Premier League

ဒရာမာတွေ ခင်းနေတဲ့ ဖီးလ် ဂျုံးစ်ကို ဘာလို့ခုထိ အသင်းမှာရှိသေးလဲနားမလည်ဘူးလို့ ပြောလိုက်တဲ့ ဒန်နီ မေးလ်

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ဖီးလ် ဂျုံးစ်ဟာ အသင်းအတွက် ပြန်လည်ကစားပေးခွင့် ရရှိနေပြီဖြစ်ပြီး အသင်းပရိသတ်တွေကို ၎င်းတို့ရဲ့ အားပေးထောက်ခံမှုအတွက် ကျေးဇူးတင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ဝါရင့်နောက်ခံကစားသမားက ဝုလ်ဗ်စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးပြီးနောက်ပိုင်း ဘောလုံးသမားတစ်ယောက်လိုမျိုး ပြန်လည်ခံစားလာရတာ အရမ်းကောင်းမွန်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံကစားသမားဟာ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကမှ အသင်းအတွက် မြက်ခင်းစိမ်းတွေပေါ်ကို ပြန်လည် ခြေချနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဖီးလ် ဂျုံးစ်ဟာ အသင်းအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်က ၁-၀ နဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ဆယ်စုနှစ် တစ်ခုကျော်ကြာအထိ လက်တွဲမဖြုတ်ဘဲ ကစားပေးနေတဲ့ ဖီးလ် ဂျုံးစ်က​ ၎င်းကို ဆက်လက်အားပေးနေတဲ့ ပရိသတ်တွေနဲ့ အနားယူနေစဉ်ကာလအတွင်း ၎င်းကို အကူအညီပေးခဲ့တဲ့အသင်းကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

“ကစားသမားတစ်ယောက်က အကြာကြီး အသင်းထဲ မပါဝင်နိုင်တဲ့အချိန်မှာ အဲဒါက ဘယ်လိုအကြောင်းအရင်းနဲ့မဆို ခက်ခဲပါတယ်။ ကျွန်တော် ပြောနိုင်တဲ့ စကားအကုန်က ဒီအသင်းကို ကျွန်တော် ဘယ်လိုအချိန်မှာမဆို ကိုယ်စားပြုပြီး အသင်းရှပ်ကို ဝတ်ဆင်ထားတဲ့အချိန်တိုင်း ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို လုံးဝပေးဆပ်ထားပါတယ်”

“ကျွန်တော့်ရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေအားလုံးကို ဒီအသင်းအတွက် ကျွန်တော် လုပ်ပေးနေတဲ့ အရာအားလုံးထဲမှာ ရင်းနှီးထားပါတယ်။ ပရိသတ်တွေဆီက ရတဲ့ အားပေးထောက်ခံမှုအားလုံးကို ကျွန်တော် အသိအမှတ်ပြု ကျေးဇူးတင်ပါတယ်။ အဲဒီအတွက် ကျွန်တော် တသက်လုံး ကျေးဇူးတင်နေမှာပါ။ အဲဒါက အံ့အားသင့်စရာကောင်းပါတယ်။ အံ့အားသင့်စရာ အသင်းမှာ ရှိနေရပြီး ကျွန်တော် အဲဒါကိုလည်း ကျေးဇူးတင်နေမှာပါ။ ခင်ဗျား သိလား။ ကျွန်တော် အချိန်အကြာကြီး ကွင်းပြင်ပမှာ နေခဲ့ရပြီး လူစာရင်းထဲမှာ မပါဝင်ခဲ့ရဘူး။ အဲဒီအချိန်တွေက ကြောက်မက်ဖွယ်ကောင်းခဲ့ပေမယ့်လည်း အသင်းဖော်တွေနဲ့ ပြန်ကစားနိုင်တာက ကောင်းမွန်ပါတယ်”

