Premier League

တခါတရံမှ ကစားခွင့်ရကြပေမယ့် တူဟယ်ကို အထင်ကြီးအောင်လုပ်နိုင်ခဲ့ပြီး တွေးစရာတွေပေးခဲ့သူ ၄ ဦး

ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းမှာ ၉ ကြိမ်မြောက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နည်းပြ သောမတ်စ် တူဟယ်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ပွဲအတွက် သိပ်ပါဝင်ကစားရလေ့မရှိတဲ့ ကစားသမား ၄ ဦးကို အခွင့်အရေးပေးခဲ့ပြီး အဲဒီ ဆုံးဖြတ်ချက်ဟာ အောင်မြင်ခဲ့တယ်ဆိုတာ သက်သေထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပွဲချိန်အများစုကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့ပြီး အန်တိုနီယို ရူဒီဂါရဲ့ ပထမပိုင်းသွင်းဂိုးက ၂ ကျော့ပေါင်း ၃-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပေမယ့် တူဟယ်အတွက်ကလည်းက မမျှော်မှန်းထားတဲ့ ကြယ်ပွင့် ၄ ဦးအတွက် တွေးစရာတွေ ကျန်နေခဲ့မှာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် တစ်ခါတရံမှ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် နည်းပြ တူဟယ်ကို အထင်ကြီးအောင် လုပ်နိုင်ခဲ့တဲ့ ကစားသမား ၄ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

တူဟယ်ဆီက ယုံကြည်မှုတွေ သဲ့ယူနေတဲ့သူ- ကီပါ
အာဖရိကဖလားပြိုင်ပွဲအတွက် မန်ဒီမရှိချိန်မှာ ချဲလ်ဆီးဂိုးပေါက်မှာ နေရာဝင်ယူခဲ့တဲ့ ကီပါဟာ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး နည်းပြ တူဟယ်ရဲ့ အထင်ကြီးမှုကို ရယူနိုင်ခဲ့ပါတယ်။ အမှန်ဆိုရင် ဒုတိယအကျော့ပထမပိုင်းဟာ ကီပါအတွက် များများစားစား လက်စွမ်းပြဖို့ သိပ်မရှိခဲ့ဘဲ ချဲလ်ဆီးအသင်းက လွှမ်းမိုးထားတာကြောင့် စပိန်ဂိုးသမားဟာ ဂိုးပေါက်ဝမှာ ခြင်မကိုက်အောင် ဟိုဒီလျှောက်သွားနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပထမပိုင်းအပြီးမှာတော့ စပါးက ပွဲကို နည်းနည်းပိုပြီး ထိန်းချုပ်လာတာကြောင့် ကီပါတစ်ယောက် လက်စွမ်းပြဖို့ လက်အိတ်ထဲ တံတွေးထွေးထည့်ပြီး အသင့်အနေအထားနဲ့ အမြဲတမ်း ရှိနေခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အန္တရာယ်ရှိတဲ့ စပါးစ်ရဲ့ တိုက်စစ်ကို ရပ်တန့်လိုက်ဖို့အတွက် ဂိုးရှေ့ကို အလျင်အမြန် ပြေးထွက်ပြီး လူးကပ်စ် မော်ရာ ဘောလုံးမရမီ ရှင်းထုတ်ခဲ့ရသလို အီမာဆင်ရဲ့ ခေါင်းတိုက်သွင်းယူမှု ဒိုင်ဗင်ပစ် ကာကွယ်ခဲ့တာဖြစ်ပါတယ်။

