La Liga Premier League

ဟာဇက်က ချဲလ်ဆီးမှာတုန်းက နတ်ဘုရားတစ်ပါးပဲလို့ ပြောခဲ့တဲ့ ဂျယ်ရမီ

ဘယ်လ်ဂျီယမ် တောင်ပံကြယ်ပွင့်ရဲ့ ၂၀၁၉ ခုနှစ်မှာ စပိန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ဟာ ထင်တားတဲ့အတိုင်း အလုပ်မဖြစ်ခဲ့ဘဲ လက်ရှိမှာတော့ ဘာနေဗျူးကနေ ထွက်ခွာဖို့အတွက် ကောလာဟလတွေ ထွက်ပေါ်နေပြီဖြစ်ပါတယ်။

ဟာဇက်ဟာ ၂၀၁၉ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်ကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဟာ ကြီးမားတဲ့အမှားကြီးဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်း ဂျယ်ရမီက ပြောကြားခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာတုန်းက နတ်ဘုရားတစ်ပါးနီးပါး ဖြစ်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက် ၇ ရာသီ ကစားပေးခဲ့တဲ့ ကာလတလျှောက် အီဒင် ဟာဇက်ဟာ ပွဲပေါင်း ၃၅၂ ပွဲမှာ သွင်းဂိုး ၁၁၀ နဲ့ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပြီး အင်္ဂလန်မှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းဖန်တီးရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဟာဇက်ဟာ စပိန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဟာဇက်ရဲ့ ဘာနေဗျူး အိပ်မက်ဟာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်ရမှု၊ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ချက်ချင်း အိပ်မက်ဆိုးဖြစ်ခဲ့ပြီး ဂျယ်ရမီက အသက် ၃၀ အရွယ် တောင်ပံကစားသမားဟာ ဘယ်တုန်းကမှ အနောက်လန်ဒန်ကနေ ထွက်ခွာဖို့ ခွင့်ပြုခြင်း မခံခဲ့ရသင့်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“အရမ်းကောင်းတဲ့ မေးခွန်းပဲ။ အဲဒါကြောင့်ပဲ တခါတလေကျရင် ဘောလုံးကို နားလည်ဖို့ ခက်ခဲတာပါ။ ချဲလ်ဆီးမှာတုန်းက အီဒင် ဟာဇက်က အရမ်းကောင်းမွန်ခဲ့ပြီး ထူးခြားဆန်းကြယ်ခဲ့ပါတယ်။ ကျွန်တော့်အမြင်တော့ ကျွန်တော်သာ အဲဒီအချိန်တုန်းက သူ့အေးဂျင့်ဆိုရင် ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ဖို့ ရောက်လာတဲ့အချိန်ကျရင် လက်ခံမှာမဟုတ်ပါဘူး။ သူက ချဲလ်ဆီးမှာဆိုရင် နတ်ဘုရားတစ်ပါးနီးပါး ဖြစ်ခဲ့တဲ့သူပါ”

“ဒီနေ့ ချဲလ်ဆီးက ဘယ်လိုနည်းနဲ့မှ ရီးရဲလ်မက်ဒရစ်ထက် နိမ့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ချဲလ်ဆီးက အရာအားလုံးမှာ တူညီတဲ့အဆင့်အတန်းမှာ ရှိနေပါတယ်။ ချဲလ်ဆီးသာ ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ကစားမယ်ဆိုရင် သူတို့တွေ တူညီတဲ့ စိတ်ခံယူချက်နဲ့ အကြောက်တရားမရှိဘဲ ကစားသွားပါလိမ့်မယ်။ သူတို့မှာ တောင့်တင်းတဲ့ လူစာရင်း၊ နာမည်ကြီးကစားသမားတွေရှိပါတယ်။ ကျွန်တော်သာဆိုရင်တော့ ချဲလ်ဆီးမှာ ဆက်နေခဲ့မှာပါ။ သူတို့တွေ သူ့ကို တူညီတဲ့ လစာ၊ တူညီတဲ့ အထောက်အကူပစ္စည်းတွေ ပေးပါလိမ့်မယ်။ ရီးရဲလ်ကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ အမှားကြီးပါ”

