Analysis Article Premier League Transfer News

ဘယ်နောက်ခံအတွက် ချဲလ်ဆီးတို့ ဘယ်သူနဲ့ အဆုံးသတ်သွားနိုင်သလဲ

ချဲလ်ဆီးတို့အနေနဲ့ ဒီရာသီမှာ ဘယ်နောက်ခံလူ ဘန် ချေးလ်ဝဲလ် ဒဏ်ရာရသွားရာကနေ ရလဒ်တွေ ဆက်တိုက် ထိုးကျခဲ့ပြီး ပရီးမီးယားလိဂ်ကို ဦးဆောင်နေရာကနေ လက်လွှတ်ခဲ့ရသလို အကောင်းဆုံးပုံစံကနေ အင်အားချိနဲ့သွားခဲ့ချိန်မှာ ပြန်လည်အစားထိုးဖို့ကတော့ ထင်သလောက် မလွယ်ကူဘဲ
စဉ်းစားစရာတွေ များနေခဲ့တာဖြစ်ပါတယ်။

ရိုမီလူ လူကာကူးကို ခေါ်ယူထားလို့ ဘတ်ဂျက် သိပ်သုံးဖို့ မရှိတာက သူတို့ရဲ့ လူသစ်ခေါ်နိုင်စွမ်းကို အကန့်အသတ်ဖြစ်စေပြီး ပွဲတိုင်းကိုလည်း မားကို့စ် အလွန်ဆိုနဲ့ပဲ လွှတ်ထားလို့ မရတဲ့ အချိန်မှာ နည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ကစားသမားသစ်တစ်ဦး ခေါ်သင့်ခေါ်ထိုက်နေပေမယ့် အမှားအယွင်း မဖြစ်အောင် တွက်ချက်စဉ်းစားရမှာဖြစ်ပြီး ဖြစ်နိုင်ဖွယ် ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။

၁။ လူကာ ဒီညီ
အက်စတန်ဗီလာနဲ့ နာမည်ထွက်နေတဲ့ ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမယ့် နေရာနဲ့ ဆုဖလားတွေကို ဆွတ်ခူးနိုင်မယ့် နေရာ ဘယ်ကို ရွေးချယ်မယ်ဆိုတာက စဉ်းစားစရာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ချဲလ်ဆီးဘက်က တရားဝင် ကမ်းလှမ်းမှု မရှိသေးသလို အဲဗာတန်ဘက်က အပြီးသတ် ရောင်းချချင်နေလို့ စတမ်းဖို့ဒ်ဘရစ်ချ်ဘက် ရောက်လာဖို့ ခက်ခဲနေခဲ့တာပါ။

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်ပံ့ပိုးမှုအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဒီညီဟာ ချဲလ်ဆီးအသင်းမှာ ချေးလ်ဝဲလ်နေရာကို ချက်ချင်း ကောက်ဝင်နိုင်မယ့် ကစားသမားတစ်ဦးဖြစ်ပြီး ခံစစ်မှာလည်း တန်းဝင်တဲ့ သူအဖြစ် ပိုတောင် ကောင်းလာနိုင်သလို သူအစားထိုးရမယ့်သူနဲ့ နှိုင်းယှဉ်ရင် မြန်နှုန်းကလေး မဆိုစလောက်သာ နိမ့်နေတာမို့ အကောင်းဆုံးရွေးချယ်မှုဖြစ်နိုင်ပြီး မာရီနာ ဘာလုပ်မလဲပဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၂။ ဆာဂျင်ညို ဒက်စ်
ဘာစီလိုနာအသင်းကနေ ရောင်းထုတ်ချင်နေတဲ့ အသက် ၂၁ နှစ်အရွယ် အမေရိကန်နောက်ခံလူအနေနဲ့ ဥရောပရဲ့ တောက်မယ့် မီးခဲလေးတွေထဲက တစ်ခဲဖြစ်ခဲ့ပြီး လက်ရှိမှာတော့ နူးကမ့်မှာ ကစားခွင့် သိပ်မရတဲ့ အခြေအနေအရ အများကြီး တိုးတက်လာခြင်း မရှိသေးပေမယ့် ပရီးမီးယားလိဂ်နဲ့ ဥရောပအသင်းတွေကို ဆွဲဆောင်နိုင်ဆဲ ခြေစွမ်းကို ပိုင်ဆိုင်ထားပါတယ်။

