Article La Liga Premier League

ကစားသမားဘဝကို ကယ်တင်ဖို့ ဇန်နဝါရီစပြီး အမြန်ဆုံးထွက်ခွာရမယ့် နာမည်ကြီး ၅ ဦး

ပရိသတ်တွေ မချစ်တော့တဲ့အခါ၊ နည်းပြက မကြည်တော့တဲ့အခါ၊ အသင်းနဲ့ အံမဝင်တော့တဲ့အခါ၊ အကြောင်းကြောင်းအရာရာနဲ့ ဘယ်သူကမှ ကိုယ့်ဘက် မရှိတော့တဲ့ အခါမျိုးမှာ ဘောလုံးသမားတွေအနေနဲ့ လက်ရှိအသင်းကို မဖြစ်မနေ စွန့်ခွာရမှာဖြစ်ပြီး သူတို့ရဲ့ လစာငွေ၊ ကြွယ်ဝချမ်းသာမှုထက် အရေးကြီးတဲ့ ပွဲကစားခွင့်နဲ့ ဂုဏ်သိက္ခာက သူတို့တွေအတွက် ၉၀ ရာခိုင်နှုန်းလောက် ရွေးချယ်တတ်တဲ့ အရာပဲဖြစ်ပါတယ်။

ဂုဏ်သိက္ခာကြီးမားတဲ့ အသင်းကြီးတစ်သင်းမှာ ကစားနေရပေမယ့် ကစားတယ်ဆိုတာက ဘုရားစူးလွတ်ရုံဖြစ်လာခဲ့ပြီး အရန်ခုံမှာတောင်မှ ကြိုးကြားကြိုးကြား ပါဝင်နိုင်ဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ Comfort Zone တွေကနေ အသီးသီး ရုန်းထွက်သင့်နေချိန်မှာ လက်ရှိ ဇန်နဝါရီ Window ဖြစ်မလား ရာသီကုန်ဖြစ်မလားတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

၅။ အစ္စကို
ဖရန်စစ္စကို ရိုမန် အယ်လာကွန် ဆွာရက်ဇ်လို့ နာမည်အရှည်ရှိတဲ့ စပိန်သားရဲ့ ရီးရဲလ်မက်ဒရစ်နေ့ရက်တွေကတော့ တကယ်တမ်းမှာ ကုန်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဘာနေဗျူးမှာ ဖလား ၁၆ လုံးအထိ ရယူပေးခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ အသင်းရဲ့ လိုအပ်ချက်တွေနဲ့ တဖြည်းဖြည်း ဝေးကွာလာခဲ့သူဖြစ်ပြီး ကွင်းလယ်မှာ တိုက်စစ်ဦးစားပေးကစားသမား မပါဝင်ဘဲ နံပါတ် ၆ နဲ့ နံပါတ် ၈ တွေကိုသာ သုံးစွဲနေချိန်မှာ လူပိုလို ဖြစ်လာခဲ့တာပါ။

