Premier League Transfer News

12 Jan နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– ခရစ္စတယ်လ်ပဲလေ့စ်အသင်းအနေနဲ့ အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို ခေါ်ယူဖို့ ကြိုးစားနေပြီး အမ်းမရိတ်မှာ စာချုပ် ၆ လသာ ကျန်တော့တဲ့ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သားအတွက် ပေါင် ၇ သန်းနဲ့ သဘောတူညီနိုင်ဖို့ ညှိနှိုင်းဆွေးနွေးနေကြ။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ ပီအက်စ်ဂျီတို့ကြား အပြန်အလှန် စိတ်ဝင်စားမှုတွေ ရှိနေပြီး နွေရာသီမှာ လက်တွဲဖို့ ဖြစ်လာနိုင်သလို အသက် ၂၈ နှစ်အရွယ် ပြင်သစ်သားရဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်ခြေအတွက် ဂျူဗင်တပ်စ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေကလည်း စောင့်ကြည့်နေ။

– ဖလိပီ ကော်တင်ညိုကို ၆ လအငှား၊ ရာသီကုန်မှာ ပေါင် ၃၃ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခွင့် ထည့်သွးခေါ်ယူနိုင်ခဲ့တဲ့ အက်စ်တန်ဗီလာအသင်းရဲ့ ရွှေ့ကွက်ကတော့ သူတို့ရဲ့ ဇယားထိပ်ပိုင်းဆီကို တက်ရောက်ဖို့ မှန်ကန်တဲ့ ခေါ်ယူမှုလို့ သုံးသပ်နေကြပြီး အသက် ၂၉ နှစ်အရွယ် ဘရာဇီးလ်ကွင်းလယ်လူအနေနဲ့ ဗီလာပါ့ခ်မှာ ကျောနံပါတ် ၂၃ ကို ဝတ်ဆင်သွားဖို့ရှိနေ။

– ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အနေနဲ့ အသင်းဟောင်း နယူးကာဆယ်လ်ယူနိုက်တက်ဆီ တစ်ဖန် ပြန်လည်လက်တွဲဖို့ စိတ်မဝင်စားကြောင်း ပြောကြားလိုက်တာကြောင့် ကွင်းလယ်ကို ထိန်းကျောင်းပေးနိုင်မယ့် ဝါရင့်ကစားသမားတစ်ဦး အလိုရှိနေပြီး သူအားပေးတဲ့ အာဆင်နယ်နဲ့ ခန့်မှန်းမှုတွေ မြင့်တက်လာ။

– နယူးကာဆယ်လ်အသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်ကို ခေါ်ယူသွားဖို့ သဘောတူညီနိုင်ခဲ့ပြီလို့ သိရပြီး နယူးဇီလန်လက်ရွေးစင်အနေနဲ့ ဒီနေ့ညမှာ စိန့်ဂျိမ်းစ်ပါ့ခ်ဆီ ရောက်ရှိပြီး ဆေးစစ်ဖို့နဲ့ အပြီးသတ်စာချုပ်ချုပ်ဖို့ လုပ်ဆောင်သွားဖွယ်ရှိနေ။

– ပရီးမီးယားလိဂ်ကစားသမားတွေကို လိုက်လံခေါ်ယူ လက်ဝါးကြီးအုပ်နေခဲ့တဲ့ ရိုးမားနည်းပြ ဂျိုဆေး မော်ရင်ညိုအနေနဲ့ အာဆင်နယ် ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ကို ခေါ်ယူအပြီးမှာ အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးစ်ရဲ့ ပြင်သစ်ကွင်းလယ်လူ တွန်ဂီး အန်ဒွမ်ဘီလီကို အငှားနဲ့ ခေါ်ယူဖို့ နာပိုလီနဲ့အပြိုင် ကြိုးစားလာ။

– အာဆင်နယ်အသင်းအနေနဲ့ ခြေစွမ်းကောင်းပေမယ့် အေးဂျင့်အချိုးမပြေတဲ့အပြင် လိုအပ်တာထက် ဈေးကိုင်ပြီး သွေးနားထင်ရောက်နေပုံ ပေါ်နေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကို လက်လျှော့သွားဖွယ်ရှိနေပြီး တခြားတိုက်စစ်ပစ်မှတ်တွေကိုပဲ ပြောင်းလဲ ကြိုးစားသွားဖို့ ရှိနေနိုင်တယ်လို့ နည်းပြ အာတီတာရဲ့ အင်တာဗျူးမှာ ရှောင်ရှားသွားမှုနဲ့အတူ ခန့်မှန်းနေကြ။

