Match Report Premier League

ဘိုဝင်ရဲ့ သွင်းဂိုးတွေနဲ့ အာဆင်နယ်ကို ကျော်တက်ပြီး အဆင့် ၄ ရောက်တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ဒီယော့ပ်၊ ဒေါ်ဆန်၊ ဆိုဖာလ်၊ ခရက်စ်ဝဲလ်တို့နဲ့ ခံစစ်ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်နဲ့ လန်ဇီနီ၊ ဗလာရှစ်ချ်တို့ တွဲကစားခဲ့ကြသလို တိုက်စစ်မှာတော့ အန်တိုနီယိုကို အထောင်ထားပြီး ဖော်နယ်လ်စ်နဲ့ ဘိုဝင်တို့က ဘယ်ညာရံပြီး ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

နော့ဝစ်ချ်တို့ကတော့ ဂိုးသမား ကရူးလ်၊ ခံစစ်မှာ ဟန်လီ၊ ဂစ်ဘ်ဆန်၊ အာရွန်စ်နဲ့ ဘရန်ဒန် ဝီလီယမ်စ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ လီးမေလူး၊ မက္ကလင်း၊ ရာရှီကာ၊ ပလာချက်တာတို့ကို ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ အီဒါးရဲ့ရှေ့ကနေ ပူကီက အထောင်နေရာမှာ ဦးဆောင်ခဲ့သလို အဝေးကွင်းမှာ တစ်မှတ်ခွဲယူနိုင်ဖို့ ပြင်ဆင်လာခဲ့ကြတာပါ။

