Premier League

မာစီယယ္လ္ကို နံပါတ္ ၉ အက်ႌရဲ႕ ဖိအားေတြကိုေတာ့ ခံႏုိင္ေအာင္ခံဖို႔ ဆုိးလ္ရွားတုိက္တြန္း

မန္ခ်က္စတာယူႏုိက္တက္နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက သူတုိ႔အေနနဲ႔ တုိက္စစ္မွဴး အန္တုိနီ မာစီယယ္လ္ကို ယုံၾကည္မွဳ အျပည့္အဝရွိၿပီး ေျခစြမ္းျပႏုိင္ေနတယ္ဆုိေပမယ့္ အသင္းရဲ႕ အစဥ္အလာႀကီးတဲ့ နံပါတ္တစ္ခုျဖစ္တဲ့ နံပါတ္ ၉ အက်ႌရဲ႕ ဖိအားေတြကိုေတာ့ ခံႏုိင္ေအာင္ခံဖို႔ တုိက္တြန္းလုိက္ပါတယ္။

ဆုိးလ္ရွားက မာစီယယ္လ္ဟာ အသင္းကို အငွားနဲ႔ ေရာက္ရွိေနတဲ့ ဝါရင့္တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုဆီကလည္း သင္ယူေလ့က်င့္ေနတယ္လို႔ ထုတ္ေဖာ္လုိက္ၿပီး ေတာင္ပံကစားသမားတစ္ေယာက္အျဖစ္ စတင္ခဲ့တဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ သဘာဝက်တဲ့ နံပါတ္ ၉ တစ္ေယာက္ျဖစ္ဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း ဆုိပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ Super Sub တစ္ဦးျဖစ္ခဲ့တဲ့ ကေလးမ်က္ႏွာနဲ႔ လူသတ္သမားလို႔ အမည္ရဖူးတဲ့ ေနာ္ေဝသားနည္းျပဟာ မာစီယယ္လ္အေနနဲ႔ ေနာ္ေဝ၊ အီတလီ၊ စပိန္၊ အဂၤလန္နဲ႔ တ႐ုတ္ႏုိင္ငံေတြမွာ အေတြ႕အႀကဳံမ်ားစြာ စုေဆာင္းထားခဲ့တဲ့ ႏုိင္ဂ်ီးရီးယားလက္ေရြးစင္ဆီကေန အက်ဳိးႀကီးႀကီးမားမား ရရွိလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ေနပါတယ္။

“အုိဒီယြန္ကေတာ့ နံပါတ္ ၉ ကစားသမားစစ္စစ္တစ္ေယာက္ပါ။ မာစီယယ္လ္ကေတာ့ ေတာင္ပံေတြမွာ ကစားခဲ့ၿပီး ဒီရာသီမွာမွ သူ႕ရဲ႕ အေထာင္တုိက္စစ္မွဴးအျဖစ္ ပထမဆုံးရာသီကို ကစားေနရတာျဖစ္လို႔ အိုဒီယြန္လို ဝါရင့္တစ္ဦးဆီက သင္ယူေနရတာ သူ႕အတြက္ ပုိေကာင္းဖို႔ခ်ည္းပါပဲ။ ဒါေပမယ့္ သူ႕အေနနဲ႔ နံပါတ္ ၉ အက်ႌရဲ႕ ဖိအားေတြကိုေတာ့ ရင္ဆုိင္ရဖို႔ရွိၿပီး အသင္းရဲ႕ ဆုံခ်က္အျဖစ္ ေဘာလုံးေတြကို အဆုံးသတ္ဖို႔ ပုိၿပီး ႀကဳိးစားရေတာ့မွာပါ”လို႔ ဆုိးလ္ရွားက မာစီယယ္လ္ရဲ႕ လက္ရွိအေျခအေနကို သုံးသပ္ျပပါတယ္။