“ကျွန်တော် နောက်ထပ်တစ်ကြိမ် ဘောလုံးသမားတစ်ယောက်လိုမျိုး ခံစားနေရပြီး ဘောလုံးက ခင်ဗျား ခြေထဲမှာရှိနေတာ၊ မိုးစက်တွေနဲ့ မြက်ခင်းတွေကို ခံစားရတာက အရမ်းကောင်းတဲ့ ခံစားချက်ပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း ဒန်နီ မေးလ်က ဖီးလ် ဂျုံးစ်ဟာ မန်ချက်စတာယူနိုက်တက်ကစားသမားအဖြစ်နဲ့ ဆက်ရှိနေသေးတာက ထူးဆန်းပြီး မယုံနိုင်စရာဖြစ်တယ်လို့ ဝေဖန် ပြောဆိုခဲ့ပါတယ်။

ဒန်နီ မေးလ်က ဖီးလ် ဂျုံးစ်အနေနဲ့ ၎င်းရဲ့ ကစားသမားဘဝကို အသက်ပြန်သွင်းပြီး ပုံမှန်ပွဲကစားချိန် ရရှိချင်တယ်ဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ကြာနေခဲ့တဲ့အသင်းကို စွန့်ခွာရမယ်ဆိုတာကို ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ဖီးလ် ဂျုံးစ်ဟာ ဝုလ်ဗ်စ်နဲ့ပွဲမှာ အသင်းအတွက် ပြန်လည် ပါဝင်ကစားပေးခွင့် မရခင် ၂ နှစ်နီးပါး ပထမအသင်းအတွက် ပါဝင်ကစားပေးခွင့်မရဘဲ နေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလကမှ ယူနိုက်တက် ယူ-၂၃ အသင်းနဲ့အတူ ဘောလုံးပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ဝါရင့်နောက်ခံကစားသမားဟာ ဝုလ်ဗ်စ်နဲ့ပွဲချိန်အများစုမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသပြီး ပွဲမကစားတာကြာလို့ ခြေစွမ်း ပျောက်ဆုံးသွားတဲ့ လက္ခဏာမျိုး မပြသခဲ့ပေမယ့်လည်း ဒန်နီ မေးလ်က အင်္ဂလန်နောက်ခံကစားသမားအနေနဲ့ ယူနိုက်တက်ကစားသမားအစြဖ် ဆက်ရှိနေတာက ဘယ်သူ့ကိုမှ အကူအညီဖြစ်စေမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ရိုးရိုးသားသားပြောရရင် သူ ဘယ်လိုလုပ်ပြီး အသင်းမှာ ရှိနေသေးလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူ့မှာ ဒဏ်ရာပြဿနာတွေ ရှိခဲ့တာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူ အဲဒီကနေ လွတ်မြောက်ပြီး ကစားချင်နေခဲ့လိမ့်မယ်ဆိုတာ သေချာပါတယ်”

“သူ အဲဒီမှာ ရှိနေသေးပြီး အငှားနဲ့ပဲဖြစ်ဖြစ် ထွက်ပြီး တစ်နေရာရာမှာ သွားမကစားချင်တာကို ကျွန်တော်ကတော့ ထူးဆန်းပြီး မယုံနိုင်စရာအဖြစ်ပဲ မြင်ပါတယ်။ သူက တစ်ခါတုန်းက အရမ်းကို ထူးခြားတဲ့ကစားသမားဖြစ်ခဲ့ဖူးပေမယ့် သူက ထူးခြားတဲ့ကစားသမားဖြစ်နေသေးလားဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ဘာလို့လဲဆိုတော့ သူ မကစားရတာ အရမ်းကြာနေပြီလေ။ သူ ဘောလုံးကစားရဖို့ လိုအပ်တယ်။ သူက အထူးသဖြင့်တော့ အသက်မကြီးသေးပါဘူး။ အသင်းကထွက်ပြီး ဘောလုံးလေးဘာလေး ကစားစမ်းပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ေနာက္ခံကစားသမား ဖီးလ္ ဂ်ဳံးစ္ဟာ အသင္းအတြက္ ျပန္လည္ကစားေပးခြင့္ ရရွိေနၿပီျဖစ္ၿပီး အသင္းပရိသတ္ေတြကို ၎တို႔ရဲ့ အားေပးေထာက္ခံမႈအတြက္ ေက်းဇူးတင္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ဝါရင့္ေနာက္ခံကစားသမားက ဝုလ္ဗ္စ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးၿပီးေနာက္ပိုင္း ေဘာလုံးသမားတစ္ေယာက္လိုမ်ိဳး ျပန္လည္ခံစားလာရတာ အရမ္းေကာင္းမြန္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အဂၤလန္ေနာက္ခံကစားသမားဟာ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူခဲ့ရသူျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ကမွ အသင္းအတြက္ ျမက္ခင္းစိမ္းေတြေပၚကို ျပန္လည္ ေျခခ်နိုင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။