တောက်ပလာခဲ့တဲ့ လူငယ်တိုက်စစ်သမားတွေ၊ အသစ်ခေါ်ယူခဲ့တဲ့ နာမည်ကြီးကစားသမားတွေရဲ့ ရိုက်ခတ်မှုအောက်မှာ မာလာဂါလူဟောင်းကြီး အနေနဲ့ မခံချင်စရာလည်းဖြစ်ခဲ့ရပြီး ချန်ပီယံလိဂ်ဖလားတွေကို ရယူဖို့ အဓိက အခန်းကဏ္ဍကနေ ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့ဖူးသူဖြစ်ခဲ့ချိန်မှာ လက်ရှိ အနေအထားကတော့ ဘာနေဗျူးမှာ သူ့အတွက် ရစရာ ဘာမှ မကျန်တော့တာလည်းဖြစ်ပါတယ်။ သူ့ကို ကွန်တီရဲ့ စပါးစ်အသင်းကတော့ ရီးရဲလ်နဲ့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့အတူ စိတ်ဝင်စားနေပြီး ဂါရက် ဘေးလ်တုန်းကလိုပဲ ခေါ်ယူသွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၄။ ဒယ်လီ အယ်လီ
၂၀၁၅ နွေရာသီမှာ စပါးစ်အသင်းကို ရောက်ရှိလာခဲ့ပြီး စစချင်း ပရီးမီးယားလိဂ်ရာသီမှာပဲ ၁၀ ဂိုးရယူနိုင်ခဲ့တဲ့ ကွင်းလယ်လူဟာ အဲ့ဒီအချိန်က အကောင်းဆုံး ခေါ်ယူမှုဖြစ်ပြီး ပထမတန်းကလပ် မီလ်တန်ကင်းစ်ဒွန်စ်ကနေ တန်းကျော်တက်လာခဲ့သလို ခေါ်ယူစဉ်က ပေါင် ၅ သန်းသာ ကျသင့်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ မော်ရီစီယို ပိုချက်တီနိုနဲ့ အပေးအယူမျှခဲ့ပြီး တိုက်စစ်မှူးနောက်က အကောင်းဆုံးကစားပေးနိုင်ခဲ့တဲ့ အယ်လီဟာ နောက်တစ်ရာသီမှာ လိဂ်ဂိုး ၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၂၀၁၈-၁၉ ရာသီမှာတော့ ခြေစွမ်းကျဆင်းလာခဲ့သူလည်းဖြစ်ပါတယ်။

မော်ရင်ညိုကစလို့ နူနိုဆန်တို၊ လက်ရှိမှာ ကွန်တီအထိ သူ့ကို နည်းပြသစ်တွေက အရင်အယ်လီဖြစ်အောင် ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ ကြပေမယ့် မအောင်မြင်ခဲ့ဘဲ ကစားကွက်တွေမှာ သူ့အတွက် နေရာမှန် မရှိခဲ့သလို တိုက်စစ်မှူးနောက်မှာလည်း လူပိုတစ်ဦး ထပ်မံ မသုံးစွဲနိုင်ဘဲ ကွင်းလယ်နဲ့ ခံစစ်ကို အားဖြည့်နေရချိန်မှာ အခန်းကဏ္ဍက မှေးမှိန်လာခဲ့သလို ဝှိုက်ဟတ်လိန်းနဲ့ လမ်းခွဲဖို့ကသာ အဖြေဖြစ်လာခဲ့ချိန်မှာ နယူးကာဆယ်လ်၊ ဝက်စ်ဟမ်းနဲ့ ဂျာမန်ကလပ်တွေက အလိုရှိနေကြတယ်လို့ သိရပါတယ်။

၃။ ဒွန်နီ ဗန်ဒဘိခ်
မန်ချက်စတာယူနိုက်တက်အသင်းကို အချိန်မှားပြီး ရောက်လာခဲ့တဲ့ ဗန်ဒဘိခ်ဟာ အသင်းအတွက် ခြေစွမ်းခြေစကို ထုတ်ပြခွင့်မရခဲဖြစ်ခဲ့သလို နည်းပြဟောင်း အိုလီဂန် ဆိုးလ်ရှား ထွက်ခွာသွားချိန်မှာ ယာယီကိုင်တွယ်တဲ့ မိုက်ကယ် ကာရစ်လက်အောက်မှာ ကစားခွင့်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ထပ် ရောက်ရှိလာခဲ့တဲ့ ယာယီနည်းပြသစ် ရာ့လ်ဖ် ရန်းနစ်ခ်လက်အောက်မှာတော့ ပွဲထွက်ခွင့် ပြန်လည်ပျောက်ဆုံးသွားခဲ့ပြီး အနာဂတ်က တော်တော်လေး မရေမရာဖြစ်လာခဲ့တာပါ။

