Premier League Transfer News

ဒီညီနဲ့သတင်းထွက်နေပေမယ့် လူဟောင်းအားကိုးတာ ပိုအဆင်ပြေနိုင်တဲ့ ချဲလ်ဆီး

ဘန် ချေးဝဲလ်ဟာ ဒူးအရှေ့အရွတ်စုတ်ပြဲ ဒဏ်ရာရရှိသွားပြီးနောက် ခွဲစိတ်ကုသမှုခံရယူမှာဖြစ်တာကြောင့် လက်ကျန်ရာသီဝက်ကို လွဲချော်တော့မှာဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ဘယ်နောက်ခံလူတစ်ဦး ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။

အဲဗာတန် ဘယ်နောက်ခံလူ လူးကပ်စ် ဒီညီကို ခေါ်ယူဖို့ကိစ္စဟာ လက်ရှိမှာတော့ မဖြစ်နိုင်ဖို့ များနေပြီး ချဲလ်ဆီးအသင်းက အငှားနဲ့သာ ခေါ်ယူချင်နေချိန်မှာ အဲဗာတန်က အပြတ်ရောင်းဖို့ကလွဲပြီး စကားပြောချင်စိတ်မရှိနေတာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူးကပ်စ် ဒီညီကို အဲဗာတန်အသင်းကနေ ခေါ်ယူမယ်ဆိုရင် ပေါင်သန်း ၃၀ ဝန်းကျင် သုံးစွဲသွားရမှာဖြစ်ပြီး အနောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ငွေကြေးချွေတာပြီး လူလည်ကျချင်တယ်ဆိုရင်တော့ ဒီညီကို ရာသီကုန်ထိ အငှားနဲ့ ရအောင် ခေါ်ဖို့ အဲဗာတန်ကို စည်းရုံးပြီး နွေရာသီကျရင် လိုင်ယွန်ကနေ အီမာဆင်ကို ပြန်ခေါ်လို့ ရနိုင်ပါတယ်။

အက်စ်တန် ဗီလာအသင်းက ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ လူးကပ်စ် ဒီညီကို ခေါ်ယူဖို့ ပြိုင်ပွဲမှာ အနိုင်ရသွားပြီလို့ Sky Sports သတင်းထောက် ရော့ဘ် ဒေါဆက်ရဲ့ ပြောကြားချက်အရ သိရပြီး စတီဗင် ဂျရတ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကော်တင်ညိုအပြင် ဒီညီကိုပါ ပေါင် ၂၅ သန်းဝန်းကျင်နဲ့ ထပ်မံခေါ်ယူနိုင်ခဲ့ပုံပေါ်ပါတယ်။

ချဲလ်ဆီးကနေ လိုင်ယွန်အသင်းကို ပြီးခဲ့တဲ့ နွေရာသီမှာ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အီမာဆင်ဟာ ယခုရာသီမှာ လိဂန်းအသင်းအတွက် ၁၅ ပွဲ ကစားပေးထားရာမှာ ၁ ဂိုး သွင်းယူထားပြီး ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီး နည်းပြ တူဟယ်က ၎င်းရဲ့အပြောင်းအရွှေ့အစီအစဉ်နဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရတဲ့အချိန်မှာ အခုလို ပြောသွားပါတယ်။

“ကျွန်တော် မလိမ်ချင်ပါဘူး။ ကျွန်တော်တို့ အခြေအနေကို ကြည့်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အခု ဘန် ချေးဝဲလ်နဲ့ပတ်သက်ပြီး အခြေအနေအသစ်တစ်ခု ရှိနေပြီမို့လို့ပါ။ ဖြစ်နိုင်ခြေတွေထဲက တစ်ခုကတော့ ကျွန်တော်တို့ လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ချစ်ခင်ပြီး အကြောင်းသိ ကစားသမားဖြစ်တဲ့ အီမာဆင်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အသေးစိတ်ကို စစ်ဆေးဖို့ လိုအပ်နေပါတယ်။ ကျွန်တော်တို့ ဆွေးနွေးနေပြီး ဆင်ခြင်သုံးသပ်နေပါတယ်။ ဒီကိစ္စက လာမယ့်ရက်တွေ ဆက်လုပ်သွားမှာဖြစ်ပြီး ရက်သတ္တပတ်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ တူဟယ်ဟာ လိုင်ယွန်ကို အငှားချထားတဲ့ အီမာဆန်ကို ပြန်လည်ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပြီး လိဂန်းအသင်းက ချဲလ်ဆီးရဲ့ ကနဦးချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ပေမယ့် လျော်ကြေးပေးပြီး ပြန်ခေါ်ဖို့ ဆက်ကြိုးစားသွားမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးအသင်းအနေနဲ့ အီမာဆင်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြန်လည်မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်လည်း ခေါ်ယူဖို့အတွက် လာလီဂါနောက်ခံကစားသမား ၃ ဦးကို ပစ်မှတ်ထားနေတယ်လို့ football.london က ဖော်ပြခဲ့ပါတယ်။

