Premier League

ယူနိုက်တက် နောက်တဆင့်တက်နိုင်ဖို့ အကြောင်းအရင်းကို ၂၁၆ စက္ကန့်ကြာ ရှာဖွေခဲ့ရတဲ့ VAR

အက်စ်တန် ဗီလာအသင်းရဲ့ သွင်းဂိုးကို တိုက်စစ်စတင်နေချိန်မှာ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ကျူးလွန်မှုကြောင့် VAR က ၃ မိနစ်ကျော် စစ်ဆေးမှုပြုလုပ်ပြီး အငြင်းပွားဖွယ် ငြင်းပယ်ခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

VAR ဟာ နောက်ထပ်တစ်ကြိမ် မန်ချက်စတာယူနိုက်တက်က အက်စ်တန် ဗီလာကို အနိုင်ရပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ လူပြောစရာ ဖြစ်ခဲ့ပြီး ယူနိုက်တက်ဟာ ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းအစောပိုင်းမှာ အက်စ်တန် ဗီလာကို ချေပဂိုး ပြန်ပေးခဲ့ရပြီလို့ ထင်မြင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒန်နီ အင်းစ်ရဲ့သွင်းဂိုးဟာ လက်ထိဘော၊ လူကျွံဘောနဲ့ ပြစ်ဒဏ်ကျူးလွန်မှုတို့ရှိခဲ့လားဆိုတာကို စစ်ဆေးခြင်းခံခဲ့ရပြီး ၃ မိနစ်နဲ့ ၃၆ စက္ကန့်အကြာ နောက်ဆုံးမှာတော့ ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

VAR ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီလောက် အချိန်အကြာကြီး ယူခဲဲ့ရတာကြောင့် ဘောလုံးပရိသတ်အချို့ဟာ ဒေါသထွက်ခဲ့ကြပြီး အပြစ်မရှိ အပြစ်ရှာဖို့အတွက် ဒီလောက် အချိန်တွေ ယူခဲ့ရတာလို့ ခံစားခဲ့ကြရတာဖြစ်ပါတယ်။ “ဒီရာသီရဲ့ အဆိုးရွားဆုံး VAR ရဲ့ ကြားဝင်မှုပဲ။ ဘာတွေ ဖြစ်နေကြတာလဲကွာ”လို့ မယုံနိုင်ဖြစ်နေတဲ့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “VAR က ဂိုးကို ခွင့်မပြုရဖို့အတွက် အကြောင်းအရင်း ရှာဖို့အတွက် ကြိုးစားနေတယ်လို့ ခံစားရတယ်။ ခင်ဗျား အနီးကပ် သေချာကြည့်မယ်ဆိုရင် ဂိုးအများစုနဲ့ပတ်သက်ပြီး တစ်စုံတရာကတော့ လွဲမှားနေတာ ရှိကောင်း ရှိပါလိမ့်မယ်”လို့ အခြား ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အက်စ်တန် ဗီလာအသင်းတို့ရဲ့ပွဲစဉ်ကို BBC အတွက် စီစဉ်တင်ဆက်ပေးနေတဲ့ အင်္ဂလန်ဂန္တဝင် ဂယ်ရီ လိုင်နီကာကလည်း “VAR ရဲ့ ထူးဆန်းတဲ့ ကြားဝင်မှုပဲ။ ဂိုးကို ငြင်းပယ်ဖို့အတွက် အကြောင်းအရင်းအချို့ကို ရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပုံပဲ။ ဒီကြားဝင်မှု ပြုလုပ်ဖို့အတွက် လုံလောက်တယ်ဆိုတဲ့ အနီးအနားလေးတောင် ရှိရဲ့လား မသေချာဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂိုးကို ခွင့်မပြုဖို့အတွက် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး ဘာလို့လဲဆိုရင် အက်စ်တန် ဗီလာ ကွင်းလယ်ကစားသမား ဂျေကော့ဘ် ရမ်းဆေးက လူကျွံအနေအထားမှာ ရပ်နေပြီး ပင်နယ်တီဧရိယာထဲ ပြေးဝင်ဖို့ ကြိုးပမ်းခဲ့တဲ့ ကာဗာနီရဲ့ ပြေးလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့တာကြောင့်ဖြစ်ပါတယ်။