အိုင်းယက်စ်အသင်းနဲ့အတူ တောက်ပလာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်လူဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် အရန်ပွဲအများစုအပါအဝင် ၁၂ ပွဲသာ ကစားခွင့် ရရှိထားခဲ့ပြီး လိုအပ်တဲ့ ကစားခွင့် မိနစ်မျိုး ရရှိမထားခဲ့သလို နည်းပြအဆက်ဆက် အနှိမ်ခံလိုဖြစ်နေတဲ့ ဇာတာအတွက်တော့ အပြောင်းအလဲလုပ်တော့မှာလည်းဖြစ်ပါတယ်။ ဒီဇန်နဝါရီမှာ အသင်းက ထွက်ခွာဖို့ ကြိုးစားနေခဲ့ပြီဖြစ်တဲ့ ဗန်ဒဘိခ်ကို ဥရောပ အသင်းတချို့ကတော့ စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

၂။ ဖလိပီ ကော်တင်ညို
သူ့ရဲ့ လီဗာပူးလ်ကစားသမားဘဝ အတောက်ပဆုံးအချိန်မှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တာက အသင်းအတွက်ရော ကစားသမား အတွက်ပါ ထူးထူးခြားခြား ဆိုးရွားလွန်းသွားတဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး ပေါင် ၁၄၂ သန်းတန် အရွေ့က သုညနီးပါးမှာပဲ ရလဒ်ထွက်ပေါ်ခဲ့တာပါ။ ကော်တင်ညိုအနေနဲ့ ဘိုင်ယန်မြူးနစ်ကိုလည်း အငှားထွက်ကစားခဲ့ရသေးသလို ဘယ်တောင်ပံနဲ့ ကွင်းလယ်တွေမှာ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဘောလုံးကိုင် ကစားပုံက မက်ဆီလိုမျိုးဖြစ်နေချိန်မှာ အဝေးကို လွင့်ပါးခဲ့ရတာလည်းဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ သူ့အစား တောင်ပံသမားတွေကိုပဲ အသုံးပြုဖို့ စိတ်စောနေခဲ့ပြီး ကွင်းလယ်မှာလည်း နေရာမပေးနိုင်တော့ချိန်မှာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားကို ကစားပေးလိုနေတဲ့ ဘရာဇီးလ်သားအတွက်တော့ ဘယ်သူ့အတွက်မှာ အကျိုးမရှိတဲ့ နူးကမ့်ဖြစ်တည်မှုကို အဆုံးသတ်ဖို့ ရှိနေပြီး ကာတာလန်သားတွေဘက်ကတော့ သူ့အတွက် ပေါင်သန်း ၂၀ လောက် ရရင်ကို ဝမ်းသာအားရ လက်လွှတ်သွားဖွယ်ရှိနေခဲ့တာပါ။

၁။ ပေါလ် ပေါ့ဘာ
မန်ချက်စတာယူနိုက်တက်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့တဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ အိုးလ်ထရက်ဖို့ဒ်မှာ ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့သလို အသင်းရဲ့ နံပါတ် ၆ ကစားသမားနှစ်ယောက်ကို အထိုင်ချတဲ့ ကွင်းလယ်အတွဲအဖက်မှာလည်း သူ့ရဲ့ အဖျက်ကောင်းကောင်း မပိုင်တဲ့ ကစားဟန်အရ နည်းပြတွေက မရွေးရဲခဲ့သလို တိုက်စစ်မှာလည်း နံပါတ် ၁၀ ကစားသမားမျိုး မဟုတ်ပြန်တာက ပြဿနာရှိနေခဲ့ပါတယ်။

