Premier League Transfer News

ဗလာဟိုဗစ်ချ်အတွက် အာတီတာပါလာပြီး ကွင်းလယ်ခေါ်ဖို့ပါ အရေးကြီးနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဖီအိုရင်တီးနားအသင်းရဲ့ တိုက်စစ်မှူး ဒူရှန် ဗလာဟိုဗစ်ချ်ကို ခေါ်ယူဖို့အတွက် တာဝန်ရှိသူတွေက နည်းပြ မီခယ်လ် အာတီတာကိုပါ ကစားသမားနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး စည်းရုံးပေးဖို့ အလိုရှိနေသလို ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ အမြန်ဆုံး အပြီးသတ် စာချုပ်နိုင်ဖို့ အလိုရှိနေပါတယ်။

အီတလီ စီးရီးအေ ပွဲ ၂၀ မှာ ၁၆ ဂိုး သွင်းယူထားတဲ့ ဆားဘီးယားသားဟာ သူ့အလုပ်ဖြစ်တဲ့ ဂိုးသွင်းဖို့ကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ကောင်းကောင်းသိသူဖြစ်ပြီး ပုံစံမျိုးစုံနဲ့ ဂိုးသွင်းယူနိုင်ခဲ့သလို သူ့ကို အာဆင်နယ်အသင်းအပြင် တော့တင်ဟမ် ဟော့စပါးစ်အသင်းကပါ အသည်းအသန် အလိုရှိနေခဲ့တာပါ။

ဂန်းနားတွေအနေနဲ့တော့ သူ့အတွက် ဖီအိုရင်တီးနားအသင်းဘက်က လက်ခံနိုင်မယ့် အပြောင်းအရွှေ့သဘောတူညီချက်ဖြစ်တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရား+ ယူရို ၅၅ သန်း (ပေါင် ၄၆ သန်း) ပေးချေမယ်ဆိုတာက လှည့်ကြည့်စရာ မလိုတော့ချိန်မှာ ဗလာဟိုဗစ်ချ်အတွက်တော့ ခက်ခက်ခဲခဲ စည်းရုံးရဖို့ ရှိနေခဲ့ပါတယ်။

ဆားဘီးယားသားအနေနဲ့ မြောက်လန်ဒန်မှာ တစ်ပတ်လုပ်ခ အခွန်ဆောင်ပြီး ပေါင် ၁၆၀၀၀၀ တောင်းဆိုထားတယ်လို့ သတင်းထွက်နေခဲ့သလို ဒီပမာဏက အာဆင်နယ်တို့အတွက် တစ်ပတ်ကို ပေါင်သုံးသိန်းကျော် ကုန်ကျနိုင်တာလည်းဖြစ်ချိန်မှာ အေးဂျင့်ခအတွက်တော့ ပေါင် ၁၅ သန်းအထိ ပေးချေရမှာကြောင့် ကြိုးစားမှုတွေ အလဟဿမဖြစ်ဖို့ နည်းပြ အာတီတာကိုပါ စည်းရုံးစေဖို့ ခရိုယန်ကီတို့က အလိုရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်တို့အတွက် အရေးအကြီးဆုံးကတော့ ဒီနေရာ မဟုတ်ဘဲ နော့တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ မြင်ခဲ့ရတဲ့ ပုံစံအရတော့ ကွင်းလယ်မှာ ဘယ်လိုမှ ထိန်းချုပ်ကိုင်တွယ်ပေးမယ့်သူ မရှိတာက ပြဿနာဖြစ်နေချိန်မှာ သူတို့တွေအနေနဲ့ ဒီနေရာအတွက် ကစားသမား ၄ ဦးလောက်ကို လျာထားနေတာလို့ ထိပ်တန်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

ပီအက်စ်ဂျီအသင်းမှာ နည်းပြ ပိုချက်တီနိုရဲ့ နေရာသိပ်ပေးခြင်းမခံရတဲ့ ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ကို ၆ လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ စဉ်းစားနေခဲ့သလို ထိပ်တန်းပစ်မှတ်အဖြစ်တော့ ၂၀၂၀ ဆောင်းရာသီက မရလိုက်တဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဘရူနို ဂီမာရိုင်စ်ကို လီယွန်ဆီကနေ ရရှိနိုင်ဖို့ နည်းစနစ်ဒါရိုက်တာ အီဒူးက ကြိုးစားနေခဲ့တာပါ။