– အက်စတန်ဗီလာအသင်းအနေနဲ့ အဲဗာတန်နောက်ခံလူ လူကာ ဒီညီကို အငှားနဲ့ စတင်ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး နွေရာသီမှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ညှိနှိုင်းမှုက အောင်မြင်ဖို့ နီးစပ်နေခဲ့သလို ဒီအပြောင်းအရွှေ့ကို ချူဆီထည့်တဲ့အနေနဲ့ တိုက်စစ်အင်အားနည်းပါးနေတဲ့ မာဆေးဆိုက်ဒ်အသင်းဆီကို သူတို့ရဲ့ တောင်ပံကစားသမား အန်ဝါ အယ်လ်ဂါဇီကို အငှားချပေးသွားဖို့ စီစဉ်နေ။

– ချဲလ်ဆီးအသင်းက ပြန်လည်ခေါ်ယူလိုနေတဲ့ ဘယ်နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီကို အငှားကနေ ပြန်လည်စေလွှတ်ပေးဖို့ လျော်ကြေးရယူခွင့်ပြုပေးဖို့ တောင်းဆိုမှုကို ပြင်သစ်လိဂန်ကလပ် လီယွန်အသင်းက ပယ်ချလိုက်တာကြောင့် နည်းပြ တူဟယ်လ်အတွက် တခြားပစ်မှတ်တွေဖြစ်တဲ့ လူကာ ဒီညီနဲ့ ဆာဂျင်ညို ဒက်စ်တို့ကို သူများတွေ မဦးခင် ကြိုးစားရဖို့ ရှိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခရစၥတယ္လ္ပဲေလ့စ္အသင္းအေနနဲ႔ အာဆင္နယ္အသင္းရဲ႕ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ေခၚယူဖို႔ ႀကိဳးစားေနၿပီး အမ္းမရိတ္မွာ စာခ်ဳပ္ ၆ လသာ က်န္ေတာ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အဂၤလန္သားအတြက္ ေပါင္ ၇ သန္းနဲ႔ သေဘာတူညီႏိုင္ဖို႔ ညႇိႏႈိင္းေဆြးေႏြးေနၾက။

– မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ ပီအက္စ္ဂ်ီတို႔ၾကား အျပန္အလွန္ စိတ္ဝင္စားမႈေတြ ရွိေနၿပီး ေႏြရာသီမွာ လက္တြဲဖို႔ ျဖစ္လာႏိုင္သလို အသက္ ၂၈ ႏွစ္အ႐ြယ္ ျပင္သစ္သားရဲ႕ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရရွိႏိုင္ေျခအတြက္ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြကလည္း ေစာင့္ၾကည့္ေန။

– ဖလိပီ ေကာ္တင္ညိဳကို ၆ လအငွား၊ ရာသီကုန္မွာ ေပါင္ ၃၃ သန္းနဲ႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ခြင့္ ထည့္သြးေခၚယူႏိုင္ခဲ့တဲ့ အက္စ္တန္ဗီလာအသင္းရဲ႕ ေ႐ႊ႕ကြက္ကေတာ့ သူတို႔ရဲ႕ ဇယားထိပ္ပိုင္းဆီကို တက္ေရာက္ဖို႔ မွန္ကန္တဲ့ ေခၚယူမႈလို႔ သုံးသပ္ေနၾကၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ ဘရာဇီးလ္ကြင္းလယ္လူအေနနဲ႔ ဗီလာပါ့ခ္မွာ ေက်ာနံပါတ္ ၂၃ ကို ဝတ္ဆင္သြားဖို႔ရွိေန။

– ပီအက္စ္ဂ်ီအသင္းရဲ႕ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အေနနဲ႔ အသင္းေဟာင္း နယူးကာဆယ္လ္ယူႏိုက္တက္ဆီ တစ္ဖန္ ျပန္လည္လက္တြဲဖို႔ စိတ္မဝင္စားေၾကာင္း ေျပာၾကားလိုက္တာေၾကာင့္ ကြင္းလယ္ကို ထိန္းေက်ာင္းေပးႏိုင္မယ့္ ဝါရင့္ကစားသမားတစ္ဦး အလိုရွိေနၿပီး သူအားေပးတဲ့ အာဆင္နယ္နဲ႔ ခန႔္မွန္းမႈေတြ ျမင့္တက္လာ။