ဟိုဆေး ဂါယာ(ဗလင်စီယာ)

ဗလင်စီယာအသင်းခေါင်းဆောင် ဂါယာဟာ ၁၆ နှစ်သားကတည်းက အသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် ဘယ်နောက်ခံနေရာအတွက် ပထမဦးစားပေးရွေးချယ်မှုဖြစ်ခဲ့တာ ၈ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ လာလီဂါမှာ ဘယ်လို နောက်ခံကစားသမားတွေအားလုံးထက်မဆို ဂိုးဖန်တီးမှု(၇ ကြိမ်) ပိုမို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂါယာဟာ နောက်ခံတောင်ပံကစားသမားအဖြစ်နဲ့ ချဲလ်ဆီးရဲ့ ကစားကွက်မှာ အပြည့်အဝ အံဝင်မှာဖြစ်ပြီး လက်ရှိလည်း ဗလင်စီယာမှာ အဲဒီအခန်းကဏ္ဍမှာ ကစားပေးနေတာဖြစ်ပါတယ်။

ပါအူ တောရက်စ်(ဗီလာရီးရဲလ်)

အရပ်အမောင်းကောင်းပြီး ဘောလုံးနဲ့အတူ အလိမ်အခေါက်၊ သယ်ယူမှု၊ အဆက်အပြတ် ဘောလုံးပေးပို့မှုတွေ ပြုလုပ်နိုင်တဲ့ ဗဟိုခံစစ်ကစားသမားဖြစ်တဲ့ ပါအူ တောရက်စ်ဟာ အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး ဘယ်သန် ဘယ်ဗဟိုခံစစ်နေရာမှာ ပြီးခဲ့တဲ့ ၃ ရာသီစလုံး အနည်းဆုံး လာလီဂါပွဲစဉ် ၃၃ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ယခုလာမယ့်နွေရာသီမှာ ရူဒီဂါအသင်းကနေ ထွက်ခွာဖို့ များနေတာကြောင့် ဘယ်သန် ဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပါတယ်။

ဂျူးစ် ကွန်ဒေး(ဆီးဗီးလား)

