပို႔မွဳနဲ႔ ေနာက္ျပန္အေနအထားကေန ဘယ္ေတာင္ပံက ဂရင္းဝုဒ္ကို ခ်ေပးခဲ့ရာမွာ ဂရင္းဝုဒ္ရဲ႕ ဆြဲေျပးၿပီး ျဖတ္တင္ေပးပုိ႔တဲ့ ေဘာလုံးကို ညာျခမ္းက အဆင္သင့္ေနရာယူထားတဲ့ ဖာနန္ဒက္စ္က ေျမေထာက္ကန္သြင္းၿပီး တတိယဂိုး ရယူသြားႏုိင္ခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ အကဲစမ္းခဲ့ၾကသလို ဘ႐ိုက္တန္ရဲ႕ လူစားဝင္ေတာင္ပံကစားသမား ထေရာ့ဆတ္၊ ေမာ္ေပနဲ႔ ကြန္ႏိုလီတုိ႔ရဲ႕ ဖိအားေပးမွဳေတြကို ယူႏုိက္တက္တုိ႔ ဂ႐ုစိုက္ကာကြယ္ခဲ့ရသလို ယူႏုိက္တက္ရဲ႕ ဂ်ိမ္းစ္၊ မက္ေတာ္မီေနးတုိ႔ရဲ႕ ထိုးေဖာက္မွဳေတြကိုလည္း ဘ႐ိုက္တန္တုိ႔ ကာကြယ္ႏုိင္ခဲ့လုိ႔ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့လုိ႔ မန္ခ်က္စတာယူႏိုက္တက္တုိ႔ အဆင့္ ၅ ေနရာမွာ အဆင့္ ၆ က ဝုလ္ဗ္စ္ထက္ ဂိုးကြာျခားခ်က္အသာနဲ႔ ျပန္လည္ရပ္တည္ႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကေတာ့ ပုိၿပီး စိတ္ဝင္ကစားစရာေကာင္းလာခဲ့သလို ပုံစံေကာင္းရေနတဲ့အသင္းအေနနဲ႔ သူတုိ႔နဲ႔အၿပဳိင္ႀကဳိးစားေနတဲ့ ခ်ဲလ္ဆီး၊ ဝုလ္ဗ္စ္တုိ႔နဲ႔အတူ အမွားမ်ားေနတဲ့ လက္စတာကို စာရင္းထဲက ထုတ္ပယ္ပစ္သြားမလားဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်တို့ကတော့ ဒီနေ့ပွဲစဉ် ၃၂ မှာလည်း ပုံစံကောင်းနဲ့ပဲ ရှေ့ဆက်ခဲ့ပြီး အဝေးကွင်း အမေရိကန်အိတ်စ်ပရက်စ်မှာ အိမ်ရှင် ဘရိုက်တန်တို့ကို ခြေစွမ်းပိုင်းအရလည်း အသာစီးရယူပြီး သုံးဂိုး-ဂိုးမရှိရလဒ်နဲ့ အနိုင်ယူသွားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံဘဲ ဆက်လက်ကြိုးစားနေခဲ့ပါတယ်။

ဘရိုက်တန်ကတော့ နောက်တန်းမှာ ဝက်ဘ်စတာ ဒဏ်ရာရသွားခဲ့အပြီးမှာ ဒပ်ဖီကို ပြန်လည်ထည့်သွင်းပြီးနောက်ပိုင်း ခံစစ်ကစားပုံက အနည်းငယ် လေးလံနေခဲ့တာဖြစ်ပြီး ကျစ်လျစ်မှု သိပ်မရှိသလို လျင်မြန်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းကို ကာကွယ်ရာမှာ ဖျက်ထုတ်မှု နှေးကွေးနေခဲ့လို့ ဂိုးပြတ်သွားခဲ့ရတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအတွက် ဝမ်းသာစရာကတော့ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့အတွဲအဖက်က တစ်ပွဲထက်တစ်ပွဲပိုပြီး နားလည်မှု ကောင်းမွန်လာတာကို တွေ့ခဲ့ရသလို ဒီနေ့ပွဲမှာ သူတို့နှစ်ဦးရဲ့ အတက်အဆင်းနဲ့ တာဝန်ခွဲဝေယူမှုတွေက လာမယ့်ရာသီမှာ ပြင်သစ်ကွင်းလယ်လူကို အသင်းမှာ ဆက်ရှိနေစေမယ်လို့ ဆိုလိုက်တဲ့ သဘောလည်းဖြစ်နေခဲ့ပါတယ်။

