Premier League

အယ်လ်ကလက်စီကိုမှာမှ ပွဲဦးထွက်ခွင့်ရခဲ့ပြီး ဂျင်းလို့ အပြောခံနေရတဲ့ ဖာရန် တောရက်စ်

ဘောလုံးပရိသတ်တွေဟာ အယ်လ်ကလက်စီကို ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ရာမှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့ ပေါင် ၅၅ သန်းတန် ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဖာရန် တောရက်စ်ကို လှောင်ပြောင်သရော်ခဲ့ကြပါတယ်။

ဘာစီလိုနာအသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ယခုလအစမှာ မန်ချက်စတာစီးတီးကနေ နူးကမ့်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် ပြီးခဲ့တဲ့တနင်္လာနေ့ကမှ အသင်းကစားသမားအဖြစ် စာရင်းသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက နောက်ဆုံးမှာ ဖာရန် တောရက်စ်ကို အသင်းကစားသမားအဖြစ် စာရင်းသွင်းနိုင်ခဲ့ပြီးနောက် စပိန်လက်ရွေးစင်တိုက်စစ်မှူးဟာ ကတ်တလန်ထိပ်သီးအသင်းကြီးရဲ့ အခါးသီးဆုံးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးတိုက်စစ်မှူးဟောင်းဟာ ဘာစီလိုနာအသင်းအတွက် ၄၅ မိနစ်သာ ကစားပေးခွင့် ရရှိခဲ့ပြီး နည်းပြ ဇာဗီက ၎င်းရဲ့နေရာမှာ စပိန်ကွင်းလယ်ကြယ်ပွင့် ပီဒရီကို လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

တောရက်စ်ဟာ ဂိုးပေါက်ကို တစ်ကြိမ်လေးတောင် ကန်သွင်းနိုင်ခြင်းမရှိခဲ့တဲ့နောက် ပရိသတ်တွေက ဘာစီလိုနာအသင်းဟာ မန်စီးတီးတိုက်စစ်မှူးကို လိုအပ်တဲ့ပမာဏထက် ပိုမိုပေးချေခဲ့တယ်လို့ စွပ်စွဲခဲ့ကြတာဖြစ်ပြီး ပရိသတ်တစ်ဦးက လူမှုကွန်ရက်မှာ စပိန်တိုက်စစ်မှူးရဲ့ ပွဲဦးထွက်ကို ချက်ချင်းပဲ ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။

“ဖာရန် တောရက်စ်ရဲ့ ပွဲဦးထွက်က စိတ်ပျက်စရာကောင်းလိုက်တာ။ ပေါင်သန်း ၅၀ နဲ့ တန်ကို မတန်ဘူး”လို့ ရေးသားခဲ့ပြီး အခြား တွစ်တာ အသုံးပြုသူတစ်ဦးကလည်း တောရက်စ်ဟာ ဘာဆာရှပ်နဲ့ သွင်းဂိုး သို့မဟုတ် ဂိုးဖန်တီးမှုထက် အဝါကတ်နဲ့ လူစားလဲခံရမှုက ပိုများခဲ့တယ်ဆိုတာကို ထောက်ပြခဲ့ပြီး စပိန်တိုက်စစ်မှူးဟာ အန္တရာယ်ရှိတယ်လို့ ခံစားခဲ့ရကြောင်း ဟာသဖောက်ခဲ့ပါတယ်။

“ဖာရန် တောရက်စ်ရဲ့ ပွဲဦးထွက်မှာ ၄၆ မိနစ်အတွင်း ပထမပိုင်း အဝါကတ်နဲ့ လူစားလဲခံရမှု ပါဝင်ပါတယ်။ ဟားဟား”လို့ ရေးသားခဲ့ပါတယ်။ အခြား ဘောလုံးပရိသတ်တွေကလည်း ဘာစီလိုနာအသင်းရဲ့ စျေးကြီးပေးခေါ်ယူထားတဲ့ ကစားသမားသစ်ကို စိတ်ပျက်ကြောင်း အလျင်အမြန်ပဲ ထုတ်ဖော်ခဲ့ကြပြီး အချို့ကဆိုရင် တောရက်စ် ကွင်းထဲမှာ ရှိနေတယ်ဆိုတာတောင် သတိမထားမိခဲ့ကြဘူးလို့တောင် ပြောဆိုခဲ့ကြပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း အရန်ခုံကနေ လူစားဝင်ကစားခဲ့တဲ့ အန်ဆူ ဖာတီကတောင် တောရက်စ်ထက်ပိုပြီး အသင်းအတွက် အကျိုးသက်ရောက်မှု ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ “အန်ဆူ ဖာတီက အရန်ခုံကနေ လူစားဝင်ကစားခဲ့ပြီး ဖာရန် တောရက်စ်ထက်တောင် ပိုပြီး ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြုလုပ်ခဲ့ပြီးပြီ”လို့ ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း နောက်ပြောင်ပြီး “နေစမ်းပါဦး။ ဖာရန် တောရက်စ်က ကစားတောင် ကစားနေခဲ့တာလား”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဘာလံုးပရိသတ္ေတြဟာ အယ္လ္ကလက္စီကို ပြဲစဥ္မွာ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့ရာမွာ ေျခစြမ္းမျပသႏုိင္ခဲ့တဲ့ ဘာစီလုိနာရဲ႕ ေပါင္ ၅၅ သန္းတန္ ကစားသမားေခၚယူမႈျဖစ္တဲ့ ဖာရန္ ေတာရက္စ္ကို ေလွာင္ေျပာင္သေရာ္ခဲ့ၾကပါတယ္။