စူပါ ဆား (သို့) မာလန်း ဆား
ဘယ်နောက်ခံတောင်ပံကစားသမားအဖြစ်နဲ့ ကစားခဲ့ရမှာဖြစ်ပေမယ့်လည်း မာလန်း ဆားဟာ အက်ဇ်ပီလီကွေတာထက် တိုက်စစ်အခန်းကဏ္ဍကို အများကြီး ပိုမိုလိုက်ပါခဲ့ပါတယ်။ ဆားဟာ ရူဒီဂါ ခေါင်းတိုက်သွင်းယူခဲ့တဲ့ အနိုင်ဂိုး ရရှိစေမယ့် ထောင့်ကန်ဘော ရရှိစေခဲ့သူဖြစ်ပြီး အချို့အချိန်တွေမှာလည်း ခံစစ်ပိုင်း ကစားနိုင်စွမ်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဆားဟာ အလွန်ကျစ်လစ်ပြီး ၂ ကြိမ် တစ်ဦးချင်း ယှဉ်လုရမှာ အောင်မြင်ခဲ့ပြီး ဖျက်ထုတ်မှုတွေကလည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တာဖြစ်ပါတယ်။ မာလန်း ဆားဟာ နောက်တန်းရဲ့တစ်စိတ်တပိုင်းအဖြစ် ကစားခဲ့ရတာကြောင့် ဂိုးပေါက် ၁ ကြိမ်သာ ကန်သွင်းနိုင်ခဲ့ပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ စပါးစ်ရဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းမှုတွေထဲက အနည်းဆုံး တစ်ကြိမ်ကို ပိတ်ဆို့ကာကွယ်နိုင်ခဲ့တဲ့အတွက် ချီးကျူးမှု ခံခဲ့ရပါတယ်။

ဘယ်တောင်ပံ ခံစစ်အတွက် အဖြေထုတ်ပေးသူ- ဟတ်ဒ်ဆန်-အိုဒွိုင်း
တူဟယ်ရဲ့ ကစားကွက်အသစ်ပုံစံပေါ်တဲ့ ကစားကွက်မှာ ဘယ်တောင်ပံအတွက် ဟတ်ဒ်ဆန်-အိုဒွိုင်းကို ရွေးချယ်ခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ ဘန် ချေးဝဲလ် မပါဝင်နိုင်ချိန်မှာ နောက်ထပ် အပိုရွေးချယ်စရာဖြစ်နိုင်တယ်လို့ ပြောရလောက်တဲ့အထိ စွမ်းဆောင်ရည်ကောင်း ပြသခဲ့တာဖြစ်ပါတယ်။ အိုဒွိုင်းဟာ ဘယ်တောင်ပံမှာ ဆားနဲ့ ကောင်းကောင်း ချိတ်ဆက်ကစားပြီး စပါးရဲ့ညာတောင်ပံတကြောလုံးကို ဖိအားတွေ ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

အိုဒွိုင်းဟာ တိုက်စစ်အဓိကထား ကစားနေရပေမယ့်လည်း ၎င်းရဲ့ ခံစစ်တာဝန်တွေကိုလည်း လစ်လျူရှုခဲ့ခြင်းမရှိဘဲ ထင်ရှားတဲ့ အခိုက်အတန့် ၂ ခုကတော့ အီမာဆင်ဆီကနေ ဘောလုံးကို ရအောင် ပြန်လည် အားထုတ်ခဲ့ပြီး ညာနောက်ခံလူကို ဖျက်ထုတ်ပြီးနောက် သိပ်မကြာခင် ဘာမှမလုပ်နိုင်အောင် တားဆီးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အိုဒွိုင်းဟာ နည်းပြတူဟယ်လက်အောက်မှာ ပုံမှန်နေရာရရှိဖို့အတွက် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေမယ့် ဗုဒ္ဓဟူးနေ့ညမှာတော့ နောက်ခံတောင်ပံကစားသမား လုံးလုံးဖြစ်နေခဲ့ပုံ ပေါ်ခဲ့ပါတယ်။