ဒါ့အျပင္ ဆုိးလ္ရွားက မာစီယယ္လ္အေနနဲ႔ စိန္ေခၚမွဳေတြ ရွိလာႏုိင္တာကိုလည္း လက္ခံထားဖို႔လုိၿပီး အသင္းထဲက တုိက္စစ္ကစားသမားေတြ၊ အသင္းျပင္ပက တုိက္စစ္ကစားသမားေတြအေနနဲ႔ နံပါတ္ ၉ ေနရာအတြက္ ၿပဳိင္ဆုိင္လာခဲ့မယ္ဆိုရင္လည္း ဖိအားေတြကို တုံ႔ျပန္ႏုိင္ရမယ္လုိ႔ ဆုိခဲ့ၿပီး လက္ရွိေျခစြမ္းကိုေတာ့ အားလုံးေက်နပ္ေနၾကၿပီး ျပင္သစ္ေရွ႕တန္းလူအေပၚ ယုံၾကည္မွဳ အျပည့္အဝရွိတယ္လုိ႔လည္း ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက သူတို့အနေနဲ့ တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို ယုံကြည်မှု အပြည့်အဝရှိပြီး ခြေစွမ်းပြနိုင်နေတယ်ဆိုပေမယ့် အသင်းရဲ့ အစဉ်အလာကြီးတဲ့ နံပါတ်တစ်ခုဖြစ်တဲ့ နံပါတ် ၉ အင်္ကျီရဲ့ ဖိအားတွေကိုတော့ ခံနိုင်အောင်ခံဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆိုးလ်ရှားက မာစီယယ်လ်ဟာ အသင်းကို အငှားနဲ့ ရောက်ရှိနေတဲ့ ဝါရင့်တိုက်စစ်မှူး အိုဒီယွန် အီဂါလိုဆီကလည်း သင်ယူလေ့ကျင့်နေတယ်လို့ ထုတ်ဖော်လိုက်ပြီး တောင်ပံကစားသမားတစ်ယောက်အဖြစ် စတင်ခဲ့တဲ့ ကစားသမားတစ်ယောက်အနေနဲ့ သဘာဝကျတဲ့ နံပါတ် ၉ တစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

ယူနိုက်တက်အသင်းရဲ့ Super Sub တစ်ဦးဖြစ်ခဲ့တဲ့ ကလေးမျက်နှာနဲ့ လူသတ်သမားလို့ အမည်ရဖူးတဲ့ နော်ဝေသားနည်းပြဟာ မာစီယယ်လ်အနေနဲ့ နော်ဝေ၊ အီတလီ၊ စပိန်၊ အင်္ဂလန်နဲ့ တရုတ်နိုင်ငံတွေမှာ အတွေ့အကြုံများစွာ စုဆောင်းထားခဲ့တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်ဆီကနေ အကျိုးကြီးကြီးမားမား ရရှိလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။

“အိုဒီယွန်ကတော့ နံပါတ် ၉ ကစားသမားစစ်စစ်တစ်ယောက်ပါ။ မာစီယယ်လ်ကတော့ တောင်ပံတွေမှာ ကစားခဲ့ပြီး ဒီရာသီမှာမှ သူ့ရဲ့ အထောင်တိုက်စစ်မှူးအဖြစ် ပထမဆုံးရာသီကို ကစားနေရတာဖြစ်လို့ အိုဒီယွန်လို ဝါရင့်တစ်ဦးဆီက သင်ယူနေရတာ သူ့အတွက် ပိုကောင်းဖို့ချည်းပါပဲ။ ဒါပေမယ့် သူ့အနေနဲ့ နံပါတ် ၉ အင်္ကျီရဲ့ ဖိအားတွေကိုတော့ ရင်ဆိုင်ရဖို့ရှိပြီး အသင်းရဲ့ ဆုံချက်အဖြစ် ဘောလုံးတွေကို အဆုံးသတ်ဖို့ ပိုပြီး ကြိုးစားရတော့မှာပါ”လို့ ဆိုးလ်ရှားက မာစီယယ်လ်ရဲ့ လက်ရှိအခြေအနေကို သုံးသပ်ပြပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားက မာစီယယ်လ်အနေနဲ့ စိန်ခေါ်မှုတွေ ရှိလာနိုင်တာကိုလည်း လက်ခံထားဖို့လိုပြီး အသင်းထဲက တိုက်စစ်ကစားသမားတွေ၊ အသင်းပြင်ပက တိုက်စစ်ကစားသမားတွေအနေနဲ့ နံပါတ် ၉ နေရာအတွက် ပြိုင်ဆိုင်လာခဲ့မယ်ဆိုရင်လည်း ဖိအားတွေကို တုံ့ပြန်နိုင်ရမယ်လို့ ဆိုခဲ့ပြီး လက်ရှိခြေစွမ်းကိုတော့ အားလုံးကျေနပ်နေကြပြီး ပြင်သစ်ရှေ့တန်းလူအပေါ် ယုံကြည်မှု အပြည့်အဝရှိတယ်လို့လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.