Premier League

ယူနိုက်တက်ပရိသတ်တွေ လဲသေချင်လောက်အောင် ဟောကိန်းထုတ်သွားခဲ့တဲ့ ချာလီ အော်စတင်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို နောက်လာမယ့် ဆယ်စုနှစ်တစ်ခုအတွင်း အနိုင်ရရှိဖို့အတွက် အခွင့်အရေးမရှိဘူးလို့ ချာလီအော်စတင်က ပြောကြားခဲ့ပြီး မန်ချက်စတာအသင်းဟာ ကြောက်လောက်စရာမရှိတော့ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ် လက်အောက်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စွမ်းဆောင်ရည်ဟာ တိုးတက်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင်သန်း ၁၂၀ လောက် သုံးခဲ့ပေမယ့် လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၇ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ ကျူပီအာအသင်းအတွက် ကစားပေးနေတဲ့ ချာလီ အော်စတင်က ယူနိုက်တက်အနေနဲ့ နောက်ထပ် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် နောက်ထပ်ဆယ်စုနှစ်တစ်ခုလောက် ကြာဦးမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျား နောက်ပြန်ဆုတ်ချင်သလောက်အထိ ဆုတ်လို့ရနိုင်တယ်။ သူတို့တွေက အရင်တုန်းက သူတို့ဖြစ်ခဲ့တဲ့အရာတွေရဲ့ အရိပ်တစ်ခုပဲ။ ကျွန်တော် ကြီးပြင်းလာတဲ့အချိန်မှာ မန်ယူနိုက်တက်က အကြီးမားဆုံးအသင်း ဖြစ်ခဲ့ပါတယ်။ အားလုံးက မန်ယူနိုက်တက် သူတို့တွေ ဖလားတွေရလိမ့်မယ်လို့ ပြောကြလိမ့်မယ်။ ယူနိုက်တက်က ဒီနှစ်တွေအတွင်းမှာ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်တဲ့ အခွင့်အရေး မရှိပါဘူး။ သူတို့တွေမှာ အခွင့်အရေး မရှိဘူး။ ရိုးရိုးသားသားပဲ ပြောရအောင်။ ပရီးမီးယားလိဂ်ကို နောက်ထပ် ဆယ်နှစ်နီးနီးလောက် ရရှိနိုင်မယ့် အခွင့်အရေး မရှိပါဘူး”

ရန်းနစ်ခ်ဟာ တန်ပြန်ဖိအားပေးခြင်းရဲ့ ခေါင်းကိုင်ဖခင်ကြီးအဖြစ်နဲ့ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာကြောင့် ပရိသတ်အများစုဟာ လီဗာပူးလ်အသင်းမှာ ယာဂန် ကလော့ပ်လက်အောက် မြင်တွေ့ခဲ့ရတဲ့ ကစားပုံနဲ့ အလားသဏ္ဌာန်တူတဲ့ အလွန်ပြင်းထန်တဲ့ ဘောလုံးကစားပုံကို မျှော်မှန်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ အဲဒီလို ကစားပုံမျိုးနဲ့ ဆင်တူတဲ့ ကစားပုံမျိုး မြင်တွေ့ခဲ့ရခြင်းမရှိသေးဘဲ ဂျာမန်လူမျိုးနည်းပြ တာဝန်ယူကိုင်တွယ်ပြီးကတည်းက တစ်ပွဲမှာသာ တစ်ဂိုးထက် ပိုပြီး သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။

အော်စတင်က လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်က ၎င်းတို့ရဲ့ ဝိသေသမရှိတော့ဘူးလို့ ယုံကြည်နေပြီး အဲဒါကို အက်ဖ်အေဖလားပွဲစဉ်အဖြစ် အက်စတန် ဗီလာနဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်က ဆိုးရွားတဲ့စွမ်းဆောင်ရည်က မီးမောင်းထိုးပြခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့တွေက စောင့်ကြည်လို့ အရမ်းမကောင်းခဲ့ဘဲ မှန်ပါတယ်။ သူတို့တွေ တနင်္လာညက အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်က အားလုံးမြင်တွေ့ချင်ခဲ့တဲ့ နေရာနားလောက်တောင် မရှိခဲ့ပါဘူး။ သူတို့ကို ကြည့်လိုက်။ သူတို့မှာ ကိုယ်ပိုင်ဝိသေသမရှိပါဘူး။ အဲဒါက ကြီးမားတဲ့ ထုတ်ဖော်ပြောဆိုမှုကြီးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို မြင်တွေ့ခဲ့ပါတယ်။ သူတို့မှာ ကြောက်ရလောက်တဲ့အရာ မရှိပါဘူး။ သူတို့မှာ ဘာမှကို မရှိတာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ေနာက္လာမယ့္ ဆယ္စုႏွစ္တစ္ခုအတြင္း အနိုင္ရရွိဖို႔အတြက္ အခြင့္အေရးမရွိဘူးလို႔ ခ်ာလီေအာ္စတင္က ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာအသင္းဟာ ေၾကာက္ေလာက္စရာမရွိေတာ့ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ယာယီနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္ လက္ေအာက္က မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ စြမ္းေဆာင္ရည္ဟာ တိုးတက္ခဲ့ျခင္းမရွိဘဲ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေပါင္သန္း ၁၂၀ ေလာက္ သုံးခဲ့ေပမယ့္ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၇ ေနရာမွာသာ ရပ္တည္ေနရတာျဖစ္ပါတယ္။