ကွန်ဒေးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်လာဖို့ အလွန်နီးစပ်ခဲ့သူဖြစ်ပြီး ချဲလ်ဆီးကို ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့ဖို့ အငြင်းပယ်ခံခဲ့ရပေမယ့်လည်း စပိန်ကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်နေတဲ့ ဆန္ဒကို လူသိရှင်ကြား သိအောင် ပြသခဲ့တာဖြစ်ပါတယ်။ ပြင်သစ်ဗဟိုခံစစ်ကစားသမားဟာ ယခုရာသီကုန်မှာ အလွတ်နဲ့ ထွက်ခွာတော့မယ့် အက်ဇ်ပီလီကွေတာရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ရှုမြင်ခြင်းခံခဲ့ရသူဖြစ်ပြီး ကွန်ဒေးဟာ ညာ ဗဟိုခံစစ်မှာ ကစားနိုင်သူဖြစ်ပြီး မြန်နှုန်းနဲ့ တိုက်စစ်စွမ်းရည်တွေလည်း ရှိတာကြောင့် ညာနောက်ခံတောင်ပံအဖြစ်လည်း အခြေအနေအရ အသုံးပြုနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအတွက် နောက်ထပ် ပစ်မှတ်ထားနိုင်တဲ့ ကစားသမားကတော့ ဘာစီလိုနာနောက်ခံကစားသမား ဆာဂျီနို ဒက်စ်တ်ဖြစ်ပြီး ယခုလမှာ ယူရိုသန်း ၄၀ ဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ကောင်း ခေါ်ယူနိုင်လိမ့်မယ်လို့ သိရပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ ဒက်စ်တ်ဟာ အာဆင်နယ်နဲ့ သတင်းတွေထွက်ပေါ်နေသလို ချဲလ်ဆီးနဲ့လည်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ သိရပြီး တကယ်တော့ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က လာလီဂါနောက်ခံကစားသမားကို ယူရိုသန်း ၃၀ နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ အနောက်လန်ဒန်ကလပ်အသင်းဟာ ယူအက်စ်အေလက်ရွေးစင်ကြယ်ပွင့်အနေနဲ့ ဒဏ်ရာရနေတဲ့ ဘန် ချေးဝဲလ်နေရာမှာ ဖြည့်စွက်ဖို့ အသင့်တော်ဆုံးကစားသမားလို့ ရှုမြင်ထားတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘန္ ေခ်းဝဲလ္ဟာ ဒူးအေရွ႕အရြတ္စုတ္ျပဲ ဒဏ္ရာရရွိသြားၿပီးေနာက္ ခြဲစိတ္ကုသမႈခံရယူမွာျဖစ္တာေၾကာင့္ လက္က်န္ရာသီဝက္ကို လြဲေခ်ာ္ေတာ့မွာျဖစ္တဲ့အတြက္ ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြင္း ဘယ္ေနာက္ခံလူတစ္ဦး ေခၚယူဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။

အဲဗာတန္ ဘယ္ေနာက္ခံလူ လူးကပ္စ္ ဒီညီကို ေခၚယူဖို႔ကိစၥဟာ လက္ရွိမွာေတာ့ မျဖစ္နိုင္ဖို႔ မ်ားေနၿပီး ခ်ဲလ္ဆီးအသင္းက အငွားနဲ႔သာ ေခၚယူခ်င္ေနခ်ိန္မွာ အဲဗာတန္က အျပတ္ေရာင္းဖို႔ကလြဲၿပီး စကားေျပာခ်င္စိတ္မရွိေနတာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လူးကပ္စ္ ဒီညီကို အဲဗာတန္အသင္းကေန ေခၚယူမယ္ဆိုရင္ ေပါင္သန္း ၃၀ ဝန္းက်င္ သုံးစြဲသြားရမွာျဖစ္ၿပီး အေနာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ ေငြေၾကးေခၽြတာၿပီး လူလည္က်ခ်င္တယ္ဆိုရင္ေတာ့ ဒီညီကို ရာသီကုန္ထိ အငွားနဲ႔ ရေအာင္ ေခၚဖို႔ အဲဗာတန္ကို စည္း႐ုံးၿပီး ေႏြရာသီက်ရင္ လိုင္ယြန္ကေန အီမာဆင္ကို ျပန္ေခၚလို႔ ရနိုင္ပါတယ္။

အက္စ္တန္ ဗီလာအသင္းက ခ်ဲလ္ဆီးပစ္မွတ္ထားေနတဲ့ လူးကပ္စ္ ဒီညီကို ေခၚယူဖို႔ ၿပိဳင္ပြဲမွာ အနိုင္ရသြားၿပီလို႔ Sky Sports သတင္းေထာက္ ေရာ့ဘ္ ေဒါဆက္ရဲ့ ေျပာၾကားခ်က္အရ သိရၿပီး စတီဗင္ ဂ်ရတ္က ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေကာ္တင္ညိဳအျပင္ ဒီညီကိုပါ ေပါင္ ၂၅ သန္းဝန္းက်င္နဲ႔ ထပ္မံေခၚယူနိုင္ခဲ့ပုံေပၚပါတယ္။

