Premier League

လီဗာပူးလ်နဲ့ယှဉ်ရင် မန်စီးတီးက ဘာလို့ ကံကောင်းနေတာလဲဆိုတာ ရှင်းပြခဲ့တဲ့ ဗန်ဒိုက်

လီဗာပူးလ်ကြယ်ပွင့်နောက်ခံကစားသမား ဗန်ဒိုက်က ယခုရာသီ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲမှာ အမှတ်ပေးဇယားဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးက ကံကောင်းနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်အသင်းအများစုဟာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် အကျိုးသက်ရောက်မှုတွေ ခံခဲ့ရတာဖြစ်ပြီး အသင်းအများအပြားက ကစားသမားတွေဟာ တစ်ဦးတည်း သီးခြားနေထိုင်ရတာကြောင့် အရေးကြီးတဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဒီပြဿနာကို ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ပေမယ့် ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမားအများအပြား ပြန်လည်ကောင်းမွန်လာတာကြောင့် ဗန်ဒိုက်က ဒီရာသီမှာ ကံတရားက မန်စီးတီးကို မျက်နှာသာပေးနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“စီးတီးက အထူးသဖြင့် ဒီဇင်ဘာလ တလျှောက်လုံး ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူတို့တွေမှာ ဒဏ်ရာပြဿနာအနည်းငယ်နဲ့ ကိုရိုနာကူးစက်ခံရသူ အနည်းငယ်ရှိခဲ့ပြီး အဲဒါက ကြီးကြီးမားမား အကူအညီဖြစ်ခဲ့ပါတယ်။ သေးငယ်တဲ့ဥပမာကတော့ ကျွန်တော်၊ ဖာဘင်ညို၊ သီယေဂိုတို့အားလုံး တချိန်တည်းမှာ ကိုဗစ်ကူးစက်ခံထားရတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့တယ်”

“အသင်းအတွက် အရေးပါတဲ့ ကစားသမား ၃ ဦးပါ။ လီဗာပူးလ်လို အသင်းကြီးမှာ အရည်အသွေးကောင်းမွန်တဲ့ကစားသမားတွေ ရှိနေဆဲဖြစ်ပေမယ့် စည်းချက်နဲ့ အသင်းရဲ့ လုပ်ဆောင်ပုံတွေက အဲဒီလို အချိန်မှာ ပြောင်းလဲသွားတယ်။ ကစားဖို့အတွက် ပွဲအများကြီး ကျန်ရှိနေသေးပေမယ့် ခင်ဗျား ဒီလို အချိန်ကလာမှာ ကံကောင်းမှု အနည်းငယ်လည်း လိုအပ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နေတဲ့ မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ၁၀ မှတ်အသာနဲ့ ဦးဆောင်နေပြီး လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးဟာ ပွဲကြပ်ကာလအတွင်း ရမှတ်တွေ အများအပြား လျော့ကျခဲ့ကြတာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့နောက်ဆုံးပွဲစဉ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ချဲလ်ဆီးနဲ့ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပြီး အဲဒီရလဒ်ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်ချက်စတာစီးတီးအတွက် အကျိုးအမြတ်အရှိဆုံး ရလဒ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ချဲလ်ဆီးတို့ ၂ သင်းစလုံးဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာအများအပြားနဲ့ ကိုဗစ်ကူးစက်ခံရမှုတို့ကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ဘဲ ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ကလည်း ကိုဗစ်-၁၉ ကြောင့် အဓိကကစားသမားတွေ မပါဝင်နိုင်ပေမယ့်လည်း ပွဲတွေ ဆက်ကစားခိုင်းခဲ့တာနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္ေနာက္ခံကစားသမား ဗန္ဒိုက္က ယခုရာသီ ပရီးမီးယားလိဂ္ဖလား ၿပိဳင္ပြဲမွာ အမွတ္ေပးဇယားဦးေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီးက ကံေကာင္းေနခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပရီးမီးယားလိဂ္အသင္းအမ်ားစုဟာ ကိုဗစ္-၁၉ ကူးစက္မႈေၾကာင့္ အက်ိဳးသက္ေရာက္မႈေတြ ခံခဲ့ရတာျဖစ္ၿပီး အသင္းအမ်ားအျပားက ကစားသမားေတြဟာ တစ္ဦးတည္း သီးျခားေနထိုင္ရတာေၾကာင့္ အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ ပါဝင္ကစားေပးနိုင္ျခင္းမရွိခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ ဒီျပႆနာကို ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းကလည္း ဒီလိုမ်ိဳး ျဖစ္ခဲ့ေပမယ့္ ကိုဗစ္ကူးစက္ခံထားရတဲ့ ကစားသမားအမ်ားအျပား ျပန္လည္ေကာင္းမြန္လာတာေၾကာင့္ ဗန္ဒိုက္က ဒီရာသီမွာ ကံတရားက မန္စီးတီးကို မ်က္ႏွာသာေပးေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“စီးတီးက အထူးသျဖင့္ ဒီဇင္ဘာလ တေလၽွာက္လုံး ေကာင္းေကာင္း ေက်ာ္ျဖတ္နိုင္ခဲ့ပါတယ္။ သူတို႔ေတြမွာ ဒဏ္ရာျပႆနာအနည္းငယ္နဲ႔ ကိုရိုနာကူးစက္ခံရသူ အနည္းငယ္ရွိခဲ့ၿပီး အဲဒါက ႀကီးႀကီးမားမား အကူအညီျဖစ္ခဲ့ပါတယ္။ ေသးငယ္တဲ့ဥပမာကေတာ့ ကၽြန္ေတာ္၊ ဖာဘင္ညိဳ၊ သီေယဂိုတို႔အားလုံး တခ်ိန္တည္းမွာ ကိုဗစ္ကူးစက္ခံထားရတယ္ဆိုတာ စစ္ေဆးေတြ႕ရွိခဲ့တယ္”