အသင်းအတွက် ပထမဂိုးကိုတော့ ပွဲချိန် ၁၆ မိနစ်မှာ စတင်ရရှိခဲ့ပြီး ညာတောင်ပံမှာ ကစားနေတဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ဝန်ဘစ်ဆာကာ ပေးလိုက်တဲ့ ဘောလုံးကို ဘရိုက်တန်နောက်ခံလူတွေကြားက ဆွဲထွက်ပြီး ခြေယောင်ပြကန်သွင်းခဲ့ရာမှာ ခြေထောက်ကြားက ထွက်လာခဲ့တာကို ဂိုးသမား ရိုင်ယန် မကာကွယ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ လုခ်ရှောရဲ့ လူအနည်းငယ်ကျွံနေသယောင်ထင်ရတဲ့ ဖြတ်တင်ဘောကနေ ပြန်ထွက်လာခဲ့တာကို ပေါ့ဘာက ဘေးမှာ အဆင်သင့်ရှိနေတဲ့ ဖာနန်ဒက်စ်ဆီ ပြန်ချပေးတာမှာ ပေါ်တူဂီသားက အမြန်ကန်သွင်းခဲ့ပြီး ဘရိုက်တန်ရဲ့ မက်အယ်လစ္စတာနဲ့ ထိပြီး လမ်းကြောင်း အနည်းငယ်ပြောင်းသွားခဲ့လို့ ဂိုးသမား ငုတ်တုတ်မေ့ခဲ့ရပြန်ပြီး ယူနိုက်တက်တို့ ပထမပိုင်းအပြီးမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ညာတောင်ပံမှာ ကစားတဲ့ အသက် ၁၈ နှစ်အရွယ် တိုက်စစ်မှူး ဂရင်းဝုဒ်ရဲ့ ယုံကြည်မှု ပြည့်ဝတဲ့ ပုံစံတွေက ဘရိုက်တန်ခံစစ်ကို ပြဿနာတော်တော်လေးရှာနေခဲ့တာဖြစ်ပြီး သူ့ကြောင့် ကွင်းလယ်က ဖာနန်ဒက်စ် ပိုမိုလှုပ်ရှားခွင့်ရပေမယ့် မျှော်လင့်ထားတဲ့ နံပါတ် ၉ တိုက်စစ်မှူး မာစီယယ်လ်ကတော့ ခြေပျောက်နေခဲ့ပြန်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ မှာတော့ ဘရိုက်တန်တို့ရဲ့ တိုက်စစ်ဆင်မှုက ဘောလုံးအပျက်မှာ မာတစ်ချ်က မယုံနိုင်လောက်အောင် တိကျပြီး အကွက်မြင်တဲ့ ပေးပို့မှုနဲ့ နောက်ပြန်အနေအထားကနေ ဘယ်တောင်ပံက ဂရင်းဝုဒ်ကို ချပေးခဲ့ရာမှာ ဂရင်းဝုဒ်ရဲ့ ဆွဲပြေးပြီး ဖြတ်တင်ပေးပို့တဲ့ ဘောလုံးကို ညာခြမ်းက အဆင်သင့်နေရာယူထားတဲ့ ဖာနန်ဒက်စ်က မြေထောက်ကန်သွင်းပြီး တတိယဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကဲစမ်းခဲ့ကြသလို ဘရိုက်တန်ရဲ့ လူစားဝင်တောင်ပံကစားသမား ထရော့ဆတ်၊ မော်ပေနဲ့ ကွန်နိုလီတို့ရဲ့ ဖိအားပေးမှုတွေကို ယူနိုက်တက်တို့ ဂရုစိုက်ကာကွယ်ခဲ့ရသလို ယူနိုက်တက်ရဲ့ ဂျိမ်းစ်၊ မက်တော်မီနေးတို့ရဲ့ ထိုးဖောက်မှုတွေကိုလည်း ဘရိုက်တန်တို့ ကာကွယ်နိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ မန်ချက်စတာယူနိုက်တက်တို့ အဆင့် ၅ နေရာမှာ အဆင့် ၆ က ဝုလ်ဗ်စ်ထက် ဂိုးကွာခြားချက်အသာနဲ့ ပြန်လည်ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ပိုပြီး စိတ်ဝင်ကစားစရာကောင်းလာခဲ့သလို ပုံစံကောင်းရနေတဲ့အသင်းအနေနဲ့ သူတို့နဲ့အပြိုင်ကြိုးစားနေတဲ့ ချဲလ်ဆီး၊ ဝုလ်ဗ်စ်တို့နဲ့အတူ အမှားများနေတဲ့ လက်စတာကို စာရင်းထဲက ထုတ်ပယ်ပစ်သွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.