ပရိသတ်တစ်ဦးရဲ့ ပြောကြားချက်အရ စတီဗင် ဂျရတ်ရဲ့ အသင်းဟာ မကြာသေးခင်က လက်စတာစီးတီးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ တရားမဝင်တဲ့ အလွတ်တည်ကန်ဘော လုပ်ရိုးလုပ်စဉ်ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ဂိုးကို ခွင့်မပြုခဲ့တာလဲဆိုတဲ့ ရှင်းလင်းချက်မျိုးပေးနိုင်ခဲ့တာတောင်မှ ပရိသတ်အချို့က VAR ဟာ အက်ဖ်အေဖလားပွဲစဉ်တွေမှာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ အိမ်ကွင်းပွဲစဉ်မှာသာ အသုံးပြုနေတယ်ဆိုတဲ့ အကြောင်းအရာကြောင့် ဒေါသထွက်ခဲ့ကြပါတယ်။

အင်္ဂလန်ဂန္တဝင်တိုက်စစ်မှူး အလန် ရှီးယားရားက “ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ VAR ကို အသုံးမပြုသင့်ဘူး။ တကယ်လို့ ကျွန်တော်တို့ VAR ကို အက်ဖ်အေဖလားပွဲစဉ်တိုင်းမှာ အသုံးမပြုနိုင်ဘူးဆိုရင် ဘယ်နေရာမှာမှ မသုံးသင့်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါက ပရီးမီးယားလိဂ်အသင်းတွေအတွက်ပဲဆိုတာ ကျွန်တော် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စနေနေ့က ဟားလ် စီးတီးနဲ့ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာတုန်းက သူတို့တွေ(ဟားလ်) VAR သာ ရှိနေခဲ့ရင် ပင်နယ်တီ ၂ ကြိမ်လောက် ရခဲ့မှာပါ။ သူတို့တွေ အဲဒီ ပင်နယ်တီတွေ မရခဲ့တဲ့အတွက် အက်ဖ်အေဖလားပြိုင်ပွဲကနေ ပြုတ်သွားခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

အလန် ရှီးယားရားနဲ့အတူ ဘောလုံးဝေဖန်သုံးသပ်သူ ပြုလုပ်နေတဲ့ မီကာ ရစ်ချက်ကလည်း “သူတို့တွေ အဲဒီဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ ယာကော့ဘ် ရမ်းဆေးက အဲဒီမှာ ရပ်နေခဲ့တယ်။ သူက ကာဗာနီကို တားဆီးခဲ့တယ်ဆိုပေမယ့် ခင်ဗျား သူ(ကာဗာနီ) အဲဒီကို သွားလိမ့်မယ်ဆိုတာ ကြိုမှ မသိနိုင်တာ။ ကာဗာနီ ပင်နယ်တီဧရိယာထဲကို သွားတဲ့အချိန်မှာ သူ့ကို သူ မဆွဲထားခဲ့တာ အတိအကျပဲ။ သူ့ကိုယ်သူ အားတင်းထားပြီး သူ ဘေးကို ခြေလှမ်းလှမ်းလိုက်ပြီး ကာဗာနီက သူ့ဆီ ပြေးဝင်လာခဲ့တာပါ။ ဆုံးဖြတ်ချက် ချမှတ်ဖို့အတွက် အချိန်အကြာကြီး ယူခဲ့ရတာကတော့ ရယ်စရာ ကောင်းပါတယ်။ မျှတမှုက ရှိသင့်သလောက် မရှိခဲ့ဘူး။ ကျွန်တော် ဆိုလိုတာက သူတို့တွေ ဒီကိစ္စတစ်ခုမှာတော့ ဒီလို ဆုံးဖြတ်ပြီး နောက်တစ်ခုမှာတော့ အဲဒီလို မဆုံးဖြတ်လို့ ဘယ်လိုလုပ်ရမှာလဲ။ အဲဒါက တရားမျှတမှု မရှိပါဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အက္စ္တန္ ဗီလာအသင္းရဲ့ သြင္းဂိုးကို တိုက္စစ္စတင္ေနခ်ိန္မွာ က်ဴးလြန္ခဲ့တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ VAR က ၃ မိနစ္ေက်ာ္ စစ္ေဆးမႈျပဳလုပ္ၿပီး အျငင္းပြားဖြယ္ ျငင္းပယ္ခဲ့တဲ့အတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