“ကံဆိုးစွာနဲ့ သူ့အတွက် ကောင်းကောင်း ဖြစ်မလာခဲ့ဘူး။ ကျွန်တော် နားမလည်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့ကို ကောင်းမွန်တဲ့ပုံစံနဲ့ ဆက်သွားမယ်လို့ မျှော်မှန်းထားလို့ပါ။ တစ်ခါတလေကျရင် ခင်ဗျား ရှင်းပြလို့ မရနိုင်တဲ့ အရာတွေလည်း ရှိနေပါတယ်။ သူ့ရဲ့ စိတ်ခံယူချက်၊ စိတ်အားထက်သန်မှုလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲလိုက်တာလားဆိုတာ ကျွန်တော် မသိပါဘူး။ ခင်ဗျား ကြိုးစားပြီး အဖြေကို ရှာရမယ်။ ကျွန်တော် အကြံပေးချင်တာကတော့ ချဲလ်ဆီးကို ပြန်သွားခဲ့သင့်တာ ဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၎င်းတို့ရဲ့ ကြယ်စင်စုအသင်းထဲကို နောက်ထပ်ကြယ်ပွင့်တွေဖြစ်တဲ့ ပီအက်စ်ဂျီစူပါစတား ခီလီယန် အမ်ဘာပေနဲ့ ဂိုးသွင်းကောင်းတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းတို့ကို ထပ်မံဖြည့်တင်းဖို့ လုပ်ဆောင်နေတာကြောင့် ဟာဇက်အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားကောင်း စဉ်းစားရနိုင်ပါတယ်။

ဂျယ်ရမီက ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ စဉ်းစားနေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေကို အီဒင် ဟာဇက်ရဲ့ အနေအထားနဲ့ နှိုင်းယှဉ်ပြီး ပြင်သစ်မှာ ဆရာတစ်ဆူဖြစ်နေပြီးသားဖြစ်တာကြောင့် အသင်းသစ်မှာ ပတ်ဝန်းကျင်အသစ်နဲ့ အသားကျအောင် ရုန်းကန်ရနိုင်တာကြောင့် ဟာလန်းက ပြင်သစ်တိုက်စစ်မှူးထက် ပိုပြီး အပြောင်းအရွှေ့ပြုလုပ်ဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ ယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်ပိုင်းမှာ ကစားသမားကောင်းတွေ အများအပြား ပိုင်ဆိုင်ထားပြီးဖြစ်ပြီး ကာရင် ဘန်ဇီးမားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးကျောနံပါတ် ၉ တွေထဲက တစ်ဦးအဖြစ် ဂုဏ်သတင်းကျော်ကြားခဲ့ပြီးသားဖြစ်သလို ဗင်နစ်ရှပ် ဂျူနီယာကလည်း ၂၀၂၁-၂၀၂၂ ရာသီမှာ သွင်းဂိုး ၁၂ ဂိုး၊ ဂိုးဖန်တီးမှု ၇ ကြိမ်နဲ့ ထွန်းတောက်လာနေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘယ္လ္ဂ်ီယမ္ ေတာင္ပံၾကယ္ပြင့္ရဲ့ ၂၀၁၉ ခုႏွစ္မွာ စပိန္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခ်က္ဟာ ထင္တားတဲ့အတိုင္း အလုပ္မျဖစ္ခဲ့ဘဲ လက္ရွိမွာေတာ့ ဘာေနဗ်ဴးကေန ထြက္ခြာဖို႔အတြက္ ေကာလာဟလေတြ ထြက္ေပၚေနၿပီျဖစ္ပါတယ္။

