Premier League

တတိယတန်းအသင်းကို ရှုံးခဲ့လို့ ငွေပြန်အမ်းပြီး တောင်းပန်ခိုင်းတာ ခံနေရတဲ့ နယူးကာဆယ်လ်

ဒေါသထွက်နေတဲ့ နယူးကာဆယ်လ်အသင်း ပရိသတ်တွေဟာ ကိမ်းဘရစ်ချ် ယူနိုက်တက်ကို အက်ဖ်အေဖလား ပြိုင်ပွဲမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် လူမှုကွန်ရက်မှာ အဲဒီပွဲစဉ်အတွက် လက်မှတ်ခပြန်အမ်းပြီး တောင်းပန်ဖို့ တောင်းဆိုနေကြပါတယ်။

အက်ဒီ ဟောင်းရဲ့အသင်းဟာ စနေနေ့ညနေက စိန့် ဂျိမ်းစ် ပါ့ခ်မှာ တတိယတန်းအသင်းဖြစ်တဲ့ ကိမ်းဘရစ်ချ် ယူနိုက်တက်နဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပါတယ်။ ဂျိုး အိုင်းရွန်းဆိုဒ်ရဲ့ ၅၆ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဧည့်သည် ကိမ်းဘရစ်ချ် အသင်းဟာ အနိုင်ရရှိခဲ့တာဖြစ်ပြီး နယူးကာဆယ်လ်အသင်းဟာ အိမ်ကွင်းမှာ ချေပဂိုးလေးတောင် ပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပရိသတ်တွေရဲ့ ဒေါသပေါက်ကွဲခြင်းကို ခံနေရတာဖြစ်ပါတယ်။

ကိမ်းဘရစ်ချ်နဲ့ပွဲစဉ်က ရှုံးပွဲဟာ ထရစ်ပီယာကို ယခု ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ပထမဆုံးခေါ်ယူမှု ပြုလုပ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့တဲ့ ဆော်ဒီအခြေစိုက် ဘီလျံနာ အသင်းပိုင်ရှင်တွေအတွက် နောက်ထပ် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပြီး အသင်းပရိသတ်တွေဟာ အက်ဖ်အေဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲပြီးပြီးချင်းပဲ ၎င်းတို့ရဲ့အရှက်ရဖွယ် ရှုံးနိမ့်ခဲ့မှုအတွက် သည်းမခံနိုင်ဘဲ တွစ်တာလူမှုကွန်ရက်မှာ ဒေါသတွေကို ဖောက်ခွဲခဲ့ကြတာဖြစ်ပါတယ်။

“ပရိသတ်တွေအနေနဲ့ ဒီနေ့ ဒီလို ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပြီးနောက် ကစားသမားတွေနဲ့ နည်းပြဆီကနေ တောင်းပန်စကား ကြားရဖို့အတွက် ထိုက်တန်တယ်လို့ ကျွန်တော် ထင်တယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ အခြား ပရိသတ်တစ်ဦးကလည်း “၁၀၀ ရာခိုင်နှုန်း တောင်းပန်ခံရသင့်ပြီး လက်မှတ် ၅၁၀၀ ကိုလည်း ငွေပြန်အမ်းသင့်တယ်။ ရှက်ဖို့ကောင်းလိုက်တာ”လို့ စိန့် ဂျိမ်းစ်ပါ့ခ်မှာ အသင်းရဲ့ ရှုံးပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ပရိသတ်တွေကို ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။

နယူးကာဆယ်လ်အသင်း ပိုင်ရှင်တွေဟာ ကိမ်းဘရစ်ချ်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အဝတ်လဲခန်းထဲမှာ စကားပြောဆိုခဲ့တယ်လို့ သိရပြီး အသင်းပိုင်ရှင် ရူးမေယန်ဟာ အမန်ဒါ စတေ့ဗ်လီနဲ့အတူ ပွဲအပြီးမှာ အဝတ်လဲခန်းထဲကို ရောက်လာခဲ့တာဖြစ်တယ်လို့ နည်းပြ အက်ဒီ ဟောင်းက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ ကစားသမားတွေကို တွေ့ဖို့အတွက် ပေါက်ချလာခဲ့တယ်။ ကျွန်တော်က ပုဂ္ဂိုလ်ရေးအရတော့ အဲဒီအတွက် အဝတ်လဲခန်းထဲမှာ ရှိနေခဲ့တာတော့မဟုတ်ပါဘူး။ ပြီးတော့မှ သူတို့တွေ ကျွန်တော့်ရဲ့နည်းပြအဖွဲ့နဲ့ ကျွန်တော့်ကို တွေ့သွားခဲ့ပါတယ်။ သူတို့တွေက ကစားသမားတွေကို အရမ်းကို အားပေးထောက်ခံတတ်တဲ့သူတွေလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ အတူတူ ပရီးမီးယားလိဂ်မှာ ဆက်နေဖို့အတွက် ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရမယ်ဆိုတဲ့အကြောင်းကို အဓိကထားပြောသွားပါတယ်။ သူတို့တွေက အားလုံးရဲ့နောက်မှာ မားမားမတ်မတ် ရပ်တည်နေမယ်တဲ့။ ကျွန်တော် သူတို့ရဲ့ ဒီအားပေးထောက်ခံမှုအတွက် ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး”