“အသင္းအတြက္ အေရးပါတဲ့ ကစားသမား ၃ ဦးပါ။ လီဗာပူးလ္လို အသင္းႀကီးမွာ အရည္အေသြးေကာင္းမြန္တဲ့ကစားသမားေတြ ရွိေနဆဲျဖစ္ေပမယ့္ စည္းခ်က္နဲ႔ အသင္းရဲ့ လုပ္ေဆာင္ပုံေတြက အဲဒီလို အခ်ိန္မွာ ေျပာင္းလဲသြားတယ္။ ကစားဖို႔အတြက္ ပြဲအမ်ားႀကီး က်န္ရွိေနေသးေပမယ့္ ခင္ဗ်ား ဒီလို အခ်ိန္ကလာမွာ ကံေကာင္းမႈ အနည္းငယ္လည္း လိုအပ္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ကာကြယ္ေနတဲ့ မန္စီးတီးဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ၁၀ မွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ ၂ သင္းစလုံးဟာ ပြဲၾကပ္ကာလအတြင္း ရမွတ္ေတြ အမ်ားအျပား ေလ်ာ့က်ခဲ့ၾကတာျဖစ္ပါတယ္။ လီဗာပူးလ္ရဲ့ေနာက္ဆုံးပြဲစဥ္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ခ်ဲလ္ဆီးနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္ထြက္ေပၚခဲ့တာျဖစ္ၿပီး အဲဒီရလဒ္ဟာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္ခ်က္စတာစီးတီးအတြက္ အက်ိဳးအျမတ္အရွိဆုံး ရလဒ္ျဖစ္လာခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ ခ်ဲလ္ဆီးတို႔ ၂ သင္းစလုံးဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာအမ်ားအျပားနဲ႔ ကိုဗစ္ကူးစက္ခံရမႈတို႔ေၾကာင့္ ထင္သေလာက္ ခရီးမေပါက္ခဲ့ဘဲ ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္ကလည္း ကိုဗစ္-၁၉ ေၾကာင့္ အဓိကကစားသမားေတြ မပါဝင္နိုင္ေပမယ့္လည္း ပြဲေတြ ဆက္ကစားခိုင္းခဲ့တာနဲ႔ပတ္သက္ၿပီး ေစာဒကတက္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.