VAR ဟာ ေနာက္ထပ္တစ္ႀကိမ္ မန္ခ်က္စတာယူနိုက္တက္က အက္စ္တန္ ဗီလာကို အနိုင္ရၿပီး အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္နိုင္ခဲ့တဲ့ပြဲစဥ္မွာ လူေျပာစရာ ျဖစ္ခဲ့ၿပီး ယူနိုက္တက္ဟာ ပထမပိုင္းမွာ ဦးေဆာင္ထားနိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္းအေစာပိုင္းမွာ အက္စ္တန္ ဗီလာကို ေခ်ပဂိုး ျပန္ေပးခဲ့ရၿပီလို႔ ထင္ျမင္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဒန္နီ အင္းစ္ရဲ့သြင္းဂိုးဟာ လက္ထိေဘာ၊ လူကၽြံေဘာနဲ႔ ျပစ္ဒဏ္က်ဴးလြန္မႈတို႔ရွိခဲ့လားဆိုတာကို စစ္ေဆးျခင္းခံခဲ့ရၿပီး ၃ မိနစ္နဲ႔ ၃၆ စကၠန႔္အၾကာ ေနာက္ဆုံးမွာေတာ့ ဂိုးအျဖစ္ ခြင့္ျပဳဖို႔ ျငင္းပယ္ျခင္းခံခဲ့ရပါတယ္။

VAR ရဲ့ ဆုံးျဖတ္ခ်က္ဟာ ဒီေလာက္ အခ်ိန္အၾကာႀကီး ယူခဲဲ့ရတာေၾကာင့္ ေဘာလုံးပရိသတ္အခ်ိဳ႕ဟာ ေဒါသထြက္ခဲ့ၾကၿပီး အျပစ္မရွိ အျပစ္ရွာဖို႔အတြက္ ဒီေလာက္ အခ်ိန္ေတြ ယူခဲ့ရတာလို႔ ခံစားခဲ့ၾကရတာျဖစ္ပါတယ္။ “ဒီရာသီရဲ့ အဆိုးရြားဆုံး VAR ရဲ့ ၾကားဝင္မႈပဲ။ ဘာေတြ ျဖစ္ေနၾကတာလဲကြာ”လို႔ မယုံနိုင္ျဖစ္ေနတဲ့ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “VAR က ဂိုးကို ခြင့္မျပဳရဖို႔အတြက္ အေၾကာင္းအရင္း ရွာဖို႔အတြက္ ႀကိဳးစားေနတယ္လို႔ ခံစားရတယ္။ ခင္ဗ်ား အနီးကပ္ ေသခ်ာၾကည့္မယ္ဆိုရင္ ဂိုးအမ်ားစုနဲ႔ပတ္သက္ၿပီး တစ္စုံတရာကေတာ့ လြဲမွားေနတာ ရွိေကာင္း ရွိပါလိမ့္မယ္”လို႔ အျခား ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္နဲ႔ အက္စ္တန္ ဗီလာအသင္းတို႔ရဲ့ပြဲစဥ္ကို BBC အတြက္ စီစဥ္တင္ဆက္ေပးေနတဲ့ အဂၤလန္ဂႏၲဝင္ ဂယ္ရီ လိုင္နီကာကလည္း “VAR ရဲ့ ထူးဆန္းတဲ့ ၾကားဝင္မႈပဲ။ ဂိုးကို ျငင္းပယ္ဖို႔အတြက္ အေၾကာင္းအရင္းအခ်ိဳ႕ကို ရွာေဖြဖို႔ စိတ္ပိုင္းျဖတ္ထားခဲ့ပုံပဲ။ ဒီၾကားဝင္မႈ ျပဳလုပ္ဖို႔အတြက္ လုံေလာက္တယ္ဆိုတဲ့ အနီးအနားေလးေတာင္ ရွိရဲ့လား မေသခ်ာဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဂိုးကို ခြင့္မျပဳဖို႔အတြက္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ၿပီး ဘာလို႔လဲဆိုရင္ အက္စ္တန္ ဗီလာ ကြင္းလယ္ကစားသမား ေဂ်ေကာ့ဘ္ ရမ္းေဆးက လူကၽြံအေနအထားမွာ ရပ္ေနၿပီး ပင္နယ္တီဧရိယာထဲ ေျပးဝင္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ကာဗာနီရဲ့ ေျပးလမ္းေၾကာင္းကို ပိတ္ဆို႔ထားခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ပရိသတ္တစ္ဦးရဲ့ ေျပာၾကားခ်က္အရ စတီဗင္ ဂ်ရတ္ရဲ့ အသင္းဟာ မၾကာေသးခင္က လက္စတာစီးတီးနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ အသုံးျပဳခဲ့တဲ့ တရားမဝင္တဲ့ အလြတ္တည္ကန္ေဘာ လုပ္ရိုးလုပ္စဥ္ကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ဘာေၾကာင့္ ဂိုးကို ခြင့္မျပဳခဲ့တာလဲဆိုတဲ့ ရွင္းလင္းခ်က္မ်ိဳးေပးနိုင္ခဲ့တာေတာင္မွ ပရိသတ္အခ်ိဳ႕က VAR ဟာ အက္ဖ္ေအဖလားပြဲစဥ္ေတြမွာ ပရီးမီးယားလိဂ္အသင္းေတြရဲ့ အိမ္ကြင္းပြဲစဥ္မွာသာ အသုံးျပဳေနတယ္ဆိုတဲ့ အေၾကာင္းအရာေၾကာင့္ ေဒါသထြက္ခဲ့ၾကပါတယ္။

