Serie A

ဝါရင့္ကစားသမားႏွစ္ဦးကို စာခ်ဳပ္သက္တမ္းတုိးလိုက္တဲ့ ဂ်ဴဗင္တပ္စ္

စီးရီးေအအင္အားႀကီး ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ဝါရင့္ကစားသမားႏွစ္ဦးျဖစ္တဲ့ ဂိုးသမား ဂ်န္လြီဂ်ီ ဘူဖြန္နဲ႔ ေဂ်ာ္ဂ်ဳိ ေခးလီနီတုိ႔ကို တစ္ႏွစ္သက္တမ္းတုိးစာခ်ဳပ္ ခ်ဳပ္ဆုိသြားခဲ့ၿပီး ခ်န္ပီယံဆုကို ကာကြယ္ဖို႔ အေျခအေနေကာင္းေနတဲ့ လက္က်န္ေျပးလမ္းမွာ အမွတ္ေပးဇယားထိပ္က ရပ္တည္မွဳကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ လုပ္ေဆာင္ေနခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းမွာ ၂၀၀၁ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အထိ ၁၇ ႏွစ္တာ ကစားခဲ့ၿပီး ပီအက္စ္ဂ်ီမွာ တစ္ႏွစ္သြားေရာက္ကစားခဲ့တဲ့ အသက္ ၄၂ ႏွစ္အရြယ္ ဂိုးသမားႀကီးဟာ ဒီရာသီမွာ အသင္းကို တစ္ႏွစ္စာခ်ဳပ္နဲ႔ ျပန္လည္ေရာက္ရွိလာခဲ့သူျဖစ္ၿပီး နံပါတ္တစ္အက်ႌကို လက္ရွိဂိုးသမားက ေပးအပ္ခဲ့ေပမယ့္ မယူခဲ့ဘဲ ပါးမားကစားသမားဘဝတုန္းက ဝတ္ဆင္ခဲ့တဲ့ ေက်ာနံပါတ္ ၇၇ ကို ေရြးခ်ယ္ခဲ့သူျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္လက္ပတ္ကိုလည္း အသင္းနဲ႔ ကစားသမားေတြ တုိင္ပင္ၿပီး ျပန္လည္ေပးအပ္ဖို႔ ႀကံစည္ခဲ့ေပမယ့္ သူကေတာ့ လက္ရွိအသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတဲ့ ေခးလီနီဟာ အသင္းေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္လို႔ သူ႕အေနနဲ႔ ဒီေနရာအတြက္ ျပန္လည္တာဝန္ယူဖို႔ မလုိေတာ့ဘူးလုိ႔ ျငင္းဆန္ထားခဲ့တဲ့ စီနီယာအက်ဆုံး ကစားသမားႀကီးဟာ ဒီရာသီမွာေတာ့ ဗြဳိင္ခ်က္ ရွခ်က္စနီရဲ႕ အရန္အျဖစ္ ၁၃ ပြဲ နဲ႔ စုစုေပါင္း ဂ်ဴဗင္တပ္စ္ကစားသမားဘဝမွာ ၆၆၉ ပြဲအထိ ကစားထားခဲ့ပါတယ္။

ေခးလီနီကေတာ့ လက္ရွိအခ်ိန္မွာ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္ၿပီး ဘူဖြန္ ထြက္ခြာသြားခဲ့ခ်ိန္မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို ဆက္ခံခဲ့သူျဖစ္သလို ဂ်ဴဗင္တပ္စ္အသင္းအတြက္ ၂၀၀၅ ခုႏွစ္ကတည္းက စတင္ကစားေပးခဲ့ၿပီး အသင္းအတြက္ ၿပဳိင္ပြဲစုံ ၅၀၉ ပြဲ ကစားေပးထားၿပီး ျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ ဒဏ္ရာေတြေၾကာင့္ ၃ ပြဲသာ ကစားေပးႏုိင္သူလည္းျဖစ္ပါတယ္။