ဒါ့အပြင် ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်ကွင်းလယ်လူ ဒါနီလို ဒေါ့ဆန်တို့စ်ကို ယူရိုသန်း ၂၀ နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး ပရိသတ်တွေကတော့ သူ့ထက် အက်စ်တန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ပိုမိုအလိုရှိနေချိန်မှာ အရန်အစီအစဉ်အဖြစ်တော့ အသင်းနဲ့ ၂၀၂၀ နွေရာသီမှာ လမ်းခွဲသွားခဲ့တဲ့ အာရွန် ရမ်ဆေးကို ဂျူဗင်တပ်စ်ဆီက အငှားနဲ့ ရရှိနိုင်ဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အသင်းရဲ့ ကောင်းမွန်လွန်းတဲ့ စွမ်းဆောင်ရည်လို့ မန်ချက်စတာစီးတီးနဲ့ပွဲမှာ ချီးကျူးခံခဲ့ရအပြီး ဖောရက်စ်နဲ့ပွဲမှာ စုတ်ပြတ်သွားခဲ့ရတဲ့ ကွင်းလယ်ကို ဖာထေးနိုင်ဖို့အတွက်တော့ အဖျက်ပိုင်းကောင်းမွန်တဲ့ ကစားသမားတစ်ဦးက အလိုအပ်ဆုံးဖြစ်နေတဲ့အတွက် လီယွန်ရဲ့ ဘရူနို ဂီမာရိုင်းစ်က အသင့်တော်ဆုံးဖြစ်နေပြီး ဈေးတောင်းကြမ်းတဲ့ ပြင်သစ်ကလပ်ဘက်ကတော့ ယူရို ၄၅ သန်း အလိုရှိနေတယ်လို့ အသံထွက်နေခဲ့တာပါ။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ထိပ်တန်းပစ်မှတ်နှစ်ခုဖြစ်တဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်ချ်နဲ့ ကွင်းလယ်လူ ဘရူနို ဂီမာရိုင်းစ်တို့ နှစ်ဦးနဲ့ ဝါရင့်အငှားပစ်မှတ်နှစ်ဦးဖြစ်ကြတဲ့ ရမ်ဆေးနဲ့ ဗိုင်နယ်လ်ဒွမ်တို့တွေထဲက ဘယ်သူတွေ အရင်ရောက်လာနိုင်မလဲတော့ စောင့်ကြည့်ရမှာဖြစ်ပြီး အဆင့်လေးအတွက် ငွေသုံးဖို့ သေချာနေတဲ့ ဂန်းနားတွေအတွက်တော့ ရင်ခုန်စရာအကြောင်းတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဖီအိုရင္တီးနားအသင္းရဲ႕ တိုက္စစ္မႉး ဒူရွန္ ဗလာဟိုဗစ္ခ်္ကို ေခၚယူဖို႔အတြက္ တာဝန္ရွိသူေတြက နည္းျပ မီခယ္လ္ အာတီတာကိုပါ ကစားသမားနဲ႔ တိုက္႐ိုက္ဆက္သြယ္ၿပီး စည္း႐ုံးေပးဖို႔ အလိုရွိေနသလို ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလအတြင္းမွာ အျမန္ဆုံး အၿပီးသတ္ စာခ်ဳပ္ႏိုင္ဖို႔ အလိုရွိေနပါတယ္။

အီတလီ စီးရီးေအ ပြဲ ၂၀ မွာ ၁၆ ဂိုး သြင္းယူထားတဲ့ ဆားဘီးယားသားဟာ သူ႔အလုပ္ျဖစ္တဲ့ ဂိုးသြင္းဖို႔ကို ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာ ေကာင္းေကာင္းသိသူျဖစ္ၿပီး ပုံစံမ်ိဳးစုံနဲ႔ ဂိုးသြင္းယူႏိုင္ခဲ့သလို သူ႔ကို အာဆင္နယ္အသင္းအျပင္ ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းကပါ အသည္းအသန္ အလိုရွိေနခဲ့တာပါ။

ဂန္းနားေတြအေနနဲ႔ေတာ့ သူ႔အတြက္ ဖီအိုရင္တီးနားအသင္းဘက္က လက္ခံႏိုင္မယ့္ အေျပာင္းအေ႐ႊ႕သေဘာတူညီခ်က္ျဖစ္တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရား+ ယူ႐ို ၅၅ သန္း (ေပါင္ ၄၆ သန္း) ေပးေခ်မယ္ဆိုတာက လွည့္ၾကည့္စရာ မလိုေတာ့ခ်ိန္မွာ ဗလာဟိုဗစ္ခ်္အတြက္ေတာ့ ခက္ခက္ခဲခဲ စည္း႐ုံးရဖို႔ ရွိေနခဲ့ပါတယ္။

