Premier League

စမစ် ရိုးရဲ့ အံ့အားသင့်ဖွယ်ပေါ်ထွက်လာမှုက ကိုယ်စိုက်ပျိုးခဲ့တာ ပြန်ရိတ်သိမ်းနေရတာလို့ ပြောခဲ့တဲ့ ကူးပါး

စတိဗ် ကူးပါးက စမစ် ရိုးရဲ့ ခြေစွမ်း ထိပ်တန်းအဆင့်အထိ မြင့်တက်လာမှုဟာ ပြင်းပြင်းထန်ထန် ကြိုးစားခြင်းကြောင့် အကျိုးအမြတ် ပြန်ရတာကို ပြသဖို့အတွက် သက်သေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

နော်တင်ဟမ် ဖောရက်စ် နည်းပြဟာ အာဆင်နယ်လူငယ်ကြယ်ပွင့်ကို ၂၀၁၇ ခုနှစ် ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ အင်္ဂလန်ယူ-၁၇ အသင်းကို ကိုင်တွယ်ခဲ့တဲ့အချိန်တုန်းက နည်းပြပေးခဲ့ဖူးသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ အမ်းမရိတ်စ်မှာ ယခုရာသီ ပရီးမီးယားလိဂ် ၁၈ ပွဲမှာ ၈ ဂိုး သွင်းယူပေးထားပြီး ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ကူးပါးရဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းဟာ ယနေ့မှာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အခြား ပြောစရာ ဘာမှမရှိပေမမယ့် အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်အတွက်တော့ ချီးကျူး ပြောဆိုစရာတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

“အီမိုင်းက ပါရမီ မြင့်မြင့်မားမားရှိတဲ့ ကောင်လေးတွေ အုပ်စုထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ ခင်ဗျား အဲဒီအသက်အရွယ်လောက် အင်္ဂလန်အသင်းနဲ့အလုပ်အတူတူ လုပ်ရတဲ့အခါမှာ ခင်ဗျားသာ အဲဒီလောက်မကောင်းရင် ဒီလောက်အထိ ရောက်မှာမဟုတ်ပါဘူး။ သူတို့တွေက ခင်ဗျား အရာတော်တော်များများကို လုပ်ပြလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အသက်အရွယ်မှာ ရှိနေခဲ့တာပါ။ သူ ဒီလောက်ထိ ရောက်လာနိုင်ဖို့အတွက် သူ့ အကယ်ဒမီမှာ လုပ်ခဲ့တဲ့အလုပ်က စစ်မှန်တဲ့ သက်သေအဖြစ် ရှိနေပါတယ်။ ပြီးတော့ အီမိုင်းက အခုဆိုရင် တကယ်ကို စိတ်လှုပ်ရှားစရာ ကစားသမားဘဝကို စတင်နေတဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်နေပါပြီ”

“ဒါပေမယ့် ပါရမီက ထိပ်ဆုံးကို ရောက်ဖို့အတွက် တစ်ခုတည်းသော အစိတ်အပိုင်းမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အားလုံးသိနေပါတယ်။ ထိပ်ဆုံးမှာ ခင်ဗျားနေနိုင်ဖို့အတွက် တခြားအရာတွေလည်း အများကြီး ခင်ဗျား လိုအပ်မှာပါ။ အရာတော်တော်များများကို ကောင်းကောင်းလုပ်နိုင်နေတာကို မြင်ရတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် အီမိုင်းက များသောအားဖြင့် အရမ်းကို ကောင်းမွန်နေခဲ့တာပါ။ အဲဒါက ကျွန်တော့်ကို စိတ်ကျေနပ်စေခဲ့တယ်။ ဘာလို့လဲဆိုတော့ အင်္ဂလန်အသင်းမှာ လေ့ကျင့်ရေးနဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်ရင် သူ့ထက်ပိုပြီး အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားတဲ့ကစားသမားကို ကျွန်တော် တွေးကြည့်လို့ မရလို့ပါ”