– နယူးကာဆယ္လ္အသင္းအေနနဲ႔ သူတို႔ရဲ႕ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔အတြက္ ဘန္ေလတိုက္စစ္မႉး ခရစၥဝုဒ္ကို ေခၚယူသြားဖို႔ သေဘာတူညီႏိုင္ခဲ့ၿပီလို႔ သိရၿပီး နယူးဇီလန္လက္ေ႐ြးစင္အေနနဲ႔ ဒီေန႔ညမွာ စိန႔္ဂ်ိမ္းစ္ပါ့ခ္ဆီ ေရာက္ရွိၿပီး ေဆးစစ္ဖို႔နဲ႔ အၿပီးသတ္စာခ်ဳပ္ခ်ဳပ္ဖို႔ လုပ္ေဆာင္သြားဖြယ္ရွိေန။

– ပရီးမီးယားလိဂ္ကစားသမားေတြကို လိုက္လံေခၚယူ လက္ဝါးႀကီးအုပ္ေနခဲ့တဲ့ ႐ိုးမားနည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳအေနနဲ႔ အာဆင္နယ္ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ကို ေခၚယူအၿပီးမွာ အသင္းေဟာင္း ေတာ့တင္ဟမ္ေဟာ့စပါးစ္ရဲ႕ ျပင္သစ္ကြင္းလယ္လူ တြန္ဂီး အန္ဒြမ္ဘီလီကို အငွားနဲ႔ ေခၚယူဖို႔ နာပိုလီနဲ႔အၿပိဳင္ ႀကိဳးစားလာ။

– အာဆင္နယ္အသင္းအေနနဲ႔ ေျခစြမ္းေကာင္းေပမယ့္ ေအးဂ်င့္အခ်ိဳးမေျပတဲ့အျပင္ လိုအပ္တာထက္ ေဈးကိုင္ၿပီး ေသြးနားထင္ေရာက္ေနပုံ ေပၚေနတဲ့ ဖီအိုရင္တီးနားတိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကို လက္ေလွ်ာ့သြားဖြယ္ရွိေနၿပီး တျခားတိုက္စစ္ပစ္မွတ္ေတြကိုပဲ ေျပာင္းလဲ ႀကိဳးစားသြားဖို႔ ရွိေနႏိုင္တယ္လို႔ နည္းျပ အာတီတာရဲ႕ အင္တာဗ်ဴးမွာ ေရွာင္ရွားသြားမႈနဲ႔အတူ ခန႔္မွန္းေနၾက။

– အက္စတန္ဗီလာအသင္းအေနနဲ႔ အဲဗာတန္ေနာက္ခံလူ လူကာ ဒီညီကို အငွားနဲ႔ စတင္ေခၚယူသြားဖို႔ ျပင္ဆင္ေနၿပီး ေႏြရာသီမွာ အၿပီးသတ္ ေခၚယူခြင့္နဲ႔ ညႇိႏႈိင္းမႈက ေအာင္ျမင္ဖို႔ နီးစပ္ေနခဲ့သလို ဒီအေျပာင္းအေ႐ႊ႕ကို ခ်ဴဆီထည့္တဲ့အေနနဲ႔ တိုက္စစ္အင္အားနည္းပါးေနတဲ့ မာေဆးဆိုက္ဒ္အသင္းဆီကို သူတို႔ရဲ႕ ေတာင္ပံကစားသမား အန္ဝါ အယ္လ္ဂါဇီကို အငွားခ်ေပးသြားဖို႔ စီစဥ္ေန။

– ခ်ဲလ္ဆီးအသင္းက ျပန္လည္ေခၚယူလိုေနတဲ့ ဘယ္ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီကို အငွားကေန ျပန္လည္ေစလႊတ္ေပးဖို႔ ေလ်ာ္ေၾကးရယူခြင့္ျပဳေပးဖို႔ ေတာင္းဆိုမႈကို ျပင္သစ္လိဂန္ကလပ္ လီယြန္အသင္းက ပယ္ခ်လိုက္တာေၾကာင့္ နည္းျပ တူဟယ္လ္အတြက္ တျခားပစ္မွတ္ေတြျဖစ္တဲ့ လူကာ ဒီညီနဲ႔ ဆာဂ်င္ညိဳ ဒက္စ္တို႔ကို သူမ်ားေတြ မဦးခင္ ႀကိဳးစားရဖို႔ ရွိလာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.