Premier League

နော့ဝစ်ခ်ျကစားသမား ကန့်ဝဲလ်ကို ခေါ်ယူပေးဖို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆို

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းနဲ့ ဂိုးသွင်းစံချိန်ရှင် သီယာရီ အွန်နရီက သူ့ရဲ့ အောင်ပွဲခံပုံအပေါ် တွစ်တာကနေ ချီးကျူးမှုမှာ တုံ့ပြန်ရေးသားသွားခဲ့တဲ့ နော့ဝစ်ခ်ျစီးတီးကွင်းလယ်ကစားသမား တော့ဒ် ကန့်ဝဲလ်ကို ခေါ်ယူစေဖို့ မြောက်လန်ဒန်အသင်းရဲ့ပရိသတ်တွေက အလိုရှိနေကြပြီး တောင်းဆိုစည်းရုံးတဲ့ Tweets တွေကို ရေးသားနေကြပါတယ်။


နော့ဝစ်ခ်ျအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို ကွင်းလယ်နဲ့ တောင်ပံတိုက်စစ်တွေမှာ ကစားနိုင်တဲ့ အင်္ဂလန် ယူ-၂၁ ကွင်းလယ်လူဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၇ ဂိုးရရှိထားသူဖြစ်ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရယူထားနိုင်သူဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ ကန့်ဝဲလ်ကို အသင်းကို လာဖို့ ဝိုင်းဝန်းရေးသားခဲ့ကြပြီး တာဝန်ရှိသူတွေကိုလည်း ခေါ်ယူပေးဖို့ ရေးသားတောင်းဆိုခဲ့သလို လာမယ့်ရာသီမှာ ချန်ပီယံရှစ်မှာ ကစားရဖို့ အနီးစပ်ဆုံး အဆင့် ၂၀ မှာ ရပ်တည်နေတဲ့ နော့ဝစ်ခ်ျကနေ သူ့ကို ပြောင်းရွှေ့ကစားစေဖို့ အလိုရှိနေကြတာလည်း ဖြစ်ပါတယ်။

နာမည်ကြီး အက်သလက်တစ်သတင်းဌာနကတော့ နော့ဝစ်ခ်ျအနေနဲ့ တန်းဆင်းရချိန်မှာ ကန့်ဝဲလ်ကို ရောင်းချသွားဖို့ များတယ်လို့ သုံးသပ်သွားခဲ့ပြီး ပေါင်သန်း ၃၀ ခန့် တောင်းဆိုသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားခဲ့သလို ဘောလုံးကိုင်ကစားတာ ကောင်းမွန်ပြီး ကစားသမားတစ်ယောက်အနေနဲ့ အာဆင်နယ်အသင်းကို အကျိုးပြုနိုင်ဖွယ်ရှိသလို အိုဇေးလ်ရဲ့နေရာမှာ အစားထိုးနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်နေကြကြောင်း သိရှိရပါတယ်။

REF: FOOTBALL LONDON
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်းနဲ့ ဂိုးသွင်းစံချိန်ရှင် သီယာရီ အွန်နရီက သူ့ရဲ့ အောင်ပွဲခံပုံအပေါ် တွစ်တာကနေ ချီးကျူးမှုမှာ တုံ့ပြန်ရေးသားသွားခဲ့တဲ့ နော့ဝစ်ချ်စီးတီးကွင်းလယ်ကစားသမား တော့ဒ် ကန့်ဝဲလ်ကို ခေါ်ယူစေဖို့ မြောက်လန်ဒန်အသင်းရဲ့ပရိသတ်တွေက အလိုရှိနေကြပြီး တောင်းဆိုစည်းရုံးတဲ့ Tweets တွေကို ရေးသားနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဘက်ကို အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချေပဂိုးသွင်းယူခဲ့တဲ့ ကန့်ဝဲလ်ဟာ ဒူးထောက်အောင်ပွဲခံခဲ့ပြီး လူမည်းတွေအတွက် ရပ်တည်တဲ့ Black Lives Matter ကို ထောက်ခံကြောင်း ပြသခဲ့တာကို အွန်နရီက သူ့ရဲ့ အပြုအမူအတွက် လေးစားကြောင်း တွစ်တာမှာ ရေးသားခဲ့တာဖြစ်သလို သူက စံပြကစားသမားကို ဒါက မေတ္တာတရားလို့ တုံ့ပြန်ရေးသားသွားခဲ့တာပါ။

နော့ဝစ်ချ်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို ကွင်းလယ်နဲ့ တောင်ပံတိုက်စစ်တွေမှာ ကစားနိုင်တဲ့ အင်္ဂလန် ယူ-၂၁ ကွင်းလယ်လူဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၇ ဂိုးရရှိထားသူဖြစ်ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရယူထားနိုင်သူဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ ကန့်ဝဲလ်ကို အသင်းကို လာဖို့ ဝိုင်းဝန်းရေးသားခဲ့ကြပြီး တာဝန်ရှိသူတွေကိုလည်း ခေါ်ယူပေးဖို့ ရေးသားတောင်းဆိုခဲ့သလို လာမယ့်ရာသီမှာ ချန်ပီယံရှစ်မှာ ကစားရဖို့ အနီးစပ်ဆုံး အဆင့် ၂၀ မှာ ရပ်တည်နေတဲ့ နော့ဝစ်ချ်ကနေ သူ့ကို ပြောင်းရွှေ့ကစားစေဖို့ အလိုရှိနေကြတာလည်း ဖြစ်ပါတယ်။

နာမည်ကြီး အက်သလက်တစ်သတင်းဌာနကတော့ နော့ဝစ်ချ်အနေနဲ့ တန်းဆင်းရချိန်မှာ ကန့်ဝဲလ်ကို ရောင်းချသွားဖို့ များတယ်လို့ သုံးသပ်သွားခဲ့ပြီး ပေါင်သန်း ၃၀ ခန့် တောင်းဆိုသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားခဲ့သလို ဘောလုံးကိုင်ကစားတာ ကောင်းမွန်ပြီး ကစားသမားတစ်ယောက်အနေနဲ့ အာဆင်နယ်အသင်းကို အကျိုးပြုနိုင်ဖွယ်ရှိသလို အိုဇေးလ်ရဲ့နေရာမှာ အစားထိုးနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်နေကြကြောင်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.