ခ်ဲလ္ဆီးကေန လိုင္ယြန္အသင္းကို ၿပီးခဲ့တဲ့ ေႏြရာသီမွာ တစ္ရာသီ အငွားနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ အီမာဆင္ဟာ ယခုရာသီမွာ လိဂန္းအသင္းအတြက္ ၁၅ ပြဲ ကစားေပးထားရာမွာ ၁ ဂိုး သြင္းယူထားၿပီး ၿပီးခဲ့တဲ့အပတ္က ခ်ဲလ္ဆီး နည္းၿပ တူဟယ္က ၎ရဲ့အေျပာင္းအေရႊ႕အစီအစဥ္နဲ႔ပတ္သက္ၿပီး ေမးျမန္းခံခဲ့ရတဲ့အခ်ိန္မွာ အခုလို ေျပာသြားပါတယ္။

“ကၽြန္ေတာ္ မလိမ္ခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ အေျခအေနကို ၾကည့္ေနတယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔မွာ အခု ဘန္ ေခ်းဝဲလ္နဲ႔ပတ္သက္ၿပီး အေျခအေနအသစ္တစ္ခု ရွိေနၿပီမို႔လို႔ပါ။ ျဖစ္နိုင္ေျခေတြထဲက တစ္ခုကေတာ့ ကၽြန္ေတာ္တို႔ လူပုဂၢိဳလ္တစ္ဦးအျဖစ္ ခ်စ္ခင္ၿပီး အေၾကာင္းသိ ကစားသမားျဖစ္တဲ့ အီမာဆင္ပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အေသးစိတ္ကို စစ္ေဆးဖို႔ လိုအပ္ေနပါတယ္။ ကၽြန္ေတာ္တို႔ ေဆြးေႏြးေနၿပီး ဆင္ျခင္သုံးသပ္ေနပါတယ္။ ဒီကိစၥက လာမယ့္ရက္ေတြ ဆက္လုပ္သြားမွာျဖစ္ၿပီး ရက္သတၱပတ္ေတြလည္း ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

နာမည္ေက်ာ္ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုရဲ့ ေျပာၾကားခ်က္အရ တူဟယ္ဟာ လိုင္ယြန္ကို အငွားခ်ထားတဲ့ အီမာဆန္ကို ျပန္လည္ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနၿပီး လိဂန္းအသင္းက ခ်ဲလ္ဆီးရဲ့ ကနဦးခ်ဥ္းကပ္မႈကို ျငင္းပယ္ခဲ့ေပမယ့္ ေလ်ာ္ေၾကးေပးၿပီး ျပန္ေခၚဖို႔ ဆက္ႀကိဳးစားသြားမယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးအသင္းအေနနဲ႔ အီမာဆင္ကို ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ျပန္လည္မေခၚယူနိုင္ခဲ့ဘူးဆိုရင္လည္း ေခၚယူဖို႔အတြက္ လာလီဂါေနာက္ခံကစားသမား ၃ ဦးကို ပစ္မွတ္ထားေနတယ္လို႔ football.london က ေဖာ္ျပခဲ့ပါတယ္။

ဟိုေဆး ဂါယာ(ဗလင္စီယာ)

ဗလင္စီယာအသင္းေခါင္းေဆာင္ ဂါယာဟာ ၁၆ ႏွစ္သားကတည္းက အသင္းအတြက္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ဘယ္ေနာက္ခံေနရာအတြက္ ပထမဦးစားေပးေရြးခ်ယ္မႈျဖစ္ခဲ့တာ ၈ ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ လာလီဂါမွာ ဘယ္လို ေနာက္ခံကစားသမားေတြအားလုံးထက္မဆို ဂိုးဖန္တီးမႈ(၇ ႀကိမ္) ပိုမို ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ဂါယာဟာ ေနာက္ခံေတာင္ပံကစားသမားအျဖစ္နဲ႔ ခ်ဲလ္ဆီးရဲ့ ကစားကြက္မွာ အျပည့္အဝ အံဝင္မွာျဖစ္ၿပီး လက္ရွိလည္း ဗလင္စီယာမွာ အဲဒီအခန္းက႑မွာ ကစားေပးေနတာျဖစ္ပါတယ္။

ပါအူ ေတာရက္စ္(ဗီလာရီးရဲလ္)