“အသင်းပိုင်ရှင်တွေနဲ့ တွေ့ပြီး ဒီစကားတွေကို ကြားရတာက ကစားသမားတွေအတွက် တကယ်ကို အကျိုးရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိ ကျွန်တော်တို့ သွားနေတဲ့ ဒီခရီးမှာ အသင်းမှာ ရှိသမျှ လူအားလုံးဟာ စုစုစည်းစည်းနဲ့ အားထုတ်ပြီး ပရီးမီးယားလိဂ်မှာ ဆက်နေနိုင်ဖို့ တိုက်ပွဲဝင်နေရတာကြောင့်မို့လို့ပါ။ ပရိသတ်တွေကတော့ သူတို့အပိုင်း သူတို့လုပ်နေတယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ သူတို့တွေက အရမ်းကို ထူးခြားအံ့သြဖွယ်ပါပဲ။ ပြီးတော့ အသင်းပိုင်ရှင်တွေက ကစားသမားတွေအတွက် သူတို့ရဲ့ အားပေးထောက်ခံမှုကို ပြသချင်ခဲ့ပြီး အဲဒါက ကျွန်တော့်အတွက် တကယ်ကို လှိုက်လှိုက်လှလှဲ ကြိုဆိုတဲ့လုပ်ရပ်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဒါသထြက္ေနတဲ့ နယူးကာဆယ္လ္အသင္း ပရိသတ္ေတြဟာ ကိမ္းဘရစ္ခ်္ ယူနိုက္တက္ကို အက္ဖ္ေအဖလား ၿပိဳင္ပြဲမွာ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ လူမႈကြန္ရက္မွာ အဲဒီပြဲစဥ္အတြက္ လက္မွတ္ချပန္အမ္းၿပီး ေတာင္းပန္ဖို႔ ေတာင္းဆိုေနၾကပါတယ္။

အက္ဒီ ေဟာင္းရဲ့အသင္းဟာ စေနေန႔ညေနက စိန႔္ ဂ်ိမ္းစ္ ပါ့ခ္မွာ တတိယတန္းအသင္းျဖစ္တဲ့ ကိမ္းဘရစ္ခ်္ ယူနိုက္တက္နဲ႔ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန လွည့္ျပန္ခဲ့ရၿပီျဖစ္ပါတယ္။ ဂ်ိဳး အိုင္းရြန္းဆိုဒ္ရဲ့ ၅၆ မိနစ္မွာ သြင္းယူခဲ့တဲ့ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ ဧည့္သည္ ကိမ္းဘရစ္ခ်္ အသင္းဟာ အနိုင္ရရွိခဲ့တာျဖစ္ၿပီး နယူးကာဆယ္လ္အသင္းဟာ အိမ္ကြင္းမွာ ေခ်ပဂိုးေလးေတာင္ ျပန္လည္သြင္းယူနိုင္ခဲ့ျခင္းမရွိတာေၾကာင့္ ပရိသတ္ေတြရဲ့ ေဒါသေပါက္ကြဲျခင္းကို ခံေနရတာျဖစ္ပါတယ္။

ကိမ္းဘရစ္ခ်္နဲ႔ပြဲစဥ္က ရႈံးပြဲဟာ ထရစ္ပီယာကို ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ပထမဆုံးေခၚယူမႈ ျပဳလုပ္ၿပီး ရင္းႏွီးျမႇုပ္ႏွံမႈေတြ ျပဳလုပ္ခဲ့တဲ့ ေဆာ္ဒီအေျခစိုက္ ဘီလ်ံနာ အသင္းပိုင္ရွင္ေတြအတြက္ ေနာက္ထပ္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး အသင္းပရိသတ္ေတြဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတဲ့ပြဲၿပီးၿပီးခ်င္းပဲ ၎တို႔ရဲ့အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့မႈအတြက္ သည္းမခံနိုင္ဘဲ တြစ္တာလူမႈကြန္ရက္မွာ ေဒါသေတြကို ေဖာက္ခြဲခဲ့ၾကတာျဖစ္ပါတယ္။

