La Liga

ဘာဆာ လူငယ်ပါရမီရှင်လေးအတွက် တိုက်ပွဲဝင်ရတော့မယ့် လီဗာပူးလ်နဲ့ မန်စီးတီး

လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ဟာ ဘာစီလိုနာ ပါရမီ လူငယ်ကစားသမား ဂါဗီကို ခေါ်ယူနိုင်ဖို့အတွက် ထိပ်တိုက် တွေ့ဆုံရတော့မယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်အရွယ် ကစားသမားလေးဟာ ဘာဆာနဲ့ စပိန်အသင်း ၂ သင်းစလုံးအတွက် ယခုရာသီမှာ စတင် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး ဥရောပရဲ့ အတောက်ပဆုံး ပါရမီရှင်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခြင်းခံနေရသူဖြစ်ပါတယ်။ နာမည်ကျော် လာမာစီယာအကယ်ဒမီထွက်ကစားသမားဟာ တောက်ပတဲ့ အနာဂတ် ရရှိမယ့်သူအဖြစ် တစ်ကြိုပေးခြင်း ခံခဲ့ရပြီး ၎င်းကို ခေါ်ယူဖို့အတွက် အသင်းကြီးအချို့ကတောင် ကြိုးစားနေခဲ့ကြပြီး ဖြစ်ပါတယ်။

ဘာစီလိုနာလူငယ်ကွင်းလယ်ကစားသမားဟာ သာမန်အားဖြင့် ဘာစီလိုနာအသင်းရဲ့ အထိမခံနိုင်တဲ့ ကစားသမားဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ကစားသမားအများအပြားကို ရောင်းထုတ်ဖို့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ဂါဗီကို အန်းဖီး ပြောင်းရွှေ့ချင်လာအောင် စည်းရုံးတဲ့အနေနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၈ သောင်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ဆယ်ကျော်သက်ကစားသမားရဲ့ လက်ရှိစာချုပ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၁၀၈၀၀ သာ ရရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုအတိုင်း ဂါဗီကို လစာတိုးမြှင့်ပေးနိုင်ဖွယ် မရှိဖို့ များနေပေမယ့် လူငယ်ကွင်းလယ်ကစားသမားရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၄၁.၇ သန်းအထိ ရှိတယ်လို့ သိရပါတယ်။

Marca ရဲ့သတင်းအရ ဂါဗီကို လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းလည်း စိတ်ဝင်စားနေတယ်လို့ သိရပြီး မာဆေးဆိုဒ်အသင်းနည်းတူ ကြီးမားတဲ့လစာပမာဏနဲ့ ကမ်းလှမ်းနိုင်ဖွယ်ရှိနေသလို စပိန်လူငယ်ကစားသမားအနေနဲ့ နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက်မှာ လေ့လာသင်ကြားခွင့် ရရှိနိုင်တဲ့ မက်လုံးလည်း ရှိကောင်းရှိနေနိုင်တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ စနေနေ့ညနေက ဂရာနာဒါ အိမ်ကွင်းမှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး လုခ် ဒီ ယုံးရဲ့ ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းပွဲကစားချိန်ပြည့်ဖို့ မိနစ်ပိုင်းအလိုမှာပဲ အန်တိုနီယို ပွဲတက်စ်က အိမ်ရှင်အသင်းအတွက် နောက်ကျ ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်း ၇၉ မိနစ်ကနေ လက်ကျန်ပွဲကစားချိန်ကို ၁ ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပြီး လူငယ်ကြယ်ပွင့်ကစားသမား ဂါဗီဟာ ပထမပိုင်းမှာ အဝါကတ်ပြား ပြသခြင်းခံခဲ့ရပြီးနောက် ဒုတိယပိုင်း ၇၉ မိနစ်မှာ အဆင်အခြင်မဲ့ ဖျက်ထုတ်မှုကြောင့် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့အတွက် ဘာစီလိုနာအသင်းဟာ နောက်ဆုံးမှာတော့ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ဟာ ဘာစီလိုနာ ပါရမီ လူငယ္ကစားသမား ဂါဗီကို ေခၚယူနိုင္ဖို႔အတြက္ ထိပ္တိုက္ ေတြ႕ဆုံရေတာ့မယ္လို႔ သိရပါတယ္။

အသက္ ၁၇ ႏွစ္အရြယ္ ကစားသမားေလးဟာ ဘာဆာနဲ႔ စပိန္အသင္း ၂ သင္းစလုံးအတြက္ ယခုရာသီမွာ စတင္ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး ဥေရာပရဲ့ အေတာက္ပဆုံး ပါရမီရွင္ကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ မွတ္ယူျခင္းခံေနရသူျဖစ္ပါတယ္။ နာမည္ေက်ာ္ လာမာစီယာအကယ္ဒမီထြက္ကစားသမားဟာ ေတာက္ပတဲ့ အနာဂတ္ ရရွိမယ့္သူအျဖစ္ တစ္ႀကိဳေပးျခင္း ခံခဲ့ရၿပီး ၎ကို ေခၚယူဖို႔အတြက္ အသင္းႀကီးအခ်ိဳ႕ကေတာင္ ႀကိဳးစားေနခဲ့ၾကၿပီး ျဖစ္ပါတယ္။

ဘာစီလိုနာလူငယ္ကြင္းလယ္ကစားသမားဟာ သာမန္အားျဖင့္ ဘာစီလိုနာအသင္းရဲ့ အထိမခံနိုင္တဲ့ ကစားသမားျဖစ္ေပမယ့္လည္း ၎တို႔ရဲ့ ဘ႑ာေရးအေျခအေနေၾကာင့္ ကစားသမားအမ်ားအျပားကို ေရာင္းထုတ္ဖို႔ ႀကိဳးပမ္းေနရဆဲျဖစ္ပါတယ္။ El Nacional ရဲ့ ေဖာ္ျပခ်က္အရ လီဗာပူးလ္အသင္းဟာ ဂါဗီကို အန္းဖီး ေျပာင္းေရႊ႕ခ်င္လာေအာင္ စည္း႐ုံးတဲ့အေနနဲ႔ တစ္ပတ္လုပ္ခလစာ ေပါင္ ၈ ေသာင္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ထားခဲ့ၿပီးျဖစ္တယ္လို႔ သိရၿပီး ဆယ္ေက်ာ္သက္ကစားသမားရဲ့ လက္ရွိစာခ်ဳပ္ဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁၀၈၀၀ သာ ရရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ လီဗာပူးလ္အသင္းရဲ့ ကမ္းလွမ္းမႈအတိုင္း ဂါဗီကို လစာတိုးျမႇင့္ေပးနိုင္ဖြယ္ မရွိဖို႔ မ်ားေနေပမယ့္ လူငယ္ကြင္းလယ္ကစားသမားရဲ့ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၄၁.၇ သန္းအထိ ရွိတယ္လို႔ သိရပါတယ္။

Marca ရဲ့သတင္းအရ ဂါဗီကို လီဗာပူးလ္အသင္းရဲ့ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ မန္ခ်က္စတာစီးတီးအသင္းလည္း စိတ္ဝင္စားေနတယ္လို႔ သိရၿပီး မာေဆးဆိုဒ္အသင္းနည္းတူ ႀကီးမားတဲ့လစာပမာဏနဲ႔ ကမ္းလွမ္းနိုင္ဖြယ္ရွိေနသလို စပိန္လူငယ္ကစားသမားအေနနဲ႔ နည္းၿပ ဂြါဒီယိုလာရဲ့ လက္ေအာက္မွာ ေလ့လာသင္ၾကားခြင့္ ရရွိနိုင္တဲ့ မက္လုံးလည္း ရွိေကာင္းရွိေနနိုင္တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ စေနေန႔ညေနက ဂရာနာဒါ အိမ္ကြင္းမွာ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့ၿပီး လုခ္ ဒီ ယုံးရဲ့ ဒုတိယပိုင္းမွာ သြင္းယူခဲ့တဲ့ဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္လည္း ဒုတိယပိုင္းပြဲကစားခ်ိန္ျပည့္ဖို႔ မိနစ္ပိုင္းအလိုမွာပဲ အန္တိုနီယို ပြဲတက္စ္က အိမ္ရွင္အသင္းအတြက္ ေနာက္က် ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒုတိယပိုင္း ၇၉ မိနစ္ကေန လက္က်န္ပြဲကစားခ်ိန္ကို ၁ ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ၿပီး လူငယ္ၾကယ္ပြင့္ကစားသမား ဂါဗီဟာ ပထမပိုင္းမွာ အဝါကတ္ျပား ျပသျခင္းခံခဲ့ရၿပီးေနာက္ ဒုတိယပိုင္း ၇၉ မိနစ္မွာ အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈေၾကာင့္ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရတဲ့အတြက္ ဘာစီလိုနာအသင္းဟာ ေနာက္ဆုံးမွာေတာ့ အနိုင္ရလဒ္ကို ထိန္းသိမ္းနိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.