ခံစစ်ညာတောင်ပံမှာတင် မဟုတ်ဘဲ ဘယ်တောင်ပံမှာလည်း ကစားနိုင်ပြီး လိုအပ်ရင် တိုက်စစ်တောင်ပံသမားအဖြစ်ပါ အသုံးတော်ခံနိုင်ပြီး ဒီအချက်က တူဟယ်လ်အတွက် ရီးစ် ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ နေရာတွေကို တစ်ယောက်တည်းနဲ့ ဖြည့်ဆည်းနိုင်မှာဖြစ်တာကြောင့် ဘာစီလိုနာတို့ဘက်က ရောင်းချချနေချိန်မှာ ပေါင်သန်း ၂၀ ကျော်တော့ ပေးချေရဖို့ ရှိနေပါတယ်။

၃။ အီမာဆန် ပယ်လ်မီယာရီ
လီယွန်အသင်းကို တစ်ရာသီ အငှားချထားခဲ့တဲ့ ဘရာဇီးလ်နွယ်ဖွား အီတလီသား နောက်ခံလူဟာ ပုံမှန်ကစားခွင့်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းမှာလည်း နေရာတစ်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်သူဖြစ်ပါတယ်။ ပြင်သစ်လိဂန်မှာ ၁၆ ပွဲကစား ၁ ဂိုးသွင်းယူထားခဲ့တဲ့ နောက်ခံလူဟာ ချဲလ်ဆီးတို့အနေနဲ့ လက်လှမ်းမီတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကိုယ့်လူကို ကိုယ်ပြန်ခေါ်တာက ပိုမိုလွယ်ကူဖို့လည်း ရှိနေတာပါ။

အီမာဆန်အတွက် ချဲလ်ဆီးတို့အနေနဲ့ အငှားစာချုပ်ကို ပြန်လည်ဖျက်သိမ်းဖို့ လျော်ကြေးသဘောတူညီမှု ရရှိနိုင်အောင် ကြိုးစားနေပြီး အသက် ၂၇ နှစ်အရွယ် နောက်ခံလူအနေနဲ့လည်း လိဂန်အဆင့် ၁၁ မှာ ရုန်းကန်နေရတဲ့ အသင်းထက် မိခင်အသင်းကို ပြန်လာဖို့ကတော့ ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာလည်းဖြစ်နေခဲ့တာကြောင့် အေဘရာမိုဗစ်ချ် ကပ်စေးနဲခဲ့ရင် သူနဲ့ပဲ ဇာတ်ပေါင်းရဖို့ များနေပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ လက်ရှိမှာ မားကို့စ် အလွန်ဆိုနဲ့အတူ ဘယ်ခြမ်းခံစစ်အတွက် ဖလားပွဲတွေမှာ အသုံးပြုခံခဲ့ရပြီး ချက်စတာဖီးလ်နဲ့ပွဲမှာ လူကာကူးအတွက် တစ်ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ် လူးဝစ် ဟောလ်ကိုလည်း ဆက်လက်သုံးစွဲနိုင်ပြီး ကျောနံပါတ် ၇၅ ပိုင်ရှင် အနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာပဲ အခွင့်အရေးပိုရနိုင်မလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးတို႔အေနနဲ႔ ဒီရာသီမွာ ဘယ္ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ ဒဏ္ရာရသြားရာကေန ရလဒ္ေတြ ဆက္တိုက္ ထိုးက်ခဲ့ၿပီး ပရီးမီးယားလိဂ္ကို ဦးေဆာင္ေနရာကေန လက္လႊတ္ခဲ့ရသလို အေကာင္းဆုံးပုံစံကေန အင္အားခ်ိနဲ႔သြားခဲ့ခ်ိန္မွာ ျပန္လည္အစားထိုးဖို႔ကေတာ့ ထင္သေလာက္ မလြယ္ကူဘဲ
စဥ္းစားစရာေတြ မ်ားေနခဲ့တာျဖစ္ပါတယ္။

