Carabao & FA Match Report Premier League

နှစ်ကျော့စလုံး ပုံစံကောင်းနဲ့ စပါးစ်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းနည်းပြ တူဟယ်လ်အနေနဲ့ ဒီနေ့မှာ အသင်းရဲ့ ခံစစ်ကို ကီပါ၊ ရူဒီဂါ၊ ခရစ္စတင်ဆန်၊ မာလန်းဆားရ်တို့နဲ့ အထိုင်ချခဲ့ပြီး တောင်ပံတွေမှာတော့ အက်ဇ်ပီလီကွေတာနဲ့ ဟဒ်ဆန်-အိုဒွိုင်းတို့ ပါဝင်လာခဲ့သလို ကွင်းလယ်မှာ ကိုဗာချစ်နဲ့ ဂျော်ဂျင်ညိုတို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ လူကာကူးကို တီမို ဗာနာနဲ့ မေဆန်မောင့်တို့ ရံကစားပြီး ပွဲထွက်လာခဲ့ကြပါတယ်။

စပါးစ်တို့ကတော့ အိမ်ကွင်းမှာ သူတို့ရဲ့ ကစားနေကျပုံစံအတိုင်း ဂိုးသမား ဂေါ်လီနီနဲ့ ခံစစ်မှာ တန်ဂန်ဂါ၊ ဆန်ချက်ဇ်၊ ဘန်ဒေးဗီးစ်တို့နဲ့ ကွန်တီက အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဒိုဟာတီ၊ လိုဆဲလ်ဆို၊ ဟာရီ ဝင့်ခ်စ်နဲ့ ဟွိုင်ဘယာ့ဂ်ကို ပွဲထွက်လာခဲ့ကြပြီး တိုက်စစ်မှာတော့ ဟာရီကိန်းနဲ့ လူးကပ်စ် မော်ရာတို့ ကစားခဲ့ကြတာပါ။

အိမ်ရှင်တို့အနေနဲ့ ပထမအကျော့က နှစ်ဂိုး-ဂိုးမရှိနဲ့ အရှုံးရလဒ်ကို ပြန်လည်ချေပနိုင်ဖို့ ပွဲစကတည်းက တိုက်စစ်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၇ မိနစ်မှာ ဟာရီကိန်းရဲ့ ဖရီးကစ် လူထိထွက်ခဲ့အပြီးမှာ ချဲလ်ဆီးတို့ကပဲ ဘောလုံးပိုင်ဆိုင်မှုကို စိုးမိုးရယူသွားခဲ့ပြီး တီမို ဗာနာနဲ့ လူကာကူးတို့ကလည်း ပြန်လည်ခြိမ်းခြောက်နေခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ တစ်ဖက်ဧရိယာရှေ့အတွက် တိုက်ရိုက်ကန်တင်ပေးတဲ့ Long Ball တွေကို စပါးစ်နောက်တန်းက အကိုင်အတွယ် မတတ်ခဲ့တာကြောင့် ပွဲချိန် ၁၁ မိနစ်မှာ လူကာကူး ကန်ခွင့်ရခဲ့ပေမယ့် ဂေါ်လီနီနဲ့ ထိထွက်ခဲ့သလို နောက်ခံလူ ဆန်းချက်ဇ်က ကိုယ့်ဂိုးကိုယ်သွင်းဖို့ နီးစပ်ခဲ့ရပြီး တိုက်စစ်မှာတော့ ဟာရီကိန်းတစ်ယောက်တည်းသာ တူတူတန်တန် ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ညာထောင့်ကန်ဘောကို မေဆန်မောင့် ကန်တင်ပေးရာမှာ ရူဒီဂါက ဘောလုံး ကျလာမယ့် နေရာကို ကွက်တိပြေးဝင်ပြီး ဂိုးသမား ဂေါ်လီနီရှေ့ကနေ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အိမ်ရှင်တွေ အထိနာခဲ့သလို အသင်းနဲ့ စာချုပ်ကိစ္စ မပြေလည်တဲ့ သူ့အတွက် ပရော်ဖက်ရှင်နယ်ပီသစွာ အလုပ်နဲ့ သက်သေပြပြီး လုပ်ခတိုးရဖို့လည်း