လက္ရွိ ခ်န္ပီယံရွစ္အသင္းျဖစ္တဲ့ က်ဴပီအာအသင္းအတြက္ ကစားေပးေနတဲ့ ခ်ာလီ ေအာ္စတင္က ယူနိုက္တက္အေနနဲ႔ ေနာက္ထပ္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ဖို႔အတြက္ ေနာက္ထပ္ဆယ္စုႏွစ္တစ္ခုေလာက္ ၾကာဦးမယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ခင္ဗ်ား ေနာက္ျပန္ဆုတ္ခ်င္သေလာက္အထိ ဆုတ္လို႔ရနိုင္တယ္။ သူတို႔ေတြက အရင္တုန္းက သူတို႔ျဖစ္ခဲ့တဲ့အရာေတြရဲ့ အရိပ္တစ္ခုပဲ။ ကၽြန္ေတာ္ ႀကီးျပင္းလာတဲ့အခ်ိန္မွာ မန္ယူနိုက္တက္က အႀကီးမားဆုံးအသင္း ျဖစ္ခဲ့ပါတယ္။ အားလုံးက မန္ယူနိုက္တက္ သူတို႔ေတြ ဖလားေတြရလိမ့္မယ္လို႔ ေျပာၾကလိမ့္မယ္။ ယူနိုက္တက္က ဒီႏွစ္ေတြအတြင္းမွာ ပရီးမီးယားလိဂ္ဖလားကို ရရွိနိုင္တဲ့ အခြင့္အေရး မရွိပါဘူး။ သူတို႔ေတြမွာ အခြင့္အေရး မရွိဘူး။ ရိုးရိုးသားသားပဲ ေျပာရေအာင္။ ပရီးမီးယားလိဂ္ကို ေနာက္ထပ္ ဆယ္ႏွစ္နီးနီးေလာက္ ရရွိနိုင္မယ့္ အခြင့္အေရး မရွိပါဘူး”

ရန္းနစ္ခ္ဟာ တန္ျပန္ဖိအားေပးျခင္းရဲ့ ေခါင္းကိုင္ဖခင္ႀကီးအျဖစ္နဲ႔ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့တာေၾကာင့္ ပရိသတ္အမ်ားစုဟာ လီဗာပူးလ္အသင္းမွာ ယာဂန္ ကေလာ့ပ္လက္ေအာက္ ျမင္ေတြ႕ခဲ့ရတဲ့ ကစားပုံနဲ႔ အလားသဏၭာန္တူတဲ့ အလြန္ျပင္းထန္တဲ့ ေဘာလုံးကစားပုံကို ေမၽွာ္မွန္းခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ အဲဒီလို ကစားပုံမ်ိဳးနဲ႔ ဆင္တူတဲ့ ကစားပုံမ်ိဳး ျမင္ေတြ႕ခဲ့ရျခင္းမရွိေသးဘဲ ဂ်ာမန္လူမ်ိဳးနည္းၿပ တာဝန္ယူကိုင္တြယ္ၿပီးကတည္းက တစ္ပြဲမွာသာ တစ္ဂိုးထက္ ပိုၿပီး သြင္းယူထားနိုင္ေသးတာျဖစ္ပါတယ္။

ေအာ္စတင္က လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္က ၎တို႔ရဲ့ ဝိေသသမရွိေတာ့ဘူးလို႔ ယုံၾကည္ေနၿပီး အဲဒါကို အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ အက္စတန္ ဗီလာနဲ႔ အိမ္ကြင္းမွာ ကစားခဲ့တဲ့ပြဲစဥ္က ဆိုးရြားတဲ့စြမ္းေဆာင္ရည္က မီးေမာင္းထိုးျပခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြက ေစာင့္ၾကည္လို႔ အရမ္းမေကာင္းခဲ့ဘဲ မွန္ပါတယ္။ သူတို႔ေတြ တနလၤာညက အနိုင္ရခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ့ စြမ္းေဆာင္ရည္က အားလုံးျမင္ေတြ႕ခ်င္ခဲ့တဲ့ ေနရာနားေလာက္ေတာင္ မရွိခဲ့ပါဘူး။ သူတို႔ကို ၾကည့္လိုက္။ သူတို႔မွာ ကိုယ္ပိုင္ဝိေသသမရွိပါဘူး။ အဲဒါက ႀကီးမားတဲ့ ထုတ္ေဖာ္ေျပာဆိုမႈႀကီးဆိုတာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ အဲဒါကို ျမင္ေတြ႕ခဲ့ပါတယ္။ သူတို႔မွာ ေၾကာက္ရေလာက္တဲ့အရာ မရွိပါဘူး။ သူတို႔မွာ ဘာမွကို မရွိတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.