ကွင်းလယ်မှာ နံပါတ် ၈ ကစားသမားကို မသုံးတတ်တဲ့ နည်းပြအဆက်ဆက်မှာ အသက် ၂၈ နှစ်အရွယ် ပြင်သစ်သားအနေနဲ့ ဒဏ်ရာတွေပါ များနေခဲ့ချိန်မှာ ရေနစ်သူ ဝါးကူထိုးသလိုဖြစ်ခဲ့ပြီး ကြံ့ခိုင်မှု ရဖို့ပါ ရုန်းကန်နေခဲ့ရသလို ရာသီအစ ပွဲနည်းနည်းနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ရှာဖွေခဲ့တဲ့ စာရင်းအင်း အချက်အလက်ကို အားပြုပြီး အသင်းသစ်ရှာဖို့ကသာ အကောင်းဆုံးအဖြေ ဖြစ်လာခဲ့တာပါ။

ဥရောပရဲ့ ဖျံအကျဆုံး အေးဂျင့်ဖြစ်တဲ့ မီနို ရိုင်ယိုလာနဲ့ လက်တွဲထားတာကတော့ သူ့အတွက် ပူပင်စရာ မရှိနိုင်သလို အီတလီသားအေးဂျင့် အနေနဲ့ ပေါ့ဘာကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကြီးတွေဆီ ပို့ဆောင်ပေးနိုင်ပြီး သူ့အတွက်တော့ လက်မှတ်ထိုးကြေးပါ ကြီးကြီးမားမား ရရှိနိုင်လိမ့်ဦးမယ်လို့လည်း ယူဆရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရိသတ္ေတြ မခ်စ္ေတာ့တဲ့အခါ၊ နည္းျပက မၾကည္ေတာ့တဲ့အခါ၊ အသင္းနဲ႔ အံမဝင္ေတာ့တဲ့အခါ၊ အေၾကာင္းေၾကာင္းအရာရာနဲ႔ ဘယ္သူကမွ ကိုယ့္ဘက္ မရွိေတာ့တဲ့ အခါမ်ိဳးမွာ ေဘာလုံးသမားေတြအေနနဲ႔ လက္ရွိအသင္းကို မျဖစ္မေန စြန႔္ခြာရမွာျဖစ္ၿပီး သူတို႔ရဲ႕ လစာေငြ၊ ႂကြယ္ဝခ်မ္းသာမႈထက္ အေရးႀကီးတဲ့ ပြဲကစားခြင့္နဲ႔ ဂုဏ္သိကၡာက သူတို႔ေတြအတြက္ ၉၀ ရာခိုင္ႏႈန္းေလာက္ ေ႐ြးခ်ယ္တတ္တဲ့ အရာပဲျဖစ္ပါတယ္။

ဂုဏ္သိကၡာႀကီးမားတဲ့ အသင္းႀကီးတစ္သင္းမွာ ကစားေနရေပမယ့္ ကစားတယ္ဆိုတာက ဘုရားစူးလြတ္႐ုံျဖစ္လာခဲ့ၿပီး အရန္ခုံမွာေတာင္မွ ႀကိဳးၾကားႀကိဳးၾကား ပါဝင္ႏိုင္ဖို႔ ႐ုန္းကန္ေနရတဲ့ ကစားသမားေတြအေနနဲ႔ သူတို႔ရဲ႕ Comfort Zone ေတြကေန အသီးသီး ႐ုန္းထြက္သင့္ေနခ်ိန္မွာ လက္ရွိ ဇန္နဝါရီ Window ျဖစ္မလား ရာသီကုန္ျဖစ္မလားေတာ့ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။

၅။ အစၥကို
ဖရန္စစၥကို ႐ိုမန္ အယ္လာကြန္ ဆြာရက္ဇ္လို႔ နာမည္အရွည္ရွိတဲ့ စပိန္သားရဲ႕ ရီးရဲလ္မက္ဒရစ္ေန႔ရက္ေတြကေတာ့ တကယ္တမ္းမွာ ကုန္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။ ဘာေနဗ်ဴးမွာ ဖလား ၁၆ လုံးအထိ ရယူေပးခဲ့တဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ အသင္းရဲ႕ လိုအပ္ခ်က္ေတြနဲ႔ တျဖည္းျဖည္း ေဝးကြာလာခဲ့သူျဖစ္ၿပီး ကြင္းလယ္မွာ တိုက္စစ္ဦးစားေပးကစားသမား မပါဝင္ဘဲ နံပါတ္ ၆ နဲ႔ နံပါတ္ ၈ ေတြကိုသာ သုံးစြဲေနခ်ိန္မွာ လူပိုလို ျဖစ္လာခဲ့တာပါ။