အဂၤလန္ဂႏၲဝင္တိုက္စစ္မႉး အလန္ ရွီးယားရားက “ကၽြန္ေတာ္တို႔ ဒီၿပိဳင္ပြဲမွာ VAR ကို အသုံးမျပဳသင့္ဘူး။ တကယ္လို႔ ကၽြန္ေတာ္တို႔ VAR ကို အက္ဖ္ေအဖလားပြဲစဥ္တိုင္းမွာ အသုံးမျပဳနိုင္ဘူးဆိုရင္ ဘယ္ေနရာမွာမွ မသုံးသင့္တာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ အဲဒါက ပရီးမီးယားလိဂ္အသင္းေတြအတြက္ပဲဆိုတာ ကၽြန္ေတာ္ နားလည္ေပးနိုင္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ စေနေန႔က ဟားလ္ စီးတီးနဲ႔ အဲဗာတန္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာတုန္းက သူတို႔ေတြ(ဟားလ္) VAR သာ ရွိေနခဲ့ရင္ ပင္နယ္တီ ၂ ႀကိမ္ေလာက္ ရခဲ့မွာပါ။ သူတို႔ေတြ အဲဒီ ပင္နယ္တီေတြ မရခဲ့တဲ့အတြက္ အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ျပဳတ္သြားခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အလန္ ရွီးယားရားနဲ႔အတူ ေဘာလုံးေဝဖန္သုံးသပ္သူ ျပဳလုပ္ေနတဲ့ မီကာ ရစ္ခ်က္ကလည္း “သူတို႔ေတြ အဲဒီျဖစ္စဥ္ကို ျပန္ၾကည့္တဲ့အခါမွာ ယာေကာ့ဘ္ ရမ္းေဆးက အဲဒီမွာ ရပ္ေနခဲ့တယ္။ သူက ကာဗာနီကို တားဆီးခဲ့တယ္ဆိုေပမယ့္ ခင္ဗ်ား သူ(ကာဗာနီ) အဲဒီကို သြားလိမ့္မယ္ဆိုတာ ႀကိဳမွ မသိနိုင္တာ။ ကာဗာနီ ပင္နယ္တီဧရိယာထဲကို သြားတဲ့အခ်ိန္မွာ သူ႔ကို သူ မဆြဲထားခဲ့တာ အတိအက်ပဲ။ သူ႔ကိုယ္သူ အားတင္းထားၿပီး သူ ေဘးကို ေျခလွမ္းလွမ္းလိုက္ၿပီး ကာဗာနီက သူ႔ဆီ ေျပးဝင္လာခဲ့တာပါ။ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔အတြက္ အခ်ိန္အၾကာႀကီး ယူခဲ့ရတာကေတာ့ ရယ္စရာ ေကာင္းပါတယ္။ မၽွတမႈက ရွိသင့္သေလာက္ မရွိခဲ့ဘူး။ ကၽြန္ေတာ္ ဆိုလိုတာက သူတို႔ေတြ ဒီကိစၥတစ္ခုမွာေတာ့ ဒီလို ဆုံးျဖတ္ၿပီး ေနာက္တစ္ခုမွာေတာ့ အဲဒီလို မဆုံးျဖတ္လို႔ ဘယ္လိုလုပ္ရမွာလဲ။ အဲဒါက တရားမၽွတမႈ မရွိပါဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.