႐ိုမီလူ လူကာကူးကို ေခၚယူထားလို႔ ဘတ္ဂ်က္ သိပ္သုံးဖို႔ မရွိတာက သူတို႔ရဲ႕ လူသစ္ေခၚႏိုင္စြမ္းကို အကန႔္အသတ္ျဖစ္ေစၿပီး ပြဲတိုင္းကိုလည္း မားကို႔စ္ အလြန္ဆိုနဲ႔ပဲ လႊတ္ထားလို႔ မရတဲ့ အခ်ိန္မွာ နည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ကစားသမားသစ္တစ္ဦး ေခၚသင့္ေခၚထိုက္ေနေပမယ့္ အမွားအယြင္း မျဖစ္ေအာင္ တြက္ခ်က္စဥ္းစားရမွာျဖစ္ၿပီး ျဖစ္ႏိုင္ဖြယ္ ကစားသမားေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ လူကာ ဒီညီ
အက္စတန္ဗီလာနဲ႔ နာမည္ထြက္ေနတဲ့ ကစားသမားအေနနဲ႔ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ရမယ့္ ေနရာနဲ႔ ဆုဖလားေတြကို ဆြတ္ခူးႏိုင္မယ့္ ေနရာ ဘယ္ကို ေ႐ြးခ်ယ္မယ္ဆိုတာက စဥ္းစားစရာျဖစ္ၿပီး လက္ရွိအခ်ိန္အထိေတာ့ ခ်ဲလ္ဆီးဘက္က တရားဝင္ ကမ္းလွမ္းမႈ မရွိေသးသလို အဲဗာတန္ဘက္က အၿပီးသတ္ ေရာင္းခ်ခ်င္ေနလို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္ဘက္ ေရာက္လာဖို႔ ခက္ခဲေနခဲ့တာပါ။

ပရီးမီးယားလိဂ္ရဲ႕ တိုက္စစ္ပံ့ပိုးမႈအေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္တဲ့ ဒီညီဟာ ခ်ဲလ္ဆီးအသင္းမွာ ေခ်းလ္ဝဲလ္ေနရာကို ခ်က္ခ်င္း ေကာက္ဝင္ႏိုင္မယ့္ ကစားသမားတစ္ဦးျဖစ္ၿပီး ခံစစ္မွာလည္း တန္းဝင္တဲ့ သူအျဖစ္ ပိုေတာင္ ေကာင္းလာႏိုင္သလို သူအစားထိုးရမယ့္သူနဲ႔ ႏႈိင္းယွဥ္ရင္ ျမန္ႏႈန္းကေလး မဆိုစေလာက္သာ နိမ့္ေနတာမို႔ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္ႏိုင္ၿပီး မာရီနာ ဘာလုပ္မလဲပဲ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၂။ ဆာဂ်င္ညိဳ ဒက္စ္
ဘာစီလိုနာအသင္းကေန ေရာင္းထုတ္ခ်င္ေနတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ အေမရိကန္ေနာက္ခံလူအေနနဲ႔ ဥေရာပရဲ႕ ေတာက္မယ့္ မီးခဲေလးေတြထဲက တစ္ခဲျဖစ္ခဲ့ၿပီး လက္ရွိမွာေတာ့ ႏူးကမ့္မွာ ကစားခြင့္ သိပ္မရတဲ့ အေျခအေနအရ အမ်ားႀကီး တိုးတက္လာျခင္း မရွိေသးေပမယ့္ ပရီးမီးယားလိဂ္နဲ႔ ဥေရာပအသင္းေတြကို ဆြဲေဆာင္ႏိုင္ဆဲ ေျခစြမ္းကို ပိုင္ဆိုင္ထားပါတယ္။