ဖီးလ္ ဂ်ဳံးစ္ဟာ အသင္းအတြက္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ ျပသနိုင္ခဲ့ေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္က ၁-၀ နဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းကို အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နဲ႔ ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာအထိ လက္တြဲမျဖဳတ္ဘဲ ကစားေပးေနတဲ့ ဖီးလ္ ဂ်ဳံးစ္က​ ၎ကို ဆက္လက္အားေပးေနတဲ့ ပရိသတ္ေတြနဲ႔ အနားယူေနစဥ္ကာလအတြင္း ၎ကို အကူအညီေပးခဲ့တဲ့အသင္းကို ေက်းဇူးတင္စကား ေျပာၾကားခဲ့ပါတယ္။

“ကစားသမားတစ္ေယာက္က အၾကာႀကီး အသင္းထဲ မပါဝင္နိုင္တဲ့အခ်ိန္မွာ အဲဒါက ဘယ္လိုအေၾကာင္းအရင္းနဲ႔မဆို ခက္ခဲပါတယ္။ ကၽြန္ေတာ္ ေျပာနိုင္တဲ့ စကားအကုန္က ဒီအသင္းကို ကၽြန္ေတာ္ ဘယ္လိုအခ်ိန္မွာမဆို ကိုယ္စားျပဳၿပီး အသင္းရွပ္ကို ဝတ္ဆင္ထားတဲ့အခ်ိန္တိုင္း ကၽြန္ေတာ့္မွာ ရွိသမၽွ အရာအားလုံးကို လုံးဝေပးဆပ္ထားပါတယ္”

“ကၽြန္ေတာ့္ရဲ့ ေသြး၊ ေခၽြးနဲ႔ မ်က္ရည္ေတြအားလုံးကို ဒီအသင္းအတြက္ ကၽြန္ေတာ္ လုပ္ေပးေနတဲ့ အရာအားလုံးထဲမွာ ရင္းႏွီးထားပါတယ္။ ပရိသတ္ေတြဆီက ရတဲ့ အားေပးေထာက္ခံမႈအားလုံးကို ကၽြန္ေတာ္ အသိအမွတ္ျပဳ ေက်းဇူးတင္ပါတယ္။ အဲဒီအတြက္ ကၽြန္ေတာ္ တသက္လုံး ေက်းဇူးတင္ေနမွာပါ။ အဲဒါက အံ့အားသင့္စရာေကာင္းပါတယ္။ အံ့အားသင့္စရာ အသင္းမွာ ရွိေနရၿပီး ကၽြန္ေတာ္ အဲဒါကိုလည္း ေက်းဇူးတင္ေနမွာပါ။ ခင္ဗ်ား သိလား။ ကၽြန္ေတာ္ အခ်ိန္အၾကာႀကီး ကြင္းျပင္ပမွာ ေနခဲ့ရၿပီး လူစာရင္းထဲမွာ မပါဝင္ခဲ့ရဘူး။ အဲဒီအခ်ိန္ေတြက ေၾကာက္မက္ဖြယ္ေကာင္းခဲ့ေပမယ့္လည္း အသင္းေဖာ္ေတြနဲ႔ ျပန္ကစားနိုင္တာက ေကာင္းမြန္ပါတယ္”

