La Liga Serie A Transfer News

OFFICIAL: အာသာကို ေရာင္းခ်လုိက္ၿပီျဖစ္ေၾကာင္း ဘာစီလိုနာအသင္း တရားဝင္ထုတ္ျပန္

ဘာစီလုိနာအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္ကစားသမား အာသာ မယ္လိုကို ဂ်ဴဗင္တပ္စ္အသင္းဆီကို ေရာင္းခ်လုိက္ၿပီျဖစ္ၿပီး ၂၀၁၉-၂၀ ရာသီရဲ႕ လက္က်န္ပြဲစဥ္ေတြကို ကစားေပးၿပီးသြားရင္ အသင္းသစ္ဆီ သြားေရာက္ပူးေပါင္းေတာ့မွာျဖစ္တယ္လို႔ တရားဝင္ဝက္ဘ္ဆိုက္ကေန ထုတ္ျပန္ေၾကျငာလုိက္ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္လက္ေရြးစင္ကြင္းလယ္လူဟာ ၂၀၁၈ ေႏြရာသီမွာ ဂရီမီယိုအသင္းကေန ဘာစီလိုနာအသင္းဆီ ေျပာင္းေရႊ႕ေၾကးနဲ႔ ခံစားခြင့္စုစုေပါင္း ယူ႐ိုသန္း ၄၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အသင္းအတြက္ စုစုေပါင္း ၇၂ ပြဲကစားၿပီး ၄ ဂိုး သြင္းယူေပးထားႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီမွာ အုိင္းယက္စ္ကြင္းလယ္လူ ဖရန္ကီ ဒီယုံးကို ေျပာင္းေရႊ႕ေၾကး ယူ႐ို ၇၅ သန္းနဲ႔ ေခၚယူထားခဲ့အၿပီး အသင္းမွာ ေပ်ာက္ဆုံး ေနခဲ့တဲ့ ဇာဗီ/အင္နီေယစတာရဲ႕ အခန္းက႑အတြက္ ၿပဳိင္ပြဲဝင္ရာမွာ ဘာစီလိုနာတာဝန္ရွိသူေတြအေနနဲ႔ အီးယူကစားသမားျဖစ္သလို အသက္လည္း တစ္ႏွစ္ပုိ ငယ္ရြယ္တဲ့ ဒီယုံးကို ေရြးခ်ယ္ခဲ့တာလည္းျဖစ္ပုံရပါတယ္။

ကိုဗစ္-၁၉ ေၾကာင့္ က်ဆင္းေနခဲ့တဲ့ ဘဏၰာေရးအေျခအေနေတြ ထိန္းညႇိဖို႔ ရန္ပုံေငြလိုအပ္ေနတဲ့ ဘာစီလိုနာအသင္းအေနနဲ႔ အာသာကို ကနဦးေျပာင္းေရႊ႕ေၾကး ယူ႐ို ၇၂ သန္း၊ အျခားဆုေၾကးခံစားခြင့္ ယူ႐ို ၁၀ သန္းနဲ႔ ေရာင္းခ်သြားဖို႔ သေဘာတူညီလုိက္တာျဖစ္ၿပီး စက္တင္ဘာလမွာ ဂ်ဴဗင္တပ္စ္နဲ႔ ပူးေပါင္းသြားမွာလည္းျဖစ္ပါတယ္။

အာသာအတြက္ ဂ်ဴဗင္တပ္စ္အသင္းဘက္က ေပးအပ္ခဲ့တဲ့ စာခ်ဳပ္ရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ သိရွိရျခင္းမရွိေသးဘဲ မူလက ၾကားသိထားရတဲ့ ပယာနစ္ခ်္ကို အလိုက္ေပးဖို႔ကိစၥလည္း မပါဝင္ခဲ့သလို ဘာစီလိုနာအသင္းအေနနဲ႔ အသက္ ၃၀ အရြယ္ ေဘာ့စနီးယားကြင္းလယ္လူ ကိုေတာ့ သပ္သပ္ထပ္မံကမ္းလွမ္းၿပီး ေခၚယူသြားဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: FC BARCELONA & SPORT.ES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကစားသမား အာသာ မယ်လိုကို ဂျူဗင်တပ်စ်အသင်းဆီကို ရောင်းချလိုက်ပြီဖြစ်ပြီး ၂၀၁၉-၂၀ ရာသီရဲ့ လက်ကျန်ပွဲစဉ်တွေကို ကစားပေးပြီးသွားရင် အသင်းသစ်ဆီ သွားရောက်ပူးပေါင်းတော့မှာဖြစ်တယ်လို့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူဟာ ၂၀၁၈ နွေရာသီမှာ ဂရီမီယိုအသင်းကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကြေးနဲ့ ခံစားခွင့်စုစုပေါင်း ယူရိုသန်း ၄၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက် စုစုပေါင်း ၇၂ ပွဲကစားပြီး ၄ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ အိုင်းယက်စ်ကွင်းလယ်လူ ဖရန်ကီ ဒီယုံးကို ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းနဲ့ ခေါ်ယူထားခဲ့အပြီး အသင်းမှာ ပျောက်ဆုံး နေခဲ့တဲ့ ဇာဗီ/အင်နီယေစတာရဲ့ အခန်းကဏ္ဍအတွက် ပြိုင်ပွဲဝင်ရာမှာ ဘာစီလိုနာတာဝန်ရှိသူတွေအနေနဲ့ အီးယူကစားသမားဖြစ်သလို အသက်လည်း တစ်နှစ်ပို ငယ်ရွယ်တဲ့ ဒီယုံးကို ရွေးချယ်ခဲ့တာလည်းဖြစ်ပုံရပါတယ်။

ကိုဗစ်-၁၉ ကြောင့် ကျဆင်းနေခဲ့တဲ့ ဘဏ္ဏာရေးအခြေအနေတွေ ထိန်းညှိဖို့ ရန်ပုံငွေလိုအပ်နေတဲ့ ဘာစီလိုနာအသင်းအနေနဲ့ အာသာကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၇၂ သန်း၊ အခြားဆုကြေးခံစားခွင့် ယူရို ၁၀ သန်းနဲ့ ရောင်းချသွားဖို့ သဘောတူညီလိုက်တာဖြစ်ပြီး စက်တင်ဘာလမှာ ဂျူဗင်တပ်စ်နဲ့ ပူးပေါင်းသွားမှာလည်းဖြစ်ပါတယ်။

အာသာအတွက် ဂျူဗင်တပ်စ်အသင်းဘက်က ပေးအပ်ခဲ့တဲ့ စာချုပ်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သိရှိရခြင်းမရှိသေးဘဲ မူလက ကြားသိထားရတဲ့ ပယာနစ်ချ်ကို အလိုက်ပေးဖို့ကိစ္စလည်း မပါဝင်ခဲ့သလို ဘာစီလိုနာအသင်းအနေနဲ့ အသက် ၃၀ အရွယ် ဘော့စနီးယားကွင်းလယ်လူ ကိုတော့ သပ်သပ်ထပ်မံကမ်းလှမ်းပြီး ခေါ်ယူသွားဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: FC BARCELONA & SPORT.ES
PHOTOS CREDIT TO OWNERS
SPORTS A2Z.