ေတာက္ပလာခဲ့တဲ့ လူငယ္တိုက္စစ္သမားေတြ၊ အသစ္ေခၚယူခဲ့တဲ့ နာမည္ႀကီးကစားသမားေတြရဲ႕ ႐ိုက္ခတ္မႈေအာက္မွာ မာလာဂါလူေဟာင္းႀကီး အေနနဲ႔ မခံခ်င္စရာလည္းျဖစ္ခဲ့ရၿပီး ခ်န္ပီယံလိဂ္ဖလားေတြကို ရယူဖို႔ အဓိက အခန္းက႑ကေန ပြဲအေျဖကို ေျပာင္းလဲႏိုင္ခဲ့ဖူးသူျဖစ္ခဲ့ခ်ိန္မွာ လက္ရွိ အေနအထားကေတာ့ ဘာေနဗ်ဴးမွာ သူ႔အတြက္ ရစရာ ဘာမွ မက်န္ေတာ့တာလည္းျဖစ္ပါတယ္။ သူ႔ကို ကြန္တီရဲ႕ စပါးစ္အသင္းကေတာ့ ရီးရဲလ္နဲ႔ၾကား ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႔အတူ စိတ္ဝင္စားေနၿပီး ဂါရက္ ေဘးလ္တုန္းကလိုပဲ ေခၚယူသြားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၄။ ဒယ္လီ အယ္လီ
၂၀၁၅ ေႏြရာသီမွာ စပါးစ္အသင္းကို ေရာက္ရွိလာခဲ့ၿပီး စစခ်င္း ပရီးမီးယားလိဂ္ရာသီမွာပဲ ၁၀ ဂိုးရယူႏိုင္ခဲ့တဲ့ ကြင္းလယ္လူဟာ အဲ့ဒီအခ်ိန္က အေကာင္းဆုံး ေခၚယူမႈျဖစ္ၿပီး ပထမတန္းကလပ္ မီလ္တန္ကင္းစ္ဒြန္စ္ကေန တန္းေက်ာ္တက္လာခဲ့သလို ေခၚယူစဥ္က ေပါင္ ၅ သန္းသာ က်သင့္ခဲ့တာ ျဖစ္ပါတယ္။ နည္းျပ ေမာ္ရီစီယို ပိုခ်က္တီႏိုနဲ႔ အေပးအယူမွ်ခဲ့ၿပီး တိုက္စစ္မႉးေနာက္က အေကာင္းဆုံးကစားေပးႏိုင္ခဲ့တဲ့ အယ္လီဟာ ေနာက္တစ္ရာသီမွာ လိဂ္ဂိုး ၁၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီး ၂၀၁၈-၁၉ ရာသီမွာေတာ့ ေျခစြမ္းက်ဆင္းလာခဲ့သူလည္းျဖစ္ပါတယ္။

ေမာ္ရင္ညိဳကစလို႔ ႏူႏိုဆန္တို၊ လက္ရွိမွာ ကြန္တီအထိ သူ႔ကို နည္းျပသစ္ေတြက အရင္အယ္လီျဖစ္ေအာင္ ျပန္လည္အသက္သြင္းဖို႔ ႀကိဳးစားခဲ့ ၾကေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ကစားကြက္ေတြမွာ သူ႔အတြက္ ေနရာမွန္ မရွိခဲ့သလို တိုက္စစ္မႉးေနာက္မွာလည္း လူပိုတစ္ဦး ထပ္မံ မသုံးစြဲႏိုင္ဘဲ ကြင္းလယ္နဲ႔ ခံစစ္ကို အားျဖည့္ေနရခ်ိန္မွာ အခန္းက႑က ေမွးမွိန္လာခဲ့သလို ဝႈိက္ဟတ္လိန္းနဲ႔ လမ္းခြဲဖို႔ကသာ အေျဖျဖစ္လာခဲ့ခ်ိန္မွာ နယူးကာဆယ္လ္၊ ဝက္စ္ဟမ္းနဲ႔ ဂ်ာမန္ကလပ္ေတြက အလိုရွိေနၾကတယ္လို႔ သိရပါတယ္။

