La Liga Match Report

မက္ဆီရဲ႕ ဂိုး ၇၀၀ ေျမာက္ကို ရရွိခဲ့ေပမယ့္ သေရသာရခဲ့ၿပီး အမွတ္ေလ်ာ့ေကာင္းဆဲ ဘာစီလိုနာ

ဘာစီလိုနာအသင္းကေတာ့ ၿပဳိင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ဟန္ခ်က္မညီတဲ့ အေျခအေနကို အခြင့္ေကာင္းမယူႏုိင္ခဲ့ဘဲ ေနာက္ပုိင္းပြဲစဥ္ေတြမွာ အမွတ္ေလ်ာ့မွဳေတြ မ်ားလာခဲ့သလို အသင္းနဲ႔ အဆင့္အတန္းခ်င္း မကိုက္ညီတဲ့ ဗယ္လ္ဗာဒီ၊ ဆီတီယန္တုိ႔လို နည္းျပေတြကို ဆက္တုိက္ ခန္႔အပ္ရင္း ဒီႏွစ္မွာ ဆုဖလားေတြနဲ႔ ေဝးကြာဖို႔ အေနအထားကို ျမင္ေနခဲ့ရၿပီျဖစ္ပါတယ္။

ဒီေယဂို ေကာ္စတာရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းခဲ့တဲ့ ၁၁ မိနစ္သြင္းဂိုးက ဘာစီလုိနာတုိ႔ကို အိမ္ကြင္း ႏူးကမ့္ပ္မွာ အသက္ရွဴေခ်ာင္ခဲ့ေစေပမယ့္ အက္သလက္တီကိုလို လ်င္ျမန္ႀကံ့ခိုင္တဲ့အသင္းကို ဘူးစကြက္စ္နဲ႔ ရစ္ကီ ပုဂ်္၊ ဗီဒယ္လ္တုိ႔ကို တြဲေပးၿပီး ရင္ဆုိင္ခဲ့တာကေတာ့ အမွားအယြင္းတစ္ရပ္အျဖစ္ ေနရာလြတ္ေတြ အမ်ားႀကီး ခြင့္ျပဳခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ ဘယ္ေတာင္ပံက ျမန္ႏွဳန္းျမင့္ ေျပးလႊားခဲ့တဲ့ ကာရက္စ္ကိုက ဂိုးဧရိယာထဲ ဆြဲဝင္ၿပီး ျပန္ေခါက္ဖို႔ ႀကဳိးစားတာကို ဗီဒယ္လ္ ေျခခ်ိတ္ခဲ့လို႔ တီကိုတုိ႔ ပင္နယ္တီ ျပန္ရခဲ့ၿပီး ဒီအခြင့္အေရးကို ဒီေယဂို ေကာ္စတာကန္တာ ပုတ္ထုတ္ခံခဲ့ရေပမယ့္ ဂိုးသမား တာစတီဂန္ ဂိုးစည္းေရွ႕ထြက္ေနလို႔ ဒိုင္လူႀကီးက အဝါျပခဲ့ၿပီး ျပန္ကန္ခိုင္းရာမွာ ဆာအူးလ္ ညီးရက္ဇ္က ၁၉ မိနစ္မွာ ေခ်ပဂိုးအျဖစ္ ကန္သြင္းႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ မက္ဆီကို ေနရာေခ်ာင္ေအာင္ ဘယ္သူကမွ မကူညီႏုိင္ခဲ့ဘဲ တစ္ေယာက္တည္း ႐ုန္းကန္ေနခဲ့ရတယ္ဆုိကတည္းက နည္းျပရဲ႕ နည္းစနစ္ပုိင္းနဲ႔ အဆင့္အတန္းက သိသင့္ေနၿပီျဖစ္ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဆီမီဒိုေၾကာင့္ရတဲ့ ပင္နယ္တီကို မက္ဆီက ပါနင္ကာပုံစံနဲ႔ ကန္သြင္းၿပီး ဘာစီလိုနာကို ဦးေဆာင္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ကာရက္စ္ကိုရဲ႕ ဆြဲေျပးမွဳကို ဆီမီဒိုနဲ႔ ေသေသခ်ာခ်ာ မထိမိခဲ့ေပမယ့္လည္း ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ခဲ့ၿပီး ဒီတစ္ခါမွာလည္း ဆာအူးလ္ ညီးရက္ဇ္ကပဲ ကန္သြင္းခဲ့ၿပီး ဘာစီလိုနာဂိုးသမား တာစတီဂန္ လက္နဲ႔ ပုတ္ခဲ့ေပမယ့္ ကာကြယ္ႏုိင္ခဲ့ျခင္းမရွိတာမုိ႔ အက္သလက္တီကိုတုိ႔ သေရဂိုးရရွိၿပီး ႏွစ္ဂိုးစီသေရနဲ႔ ပြဲၿပီးဆုံးခဲ့သလို လာလီဂါကေတာ့ ရီးရဲလ္မက္ဒရစ္တုိ႔အတြက္ အမ်ားႀကီး အေျခအေနေကာင္းခဲ့ၿပီ ျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းကတော့ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဟန်ချက်မညီတဲ့ အခြေအနေကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲ နောက်ပိုင်းပွဲစဉ်တွေမှာ အမှတ်လျော့မှုတွေ များလာခဲ့သလို အသင်းနဲ့ အဆင့်အတန်းချင်း မကိုက်ညီတဲ့ ဗယ်လ်ဗာဒီ၊ ဆီတီယန်တို့လို နည်းပြတွေကို ဆက်တိုက် ခန့်အပ်ရင်း ဒီနှစ်မှာ ဆုဖလားတွေနဲ့ ဝေးကွာဖို့ အနေအထားကို မြင်နေခဲ့ရပြီဖြစ်ပါတယ်။