ဂိုးမသွင်းပေမယ့် အသင်းဖော်တွေကို ဂိုးရလွယ်စေသူ- တီမို ဗာနာ

အများစုကတော့ တီမို ဗာနာဟာ လိုက်ပ်ဇစ်ကနေ ရောက်လာပြီးကတည်းက ခြေမပေါ်တဲ့ကစားသမားလို့ သတ်မှတ်ခဲ့ကြပြီး လူကာကူ တိုက်စစ်ကို ဦးဆောင်နေမှုနဲ့အတူ ဂျာမန်တိုက်စစ်မှူးဟာ ဘယ်လ်ဂျီယမ်တိုက်စစ်မှူးနောက်မှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်ခဲ့တာကြောင့် ကောင်းကောင်း တိုးတက်လာခဲ့ပါတယ်။ ဗာနာရဲ့ ပါးနပ်တဲ့ ပြေးလွှားမှုနဲ့ ဆုတ်ဟန်ပြမှုဟာ ရူဒီဂါခေါင်းတိုက်သွင်းယူခဲ့တဲ့ ထောင့်ကန်ဘောကို မာလန်း ဆားရရှိဖို့အတွက် အခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗာနာဟာ ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်သာ ရှိခဲ့ပေမယ့် လိမ်ခေါက်မှုနဲ့ ဖြတ်တင်ပေးပို့ဖို့ ကြိုးပမ်းမှုတွေမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှု ရခဲ့ပြီး အဲဒါက နည်းပြ တူဟယ်ကို လူကာကူးနဲ့ ဂျာမန်တိုက်စစ်မှူးတို့ ၂ ယောက်အတူ တွဲကစားနိုင်မယ့် နည်းလမ်းကို နောက်ဆုံးမှာ စဉ်းစားကောင်း စဉ်းစားစေနိုင်ဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ဗုဒၶဟူးေန႔ညက ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ၿပိဳင္ပြဲသမိုင္းမွာ ၉ ႀကိမ္ေျမာက္ ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

နည္းျပ ေသာမတ္စ္ တူဟယ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲအတြက္ သိပ္ပါဝင္ကစားရေလ့မရွိတဲ့ ကစားသမား ၄ ဦးကို အခြင့္အေရးေပးခဲ့ၿပီး အဲဒီ ဆုံးျဖတ္ခ်က္ဟာ ေအာင္ျမင္ခဲ့တယ္ဆိုတာ သက္ေသထူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပြဲခ်ိန္အမ်ားစုကို အျပည့္အဝ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီး အန္တိုနီယို ႐ူဒီဂါရဲ႕ ပထမပိုင္းသြင္းဂိုးက ၂ ေက်ာ့ေပါင္း ၃-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရရွိခဲ့ေပမယ့္ တူဟယ္အတြက္ကလည္းက မေမွ်ာ္မွန္းထားတဲ့ ၾကယ္ပြင့္ ၄ ဦးအတြက္ ေတြးစရာေတြ က်န္ေနခဲ့မွာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ တစ္ခါတရံမွ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္ နည္းျပ တူဟယ္ကို အထင္ႀကီးေအာင္ လုပ္ႏိုင္ခဲ့တဲ့ ကစားသမား ၄ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

