Premier League

ပရီးမီးယားလိဂ်ကို မက်ဆီရဲ့ ကိုယ်ပွားပစ္စည်းတစ်ခု သယ်ဆောင်လာခဲ့တဲ့ ကော်တင်ညို

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အက်စတန် ဗီလာ ကစားသမားသစ် ကော်တင်ညိုဟာ ဘာစီလိုနာအသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ ဆီကနေ ကံကောင်းစေတဲ့ အဆောင်တစ်ခု လက်ခံရရှိခဲ့ပါတယ်။

ကော်တင်ညိုဟာ အဲဒီအချိန်တုန်းက ပုံမှန်ခြေစွမ်း ရရှိဖို့အတွက် ရုန်းကန်နေရတာကြောင့် ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဆီဟာ ဘရာဇီးလ်ကြယ်ပွင့်ကို အားပေးထောက်ခံဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး ဆီးဗီးလားနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲတုန်းက ပင်နယ်တီကိုတောင် ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ “လီယိုရဲ့ အပြုအမူက သူက ဘယ်လောက်အထိတောင် ကြီးကျယ်မြင့်မြတ်လဲဆိုတာကို ပြသနေပါတယ်။ လီယိုကို ကျေးဇူးတငပါတယ်။ ကျွန်တော့်ကို ပင်နယ်တီ ပေးကန်ခဲ့တဲ့အတွက်ပါ။ အဲဒါက အစုအဖွဲ့ရဲ့ ယုံကြည်ချက်အတွက် ကောင်းမွန်တဲ့အရာပါ”လို့ ကော်တင်ညိုက ပြောကြားခဲ့တယ်လို့ FourFourTwo က ဖော်ပြခဲ့ပါတယ်။

ကော်တင်ညိုရဲ့ ဘာစီလိုနာက ခြေစွမ်း မတည်ငြိမ်မှုဟာ ၎င်းကို ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့နိုင်စေခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီကုန်အတွက် လီဗာပူးလ် အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ရဲ့ နူးကမ့်ကနေ အပြီးသတ် ထွက်ခွာမှုဟာ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး ၂ ဖက်စလုံးအတွက် ရှေ့ဆက်ဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အသင်းဖော်တွေဆီကနေ အကောင်းဆုံး ပုံစံ ရရှိဖို့အတွက် ကြိုးပမ်းခဲ့ပြီး ကော်တင်ညို ခြေစွမ်း ကျဆင်းနေခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ အာဂျင်တီးနားကြယ်ပွင့်က ကံကောင်းစေမယ့် အဆောင်အဖြစ်နဲ့ အမြဲဆောင်ထားတဲ့ ဖဲကြိုးအနီလေးကို လီဗာပူးလ်ကြယ်ပွင့်ဟောင်းကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေဟာ ဘရာဇီးလ်ကွင်းလယ်ဖန်တီးရှင်က အဲဒီ ဖဲကြိုးအနီလေးကို ဒီနေ့အထိ ဝတ်ဆင်ထားဆဲဖြစ်ကြောင်းကို အက်စတန် ဗီလာ ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ ဓာတ်ပုံထဲက ကော်တင်ညိုရဲ့ လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဖဲကြိုးနီလေးဟာ သူ့ဇာတ်လမ်းနဲ့ သူ ရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ရုပ်သံ သတင်းထောက် ရာမာ ပန်တာရော့တိုက မက်ဆီကို ဖဲကြိုးနီ လက်ပတ်လေးကို ပေးပြီး “ကျွန်တော့် အမေက ကျွန်တော့်ကို ဒီဟာလေး ခင်ဗျားအတွက် ပေးခိုင်းလိုက်လို့ပါ။ ကျွန်တော် သူ့ရဲ့ ကံကောင်းစေတဲ့ ဖဲကြိုးနီလေးကို ယူလာခဲ့တယ်။ ခင်ဗျား လိုချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ပေးနိုင်ပါတယ်။ အဲဒါက ကျွန်တော့် အမေပစ္စည်းလေးပါ။ အဲဒီတော့ လုံခြုံအောင် သေချာလေးတော့ သိမ်းထားပေးပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားက အခုအချိန်မှာ ကံဆိုးနေလို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂျာနယ်လစ်ဟာ နောက်ပိုင်းမှာ မက်ဆီကို အင်တာဗျူး ထပ်မံပြုလုပ်ခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်က ၎င်းရဲ့ ဘယ်ဘက်ခြေထောက်မှာ ဖဲကြိုးနီလေးကို ချည်ထားတာကို ပြသခဲ့ချိန်မှာတော့ အံ့အားသင့်ခဲ့ရပါတယ်။ မက်ဆီဟာ ဒီ ဖဲကြိုးနီလေးတွေကို ၎င်းရဲ့ အသင်းဖော်တွေကို လက်ဆောင်ပေးခဲ့ပုံရပြီး ကော်တင်ညိုသာမကဘဲ ဒီဘာလာနဲ့ လော်တာရို မာတီနက်ဇ်တို့မှာလည်း တစ်ခုစီ ရှိနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.