ပွဲချိန် ၂ မိနစ်မှာကတည်းက ဝက်စ်ဟမ်းတောင်ပံသမား ဘိုဝင်က စတင်ခြိမ်းခြောက်ခဲ့မှုကို ကရူးလ် လက်စွမ်းပြ ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ နော့ဝစ်ချ်ကွင်းလယ်လူ ရာရှီကာက တစ်ကိုယ်တော် လိမ်ခေါက်ပြီး ကန်သွင်းခဲ့ရာမှာ ဖာဘီယန်စကီး ကာကွယ်သွားနိုင်ခဲ့သလို အိမ်ရှင်တွေကတော့ အသာစီးနဲ့ ဖိကစားနေခဲ့ပေမယ့် အလေအလွင့်လည်း များနေခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ညာထောင့်ကန်ဘောကို လန်ဇီနီနဲ့ အတိုအပေးအယူလုပ်ပြီး ရလာခဲ့တဲ့ ဘိုဝင်က ဖြတ်တင်ပေးခဲ့ရာမှာ ဘယ်သူနဲ့မှ မထိဘဲ ဂိုးထဲ ဝင်သွားခဲ့လို့ ဂိုးသမား ကရူးလ် အငိုက်မိခဲ့ရပေမယ့် ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးကတော့ ဒီဂိုးမှာ ဗလာရှစ်ချ်က လူကျွံနေခဲ့တယ်လို့ မှားယွင်းစွာ သတ်မှတ်ခဲ့တာကြောင့် အိမ်ရှင်တွေ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၂ မိနစ်မှာတော့ ဘိုဝင်ကပဲ စိတ်မကျေပွဲနွှဲခဲ့ပြီး ညာခြမ်းကနေ ဖြတ်တင်ပေးခဲ့တဲ့ နောက်ခံလူ ဆိုဖာလ်ရဲ့ ပေးပို့မှုကို နော့ဝစ်ချ် နောက်ခံလူ နှစ်ယောက်ကြားထဲကနေ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ကရူးလ် မကာကွယ်နိုင်ခဲ့လို့ သူ့ရဲ့ ဒီရာသီ ၄ ဂိုးမြောက်နဲ့ ဝက်စ်ဟမ်းတို့ကို ဦးဆောင်စေနိုင်ခဲ့သလို ပထမပိုင်းကတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အန်တိုနီယိုက အနီးကပ် အခွင့်အရေးကို တိုင်ဘေးက ကန်ပစ်ခဲ့သလို ဘိုဝင်ရဲ့ ဂိုးသမားကို ကျော်ချတဲ့ ကန်ချက်ကတော့ ဘားထိထွက်ခဲ့ပြီး သူ့ရဲ့ နောက်တစ်ကြိမ် ညာခြမ်းက ထိုးဖောက်ပြီး ကန်သွင်းမှုကလည်း တိုင်ထိပြီးပဲ ထွက်ခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ အာဖရိက ဖလားကလို ဝမ်းဇီးပဲ ကစားတော့မှာလားလို့တောင် ထင်ခဲ့ကြရတာဖြစ်ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဒုတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ မာဆူအာကူး ချိုးပေးတာကို ဘိုဝင်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရရာမှာ VAR ပြန်ကြည့်ခဲ့တာမှာတော့ နော့ဝစ်ချ်နောက်ခံလူ အာရွန်စ်ရဲ့ ခြေနဲ့ ဘိုဝင်တို့ တစ်တန်းတည်း ရှိနေခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ရာသီအစက ဘာဆိုလားဖြစ်ခဲ့ဖူးတဲ့ အန်တိုနီယိုက အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးထပ်မရဘဲ နော့ဝစ်ချ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူ အောင်ပွဲခံနိုင်ခဲ့ကြသလို အိမ်ကွင်း လန်ဒန်စတေဒီယမ်မှာ ဝက်စ်ဟမ်းတို့ အဖိုးတန် သုံးမှတ်ကို စုဆောင်းနိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် ဝက်စ်ဟမ်းတို့အနေနဲ့ ၂၁ ပွဲကစားအပြီးမှာ ရမှတ် ၃၇ မှတ်နဲ့ ရှေ့က အာဆင်နယ်တို့ထက် တစ်ပွဲပိုကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ ကို သိမ်းပိုက်နိုင်ခဲ့ချိန်မှာ နော့ဝစ်ချ်တို့ကတော့ ပွဲ ၂၀ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်သာ ရသေးပြီး တန်းဆင်းဇုန်အောက်ဆုံး အဆင့် ၂၀ မှာ ဆက်လက်ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ဒီယော့ပ်၊ ဒေါ်ဆန်၊ ဆိုဖာလ်၊ ခရက်စ်ဝဲလ်တို့နဲ့ ခံစစ်ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်နဲ့ လန်ဇီနီ၊ ဗလာရှစ်ခ်ျတို့ တွဲကစားခဲ့ကြသလို တိုက်စစ်မှာတော့ အန်တိုနီယိုကို အထောင်ထားပြီး ဖော်နယ်လ်စ်နဲ့ ဘိုဝင်တို့က ဘယ်ညာရံပြီး ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

နော့ဝစ်ခ်ျတို့ကတော့ ဂိုးသမား ကရူးလ်၊ ခံစစ်မှာ ဟန်လီ၊ ဂစ်ဘ်ဆန်၊ အာရွန်စ်နဲ့ ဘရန်ဒန် ဝီလီယမ်စ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာ လီးမေလူး၊ မက္ကလင်း၊ ရာရှီကာ၊ ပလာချက်တာတို့ကို ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ အီဒါးရဲ့ရှေ့ကနေ ပူကီက အထောင်နေရာမှာ ဦးဆောင်ခဲ့သလို အဝေးကွင်းမှာ တစ်မှတ်ခွဲယူနိုင်ဖို့ ပြင်ဆင်လာခဲ့ကြတာပါ။