တူဟယ္ဆီက ယုံၾကည္မႈေတြ သဲ့ယူေနတဲ့သူ- ကီပါ
အာဖရိကဖလားၿပိဳင္ပြဲအတြက္ မန္ဒီမရွိခ်ိန္မွာ ခ်ဲလ္ဆီးဂိုးေပါက္မွာ ေနရာဝင္ယူခဲ့တဲ့ ကီပါဟာ အခြင့္အေရးကို အမိအရဆုပ္ကိုင္ၿပီး နည္းျပ တူဟယ္ရဲ႕ အထင္ႀကီးမႈကို ရယူႏိုင္ခဲ့ပါတယ္။ အမွန္ဆိုရင္ ဒုတိယအေက်ာ့ပထမပိုင္းဟာ ကီပါအတြက္ မ်ားမ်ားစားစား လက္စြမ္းျပဖို႔ သိပ္မရွိခဲ့ဘဲ ခ်ဲလ္ဆီးအသင္းက လႊမ္းမိုးထားတာေၾကာင့္ စပိန္ဂိုးသမားဟာ ဂိုးေပါက္ဝမွာ ျခင္မကိုက္ေအာင္ ဟိုဒီေလွ်ာက္သြားေနခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ပထမပိုင္းအၿပီးမွာေတာ့ စပါးက ပြဲကို နည္းနည္းပိုၿပီး ထိန္းခ်ဳပ္လာတာေၾကာင့္ ကီပါတစ္ေယာက္ လက္စြမ္းျပဖို႔ လက္အိတ္ထဲ တံေတြးေထြးထည့္ၿပီး အသင့္အေနအထားနဲ႔ အၿမဲတမ္း ရွိေနခဲ့ရတာျဖစ္ပါတယ္။ ပထမဆုံးအေနနဲ႔ အႏၲရာယ္ရွိတဲ့ စပါးစ္ရဲ႕ တိုက္စစ္ကို ရပ္တန႔္လိုက္ဖို႔အတြက္ ဂိုးေရွ႕ကို အလ်င္အျမန္ ေျပးထြက္ၿပီး လူးကပ္စ္ ေမာ္ရာ ေဘာလုံးမရမီ ရွင္းထုတ္ခဲ့ရသလို အီမာဆင္ရဲ႕ ေခါင္းတိုက္သြင္းယူမႈ ဒိုင္ဗင္ပစ္ ကာကြယ္ခဲ့တာျဖစ္ပါတယ္။

စူပါ ဆား (သို႔) မာလန္း ဆား
ဘယ္ေနာက္ခံေတာင္ပံကစားသမားအျဖစ္နဲ႔ ကစားခဲ့ရမွာျဖစ္ေပမယ့္လည္း မာလန္း ဆားဟာ အက္ဇ္ပီလီေကြတာထက္ တိုက္စစ္အခန္းက႑ကို အမ်ားႀကီး ပိုမိုလိုက္ပါခဲ့ပါတယ္။ ဆားဟာ ႐ူဒီဂါ ေခါင္းတိုက္သြင္းယူခဲ့တဲ့ အႏိုင္ဂိုး ရရွိေစမယ့္ ေထာင့္ကန္ေဘာ ရရွိေစခဲ့သူျဖစ္ၿပီး အခ်ိဳ႕အခ်ိန္ေတြမွာလည္း ခံစစ္ပိုင္း ကစားႏိုင္စြမ္းကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆားဟာ အလြန္က်စ္လစ္ၿပီး ၂ ႀကိမ္ တစ္ဦးခ်င္း ယွဥ္လုရမွာ ေအာင္ျမင္ခဲ့ၿပီး ဖ်က္ထုတ္မႈေတြကလည္း ၁၀၀ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ မာလန္း ဆားဟာ ေနာက္တန္းရဲ႕တစ္စိတ္တပိုင္းအျဖစ္ ကစားခဲ့ရတာေၾကာင့္ ဂိုးေပါက္ ၁ ႀကိမ္သာ ကန္သြင္းႏိုင္ခဲ့ၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ စပါးစ္ရဲ႕ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းမႈေတြထဲက အနည္းဆုံး တစ္ႀကိမ္ကို ပိတ္ဆို႔ကာကြယ္ႏိုင္ခဲ့တဲ့အတြက္ ခ်ီးက်ဴးမႈ ခံခဲ့ရပါတယ္။