ဟာဇက္ဟာ ၂၀၁၉ ခုႏွစ္တုန္းက ရီးရဲလ္မက္ဒရစ္ကို ယူရိုသန္း ၁၀၀ နဲ႔ ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာဟာ ႀကီးမားတဲ့အမွားႀကီးျဖစ္တယ္လို႔ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်ဲလ္ဆီးကြင္းလယ္ကစားသမားေဟာင္း ဂ်ယ္ရမီက ေျပာၾကားခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာတုန္းက နတ္ဘုရားတစ္ပါးနီးပါး ျဖစ္ခဲ့တယ္လို႔ ေထာက္ျပခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ ၇ ရာသီ ကစားေပးခဲ့တဲ့ ကာလတေလၽွာက္ အီဒင္ ဟာဇက္ဟာ ပြဲေပါင္း ၃၅၂ ပြဲမွာ သြင္းဂိုး ၁၁၀ နဲ႔ ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ ကိုင္ေျမႇာက္နိုင္ခဲ့ၿပီး အဂၤလန္မွာ ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီးေနာက္ ကမၻာ့ေဘာလုံးေလာကရဲ့ ထိပ္တန္းဖန္တီးရွင္ေတြထဲက တစ္ဦးျဖစ္တဲ့ ဟာဇက္ဟာ စပိန္ကို ေျပာင္းေရႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

ဟာဇက္ရဲ့ ဘာေနဗ်ဴး အိပ္မက္ဟာ ပုံမွန္ေျခစြမ္းရရွိဖို႔ ႐ုန္းကန္ရမႈ၊ ႀကံ့ခိုင္မႈ ျပႆနာေတြေၾကာင့္ ခ်က္ခ်င္း အိပ္မက္ဆိုးျဖစ္ခဲ့ၿပီး ဂ်ယ္ရမီက အသက္ ၃၀ အရြယ္ ေတာင္ပံကစားသမားဟာ ဘယ္တုန္းကမွ အေနာက္လန္ဒန္ကေန ထြက္ခြာဖို႔ ခြင့္ျပဳျခင္း မခံခဲ့ရသင့္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“အရမ္းေကာင္းတဲ့ ေမးခြန္းပဲ။ အဲဒါေၾကာင့္ပဲ တခါတေလက်ရင္ ေဘာလုံးကို နားလည္ဖို႔ ခက္ခဲတာပါ။ ခ်ဲလ္ဆီးမွာတုန္းက အီဒင္ ဟာဇက္က အရမ္းေကာင္းမြန္ခဲ့ၿပီး ထူးျခားဆန္းၾကယ္ခဲ့ပါတယ္။ ကၽြန္ေတာ့္အျမင္ေတာ့ ကၽြန္ေတာ္သာ အဲဒီအခ်ိန္တုန္းက သူ႔ေအးဂ်င့္ဆိုရင္ ရီးရဲလ္မက္ဒရစ္က သူ႔ကို ေခၚဖို႔ ေရာက္လာတဲ့အခ်ိန္က်ရင္ လက္ခံမွာမဟုတ္ပါဘူး။ သူက ခ်ဲလ္ဆီးမွာဆိုရင္ နတ္ဘုရားတစ္ပါးနီးပါး ျဖစ္ခဲ့တဲ့သူပါ”

“ဒီေန႔ ခ်ဲလ္ဆီးက ဘယ္လိုနည္းနဲ႔မွ ရီးရဲလ္မက္ဒရစ္ထက္ နိမ့္တယ္လို႔ ကၽြန္ေတာ္ မထင္ပါဘူး။ ခ်ဲလ္ဆီးက အရာအားလုံးမွာ တူညီတဲ့အဆင့္အတန္းမွာ ရွိေနပါတယ္။ ခ်ဲလ္ဆီးသာ ရီးရဲလ္မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ကစားမယ္ဆိုရင္ သူတို႔ေတြ တူညီတဲ့ စိတ္ခံယူခ်က္နဲ႔ အေၾကာက္တရားမရွိဘဲ ကစားသြားပါလိမ့္မယ္။ သူတို႔မွာ ေတာင့္တင္းတဲ့ လူစာရင္း၊ နာမည္ႀကီးကစားသမားေတြရွိပါတယ္။ ကၽြန္ေတာ္သာဆိုရင္ေတာ့ ခ်ဲလ္ဆီးမွာ ဆက္ေနခဲ့မွာပါ။ သူတို႔ေတြ သူ႔ကို တူညီတဲ့ လစာ၊ တူညီတဲ့ အေထာက္အကူပစၥည္းေတြ ေပးပါလိမ့္မယ္။ ရီးရဲလ္ကို ေျပာင္းဖို႔ ဆုံးျဖတ္ခဲ့တာ အမွားႀကီးပါ”