ဘာစီလိုနာအသင္းဟာ ဗုဒၶဟူးေန႔ညမွာ ခါးသီးၿပိဳင္ဘက္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကို စပိန္စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ရံႈးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္တုိက္စစ္မွဴးဟာ ယခုလအစမွာ မန္ခ်က္စတာစီးတီးကေန ႏူးကမ့္ကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းရဲ႕ ဘ႑ာေရးျပႆနာေတြေၾကာင့္ ၿပီးခဲ့တဲ့တနလၤာေန႔ကမွ အသင္းကစားသမားအျဖစ္ စာရင္းသြင္းႏုိင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက ေနာက္ဆံုးမွာ ဖာရန္ ေတာရက္စ္ကို အသင္းကစားသမားအျဖစ္ စာရင္းသြင္းႏုိင္ခဲ့ၿပီးေနာက္ စပိန္လက္ေရြးစင္တုိက္စစ္မွဴးဟာ ကတ္တလန္ထိပ္သီးအသင္းႀကီးရဲ႕ အခါးသီးဆံုးၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္နဲ႔ ကစားခဲ့တဲ့ စပိန္စူပါဖလားဆီမီးဖိုင္နယ္ပြဲစဥ္မွာ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးတုိက္စစ္မွဴးေဟာင္းဟာ ဘာစီလိုနာအသင္းအတြက္ ၄၅ မိနစ္သာ ကစားေပးခြင့္ ရရွိခဲ့ၿပီး နည္းျပ ဇာဗီက ၎ရဲ႕ေနရာမွာ စပိန္ကြင္းလယ္ၾကယ္ပြင့္ ပီဒရီကို လူစားဝင္ကစားေစခဲ့တာျဖစ္ပါတယ္။

ေတာရက္စ္ဟာ ဂိုးေပါက္ကို တစ္ႀကိမ္ေလးေတာင္ ကန္သြင္းႏုိင္ျခင္းမရွိခဲ့တဲ့ေနာက္ ပရိသတ္ေတြက ဘာစီလိုနာအသင္းဟာ မန္စီးတီးတုိက္စစ္မွဴးကို လိုအပ္တဲ့ပမာဏထက္ ပိုမိုေပးေခ်ခဲ့တယ္လုိ႔ စြပ္စြဲခဲ့ၾကတာျဖစ္ၿပီး ပရိသတ္တစ္ဦးက လူမႈကြန္ရက္မွာ စပိန္တုိက္စစ္မွဴးရဲ႕ ပြဲဦးထြက္ကို ခ်က္ခ်င္းပဲ ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။

“ဖာရန္ ေတာရက္စ္ရဲ႕ ပြဲဦးထြက္က စိတ္ပ်က္စရာေကာင္းလုိက္တာ။ ေပါင္သန္း ၅၀ နဲ႔ တန္ကို မတန္ဘူး”လုိ႔ ေရးသားခဲ့ၿပီး အျခား တြစ္တာ အသံုးျပဳသူတစ္ဦးကလည္း ေတာရက္စ္ဟာ ဘာဆာရွပ္နဲ႔ သြင္းဂိုး သို႔မဟုတ္ ဂိုးဖန္တီးမႈထက္ အဝါကတ္နဲ႔ လူစားလဲခံရမႈက ပိုမ်ားခဲ့တယ္ဆုိတာကို ေထာက္ျပခဲ့ၿပီး စပိန္တုိက္စစ္မွဴးဟာ အႏၱရာယ္ရွိတယ္လုိ႔ ခံစားခဲ့ရေၾကာင္း ဟာသေဖာက္ခဲ့ပါတယ္။

“ဖာရန္ ေတာရက္စ္ရဲ႕ ပြဲဦးထြက္မွာ ၄၆ မိနစ္အတြင္း ပထမပိုင္း အဝါကတ္နဲ႔ လူစားလဲခံရမႈ ပါဝင္ပါတယ္။ ဟားဟား”လုိ႔ ေရးသားခဲ့ပါတယ္။ အျခား ေဘာလံုးပရိသတ္ေတြကလည္း ဘာစီလုိနာအသင္းရဲ႕ ေစ်းႀကီးေပးေခၚယူထားတဲ့ ကစားသမားသစ္ကို စိတ္ပ်က္ေၾကာင္း အလ်င္အျမန္ပဲ ထုတ္ေဖာ္ခဲ့ၾကၿပီး အခ်ိဳ႕ကဆုိရင္ ေတာရက္စ္ ကြင္းထဲမွာ ရွိေနတယ္ဆုိတာေတာင္ သတိမထားမိခဲ့ၾကဘူးလို႔ေတာင္ ေျပာဆုိခဲ့ၾကပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း အရန္ခုံကေန လူစားဝင္ကစားခဲ့တဲ့ အန္ဆူ ဖာတီကေတာင္ ေတာရက္စ္ထက္ပိုၿပီး အသင္းအတြက္ အက်ိဳးသက္ေရာက္မႈ ရွိေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “အန္ဆူ ဖာတီက အရန္ခုံကေန လူစားဝင္ကစားခဲ့ၿပီး ဖာရန္ ေတာရက္စ္ထက္ေတာင္ ပိုၿပီး ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ျပဳလုပ္ခဲ့ၿပီးၿပီ”လို႔ ေရးသားခဲ့ၿပီး အျခားပရိသတ္တစ္ဦးကလည္း ေနာက္ေျပာင္ၿပီး “ေနစမ္းပါဦး။ ဖာရန္ ေတာရက္စ္က ကစားေတာင္ ကစားေနခဲ့တာလား”လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.