“ကၽြန္ေတာ္ ေနာက္ထပ္တစ္ႀကိမ္ ေဘာလုံးသမားတစ္ေယာက္လိုမ်ိဳး ခံစားေနရၿပီး ေဘာလုံးက ခင္ဗ်ား ေျခထဲမွာရွိေနတာ၊ မိုးစက္ေတြနဲ႔ ျမက္ခင္းေတြကို ခံစားရတာက အရမ္းေကာင္းတဲ့ ခံစားခ်က္ပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးေနာက္ခံကစားသမားေဟာင္း ဒန္နီ ေမးလ္က ဖီးလ္ ဂ်ဳံးစ္ဟာ မန္ခ်က္စတာယူနိုက္တက္ကစားသမားအျဖစ္နဲ႔ ဆက္ရွိေနေသးတာက ထူးဆန္းၿပီး မယုံနိုင္စရာျဖစ္တယ္လို႔ ေဝဖန္ ေျပာဆိုခဲ့ပါတယ္။

ဒန္နီ ေမးလ္က ဖီးလ္ ဂ်ဳံးစ္အေနနဲ႔ ၎ရဲ့ ကစားသမားဘဝကို အသက္ျပန္သြင္းၿပီး ပုံမွန္ပြဲကစားခ်ိန္ ရရွိခ်င္တယ္ဆိုရင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေနခဲ့တဲ့အသင္းကို စြန႔္ခြာရမယ္ဆိုတာကို ရွင္းလင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဖီးလ္ ဂ်ဳံးစ္ဟာ ဝုလ္ဗ္စ္နဲ႔ပြဲမွာ အသင္းအတြက္ ျပန္လည္ ပါဝင္ကစားေပးခြင့္ မရခင္ ၂ ႏွစ္နီးပါး ပထမအသင္းအတြက္ ပါဝင္ကစားေပးခြင့္မရဘဲ ေနခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ ယူနိုက္တက္ ယူ-၂၃ အသင္းနဲ႔အတူ ေဘာလုံးျပန္ကစားနိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ဝါရင့္ေနာက္ခံကစားသမားဟာ ဝုလ္ဗ္စ္နဲ႔ပြဲခ်ိန္အမ်ားစုမွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသၿပီး ပြဲမကစားတာၾကာလို႔ ေျခစြမ္း ေပ်ာက္ဆုံးသြားတဲ့ လကၡဏာမ်ိဳး မျပသခဲ့ေပမယ့္လည္း ဒန္နီ ေမးလ္က အဂၤလန္ေနာက္ခံကစားသမားအေနနဲ႔ ယူနိုက္တက္ကစားသမားအျစဖ္ ဆက္ရွိေနတာက ဘယ္သူ႔ကိုမွ အကူအညီျဖစ္ေစမွာမဟုတ္ဘူးလို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ရိုးရိုးသားသားေျပာရရင္ သူ ဘယ္လိုလုပ္ၿပီး အသင္းမွာ ရွိေနေသးလဲဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ သူ႔မွာ ဒဏ္ရာျပႆနာေတြ ရွိခဲ့တာ ကၽြန္ေတာ္ သိပါတယ္။ ဒါေပမယ့္ သူ အဲဒီကေန လြတ္ေျမာက္ၿပီး ကစားခ်င္ေနခဲ့လိမ့္မယ္ဆိုတာ ေသခ်ာပါတယ္”

“သူ အဲဒီမွာ ရွိေနေသးၿပီး အငွားနဲ႔ပဲျဖစ္ျဖစ္ ထြက္ၿပီး တစ္ေနရာရာမွာ သြားမကစားခ်င္တာကို ကၽြန္ေတာ္ကေတာ့ ထူးဆန္းၿပီး မယုံနိုင္စရာအျဖစ္ပဲ ျမင္ပါတယ္။ သူက တစ္ခါတုန္းက အရမ္းကို ထူးျခားတဲ့ကစားသမားျဖစ္ခဲ့ဖူးေပမယ့္ သူက ထူးျခားတဲ့ကစားသမားျဖစ္ေနေသးလားဆိုတာကို ကၽြန္ေတာ္တို႔ မသိပါဘူး။ ဘာလို႔လဲဆိုေတာ့ သူ မကစားရတာ အရမ္းၾကာေနၿပီေလ။ သူ ေဘာလုံးကစားရဖို႔ လိုအပ္တယ္။ သူက အထူးသျဖင့္ေတာ့ အသက္မႀကီးေသးပါဘူး။ အသင္းကထြက္ၿပီး ေဘာလုံးေလးဘာေလး ကစားစမ္းပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.