နီးစပ်လာနေခဲ့ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ ဟဒ်ဆန်-အိုဒွိုင်းရဲ့ အဝေးကန်ချက်ကို ဂေါ်လီနီ ပုတ်ထုတ်ခဲ့ရသလို ပွဲချိန် ၃၁ မိနစ်မှာတော့ ဟာရီကိန်းကန်ချက် လူထိပြီး ပြန်ထွက်လာတာကို ဟွိုင်ဘယာ့ဂ်ရဲ့ ကန်ချက်က ကီပါရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို ရည်ရွယ်ခဲ့ပေမယ့် ချဲလ်ဆီးခံစစ်နဲ့ ရှပ်ထိပြီး အနည်းငယ် လွဲချော်သွားခဲ့တာကြောင့် စပါးစ်တို့ ကံဆိုးမြဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာ ဒီကရတဲ့ ထောင့်ကန်ဘောကနေ ဟာရီကိန်း ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ပိတ်သွင်းဖို့ ခြေတစ်လှမ်းနောက်ကျနေလို့ ဂိုးတိုင်ဖက်ပြီးပဲ ကျေနပ်ခဲ့ရသလို လူကာကူးကတော့ အပိုင်ခေါင်းတိုက်ခွင့်ကို ဘေးချော်သွားခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာတော့ လူးကပ်စ် မော်ရာရဲ့ တန်ပြန်တိုက်စစ်ကနေ အနိမ့်ဘောကန်သွင်းမှုကို ကီပါ အလွယ်တကူပဲ ဖမ်းယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာ ဟွိုင်ဘယာ့ဂ်ကို ရူဒီဂါ ခြေချိတ်မိလို့ ဧရိယာထဲ လဲကျခဲ့ရာမှာ ဒိုင်လူကြီး မာရင်နာက ပင်နယ်တီဆိုပြီး သတ်မှတ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာ ထိချက်က ဂိုးစည်းအပြင်ဘက်မှာ ဖြစ်နေခဲ့တာကြောင့် ဖရီးကစ်နဲ့ပဲ ကျေနပ်ခဲ့ရသလို ဒီအခွင့်အရေးကို လိုဆဲလ်ဆို အသုံးမချနိုင်ခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာ ထောင့်ကန်ဘောကနေ ရူဒီဂါရဲ့ ခေါင်းတိုက်ချက် လွဲချော်သွားခဲ့သလို ပွဲချိန် ၅၆ မိနစ်မှာတော့ စပါးစ်နဲ့ ဒရာမာခင်းဖို့ ကြိုးစားနေတဲ့ ဒိုင်လူကြီးက ကီပါနဲ့ လူးကပ်စ် မော်ရာအတွေ့မှာ နောက်ထပ် ပင်နယ်တီတစ်လုံး ပေးဖို့ ကြိုးစားခဲ့ပြန်ပြီး ဘောလုံးကို အရင်ဖျက်ထုတ်နိုင်ခဲ့တဲ့ ကီပါကို VAR မှာ ပြန်လည်မြင်တွေ့ခဲ့ရတာကြောင့် ချဲလ်ဆီးတို့ သက်သာရာရခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဘယ်ခြမ်းက ဒေးဗီးစ် ဖြတ်တင်ပေးတဲ့ ဘောလုံးကို ရိုယဲလ်ရဲ့ ခေါင်းတိုက်ချက်က တော်တော်လေး ကောင်းခဲ့ပေမယ့် ကီပါကပဲ လက်စွမ်းပြ ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာတော့ လူကျွံစည်းမျဉ်းသစ်ကို မသိတဲ့ အင်္ဂလန်ကပ္ပတိန်လူရိုးကြီး ဟာရီကိန်းက ပိုင်ပြီဆိုပြီး