၃။ ဒြန္နီ ဗန္ဒဘိခ္
မန္ခ်က္စတာယူႏိုက္တက္အသင္းကို အခ်ိန္မွားၿပီး ေရာက္လာခဲ့တဲ့ ဗန္ဒဘိခ္ဟာ အသင္းအတြက္ ေျခစြမ္းေျခစကို ထုတ္ျပခြင့္မရခဲျဖစ္ခဲ့သလို နည္းျပေဟာင္း အိုလီဂန္ ဆိုးလ္ရွား ထြက္ခြာသြားခ်ိန္မွာ ယာယီကိုင္တြယ္တဲ့ မိုက္ကယ္ ကာရစ္လက္ေအာက္မွာ ကစားခြင့္နဲ႔အတူ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ ေရာက္ရွိလာခဲ့တဲ့ ယာယီနည္းျပသစ္ ရာ့လ္ဖ္ ရန္းနစ္ခ္လက္ေအာက္မွာေတာ့ ပြဲထြက္ခြင့္ ျပန္လည္ေပ်ာက္ဆုံးသြားခဲ့ၿပီး အနာဂတ္က ေတာ္ေတာ္ေလး မေရမရာျဖစ္လာခဲ့တာပါ။

အိုင္းယက္စ္အသင္းနဲ႔အတူ ေတာက္ပလာခဲ့တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ဒတ္ခ်္ကြင္းလယ္လူဟာ ဒီရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ အရန္ပြဲအမ်ားစုအပါအဝင္ ၁၂ ပြဲသာ ကစားခြင့္ ရရွိထားခဲ့ၿပီး လိုအပ္တဲ့ ကစားခြင့္ မိနစ္မ်ိဳး ရရွိမထားခဲ့သလို နည္းျပအဆက္ဆက္ အႏွိမ္ခံလိုျဖစ္ေနတဲ့ ဇာတာအတြက္ေတာ့ အေျပာင္းအလဲလုပ္ေတာ့မွာလည္းျဖစ္ပါတယ္။ ဒီဇန္နဝါရီမွာ အသင္းက ထြက္ခြာဖို႔ ႀကိဳးစားေနခဲ့ၿပီျဖစ္တဲ့ ဗန္ဒဘိခ္ကို ဥေရာပ အသင္းတခ်ိဳ႕ကေတာ့ စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

