Bundesliga Premier League Transfer News

BREAKING NEWS: ဆာေနးကို ေရာင္းခ်ဖို႔ မန္ခ်က္စတာစီးတီးနဲ႔ ဘုိင္ယန္ျမဴးနစ္တုိ႔ သေဘာတူညီ

မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းတုိ႔ၾကားမွာ မေျပမလည္ျဖစ္ေနခဲ့ၾကတဲ့ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအတြက္ ေျပာင္းေရႊ႕ေၾကးကို ဒီေန႔မွာ သေဘာတူညီခဲ့ၿပီျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အသင္းႏွစ္သင္းၾကား အေျပာင္းအေရႊ႕အတြက္ လုပ္ေဆာင္သြားေတာ့မယ္လို႔ စကိုင္းစပို႔စ္က ေဖာ္ျပခဲ့ပါတယ္။

ဘုိင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ဆာေနးအတြက္ ယူ႐ိုသန္း ၆၀ (ေပါင္ ၅၄.၈ သန္း) ေပးေခ်ဖို႔ သေဘာတူညီခဲ့တာျဖစ္ၿပီး ကနဦးအေနနဲ႔ ယူ႐ို ၄၉ သန္း (ေပါင္ ၄၄.၇ သန္း)ကို အရင္ေပးေခ်မွာျဖစ္ၿပီး က်န္တဲ့ေငြေၾကးေတြကေတာ့ ဆုဖလားေတြအေပၚ အေျခခံတဲ့ ခံစားခြင့္အျဖစ္ သေဘာတူခဲ့တာလို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ဆီနီေဂါႏြယ္ဖြား ဂ်ာမန္ေတာင္ပံကစားသမားဟာ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ ေပါင္ ၂၂ သန္း တန္ေၾကးရွိတဲ့ ငါးႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆုိသြားမွာျဖစ္ၿပီး တစ္ပတ္လုပ္ခအျဖစ္ေတာ့ ပ်မ္းမွ်ကို ေပါင္ ၈၅၀၀၀ ရရွိမယ္လို႔ သိရၿပီး မန္စီးတီးဘက္က ဒီထက္ပုိမ်ားတဲ့ လုပ္ချဖစ္တဲ့ ေပါင္တစ္သိန္းေက်ာ္နဲ႔ ကမ္းလွမ္းခဲ့ဖူးေပမယ့္ သေဘာတူညီမွဳ မရခဲ့တာလည္းျဖစ္ပါတယ္။

ဘုိင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ဆာေနးအတြက္ ေပါင္သန္း ၃၀ ကေန စတင္ကမ္းလွမ္းခဲ့တာျဖစ္ၿပီး နည္းပါးတဲ့ ေဈးႏွဳန္းေၾကာင့္ အေျပာင္းအေရႊ႕ ပ်က္ျပယ္မလိုျဖစ္ခဲ့ရလို႔ လက္ရွိပမာဏကို တုိးျမႇင့္ကမ္းလွမ္းခဲ့ရတာျဖစ္ၿပီး မန္စီးတီးအေနနဲ႔ ဆာေနးရဲ႕ ေနာက္ထပ္ေျပာင္းေရႊ႕ေၾကးအတြက္ ဆယ္ရာခိုင္ႏွဳန္းရရွိမယ့္ သေဘာတူညီခ်က္လည္း ပါဝင္တယ္လုိ႔ ဆုိပါတယ္။

