Premier League

ကိုဗစ်ကိစ္စမှာ ကံကောင်းနေတယ်လို့ ပြောတဲ့ ပြိုင်ဘက်တွေကို ရွဲ့ပြီး ပြန်ပြောလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက မန်စီးတီးက ကိုဗစ်ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာချိန်မှာ ကံကောင်းနေခဲ့တယ်လို့ ပြောကြားခဲ့တဲ့ ပြိုင်ဘက်အသင်းတွေကို ပြန်လည် တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြ တူဟယ်နဲ့ လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်တို့က မန်စီးတီးရဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ၁၀ မှတ်ဖြတ်ထားနိုင်တာက ၎င်းတို့မှာ ပြိုင်ဘက်အသင်းတွေထက် ကိုဗစ်ကူးစက်ခံရတဲ့ ကစားသမား ပိုမိုနည်းပါးလို့ဖြစ်တယ်လို့ ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယနေ့ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မတိုင်မီ မန်စီးတီးနည်းပြ ဂွါဒီယိုလာက တူဟယ်နဲ့ ဗန်ဒိုက်တို့ရဲ့ ပြောဆိုမှုတွေဟာ မှားယွင်းနေတယ်လို့ ပြောကြားခဲ့ပြီး ၎င်းရဲ့အသင်းမှာ ကိုဗစ် ကူးစက်ခံထားရတဲ့ ကစားသမားတွေကို ထောက်ပြပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ဆွင်ဒန်နဲ့ အက်ဖ်အေဖလားပွဲစဉ်မတိုင်မီ ကစားသမား ၇ ဦးအပါအဝင် ကိုဗစ်ကူးစက်ခံထားရသူ ၂၁ ဦးအထိ စံချိန်တင် ရှိနေခဲ့တာဖြစ်ပြီး ဂွါဒီယိုလာကလည်း ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်ကို သီးခြားစီ နေထိုင်ရမှာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။