ဂိုးသွင်းခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ စပါးစ်တို့ဘက်က ဆီဆက်ညွန်၊ ဘရိုင်ယန် ဟေးလ်နဲ့ စကစ်ပ်တို့ လူစားဝင်ကစားခဲ့ကြပြီး ချဲလ်ဆီးဘက်ကတော့ ဇီးယက်ရှ်၊ သီယာဂို ဆေးလ်ဗား၊ အလွန်ဆို၊ ကွန်တေ၊ လော့ဖ်တပ်စ်ချိခ်တို့ထည့်ပြီး ကစားသွားခဲ့ကြသလို စပါးစ်ပရိသတ်တစ်ဦးကို ဆေးကုသပေးခဲ့ရတာကြောင့် နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့ချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် အခွင့်အရေးတွေကိုတော့ သိပ်ပြီး ဖန်တီးရှာဖွေနိုင်ခြင်း မရှိကြတော့တာကြောင့် တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ချဲလ်ဆီးတို့အနေနဲ့ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-ဂိုးမရှိနဲ့ ကာရာဘောင်းဖလားရဲ့ ဆီမီးဖိုင်နယ်မှာ စပါးစ်တို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားနိုင်ခဲ့ချိန်မှာ တစ်ဖက်က ပွဲရွှေ့လို့ နှစ်ကျော့စလုံး မကစားရသေးတဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ထဲက ဘယ်သူနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုတော့ ဝင်ဘလီကနေ စောင့်ဆိုင်းရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းနည္းျပ တူဟယ္လ္အေနနဲ႔ ဒီေန႔မွာ အသင္းရဲ႕ ခံစစ္ကို ကီပါ၊ ႐ူဒီဂါ၊ ခရစၥတင္ဆန္၊ မာလန္းဆားရ္တို႔နဲ႔ အထိုင္ခ်ခဲ့ၿပီး ေတာင္ပံေတြမွာေတာ့ အက္ဇ္ပီလီေကြတာနဲ႔ ဟဒ္ဆန္-အိုဒြိဳင္းတို႔ ပါဝင္လာခဲ့သလို ကြင္းလယ္မွာ ကိုဗာခ်စ္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ လူကာကူးကို တီမို ဗာနာနဲ႔ ေမဆန္ေမာင့္တို႔ ရံကစားၿပီး ပြဲထြက္လာခဲ့ၾကပါတယ္။

စပါးစ္တို႔ကေတာ့ အိမ္ကြင္းမွာ သူတို႔ရဲ႕ ကစားေနက်ပုံစံအတိုင္း ဂိုးသမား ေဂၚလီနီနဲ႔ ခံစစ္မွာ တန္ဂန္ဂါ၊ ဆန္ခ်က္ဇ္၊ ဘန္ေဒးဗီးစ္တို႔နဲ႔ ကြန္တီက အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ အီမာဆန္ ႐ိုယဲလ္၊ ဒိုဟာတီ၊ လိုဆဲလ္ဆို၊ ဟာရီ ဝင့္ခ္စ္နဲ႔ ဟြိဳင္ဘယာ့ဂ္ကို ပြဲထြက္လာခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ဟာရီကိန္းနဲ႔ လူးကပ္စ္ ေမာ္ရာတို႔ ကစားခဲ့ၾကတာပါ။