“ပရိသတ္ေတြအေနနဲ႔ ဒီေန႔ ဒီလို ဆိုးရြားတဲ့စြမ္းေဆာင္ရည္ကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ကစားသမားေတြနဲ႔ နည္းျပဆီကေန ေတာင္းပန္စကား ၾကားရဖို႔အတြက္ ထိုက္တန္တယ္လို႔ ကၽြန္ေတာ္ ထင္တယ္”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။ အျခား ပရိသတ္တစ္ဦးကလည္း “၁၀၀ ရာခိုင္ႏႈန္း ေတာင္းပန္ခံရသင့္ၿပီး လက္မွတ္ ၅၁၀၀ ကိုလည္း ေငြျပန္အမ္းသင့္တယ္။ ရွက္ဖို႔ေကာင္းလိုက္တာ”လို႔ စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ အသင္းရဲ့ ရႈံးပြဲကို တက္ေရာက္ၾကည့္ရႈခဲ့တဲ့ပရိသတ္ေတြကို ရည္ညႊန္းၿပီး ေျပာဆိုခဲ့ပါတယ္။

နယူးကာဆယ္လ္အသင္း ပိုင္ရွင္ေတြဟာ ကိမ္းဘရစ္ခ်္ကို ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး အဝတ္လဲခန္းထဲမွာ စကားေျပာဆိုခဲ့တယ္လို႔ သိရၿပီး အသင္းပိုင္ရွင္ ႐ူးေမယန္ဟာ အမန္ဒါ စေတ့ဗ္လီနဲ႔အတူ ပြဲအၿပီးမွာ အဝတ္လဲခန္းထဲကို ေရာက္လာခဲ့တာျဖစ္တယ္လို႔ နည္းၿပ အက္ဒီ ေဟာင္းက ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြ ကစားသမားေတြကို ေတြ႕ဖို႔အတြက္ ေပါက္ခ်လာခဲ့တယ္။ ကၽြန္ေတာ္က ပုဂၢိဳလ္ေရးအရေတာ့ အဲဒီအတြက္ အဝတ္လဲခန္းထဲမွာ ရွိေနခဲ့တာေတာ့မဟုတ္ပါဘူး။ ၿပီးေတာ့မွ သူတို႔ေတြ ကၽြန္ေတာ့္ရဲ့နည္းျပအဖြဲ႕နဲ႔ ကၽြန္ေတာ့္ကို ေတြ႕သြားခဲ့ပါတယ္။ သူတို႔ေတြက ကစားသမားေတြကို အရမ္းကို အားေပးေထာက္ခံတတ္တဲ့သူေတြလို႔ ယုံၾကည္ပါတယ္။ ကၽြန္ေတာ္တို႔ အတူတူ ပရီးမီးယားလိဂ္မွာ ဆက္ေနဖို႔အတြက္ ျပင္းျပင္းထန္ထန္ တိုက္ပြဲဝင္ရမယ္ဆိုတဲ့အေၾကာင္းကို အဓိကထားေျပာသြားပါတယ္။ သူတို႔ေတြက အားလုံးရဲ့ေနာက္မွာ မားမားမတ္မတ္ ရပ္တည္ေနမယ္တဲ့။ ကၽြန္ေတာ္ သူတို႔ရဲ့ ဒီအားေပးေထာက္ခံမႈအတြက္ ဘယ္လိုေက်းဇူးတင္ရမလဲေတာင္ မသိေတာ့ပါဘူး”

“အသင္းပိုင္ရွင္ေတြနဲ႔ ေတြ႕ၿပီး ဒီစကားေတြကို ၾကားရတာက ကစားသမားေတြအတြက္ တကယ္ကို အက်ိဳးရွိတယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ လက္ရွိ ကၽြန္ေတာ္တို႔ သြားေနတဲ့ ဒီခရီးမွာ အသင္းမွာ ရွိသမၽွ လူအားလုံးဟာ စုစုစည္းစည္းနဲ႔ အားထုတ္ၿပီး ပရီးမီးယားလိဂ္မွာ ဆက္ေနနိုင္ဖို႔ တိုက္ပြဲဝင္ေနရတာေၾကာင့္မို႔လို႔ပါ။ ပရိသတ္ေတြကေတာ့ သူတို႔အပိုင္း သူတို႔လုပ္ေနတယ္ဆိုတာ သံသယျဖစ္စရာမရွိဘဲ သူတို႔ေတြက အရမ္းကို ထူးျခားအံ့ၾသဖြယ္ပါပဲ။ ၿပီးေတာ့ အသင္းပိုင္ရွင္ေတြက ကစားသမားေတြအတြက္ သူတို႔ရဲ့ အားေပးေထာက္ခံမႈကို ျပသခ်င္ခဲ့ၿပီး အဲဒါက ကၽြန္ေတာ့္အတြက္ တကယ္ကို လွိုက္လွိုက္လွလွဲ ႀကိဳဆိုတဲ့လုပ္ရပ္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.