Premier League

မန္ခ်က္စတာစီးတီးအသင္းနဲ႔ ဆက္စပ္သတင္းမ်ား တစ္ေန႔တာ စုစည္းမွဳ

ၿပီးခဲ့တဲ့ တနလၤာေန႔အတြက္ ရရွိခဲ့တဲ့ တစ္ေန႔တာအတြင္း မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ စုစည္းတင္ဆက္ေပးလုိက္ပါတယ္။

– ဆီယာရာမုန္တိုင္းေၾကာင့္ ေရႊ႕ဆိုင္းခဲ့ရတဲ့ မန္စီးတီးနဲ႔ ၀က္စ္ဟမ္းတို႔ပြဲစဥ္ကို တစ္ပတ္အတြင္း ျပန္ကစားဖို႔ ပရီးမီးယားလိဂ္က စီစဥ္တာကို ႏွစ္သင္းစလံုးက သေဘာမတူဘဲ ပယ္ခ်လိုက္ပါတယ္။ မန္စီးတီးဟာ ေရွ႕ဆက္ၿပီး အက္ဖ္ေအဖလား၊ ကာရာေဘာင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲေတြကိုလည္း ဆက္ကစားဖို႔ရွိတာေၾကာင့္ ဒီပြဲျပန္ကစားရမယ့္ရက္ကို သတ္မွတ္ဖို႔ ပရီးမီးယားလိဂ္တာ၀န္ရွိသူေတြၾကားမွာ အၾကပ္ရိုက္ေနပါတယ္။

– ခရစၥတယ္ပဲေလ့စ္နဲ႔ သေရက်ခဲ့တဲ့ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဘယ္ေနာက္ခံလူ ဘင္ဂ်မင္ မန္ဒီဟာ ႀကံ့ခိုင္မႈျပန္ျပည့္လာၿပီျဖစ္လို႔ ပြဲကစားဖို႔ အဆင္သင့္ျဖစ္ေနတဲ့အေၾကာင္းကို အင္စတာဂရမ္မွာ ဗီဒီယိုကလစ္တင္ၿပီး သက္ေသျပလိုက္ပါတယ္။ ေဆာင္းရာသီအားလပ္ရက္မွာ မန္စီးတီးအသင္းေဖာ္ေတြ ခရီးထြက္ဖို႔ ျပင္ေနၾကခ်ိန္ မန္ဒီကေတာ့ အားကစား႐ုံတြင္း ေလ့က်င့္ခန္းေတြကို ႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

– တံေကာက္ေၾကာဒဏ္ရာေၾကာင့္ (၄)ပတ္ေလာက္နားရမယ္လို႔ သတင္းထြက္ခဲ့တဲ့ မန္စီးတီး ေတာင္ပံကစားသမား ရာဟင္းမ္ စတာလင္ရဲ႕ ႀက့ံခိုင္မႈတိုးတက္လာႏႈန္းအရ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို ျပန္လည္ပါဝင္ကစားႏိုင္ဖြယ္ရွိတယ္လို႔ သတင္းျပန္ထြက္လာပါတယ္။

– ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ေအာ္စကာဆုေပးပြဲမွာ ဆုအမ်ားဆံုး သိမ္းႀကံဳးယူသြားတဲ့ Parasite ရုပ္ရွင္ကားရဲ႕ ေတာင္ကိုရီးယား ဒါရိုက္တာ ဘုံဂၽြန္ဟိုဟာ သူ႔ရဲ႕ ဂုဏ္ျပဳညစာစားပြဲကို တက္ေရာက္ဖို႔ မန္စီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားကို ဖိ္တ္ၾကားခဲ့ပါတယ္။

– အဂၤလန္တုိက္စစ္မွဴးေဟာင္း ဒါရင္းဘန္႔က မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရုန္းကန္ေနရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို မန္စီးတီးအသင္း ေခၚသင့္တယ္လို႔ အႀကံျပဳလိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ပြီးခဲ့တဲ့ တနင်္လာနေ့အတွက် ရရှိခဲ့တဲ့ တစ်နေ့တာအတွင်း မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

– ဆီယာရာမုန်တိုင်းကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ မန်စီးတီးနဲ့ ဝက်စ်ဟမ်းတို့ပွဲစဉ်ကို တစ်ပတ်အတွင်း ပြန်ကစားဖို့ ပရီးမီးယားလိဂ်က စီစဉ်တာကို နှစ်သင်းစလုံးက သဘောမတူဘဲ ပယ်ချလိုက်ပါတယ်။ မန်စီးတီးဟာ ရှေ့ဆက်ပြီး အက်ဖ်အေဖလား၊ ကာရာဘောင်းနဲ့ ချန်ပီယံလိဂ်ပွဲတွေကိုလည်း ဆက်ကစားဖို့ရှိတာကြောင့် ဒီပွဲပြန်ကစားရမယ့်ရက်ကို သတ်မှတ်ဖို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေကြားမှာ အကြပ်ရိုက်နေပါတယ်။

– ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဘယ်နောက်ခံလူ ဘင်ဂျမင် မန်ဒီဟာ ကြံ့ခိုင်မှုပြန်ပြည့်လာပြီဖြစ်လို့ ပွဲကစားဖို့ အဆင်သင့်ဖြစ်နေတဲ့အကြောင်းကို အင်စတာဂရမ်မှာ ဗီဒီယိုကလစ်တင်ပြီး သက်သေပြလိုက်ပါတယ်။ ဆောင်းရာသီအားလပ်ရက်မှာ မန်စီးတီးအသင်းဖော်တွေ ခရီးထွက်ဖို့ ပြင်နေကြချိန် မန်ဒီကတော့ အားကစားရုံတွင်း လေ့ကျင့်ခန်းတွေကို ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

– တံကောက်ကြောဒဏ်ရာကြောင့် (၄)ပတ်လောက်နားရမယ်လို့ သတင်းထွက်ခဲ့တဲ့ မန်စီးတီး တောင်ပံကစားသမား ရာဟင်းမ် စတာလင်ရဲ့ ကြံ့ခိုင်မှုတိုးတက်လာနှုန်းအရ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ သတင်းပြန်ထွက်လာပါတယ်။

– ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ဆုအများဆုံး သိမ်းကြုံးယူသွားတဲ့ Parasite ရုပ်ရှင်ကားရဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘုံဂျွန်ဟိုဟာ သူ့ရဲ့ ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ဖို့ မန်စီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကို ဖိတ်ကြားခဲ့ပါတယ်။

– အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို မန်စီးတီးအသင်း ခေါ်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.