Premier League Transfer News

ခံစစ္ပုိင္းအားျဖည့္ဖို႔အတြက္ ေအကီအပါအဝင္ ကစားသမား ၆ ဦးကို ဂြါဒီယိုလာ စာရင္းျပဳစုထား

ခံစစ္ပုိင္း အားနည္းမွဳေၾကာင့္ ပရီးမီးယားလိဂ္မွာ အေျခမလွျဖစ္ခဲ့ရၿပီး ခ်န္ပီယံကာကြယ္ခြင့္ကို လက္ေလွ်ာ့ခဲ့ရတဲ့အျပင္ ေနာက္ဆုံး ကစားထားခဲ့တဲ့ ခ်ဲလ္ဆီးနဲ႔ပြဲမွာလည္း မာေက်ာက်စ္လ်စ္ျခင္းမရွိတဲ့ ခံစစ္က အလြယ္တကူ ဂိုးေတြ ေပးခဲ့ရတဲ့အတြက္ နည္းျပ ပက္ပ္ ဂြါဒီယိုလာအေနနဲ႔ ျပန္လည္အားျဖည့္သြားဖို႔ ကစားသမား ၆ ဦးအထိ စာရင္းျပဳစု လ်ာထားေနတယ္လုိ႔ အက္သလက္တစ္က ေဖာ္ျပလုိက္ပါတယ္။

ဂြါဒီယိုလာအေနနဲ႔ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေပမယ့္ အသက္အရြယ္နဲ႔ ေဈးႏွဳန္းကေတာ့ အခ်ဳိးမက်တဲ့ အေနအထားမွာရွိေနလို႔ လက္ရွိေခၚေဈး ေပါင္သန္း ၉၀ ထက္ မေလွ်ာ့ေတာ့ဘူးဆုိရင္ ဘုန္းေမာက္ရဲ႕ နာသန္ ေအကီဟာ ဦးစားေပးပစ္မွတ္ျဖစ္လာဖို႔လည္း ရွိေနပါတယ္။

ခ်ဲလ္ဆီးအသင္းကေန ေပါင္သန္း ၂၀ နဲ႔ ဘုန္းေမာက္ကို ေျပာင္းေရႊ႕လာခဲ့တဲ့ နယ္သာလန္လက္ေရြးစင္ေနာက္ခံလူဟာ အသင္းေဟာင္းဆီ ျပန္လည္ေခၚယူခြင့္ ေပါင္သန္း ၄၀ နဲ႔ ျပန္ႏုိင္ေျခရွိတယ္လို႔ သတင္းေတြက ခန္႔မွန္းေနၾကေပမယ့္ မန္စီးတီးအတြက္ေတာ့ သူဟာ လက္ေတြ႕က်ၿပီး ဂြါဒီယိုလာလိုခ်င္တဲ့ ဘယ္သန္ေနာက္ခံလူတစ္ဦးလည္းျဖစ္ပါတယ္။

မန္စီးတီးရဲ႕ အဝယ္ပစ္မွတ္စာရင္းမွာ ကူလီေဘလီနဲ႔ ေအကီတုိ႔အျပင္ ရွက္ခ္တာဒုိးနက္စ္ခ္ရဲ႕ မီကိုလာ မက္ဗီယန္ကို၊ အင္တာမီလန္ရဲ႕ မီလန္ ရွကရီညာနဲ႔ ဘုိင္ယန္ျမဴးနစ္ရဲ႕ ေဒးဗစ္ အလာဘာတုိ႔ ပါဝင္ေနၿပီး ေနာက္ပုိင္းႏွစ္ေတြမွာ ဗဟိုေနာက္ခံလူအျဖစ္ပါ ကစားႏုိင္ခဲ့တဲ့ ၾသစႀတီးယားသားရဲ႕ အရည္အေသြးက ဆရာေဟာင္းကို မ်က္စိက်ေစခဲ့ပါတယ္။