၂။ ဖလိပီ ေကာ္တင္ညိဳ
သူ႔ရဲ႕ လီဗာပူးလ္ကစားသမားဘဝ အေတာက္ပဆုံးအခ်ိန္မွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာက အသင္းအတြက္ေရာ ကစားသမား အတြက္ပါ ထူးထူးျခားျခား ဆိုး႐ြားလြန္းသြားတဲ့ အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့ၿပီး ေပါင္ ၁၄၂ သန္းတန္ အေ႐ြ႕က သုညနီးပါးမွာပဲ ရလဒ္ထြက္ေပၚခဲ့တာပါ။ ေကာ္တင္ညိဳအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကိုလည္း အငွားထြက္ကစားခဲ့ရေသးသလို ဘယ္ေတာင္ပံနဲ႔ ကြင္းလယ္ေတြမွာ ေျခစြမ္းျပႏိုင္ျခင္းမရွိဘဲ ေဘာလုံးကိုင္ ကစားပုံက မက္ဆီလိုမ်ိဳးျဖစ္ေနခ်ိန္မွာ အေဝးကို လြင့္ပါးခဲ့ရတာလည္းျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ သူ႔အစား ေတာင္ပံသမားေတြကိုပဲ အသုံးျပဳဖို႔ စိတ္ေစာေနခဲ့ၿပီး ကြင္းလယ္မွာလည္း ေနရာမေပးႏိုင္ေတာ့ခ်ိန္မွာ ၂၀၂၂ ကာတာကမာၻ႔ဖလားကို ကစားေပးလိုေနတဲ့ ဘရာဇီးလ္သားအတြက္ေတာ့ ဘယ္သူ႔အတြက္မွာ အက်ိဳးမရွိတဲ့ ႏူးကမ့္ျဖစ္တည္မႈကို အဆုံးသတ္ဖို႔ ရွိေနၿပီး ကာတာလန္သားေတြဘက္ကေတာ့ သူ႔အတြက္ ေပါင္သန္း ၂၀ ေလာက္ ရရင္ကို ဝမ္းသာအားရ လက္လႊတ္သြားဖြယ္ရွိေနခဲ့တာပါ။

၁။ ေပါလ္ ေပါ့ဘာ
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ျဖစ္ခဲ့တဲ့ ကြင္းလယ္လူ ေပါ့ဘာဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ထင္သေလာက္ ေအာင္ျမင္ျခင္း မရွိခဲ့သလို အသင္းရဲ႕ နံပါတ္ ၆ ကစားသမားႏွစ္ေယာက္ကို အထိုင္ခ်တဲ့ ကြင္းလယ္အတြဲအဖက္မွာလည္း သူ႔ရဲ႕ အဖ်က္ေကာင္းေကာင္း မပိုင္တဲ့ ကစားဟန္အရ နည္းျပေတြက မေ႐ြးရဲခဲ့သလို တိုက္စစ္မွာလည္း နံပါတ္ ၁၀ ကစားသမားမ်ိဳး မဟုတ္ျပန္တာက ျပႆနာရွိေနခဲ့ပါတယ္။

ကြင္းလယ္မွာ နံပါတ္ ၈ ကစားသမားကို မသုံးတတ္တဲ့ နည္းျပအဆက္ဆက္မွာ အသက္ ၂၈ ႏွစ္အ႐ြယ္ ျပင္သစ္သားအေနနဲ႔ ဒဏ္ရာေတြပါ မ်ားေနခဲ့ခ်ိန္မွာ ေရနစ္သူ ဝါးကူထိုးသလိုျဖစ္ခဲ့ၿပီး ႀကံ့ခိုင္မႈ ရဖို႔ပါ ႐ုန္းကန္ေနခဲ့ရသလို ရာသီအစ ပြဲနည္းနည္းနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ရွာေဖြခဲ့တဲ့ စာရင္းအင္း အခ်က္အလက္ကို အားျပဳၿပီး အသင္းသစ္ရွာဖို႔ကသာ အေကာင္းဆုံးအေျဖ ျဖစ္လာခဲ့တာပါ။

ဥေရာပရဲ႕ ဖ်ံအက်ဆုံး ေအးဂ်င့္ျဖစ္တဲ့ မီႏို ႐ိုင္ယိုလာနဲ႔ လက္တြဲထားတာကေတာ့ သူ႔အတြက္ ပူပင္စရာ မရွိႏိုင္သလို အီတလီသားေအးဂ်င့္ အေနနဲ႔ ေပါ့ဘာကို ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ အသင္းႀကီးေတြဆီ ပို႔ေဆာင္ေပးႏိုင္ၿပီး သူ႔အတြက္ေတာ့ လက္မွတ္ထိုးေၾကးပါ ႀကီးႀကီးမားမား ရရွိႏိုင္လိမ့္ဦးမယ္လို႔လည္း ယူဆရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.