ဆာေနးအေနနဲ႔ မန္စီးတီးအသင္းမွာ ခ်န္ပီယံလိဂ္ဖလားကလြဲၿပီး က်န္တဲ့ ျဖစ္ႏုိင္ဖြယ္ ဆုဖလားအားလုံးကို အသင္းနဲ႔အတူ ရရွိထားခဲ့ၿပီျဖစ္ၿပီး ဒီဖလားကိုေတာ့ အသင္းကေန မထြက္ခြာခင္ ေနာက္ဆုံးအခြင့္အေရးအျဖစ္ ႀကဳိးစားသြားမလား၊ ဒါမွမဟုတ္ ျပည္တြင္းဖလားေတြ အျမဲရရွိေနလို႔ ႐ိုးေနတဲ့ ဘုိင္ယန္ျမဴးနစ္ရဲ႕ အျမဲတမ္း ပစ္မွတ္ျဖစ္တဲ့ ဥေရာပအျမင့္ဆုံးဆုဖလားအတြက္ အသင္းသစ္နဲ႔အတူ ႀကဳိးစားသြားမလားကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: SKY SPORTS & BILD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကြားမှာ မပြေမလည်ဖြစ်နေခဲ့ကြတဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအတွက် ပြောင်းရွှေ့ကြေးကို ဒီနေ့မှာ သဘောတူညီခဲ့ပြီဖြစ်ပြီး နောက်ဆုံးမှာတော့ အသင်းနှစ်သင်းကြား အပြောင်းအရွှေ့အတွက် လုပ်ဆောင်သွားတော့မယ်လို့ စကိုင်းစပို့စ်က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဆာနေးအတွက် ယူရိုသန်း ၆၀ (ပေါင် ၅၄.၈ သန်း) ပေးချေဖို့ သဘောတူညီခဲ့တာဖြစ်ပြီး ကနဦးအနေနဲ့ ယူရို ၄၉ သန်း (ပေါင် ၄၄.၇ သန်း)ကို အရင်ပေးချေမှာဖြစ်ပြီး ကျန်တဲ့ငွေကြေးတွေကတော့ ဆုဖလားတွေအပေါ် အခြေခံတဲ့ ခံစားခွင့်အဖြစ် သဘောတူခဲ့တာလို့ သိရပါတယ်။

အသက် ၂၄ နှစ်အရွယ် ဆီနီဂေါနွယ်ဖွား ဂျာမန်တောင်ပံကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပေါင် ၂၂ သန်း တန်ကြေးရှိတဲ့ ငါးနှစ်စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်ပြီး တစ်ပတ်လုပ်ခအဖြစ်တော့ ပျမ်းမျှကို ပေါင် ၈၅၀၀၀ ရရှိမယ်လို့ သိရပြီး မန်စီးတီးဘက်က ဒီထက်ပိုများတဲ့ လုပ်ခဖြစ်တဲ့ ပေါင်တစ်သိန်းကျော်နဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် သဘောတူညီမှု မရခဲ့တာလည်းဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဆာနေးအတွက် ပေါင်သန်း ၃၀ ကနေ စတင်ကမ်းလှမ်းခဲ့တာဖြစ်ပြီး နည်းပါးတဲ့ ဈေးနှုန်းကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်မလိုဖြစ်ခဲ့ရလို့ လက်ရှိပမာဏကို တိုးမြှင့်ကမ်းလှမ်းခဲ့ရတာဖြစ်ပြီး မန်စီးတီးအနေနဲ့ ဆာနေးရဲ့ နောက်ထပ်ပြောင်းရွှေ့ကြေးအတွက် ဆယ်ရာခိုင်နှုန်းရရှိမယ့် သဘောတူညီချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆာနေးအနေနဲ့ မန်စီးတီးအသင်းမှာ ချန်ပီယံလိဂ်ဖလားကလွဲပြီး ကျန်တဲ့ ဖြစ်နိုင်ဖွယ် ဆုဖလားအားလုံးကို အသင်းနဲ့အတူ ရရှိထားခဲ့ပြီဖြစ်ပြီး ဒီဖလားကိုတော့ အသင်းကနေ မထွက်ခွာခင် နောက်ဆုံးအခွင့်အရေးအဖြစ် ကြိုးစားသွားမလား၊ ဒါမှမဟုတ် ပြည်တွင်းဖလားတွေ အမြဲရရှိနေလို့ ရိုးနေတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ အမြဲတမ်း ပစ်မှတ်ဖြစ်တဲ့ ဥရောပအမြင့်ဆုံးဆုဖလားအတွက် အသင်းသစ်နဲ့အတူ ကြိုးစားသွားမလားကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

REF: SKY SPORTS & BILD
PHOTOS CREDIT TO OWNERS
SPORTS A2Z.