အရပ္အေမာင္းေကာင္းၿပီး ေဘာလုံးနဲ႔အတူ အလိမ္အေခါက္၊ သယ္ယူမႈ၊ အဆက္အျပတ္ ေဘာလုံးေပးပို႔မႈေတြ ျပဳလုပ္နိုင္တဲ့ ဗဟိုခံစစ္ကစားသမားျဖစ္တဲ့ ပါအူ ေတာရက္စ္ဟာ အသက္ ၂၄ ႏွစ္အရြယ္သာရွိေသးၿပီး ဘယ္သန္ ဘယ္ဗဟိုခံစစ္ေနရာမွာ ၿပီးခဲ့တဲ့ ၃ ရာသီစလုံး အနည္းဆုံး လာလီဂါပြဲစဥ္ ၃၃ ပြဲအထိ ပြဲထြက္ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက ယခုလာမယ့္ေႏြရာသီမွာ ႐ူဒီဂါအသင္းကေန ထြက္ခြာဖို႔ မ်ားေနတာေၾကာင့္ ဘယ္သန္ ဗဟိုခံစစ္ကစားသမားေခၚယူဖို႔ ရွာေဖြေနတာျဖစ္ပါတယ္။

ဂ်ဴးစ္ ကြန္ေဒး(ဆီးဗီးလား)

ကြန္ေဒးဟာ ၿပီးခဲ့တဲ့ေႏြရာသီတုန္းက စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္လာဖို႔ အလြန္နီးစပ္ခဲ့သူျဖစ္ၿပီး ခ်ဲလ္ဆီးကို ေပါင္ ၄၂ သန္းနဲ႔ ေျပာင္းေရႊ႕ဖို႔ အျငင္းပယ္ခံခဲ့ရေပမယ့္လည္း စပိန္ကေန ထြက္ခြာၿပီး စိန္ေခၚမႈအသစ္ေတြကို ရွာေဖြခ်င္ေနတဲ့ ဆႏၵကို လူသိရွင္ၾကား သိေအာင္ ျပသခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ဗဟိုခံစစ္ကစားသမားဟာ ယခုရာသီကုန္မွာ အလြတ္နဲ႔ ထြက္ခြာေတာ့မယ့္ အက္ဇ္ပီလီေကြတာရဲ့ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ရႈျမင္ျခင္းခံခဲ့ရသူျဖစ္ၿပီး ကြန္ေဒးဟာ ညာ ဗဟိုခံစစ္မွာ ကစားနိုင္သူျဖစ္ၿပီး ျမန္ႏႈန္းနဲ႔ တိုက္စစ္စြမ္းရည္ေတြလည္း ရွိတာေၾကာင့္ ညာေနာက္ခံေတာင္ပံအျဖစ္လည္း အေျခအေနအရ အသုံးျပဳနိုင္တဲ့ကစားသမားျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအတြက္ ေနာက္ထပ္ ပစ္မွတ္ထားနိုင္တဲ့ ကစားသမားကေတာ့ ဘာစီလိုနာေနာက္ခံကစားသမား ဆာဂ်ီနို ဒက္စ္တ္ျဖစ္ၿပီး ယခုလမွာ ယူရိုသန္း ၄၀ ဝန္းက်င္ေလာက္နဲ႔ ေခၚယူနိုင္ေကာင္း ေခၚယူနိုင္လိမ့္မယ္လို႔ သိရပါတယ္။ El Nacional ရဲ့ ေဖာ္ျပခ်က္အရ ဒက္စ္တ္ဟာ အာဆင္နယ္နဲ႔ သတင္းေတြထြက္ေပၚေနသလို ခ်ဲလ္ဆီးနဲ႔လည္း သတင္းေတြ ထြက္ေပၚေနတယ္လို႔ သိရၿပီး တကယ္ေတာ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က လာလီဂါေနာက္ခံကစားသမားကို ယူရိုသန္း ၃၀ နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ အေနာက္လန္ဒန္ကလပ္အသင္းဟာ ယူအက္စ္ေအလက္ေရြးစင္ၾကယ္ပြင့္အေနနဲ႔ ဒဏ္ရာရေနတဲ့ ဘန္ ေခ်းဝဲလ္ေနရာမွာ ျဖည့္စြက္ဖို႔ အသင့္ေတာ္ဆုံးကစားသမားလို႔ ရႈျမင္ထားတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.