အိမ္ရွင္တို႔အေနနဲ႔ ပထမအေက်ာ့က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အရႈံးရလဒ္ကို ျပန္လည္ေခ်ပႏိုင္ဖို႔ ပြဲစကတည္းက တိုက္စစ္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲခ်ိန္ ၇ မိနစ္မွာ ဟာရီကိန္းရဲ႕ ဖရီးကစ္ လူထိထြက္ခဲ့အၿပီးမွာ ခ်ဲလ္ဆီးတို႔ကပဲ ေဘာလုံးပိုင္ဆိုင္မႈကို စိုးမိုးရယူသြားခဲ့ၿပီး တီမို ဗာနာနဲ႔ လူကာကူးတို႔ကလည္း ျပန္လည္ၿခိမ္းေျခာက္ေနခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ တစ္ဖက္ဧရိယာေရွ႕အတြက္ တိုက္႐ိုက္ကန္တင္ေပးတဲ့ Long Ball ေတြကို စပါးစ္ေနာက္တန္းက အကိုင္အတြယ္ မတတ္ခဲ့တာေၾကာင့္ ပြဲခ်ိန္ ၁၁ မိနစ္မွာ လူကာကူး ကန္ခြင့္ရခဲ့ေပမယ့္ ေဂၚလီနီနဲ႔ ထိထြက္ခဲ့သလို ေနာက္ခံလူ ဆန္းခ်က္ဇ္က ကိုယ့္ဂိုးကိုယ္သြင္းဖို႔ နီးစပ္ခဲ့ရၿပီး တိုက္စစ္မွာေတာ့ ဟာရီကိန္းတစ္ေယာက္တည္းသာ တူတူတန္တန္ ကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ညာေထာင့္ကန္ေဘာကို ေမဆန္ေမာင့္ ကန္တင္ေပးရာမွာ ႐ူဒီဂါက ေဘာလုံး က်လာမယ့္ ေနရာကို ကြက္တိေျပးဝင္ၿပီး ဂိုးသမား ေဂၚလီနီေရွ႕ကေန ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ အထိနာခဲ့သလို အသင္းနဲ႔ စာခ်ဳပ္ကိစၥ မေျပလည္တဲ့ သူ႔အတြက္ ပေရာ္ဖက္ရွင္နယ္ပီသစြာ အလုပ္နဲ႔ သက္ေသျပၿပီး လုပ္ခတိုးရဖို႔လည္း နီးစပ္လာေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ဟဒ္ဆန္-အိုဒြိဳင္းရဲ႕ အေဝးကန္ခ်က္ကို ေဂၚလီနီ ပုတ္ထုတ္ခဲ့ရသလို ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ဟာရီကိန္းကန္ခ်က္ လူထိၿပီး ျပန္ထြက္လာတာကို ဟြိဳင္ဘယာ့ဂ္ရဲ႕ ကန္ခ်က္က ကီပါရဲ႕ ဘယ္ဘက္အေပၚေထာင့္ကို ရည္႐ြယ္ခဲ့ေပမယ့္ ခ်ဲလ္ဆီးခံစစ္နဲ႔ ရွပ္ထိၿပီး အနည္းငယ္ လြဲေခ်ာ္သြားခဲ့တာေၾကာင့္ စပါးစ္တို႔ ကံဆိုးၿမဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ဒီကရတဲ့ ေထာင့္ကန္ေဘာကေန ဟာရီကိန္း ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ ပိတ္သြင္းဖို႔ ေျခတစ္လွမ္းေနာက္က်ေနလို႔ ဂိုးတိုင္ဖက္ၿပီးပဲ ေက်နပ္ခဲ့ရသလို လူကာကူးကေတာ့ အပိုင္ေခါင္းတိုက္ခြင့္ကို ေဘးေခ်ာ္သြားခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ လူးကပ္စ္ ေမာ္ရာရဲ႕ တန္ျပန္တိုက္စစ္ကေန အနိမ့္ေဘာကန္သြင္းမႈကို ကီပါ အလြယ္တကူပဲ ဖမ္းယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာ ဟြိဳင္ဘယာ့ဂ္ကို ႐ူဒီဂါ ေျခခ်ိတ္မိလို႔ ဧရိယာထဲ လဲက်ခဲ့ရာမွာ ဒိုင္လူႀကီး မာရင္နာက ပင္နယ္တီဆိုၿပီး သတ္မွတ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာ ထိခ်က္က ဂိုးစည္းအျပင္ဘက္မွာ ျဖစ္ေနခဲ့တာေၾကာင့္ ဖရီးကစ္နဲ႔ပဲ ေက်နပ္ခဲ့ရသလို ဒီအခြင့္အေရးကို လိုဆဲလ္ဆို အသုံးမခ်ႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာ ေထာင့္ကန္ေဘာကေန ႐ူဒီဂါရဲ႕ ေခါင္းတိုက္ခ်က္ လြဲေခ်ာ္သြားခဲ့သလို ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ စပါးစ္နဲ႔ ဒရာမာခင္းဖို႔ ႀကိဳးစားေနတဲ့ ဒိုင္လူႀကီးက ကီပါနဲ႔ လူးကပ္စ္ ေမာ္ရာအေတြ႕မွာ ေနာက္ထပ္ ပင္နယ္တီတစ္လုံး ေပးဖို႔ ႀကိဳးစားခဲ့ျပန္ၿပီး ေဘာလုံးကို အရင္ဖ်က္ထုတ္ႏိုင္ခဲ့တဲ့ ကီပါကို VAR မွာ ျပန္လည္ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ခ်ဲလ္ဆီးတို႔ သက္သာရာရခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဘယ္ျခမ္းက ေဒးဗီးစ္ ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ႐ိုယဲလ္ရဲ႕ ေခါင္းတိုက္ခ်က္က ေတာ္ေတာ္ေလး ေကာင္းခဲ့ေပမယ့္ ကီပါကပဲ လက္စြမ္းျပ ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ လူကြၽံစည္းမ်ဥ္းသစ္ကို မသိတဲ့ အဂၤလန္ကပၸတိန္လူ႐ိုးႀကီး ဟာရီကိန္းက ပိုင္ၿပီဆိုၿပီး ဂိုးသြင္းခဲ့ေပမယ့္ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စပါးစ္တို႔ဘက္က ဆီဆက္ၫြန္၊ ဘ႐ိုင္ယန္ ေဟးလ္နဲ႔ စကစ္ပ္တို႔ လူစားဝင္ကစားခဲ့ၾကၿပီး ခ်ဲလ္ဆီးဘက္ကေတာ့ ဇီးယက္ရွ္၊ သီယာဂို ေဆးလ္ဗား၊ အလြန္ဆို၊ ကြန္ေတ၊ ေလာ့ဖ္တပ္စ္ခ်ိခ္တို႔ထည့္ၿပီး ကစားသြားခဲ့ၾကသလို စပါးစ္ပရိသတ္တစ္ဦးကို ေဆးကုသေပးခဲ့ရတာေၾကာင့္ နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ေပးခဲ့ခ်ိန္မွာ တစ္ဖက္နဲ႔ တစ္ဖက္ အခြင့္အေရးေတြကိုေတာ့ သိပ္ၿပီး ဖန္တီးရွာေဖြႏိုင္ျခင္း မရွိၾကေတာ့တာေၾကာင့္ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ႏွစ္ေက်ာ့ေပါင္းရလဒ္ သုံးဂိုး-ဂိုးမရွိနဲ႔ ကာရာေဘာင္းဖလားရဲ႕ ဆီမီးဖိုင္နယ္မွာ စပါးစ္တို႔ကို ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲအဆင့္ကို ထိုက္ထိုက္တန္တန္ တက္လွမ္းသြားႏိုင္ခဲ့ခ်ိန္မွာ တစ္ဖက္က ပြဲေ႐ႊ႕လို႔ ႏွစ္ေက်ာ့စလုံး မကစားရေသးတဲ့ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ထဲက ဘယ္သူနဲ႔ ရင္ဆိုင္ရမလဲဆိုတာကိုေတာ့ ဝင္ဘလီကေန ေစာင့္ဆိုင္းရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.