ဘုိင္ယန္ျမဴးနစ္အသင္းကေန အလိုရွိေနခဲ့တဲ့ ေတာင္ပံကစားသမား လီရြဳိင္း ဆာေနးအတြက္ မန္စီးတီးနဲ႔ ဘြန္ဒက္စ္လီဂါခ်န္ပီယံတုိ႔ၾကားမွာ အလာဘာကို ျပန္လည္ရရွိမယ္ဆုိေတာ့ အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖြယ္ရွိေပမယ့္ တာဝန္ရွိသူေတြရဲ႕ မျပတ္သားဘဲ အတုိက္အေဖာက္မညီခဲ့တဲ့ ဂ်ာမန္အသင္းဘက္က လုပ္ေဆာင္မွဳေတြေၾကာင့္ သေဘာတူညီမွဳ ပ်က္ျပားထားခဲ့ရတာလည္းျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ခံစစ်ပိုင်း အားနည်းမှုကြောင့် ပရီးမီးယားလိဂ်မှာ အခြေမလှဖြစ်ခဲ့ရပြီး ချန်ပီယံကာကွယ်ခွင့်ကို လက်လျှော့ခဲ့ရတဲ့အပြင် နောက်ဆုံး ကစားထားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာလည်း မာကျောကျစ်လျစ်ခြင်းမရှိတဲ့ ခံစစ်က အလွယ်တကူ ဂိုးတွေ ပေးခဲ့ရတဲ့အတွက် နည်းပြ ပက်ပ် ဂွါဒီယိုလာအနေနဲ့ ပြန်လည်အားဖြည့်သွားဖို့ ကစားသမား ၆ ဦးအထိ စာရင်းပြုစု လျာထားနေတယ်လို့ အက်သလက်တစ်က ဖော်ပြလိုက်ပါတယ်။

ဂွါဒီယိုလာအနေနဲ့ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီကို ခေါ်ယူဖို့ စောင့်ကြည့်နေပေမယ့် အသက်အရွယ်နဲ့ ဈေးနှုန်းကတော့ အချိုးမကျတဲ့ အနေအထားမှာရှိနေလို့ လက်ရှိခေါ်ဈေး ပေါင်သန်း ၉၀ ထက် မလျှော့တော့ဘူးဆိုရင် ဘုန်းမောက်ရဲ့ နာသန် အေကီဟာ ဦးစားပေးပစ်မှတ်ဖြစ်လာဖို့လည်း ရှိနေပါတယ်။

ချဲလ်ဆီးအသင်းကနေ ပေါင်သန်း ၂၀ နဲ့ ဘုန်းမောက်ကို ပြောင်းရွှေ့လာခဲ့တဲ့ နယ်သာလန်လက်ရွေးစင်နောက်ခံလူဟာ အသင်းဟောင်းဆီ ပြန်လည်ခေါ်ယူခွင့် ပေါင်သန်း ၄၀ နဲ့ ပြန်နိုင်ခြေရှိတယ်လို့ သတင်းတွေက ခန့်မှန်းနေကြပေမယ့် မန်စီးတီးအတွက်တော့ သူဟာ လက်တွေ့ကျပြီး ဂွါဒီယိုလာလိုချင်တဲ့ ဘယ်သန်နောက်ခံလူတစ်ဦးလည်းဖြစ်ပါတယ်။

မန်စီးတီးရဲ့ အဝယ်ပစ်မှတ်စာရင်းမှာ ကူလီဘေလီနဲ့ အေကီတို့အပြင် ရှက်ခ်တာဒိုးနက်စ်ခ်ရဲ့ မီကိုလာ မက်ဗီယန်ကို၊ အင်တာမီလန်ရဲ့ မီလန် ရှကရီညာနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ဒေးဗစ် အလာဘာတို့ ပါဝင်နေပြီး နောက်ပိုင်းနှစ်တွေမှာ ဗဟိုနောက်ခံလူအဖြစ်ပါ ကစားနိုင်ခဲ့တဲ့ သြစတြီးယားသားရဲ့ အရည်အသွေးက ဆရာဟောင်းကို မျက်စိကျစေခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကနေ အလိုရှိနေခဲ့တဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးအတွက် မန်စီးတီးနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံတို့ကြားမှာ အလာဘာကို ပြန်လည်ရရှိမယ်ဆိုတော့ အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်ရှိပေမယ့် တာဝန်ရှိသူတွေရဲ့ မပြတ်သားဘဲ အတိုက်အဖောက်မညီခဲ့တဲ့ ဂျာမန်အသင်းဘက်က လုပ်ဆောင်မှုတွေကြောင့် သဘောတူညီမှု ပျက်ပြားထားခဲ့ရတာလည်းဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.