La Liga Ligue1 Premier League

ပရီးမီးယားလိဂ်ကို မက်ဆီရဲ့ ကိုယ်ပွားပစ္စည်းတစ်ခု သယ်ဆောင်လာခဲ့တဲ့ ကော်တင်ညို

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အက်စတန် ဗီလာ ကစားသမားသစ် ကော်တင်ညိုဟာ ဘာစီလိုနာအသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီ ဆီကနေ ကံကောင်းစေတဲ့ အဆောင်တစ်ခု လက်ခံရရှိခဲ့ပါတယ်။

ကော်တင်ညိုဟာ အဲဒီအချိန်တုန်းက ပုံမှန်ခြေစွမ်း ရရှိဖို့အတွက် ရုန်းကန်နေရတာကြောင့် ဘာစီလိုနာအသင်းခေါင်းဆောင်ဖြစ်တဲ့ မက်ဆီဟာ ဘရာဇီးလ်ကြယ်ပွင့်ကို အားပေးထောက်ခံဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး ဆီးဗီးလားနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလားပြိုင်ပွဲတုန်းက ပင်နယ်တီကိုတောင် ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

“လီယိုရဲ့ အပြုအမူက သူက ဘယ်လောက်အထိတောင် ကြီးကျယ်မြင့်မြတ်လဲဆိုတာကို ပြသနေပါတယ်။ လီယိုကို ကျေးဇူးတငပါတယ်။ ကျွန်တော့်ကို ပင်နယ်တီ ပေးကန်ခဲ့တဲ့အတွက်ပါ။ အဲဒါက အစုအဖွဲ့ရဲ့ ယုံကြည်ချက်အတွက် ကောင်းမွန်တဲ့အရာပါ”လို့ ကော်တင်ညိုက ပြောကြားခဲ့တယ်လို့ FourFourTwo က ဖော်ပြခဲ့ပါတယ်။

ကော်တင်ညိုရဲ့ ဘာစီလိုနာက ခြေစွမ်း မတည်ငြိမ်မှုဟာ ၎င်းကို ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့နိုင်စေခဲ့ပြီး ၂၀၂၁-၂၀၂၂ ရာသီကုန်အတွက် လီဗာပူးလ် အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ရဲ့ နူးကမ့်ကနေ အပြီးသတ် ထွက်ခွာမှုဟာ ပြီးမြောက်ခဲ့ပြီဖြစ်ပြီး ၂ ဖက်စလုံးအတွက် ရှေ့ဆက်ဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အသင်းဖော်တွေဆီကနေ အကောင်းဆုံး ပုံစံ ရရှိဖို့အတွက် ကြိုးပမ်းခဲ့ပြီး ကော်တင်ညို ခြေစွမ်း ကျဆင်းနေခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ အာဂျင်တီးနားကြယ်ပွင့်က ကံကောင်းစေမယ့် အဆောင်အဖြစ်နဲ့ အမြဲဆောင်ထားတဲ့ ဖဲကြိုးအနီလေးကို လီဗာပူးလ်ကြယ်ပွင့်ဟောင်းကို လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေဟာ ဘရာဇီးလ်ကွင်းလယ်ဖန်တီးရှင်က အဲဒီ ဖဲကြိုးအနီလေးကို ဒီနေ့အထိ ဝတ်ဆင်ထားဆဲဖြစ်ကြောင်းကို အက်စတန် ဗီလာ ကစားသမားသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ ဓာတ်ပုံထဲက ကော်တင်ညိုရဲ့ လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတာကို မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဖဲကြိုးနီလေးဟာ သူ့ဇာတ်လမ်းနဲ့ သူ ရှိခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ရုပ်သံ သတင်းထောက် ရာမာ ပန်တာရော့တိုက မက်ဆီကို ဖဲကြိုးနီ လက်ပတ်လေးကို ပေးပြီး “ကျွန်တော့် အမေက ကျွန်တော့်ကို ဒီဟာလေး ခင်ဗျားအတွက် ပေးခိုင်းလိုက်လို့ပါ။ ကျွန်တော် သူ့ရဲ့ ကံကောင်းစေတဲ့ ဖဲကြိုးနီလေးကို ယူလာခဲ့တယ်။ ခင်ဗျား လိုချင်တယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ပေးနိုင်ပါတယ်။ အဲဒါက ကျွန်တော့် အမေပစ္စည်းလေးပါ။ အဲဒီတော့ လုံခြုံအောင် သေချာလေးတော့ သိမ်းထားပေးပါ။ ဘာလို့လဲဆိုတော့ ခင်ဗျားက အခုအချိန်မှာ ကံဆိုးနေလို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဂျာနယ်လစ်ဟာ နောက်ပိုင်းမှာ မက်ဆီကို အင်တာဗျူး ထပ်မံပြုလုပ်ခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်က ၎င်းရဲ့ ဘယ်ဘက်ခြေထောက်မှာ ဖဲကြိုးနီလေးကို ချည်ထားတာကို ပြသခဲ့ချိန်မှာတော့ အံ့အားသင့်ခဲ့ရပါတယ်။ မက်ဆီဟာ ဒီ ဖဲကြိုးနီလေးတွေကို ၎င်းရဲ့ အသင်းဖော်တွေကို လက်ဆောင်ပေးခဲ့ပုံရပြီး ကော်တင်ညိုသာမကဘဲ ဒီဘာလာနဲ့ လော်တာရို မာတီနက်ဇ်တို့မှာလည်း တစ်ခုစီ ရှိနေကြတာကို မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက အက္စတန္ ဗီလာ ကစားသမားသစ္ ေကာ္တင္ညိဳဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္း လီယြန္နယ္ မက္ဆီ ဆီကေန ကံေကာင္းေစတဲ့ အေဆာင္တစ္ခု လက္ခံရရွိခဲ့ပါတယ္။