ဘယ္ေတာင္ပံ ခံစစ္အတြက္ အေျဖထုတ္ေပးသူ- ဟတ္ဒ္ဆန္-အိုဒြိဳင္း
တူဟယ္ရဲ႕ ကစားကြက္အသစ္ပုံစံေပၚတဲ့ ကစားကြက္မွာ ဘယ္ေတာင္ပံအတြက္ ဟတ္ဒ္ဆန္-အိုဒြိဳင္းကို ေ႐ြးခ်ယ္ခဲ့ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ ဘန္ ေခ်းဝဲလ္ မပါဝင္ႏိုင္ခ်ိန္မွာ ေနာက္ထပ္ အပိုေ႐ြးခ်ယ္စရာျဖစ္ႏိုင္တယ္လို႔ ေျပာရေလာက္တဲ့အထိ စြမ္းေဆာင္ရည္ေကာင္း ျပသခဲ့တာျဖစ္ပါတယ္။ အိုဒြိဳင္းဟာ ဘယ္ေတာင္ပံမွာ ဆားနဲ႔ ေကာင္းေကာင္း ခ်ိတ္ဆက္ကစားၿပီး စပါးရဲ႕ညာေတာင္ပံတေၾကာလုံးကို ဖိအားေတြ ေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အိုဒြိဳင္းဟာ တိုက္စစ္အဓိကထား ကစားေနရေပမယ့္လည္း ၎ရဲ႕ ခံစစ္တာဝန္ေတြကိုလည္း လစ္လ်ဴရႈခဲ့ျခင္းမရွိဘဲ ထင္ရွားတဲ့ အခိုက္အတန႔္ ၂ ခုကေတာ့ အီမာဆင္ဆီကေန ေဘာလုံးကို ရေအာင္ ျပန္လည္ အားထုတ္ခဲ့ၿပီး ညာေနာက္ခံလူကို ဖ်က္ထုတ္ၿပီးေနာက္ သိပ္မၾကာခင္ ဘာမွမလုပ္ႏိုင္ေအာင္ တားဆီးထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အိုဒြိဳင္းဟာ နည္းျပတူဟယ္လက္ေအာက္မွာ ပုံမွန္ေနရာရရွိဖို႔အတြက္ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိေပမယ့္ ဗုဒၶဟူးေန႔ညမွာေတာ့ ေနာက္ခံေတာင္ပံကစားသမား လုံးလုံးျဖစ္ေနခဲ့ပုံ ေပၚခဲ့ပါတယ္။

ဂိုးမသြင္းေပမယ့္ အသင္းေဖာ္ေတြကို ဂိုးရလြယ္ေစသူ- တီမို ဗာနာ

အမ်ားစုကေတာ့ တီမို ဗာနာဟာ လိုက္ပ္ဇစ္ကေန ေရာက္လာၿပီးကတည္းက ေျခမေပၚတဲ့ကစားသမားလို႔ သတ္မွတ္ခဲ့ၾကၿပီး လူကာကူ တိုက္စစ္ကို ဦးေဆာင္ေနမႈနဲ႔အတူ ဂ်ာမန္တိုက္စစ္မႉးဟာ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးေနာက္မွာ ပိုၿပီး လြတ္လြတ္လပ္လပ္ ကစားႏိုင္ခဲ့တာေၾကာင့္ ေကာင္းေကာင္း တိုးတက္လာခဲ့ပါတယ္။ ဗာနာရဲ႕ ပါးနပ္တဲ့ ေျပးလႊားမႈနဲ႔ ဆုတ္ဟန္ျပမႈဟာ ႐ူဒီဂါေခါင္းတိုက္သြင္းယူခဲ့တဲ့ ေထာင့္ကန္ေဘာကို မာလန္း ဆားရရွိဖို႔အတြက္ အခြင့္အေရးကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဗာနာဟာ ဂိုးေပါက္ကန္သြင္းမႈ ၂ ႀကိမ္သာ ရွိခဲ့ေပမယ့္ လိမ္ေခါက္မႈနဲ႔ ျဖတ္တင္ေပးပို႔ဖို႔ ႀကိဳးပမ္းမႈေတြမွာ ၁၀၀ ရာခိုင္ႏႈန္း ေအာင္ျမင္မႈ ရခဲ့ၿပီး အဲဒါက နည္းျပ တူဟယ္ကို လူကာကူးနဲ႔ ဂ်ာမန္တိုက္စစ္မႉးတို႔ ၂ ေယာက္အတူ တြဲကစားႏိုင္မယ့္ နည္းလမ္းကို ေနာက္ဆုံးမွာ စဥ္းစားေကာင္း စဥ္းစားေစႏိုင္ဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.