“ကံဆိုးစြာနဲ႔ သူ႔အတြက္ ေကာင္းေကာင္း ျဖစ္မလာခဲ့ဘူး။ ကၽြန္ေတာ္ နားမလည္ဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္ သူ႔ကို ေကာင္းမြန္တဲ့ပုံစံနဲ႔ ဆက္သြားမယ္လို႔ ေမၽွာ္မွန္းထားလို႔ပါ။ တစ္ခါတေလက်ရင္ ခင္ဗ်ား ရွင္းျပလို႔ မရနိုင္တဲ့ အရာေတြလည္း ရွိေနပါတယ္။ သူ႔ရဲ့ စိတ္ခံယူခ်က္၊ စိတ္အားထက္သန္မႈလည္း ျဖစ္ေကာင္းျဖစ္နိုင္တဲ့ စိတ္ပိုင္းဆိုင္ရာကို ေျပာင္းလဲလိုက္တာလားဆိုတာ ကၽြန္ေတာ္ မသိပါဘူး။ ခင္ဗ်ား ႀကိဳးစားၿပီး အေျဖကို ရွာရမယ္။ ကၽြန္ေတာ္ အႀကံေပးခ်င္တာကေတာ့ ခ်ဲလ္ဆီးကို ျပန္သြားခဲ့သင့္တာ ျဖစ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၎တို႔ရဲ့ ၾကယ္စင္စုအသင္းထဲကို ေနာက္ထပ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ပီအက္စ္ဂ်ီစူပါစတား ခီလီယန္ အမ္ဘာေပနဲ႔ ဂိုးသြင္းေကာင္းတဲ့ ေဒါ့မြန္တိုက္စစ္မႉးဟာလန္းတို႔ကို ထပ္မံျဖည့္တင္းဖို႔ လုပ္ေဆာင္ေနတာေၾကာင့္ ဟာဇက္အေနနဲ႔ အသင္းေျပာင္းဖို႔ စဥ္းစားေကာင္း စဥ္းစားရနိုင္ပါတယ္။

ဂ်ယ္ရမီက ရီးရဲလ္မက္ဒရစ္က ေခၚယူဖို႔ စဥ္းစားေနတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာေပကို အီဒင္ ဟာဇက္ရဲ့ အေနအထားနဲ႔ ႏွိုင္းယွဥ္ၿပီး ျပင္သစ္မွာ ဆရာတစ္ဆူျဖစ္ေနၿပီးသားျဖစ္တာေၾကာင့္ အသင္းသစ္မွာ ပတ္ဝန္းက်င္အသစ္နဲ႔ အသားက်ေအာင္ ႐ုန္းကန္ရနိုင္တာေၾကာင့္ ဟာလန္းက ျပင္သစ္တိုက္စစ္မႉးထက္ ပိုၿပီး အေျပာင္းအေရႊ႕ျပဳလုပ္ဖို႔ ျဖစ္နိုင္ေျခရွိတယ္လို႔ ယုံၾကည္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ တိုက္စစ္ပိုင္းမွာ ကစားသမားေကာင္းေတြ အမ်ားအျပား ပိုင္ဆိုင္ထားၿပီးျဖစ္ၿပီး ကာရင္ ဘန္ဇီးမားဟာ ကမၻာ့ေဘာလုံးေလာကရဲ့ အေကာင္းဆုံးေက်ာနံပါတ္ ၉ ေတြထဲက တစ္ဦးအျဖစ္ ဂုဏ္သတင္းေက်ာ္ၾကားခဲ့ၿပီးသားျဖစ္သလို ဗင္နစ္ရွပ္ ဂ်ဴနီယာကလည္း ၂၀၂၁-၂၀၂၂ ရာသီမွာ သြင္းဂိုး ၁၂ ဂိုး၊ ဂိုးဖန္တီးမႈ ၇ ႀကိမ္နဲ႔ ထြန္းေတာက္လာေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.