ဒီယေဂို ကော်စတာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ ၁၁ မိနစ်သွင်းဂိုးက ဘာစီလိုနာတို့ကို အိမ်ကွင်း နူးကမ့်ပ်မှာ အသက်ရှူချောင်ခဲ့စေပေမယ့် အက်သလက်တီကိုလို လျင်မြန်ကြံ့ခိုင်တဲ့အသင်းကို ဘူးစကွက်စ်နဲ့ ရစ်ကီ ပုဂျ်၊ ဗီဒယ်လ်တို့ကို တွဲပေးပြီး ရင်ဆိုင်ခဲ့တာကတော့ အမှားအယွင်းတစ်ရပ်အဖြစ် နေရာလွတ်တွေ အများကြီး ခွင့်ပြုခဲ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာတော့ ဘယ်တောင်ပံက မြန်နှုန်းမြင့် ပြေးလွှားခဲ့တဲ့ ကာရက်စ်ကိုက ဂိုးဧရိယာထဲ ဆွဲဝင်ပြီး ပြန်ခေါက်ဖို့ ကြိုးစားတာကို ဗီဒယ်လ် ခြေချိတ်ခဲ့လို့ တီကိုတို့ ပင်နယ်တီ ပြန်ရခဲ့ပြီး ဒီအခွင့်အရေးကို ဒီယေဂို ကော်စတာကန်တာ ပုတ်ထုတ်ခံခဲ့ရပေမယ့် ဂိုးသမား တာစတီဂန် ဂိုးစည်းရှေ့ထွက်နေလို့ ဒိုင်လူကြီးက အဝါပြခဲ့ပြီး ပြန်ကန်ခိုင်းရာမှာ ဆာအူးလ် ညီးရက်ဇ်က ၁၉ မိနစ်မှာ ချေပဂိုးအဖြစ် ကန်သွင်းနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မက်ဆီကို နေရာချောင်အောင် ဘယ်သူကမှ မကူညီနိုင်ခဲ့ဘဲ တစ်ယောက်တည်း ရုန်းကန်နေခဲ့ရတယ်ဆိုကတည်းက နည်းပြရဲ့ နည်းစနစ်ပိုင်းနဲ့ အဆင့်အတန်းက သိသင့်နေပြီဖြစ်ပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ ဆီမီဒိုကြောင့်ရတဲ့ ပင်နယ်တီကို မက်ဆီက ပါနင်ကာပုံစံနဲ့ ကန်သွင်းပြီး ဘာစီလိုနာကို ဦးဆောင်စေခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ကာရက်စ်ကိုရဲ့ ဆွဲပြေးမှုကို ဆီမီဒိုနဲ့ သေသေချာချာ မထိမိခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ခဲ့ပြီး ဒီတစ်ခါမှာလည်း ဆာအူးလ် ညီးရက်ဇ်ကပဲ ကန်သွင်းခဲ့ပြီး ဘာစီလိုနာဂိုးသမား တာစတီဂန် လက်နဲ့ ပုတ်ခဲ့ပေမယ့် ကာကွယ်နိုင်ခဲ့ခြင်းမရှိတာမို့ အက်သလက်တီကိုတို့ သရေဂိုးရရှိပြီး နှစ်ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့သလို လာလီဂါကတော့ ရီးရဲလ်မက်ဒရစ်တို့အတွက် အများကြီး အခြေအနေကောင်းခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.