အသက္အရြယ္အရ အေကာင္းဆုံးအေနအထားကေန အနည္းငယ္ ေလ်ာ့က်လာခဲ့ေပမယ့္ သူနဲ႔ ဘိုႏူခ်ီတုိ႔အတြဲဟာ စီးရီးေအရဲ႕ အေလးစားရဆုံး ခံစစ္အတြဲအျဖစ္ ရွိေနၿပီး ဂိုးသြင္းၿပီး ရင္ဘတ္ကို ထုၿပီး ေအာင္ပြဲခံတတ္ပုံေၾကာင့္ ကင္းေကာင္လို႔ အမည္ရတဲ့ ေခးလီနီနဲ႔ ဘူဖြန္တုိ႔ဟာ အသင္းမွာ ၂၀၂၁ ရာသီကုန္အထိ ဆက္လက္ရွိေနမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စီးရီးအေအင်အားကြီး ဂျူဗင်တပ်စ်အသင်းအနေနဲ့ သူတို့ရဲ့ ဝါရင့်ကစားသမားနှစ်ဦးဖြစ်တဲ့ ဂိုးသမား ဂျန်လွီဂျီ ဘူဖွန်နဲ့ ဂျော်ဂျို ခေးလီနီတို့ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ အခြေအနေကောင်းနေတဲ့ လက်ကျန်ပြေးလမ်းမှာ အမှတ်ပေးဇယားထိပ်က ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နေခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ၁၇ နှစ်တာ ကစားခဲ့ပြီး ပီအက်စ်ဂျီမှာ တစ်နှစ်သွားရောက်ကစားခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ဂိုးသမားကြီးဟာ ဒီရာသီမှာ အသင်းကို တစ်နှစ်စာချုပ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်ပြီး နံပါတ်တစ်အင်္ကျီကို လက်ရှိဂိုးသမားက ပေးအပ်ခဲ့ပေမယ့် မယူခဲ့ဘဲ ပါးမားကစားသမားဘဝတုန်းက ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇၇ ကို ရွေးချယ်ခဲ့သူဖြစ်ပါတယ်။

အသင်းခေါင်းဆောင်လက်ပတ်ကိုလည်း အသင်းနဲ့ ကစားသမားတွေ တိုင်ပင်ပြီး ပြန်လည်ပေးအပ်ဖို့ ကြံစည်ခဲ့ပေမယ့် သူကတော့ လက်ရှိအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ခေးလီနီဟာ အသင်းခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လို့ သူ့အနေနဲ့ ဒီနေရာအတွက် ပြန်လည်တာဝန်ယူဖို့ မလိုတော့ဘူးလို့ ငြင်းဆန်ထားခဲ့တဲ့ စီနီယာအကျဆုံး ကစားသမားကြီးဟာ ဒီရာသီမှာတော့ ဗွိုင်ချက် ရှချက်စနီရဲ့ အရန်အဖြစ် ၁၃ ပွဲ နဲ့ စုစုပေါင်း ဂျူဗင်တပ်စ်ကစားသမားဘဝမှာ ၆၆၉ ပွဲအထိ ကစားထားခဲ့ပါတယ်။

ခေးလီနီကတော့ လက်ရှိအချိန်မှာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ဘူဖွန် ထွက်ခွာသွားခဲ့ချိန်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဆက်ခံခဲ့သူဖြစ်သလို ဂျူဗင်တပ်စ်အသင်းအတွက် ၂၀၀၅ ခုနှစ်ကတည်းက စတင်ကစားပေးခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၅၀၉ ပွဲ ကစားပေးထားပြီး ဖြစ်ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာတွေကြောင့် ၃ ပွဲသာ ကစားပေးနိုင်သူလည်းဖြစ်ပါတယ်။

အသက်အရွယ်အရ အကောင်းဆုံးအနေအထားကနေ အနည်းငယ် လျော့ကျလာခဲ့ပေမယ့် သူနဲ့ ဘိုနူချီတို့အတွဲဟာ စီးရီးအေရဲ့ အလေးစားရဆုံး ခံစစ်အတွဲအဖြစ် ရှိနေပြီး ဂိုးသွင်းပြီး ရင်ဘတ်ကို ထုပြီး အောင်ပွဲခံတတ်ပုံကြောင့် ကင်းကောင်လို့ အမည်ရတဲ့ ခေးလီနီနဲ့ ဘူဖွန်တို့ဟာ အသင်းမှာ ၂၀၂၁ ရာသီကုန်အထိ ဆက်လက်ရှိနေမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.