ေကာ္တင္ညိဳဟာ အဲဒီအခ်ိန္တုန္းက ပုံမွန္ေျခစြမ္း ရရွိဖို႔အတြက္ ႐ုန္းကန္ေနရတာေၾကာင့္ ဘာစီလိုနာအသင္းေခါင္းေဆာင္ျဖစ္တဲ့ မက္ဆီဟာ ဘရာဇီးလ္ၾကယ္ပြင့္ကို အားေပးေထာက္ခံဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ဆီးဗီးလားနဲ႔ ကစားခဲ့တဲ့ ကိုပါဒယ္ေရးဖလားၿပိဳင္ပြဲတုန္းက ပင္နယ္တီကိုေတာင္ ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

“လီယိုရဲ့ အျပဳအမူက သူက ဘယ္ေလာက္အထိေတာင္ ႀကီးက်ယ္ျမင့္ျမတ္လဲဆိုတာကို ျပသေနပါတယ္။ လီယိုကို ေက်းဇူးတငပါတယ္။ ကၽြန္ေတာ့္ကို ပင္နယ္တီ ေပးကန္ခဲ့တဲ့အတြက္ပါ။ အဲဒါက အစုအဖြဲ႕ရဲ့ ယုံၾကည္ခ်က္အတြက္ ေကာင္းမြန္တဲ့အရာပါ”လို႔ ေကာ္တင္ညိဳက ေျပာၾကားခဲ့တယ္လို႔ FourFourTwo က ေဖာ္ျပခဲ့ပါတယ္။