ပွဲချိန် ၂ မိနစ်မှာကတည်းက ဝက်စ်ဟမ်းတောင်ပံသမား ဘိုဝင်က စတင်ခြိမ်းခြောက်ခဲ့မှုကို ကရူးလ် လက်စွမ်းပြ ဖမ်းယူသွားနိုင်ခဲ့ပြီး ပွဲချိန် ၁၂ မိနစ်မှာတော့ နော့ဝစ်ခ်ျကွင်းလယ်လူ ရာရှီကာက တစ်ကိုယ်တော် လိမ်ခေါက်ပြီး ကန်သွင်းခဲ့ရာမှာ ဖာဘီယန်စကီး ကာကွယ်သွားနိုင်ခဲ့သလို အိမ်ရှင်တွေကတော့ အသာစီးနဲ့ ဖိကစားနေခဲ့ပေမယ့် အလေအလွင့်လည်း များနေခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ညာထောင့်ကန်ဘောကို လန်ဇီနီနဲ့ အတိုအပေးအယူလုပ်ပြီး ရလာခဲ့တဲ့ ဘိုဝင်က ဖြတ်တင်ပေးခဲ့ရာမှာ ဘယ်သူနဲ့မှ မထိဘဲ ဂိုးထဲ ဝင်သွားခဲ့လို့ ဂိုးသမား ကရူးလ် အငိုက်မိခဲ့ရပေမယ့် ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးကတော့ ဒီဂိုးမှာ ဗလာရှစ်ခ်ျက လူကျွံနေခဲ့တယ်လို့ မှားယွင်းစွာ သတ်မှတ်ခဲ့တာကြောင့် အိမ်ရှင်တွေ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၂ မိနစ်မှာတော့ ဘိုဝင်ကပဲ စိတ်မကျေပွဲနွှဲခဲ့ပြီး ညာခြမ်းကနေ ဖြတ်တင်ပေးခဲ့တဲ့ နောက်ခံလူ ဆိုဖာလ်ရဲ့ ပေးပို့မှုကို နော့ဝစ်ခ်ျ နောက်ခံလူ နှစ်ယောက်ကြားထဲကနေ ပြေးထွက်ပြီး ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ကရူးလ် မကာကွယ်နိုင်ခဲ့လို့ သူ့ရဲ့ ဒီရာသီ ၄ ဂိုးမြောက်နဲ့ ဝက်စ်ဟမ်းတို့ကို ဦးဆောင်စေနိုင်ခဲ့သလို ပထမပိုင်းကတော့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာပါ။


ပွဲချိန် ၈၃ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ဒုတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ဘယ်ခြမ်းကနေ မာဆူအာကူး ချိုးပေးတာကို ဘိုဝင်က အနီးကပ် ပိတ်သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရရာမှာ VAR ပြန်ကြည့်ခဲ့တာမှာတော့ နော့ဝစ်ခ်ျနောက်ခံလူ အာရွန်စ်ရဲ့ ခြေနဲ့ ဘိုဝင်တို့ တစ်တန်းတည်း ရှိနေခဲ့လို့ ဂိုးအဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ရာသီအစက ဘာဆိုလားဖြစ်ခဲ့ဖူးတဲ့ အန်တိုနီယိုက အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးထပ်မရဘဲ နော့ဝစ်ခ်ျတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူ အောင်ပွဲခံနိုင်ခဲ့ကြသလို အိမ်ကွင်း လန်ဒန်စတေဒီယမ်မှာ ဝက်စ်ဟမ်းတို့ အဖိုးတန် သုံးမှတ်ကို စုဆောင်းနိုင်ခဲ့ကြပါတယ်။

ဒီပွဲရလဒ်ကြောင့် ဝက်စ်ဟမ်းတို့အနေနဲ့ ၂၁ ပွဲကစားအပြီးမှာ ရမှတ် ၃၇ မှတ်နဲ့ ရှေ့က အာဆင်နယ်တို့ထက် တစ်ပွဲပိုကစားပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ ကို သိမ်းပိုက်နိုင်ခဲ့ချိန်မှာ နော့ဝစ်ခ်ျတို့ကတော့ ပွဲ ၂၀ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်သာ ရသေးပြီး တန်းဆင်းဇုန်အောက်ဆုံး အဆင့် ၂၀ မှာ ဆက်လက်ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.