ခံစစ္ညာေတာင္ပံမွာတင္ မဟုတ္ဘဲ ဘယ္ေတာင္ပံမွာလည္း ကစားႏိုင္ၿပီး လိုအပ္ရင္ တိုက္စစ္ေတာင္ပံသမားအျဖစ္ပါ အသုံးေတာ္ခံႏိုင္ၿပီး ဒီအခ်က္က တူဟယ္လ္အတြက္ ရီးစ္ ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ ေနရာေတြကို တစ္ေယာက္တည္းနဲ႔ ျဖည့္ဆည္းႏိုင္မွာျဖစ္တာေၾကာင့္ ဘာစီလိုနာတို႔ဘက္က ေရာင္းခ်ခ်ေနခ်ိန္မွာ ေပါင္သန္း ၂၀ ေက်ာ္ေတာ့ ေပးေခ်ရဖို႔ ရွိေနပါတယ္။

၃။ အီမာဆန္ ပယ္လ္မီယာရီ
လီယြန္အသင္းကို တစ္ရာသီ အငွားခ်ထားခဲ့တဲ့ ဘရာဇီးလ္ႏြယ္ဖြား အီတလီသား ေနာက္ခံလူဟာ ပုံမွန္ကစားခြင့္နဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ၿပီး လက္ေ႐ြးစင္အသင္းမွာလည္း ေနရာတစ္ေနရာကို ဆက္လက္ထိန္းသိမ္းထားႏိုင္သူျဖစ္ပါတယ္။ ျပင္သစ္လိဂန္မွာ ၁၆ ပြဲကစား ၁ ဂိုးသြင္းယူထားခဲ့တဲ့ ေနာက္ခံလူဟာ ခ်ဲလ္ဆီးတို႔အေနနဲ႔ လက္လွမ္းမီတဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ကိုယ့္လူကို ကိုယ္ျပန္ေခၚတာက ပိုမိုလြယ္ကူဖို႔လည္း ရွိေနတာပါ။

အီမာဆန္အတြက္ ခ်ဲလ္ဆီးတို႔အေနနဲ႔ အငွားစာခ်ဳပ္ကို ျပန္လည္ဖ်က္သိမ္းဖို႔ ေလ်ာ္ေၾကးသေဘာတူညီမႈ ရရွိႏိုင္ေအာင္ ႀကိဳးစားေနၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ ေနာက္ခံလူအေနနဲ႔လည္း လိဂန္အဆင့္ ၁၁ မွာ ႐ုန္းကန္ေနရတဲ့ အသင္းထက္ မိခင္အသင္းကို ျပန္လာဖို႔ကေတာ့ ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာလည္းျဖစ္ေနခဲ့တာေၾကာင့္ ေအဘရာမိုဗစ္ခ်္ ကပ္ေစးနဲခဲ့ရင္ သူနဲ႔ပဲ ဇာတ္ေပါင္းရဖို႔ မ်ားေနပါတယ္။

ခ်ဲလ္ဆီးတို႔အေနနဲ႔ လက္ရွိမွာ မားကို႔စ္ အလြန္ဆိုနဲ႔အတူ ဘယ္ျခမ္းခံစစ္အတြက္ ဖလားပြဲေတြမွာ အသုံးျပဳခံခဲ့ရၿပီး ခ်က္စတာဖီးလ္နဲ႔ပြဲမွာ လူကာကူးအတြက္ တစ္ဂိုးဖန္တီးေပးႏိုင္ခဲ့တဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္ လူးဝစ္ ေဟာလ္ကိုလည္း ဆက္လက္သုံးစြဲႏိုင္ၿပီး ေက်ာနံပါတ္ ၇၅ ပိုင္ရွင္ အေနနဲ႔ ငယ္ငယ္႐ြယ္႐ြယ္မွာပဲ အခြင့္အေရးပိုရႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.