ေကာ္တင္ညိဳရဲ့ ဘာစီလိုနာက ေျခစြမ္း မတည္ၿငိမ္မႈဟာ ၎ကို ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕နိုင္ေစခဲ့ၿပီး ၂၀၂၁-၂၀၂၂ ရာသီကုန္အတြက္ လီဗာပူးလ္ အသင္းေဖာ္ေဟာင္း စတီဗင္ ဂ်ရတ္နဲ႔ ျပန္လည္ဆုံစည္းနိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္ဖန္တီးရွင္ရဲ့ ႏူးကမ့္ကေန အၿပီးသတ္ ထြက္ခြာမႈဟာ ၿပီးေျမာက္ခဲ့ၿပီျဖစ္ၿပီး ၂ ဖက္စလုံးအတြက္ ေရွ႕ဆက္ဖို႔အတြက္ အေကာင္းဆုံး ေရြးခ်ယ္မႈလည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ အသင္းေဖာ္ေတြဆီကေန အေကာင္းဆုံး ပုံစံ ရရွိဖို႔အတြက္ ႀကိဳးပမ္းခဲ့ၿပီး ေကာ္တင္ညိဳ ေျခစြမ္း က်ဆင္းေနခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းမွာ အာဂ်င္တီးနားၾကယ္ပြင့္က ကံေကာင္းေစမယ့္ အေဆာင္အျဖစ္နဲ႔ အျမဲေဆာင္ထားတဲ့ ဖဲႀကိဳးအနီေလးကို လီဗာပူးလ္ၾကယ္ပြင့္ေဟာင္းကို လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြဟာ ဘရာဇီးလ္ကြင္းလယ္ဖန္တီးရွင္က အဲဒီ ဖဲႀကိဳးအနီေလးကို ဒီေန႔အထိ ဝတ္ဆင္ထားဆဲျဖစ္ေၾကာင္းကို အက္စတန္ ဗီလာ ကစားသမားသစ္အျဖစ္ ထုတ္ေဖာ္မိတ္ဆက္ခဲ့တဲ့ ဓာတ္ပုံထဲက ေကာ္တင္ညိဳရဲ့ လက္ေကာက္ဝတ္မွာ ဝတ္ဆင္ထားတာကို ျမင္ေတြ႕ခဲ့ၾကတာျဖစ္ပါတယ္။

ဖဲႀကိဳးနီေလးဟာ သူ႔ဇာတ္လမ္းနဲ႔ သူ ရွိခဲ့တာျဖစ္ၿပီး ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲတုန္းက ႐ုပ္သံ သတင္းေထာက္ ရာမာ ပန္တာေရာ့တိုက မက္ဆီကို ဖဲႀကိဳးနီ လက္ပတ္ေလးကို ေပးၿပီး “ကၽြန္ေတာ့္ အေမက ကၽြန္ေတာ့္ကို ဒီဟာေလး ခင္ဗ်ားအတြက္ ေပးခိုင္းလိုက္လို႔ပါ။ ကၽြန္ေတာ္ သူ႔ရဲ့ ကံေကာင္းေစတဲ့ ဖဲႀကိဳးနီေလးကို ယူလာခဲ့တယ္။ ခင္ဗ်ား လိုခ်င္တယ္ဆိုရင္ ကၽြန္ေတာ္ ခင္ဗ်ားကို ေပးနိုင္ပါတယ္။ အဲဒါက ကၽြန္ေတာ့္ အေမပစၥည္းေလးပါ။ အဲဒီေတာ့ လုံျခဳံေအာင္ ေသခ်ာေလးေတာ့ သိမ္းထားေပးပါ။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက အခုအခ်ိန္မွာ ကံဆိုးေနလို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဂ်ာနယ္လစ္ဟာ ေနာက္ပိုင္းမွာ မက္ဆီကို အင္တာဗ်ဴး ထပ္မံျပဳလုပ္ခဲ့ၿပီး အာဂ်င္တီးနားလက္ေရြးစင္အသင္းေခါင္းေဆာင္က ၎ရဲ့ ဘယ္ဘက္ေျခေထာက္မွာ ဖဲႀကိဳးနီေလးကို ခ်ည္ထားတာကို ျပသခဲ့ခ်ိန္မွာေတာ့ အံ့အားသင့္ခဲ့ရပါတယ္။ မက္ဆီဟာ ဒီ ဖဲႀကိဳးနီေလးေတြကို ၎ရဲ့ အသင္းေဖာ္ေတြကို လက္ေဆာင္ေပးခဲ့ပုံရၿပီး ေကာ္တင္ညိဳသာမကဘဲ ဒီဘာလာနဲ႔ ေလာ္တာရို မာတီနက္ဇ္တို႔မွာလည္း တစ္ခုစီ ရွိေနၾကတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.