ဆားဘီးယားသားအေနနဲ႔ ေျမာက္လန္ဒန္မွာ တစ္ပတ္လုပ္ခ အခြန္ေဆာင္ၿပီး ေပါင္ ၁၆၀၀၀၀ ေတာင္းဆိုထားတယ္လို႔ သတင္းထြက္ေနခဲ့သလို ဒီပမာဏက အာဆင္နယ္တို႔အတြက္ တစ္ပတ္ကို ေပါင္သုံးသိန္းေက်ာ္ ကုန္က်ႏိုင္တာလည္းျဖစ္ခ်ိန္မွာ ေအးဂ်င့္ခအတြက္ေတာ့ ေပါင္ ၁၅ သန္းအထိ ေပးေခ်ရမွာေၾကာင့္ ႀကိဳးစားမႈေတြ အလဟႆမျဖစ္ဖို႔ နည္းျပ အာတီတာကိုပါ စည္း႐ုံးေစဖို႔ ခ႐ိုယန္ကီတို႔က အလိုရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္တို႔အတြက္ အေရးအႀကီးဆုံးကေတာ့ ဒီေနရာ မဟုတ္ဘဲ ေနာ့တင္ဟမ္ေဖာရက္စ္နဲ႔ပြဲမွာ ျမင္ခဲ့ရတဲ့ ပုံစံအရေတာ့ ကြင္းလယ္မွာ ဘယ္လိုမွ ထိန္းခ်ဳပ္ကိုင္တြယ္ေပးမယ့္သူ မရွိတာက ျပႆနာျဖစ္ေနခ်ိန္မွာ သူတို႔ေတြအေနနဲ႔ ဒီေနရာအတြက္ ကစားသမား ၄ ဦးေလာက္ကို လ်ာထားေနတာလို႔ ထိပ္တန္းသတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီအသင္းမွာ နည္းျပ ပိုခ်က္တီႏိုရဲ႕ ေနရာသိပ္ေပးျခင္းမခံရတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ကို ၆ လအငွားစာခ်ဳပ္နဲ႔ ေခၚယူဖို႔ စဥ္းစားေနခဲ့သလို ထိပ္တန္းပစ္မွတ္အျဖစ္ေတာ့ ၂၀၂၀ ေဆာင္းရာသီက မရလိုက္တဲ့ ဘရာဇီးလ္ကြင္းလယ္လူ ဘ႐ူႏို ဂီမာ႐ိုင္စ္ကို လီယြန္ဆီကေန ရရွိႏိုင္ဖို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးက ႀကိဳးစားေနခဲ့တာပါ။

ဒါ့အျပင္ ဘရာဇီးလ္ကလပ္ ပါးလ္မီးရပ္စ္ကြင္းလယ္လူ ဒါနီလို ေဒါ့ဆန္တို႔စ္ကို ယူ႐ိုသန္း ၂၀ နဲ႔ ေခၚယူဖို႔ ႀကိဳးစားေနၿပီး ပရိသတ္ေတြကေတာ့ သူ႔ထက္ အက္စ္တန္ဗီလာကြင္းလယ္လူ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကို ပိုမိုအလိုရွိေနခ်ိန္မွာ အရန္အစီအစဥ္အျဖစ္ေတာ့ အသင္းနဲ႔ ၂၀၂၀ ေႏြရာသီမွာ လမ္းခြဲသြားခဲ့တဲ့ အာ႐ြန္ ရမ္ေဆးကို ဂ်ဴဗင္တပ္စ္ဆီက အငွားနဲ႔ ရရွိႏိုင္ဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။

အသင္းရဲ႕ ေကာင္းမြန္လြန္းတဲ့ စြမ္းေဆာင္ရည္လို႔ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ခ်ီးက်ဴးခံခဲ့ရအၿပီး ေဖာရက္စ္နဲ႔ပြဲမွာ စုတ္ျပတ္သြားခဲ့ရတဲ့ ကြင္းလယ္ကို ဖာေထးႏိုင္ဖို႔အတြက္ေတာ့ အဖ်က္ပိုင္းေကာင္းမြန္တဲ့ ကစားသမားတစ္ဦးက အလိုအပ္ဆုံးျဖစ္ေနတဲ့အတြက္ လီယြန္ရဲ႕ ဘ႐ူႏို ဂီမာ႐ိုင္းစ္က အသင့္ေတာ္ဆုံးျဖစ္ေနၿပီး ေဈးေတာင္းၾကမ္းတဲ့ ျပင္သစ္ကလပ္ဘက္ကေတာ့ ယူ႐ို ၄၅ သန္း အလိုရွိေနတယ္လို႔ အသံထြက္ေနခဲ့တာပါ။

ဒါေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ထိပ္တန္းပစ္မွတ္ႏွစ္ခုျဖစ္တဲ့ တိုက္စစ္မႉး ဗလာဟိုဗစ္ခ်္နဲ႔ ကြင္းလယ္လူ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔ ႏွစ္ဦးနဲ႔ ဝါရင့္အငွားပစ္မွတ္ႏွစ္ဦးျဖစ္ၾကတဲ့ ရမ္ေဆးနဲ႔ ဗိုင္နယ္လ္ဒြမ္တို႔ေတြထဲက ဘယ္သူေတြ အရင္ေရာက္လာႏိုင္မလဲေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အဆင့္ေလးအတြက္ ေငြသုံးဖို႔ ေသခ်ာေနတဲ့ ဂန္းနားေတြအတြက္ေတာ့ ရင္ခုန္စရာအေၾကာင္းေတြကို စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.