“တခြားလူတွေက အလုပ်မလုပ်ဘူးလို့ ကျွန်တော် ပြောတာမဟုတ်ဘူးနော်။ ဒါပေမယ့် သူ့မှာ အံ့အားသင့်ဖွယ် ချဉ်းကပ်မှုမျိုး ရှိပြီး အခုဆိုရင် သူ စိုက်ပျိုးခဲ့တာကို သူ ပြန်ရိတ်သိမ်းနေရပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ ကူးပါးဟာ ခရစ္စ ဟျူတန်ဆီကနေ နော်တင်ဟမ် ဖောရက်စ်အသင်းကို လက်လွှဲ တာဝန်ယူခဲ့ပြီးကတည်းက အသင်းရဲ့ ကံကြမ္မာကို ပြုပြင် ပြောင်းလဲပေးနိုင်ခဲ့သူဖြစ်ပြီး ၎င်းရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် အသက် ၂၀ အရွယ် ဘရန်နန် ဂျွန်ဆင် ရှိနေခဲ့တာဖြစ်ပါတယ်။

ဘရန်နန် ဂျွန်ဆင်ဟာ ဝေးလ်လက်ရွေးစင်အသင်းလူစာရင်းထဲကို ခေါ်ယူခြင်း ခံခဲ့ရပြီးဖြစ်ပြီး ကူးပါးက ယနေ့မှာ ပွဲထွက်ကစားတဲ့အခါကျရင် လူငယ်ကြယ်ပွင့် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကို ပြောကြားခဲ့ပါတယ်။ “သူနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်မှုအချို့နဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ သူ ကောင်းမွန်တဲ့ စကားစမြည်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပြီး သူ အဲဒါကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ သူ နောက်ကို ပြန်လှည့်ကြည့်ပြီး သူ့မှာ ကောင်းမွန်တဲ့ ရာသီဝက်တင်မကဘဲ ကောင်းမွန်တဲ့ရာသီ ပိုင်ဆိုင်ခဲ့တယ်ဆိုတာကို သိလိမ့်မယ်ဆိုတာ ကျွန်တော် သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စတိဗ္ ကူးပါးက စမစ္ ရိုးရဲ့ ေျခစြမ္း ထိပ္တန္းအဆင့္အထိ ျမင့္တက္လာမႈဟာ ျပင္းျပင္းထန္ထန္ ႀကိဳးစားျခင္းေၾကာင့္ အက်ိဳးအျမတ္ ျပန္ရတာကို ျပသဖို႔အတြက္ သက္ေသျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္ နည္းျပဟာ အာဆင္နယ္လူငယ္ၾကယ္ပြင့္ကို ၂၀၁၇ ခုႏွစ္ ကမၻာ့ဖလား ရရွိခဲ့တဲ့ အဂၤလန္ယူ-၁၇ အသင္းကို ကိုင္တြယ္ခဲ့တဲ့အခ်ိန္တုန္းက နည္းျပေပးခဲ့ဖူးသူျဖစ္ၿပီး အဂၤလန္လက္ေရြးစင္ကြင္းလယ္ၾကယ္ပြင့္ဟာ အမ္းမရိတ္စ္မွာ ယခုရာသီ ပရီးမီးယားလိဂ္ ၁၈ ပြဲမွာ ၈ ဂိုး သြင္းယူေပးထားၿပီး ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ကူးပါးရဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းဟာ ယေန႔မွာ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္ျဖစ္ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အျခား ေျပာစရာ ဘာမွမရွိေပမမယ့္ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္အတြက္ေတာ့ ခ်ီးက်ဴး ေျပာဆိုစရာေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

“အီမိုင္းက ပါရမီ ျမင့္ျမင့္မားမားရွိတဲ့ ေကာင္ေလးေတြ အုပ္စုထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ ခင္ဗ်ား အဲဒီအသက္အရြယ္ေလာက္ အဂၤလန္အသင္းနဲ႔အလုပ္အတူတူ လုပ္ရတဲ့အခါမွာ ခင္ဗ်ားသာ အဲဒီေလာက္မေကာင္းရင္ ဒီေလာက္အထိ ေရာက္မွာမဟုတ္ပါဘူး။ သူတို႔ေတြက ခင္ဗ်ား အရာေတာ္ေတာ္မ်ားမ်ားကို လုပ္ျပလိမ့္မယ္လို႔ ေမၽွာ္လင့္ထားတဲ့ အသက္အရြယ္မွာ ရွိေနခဲ့တာပါ။ သူ ဒီေလာက္ထိ ေရာက္လာနိုင္ဖို႔အတြက္ သူ႔ အကယ္ဒမီမွာ လုပ္ခဲ့တဲ့အလုပ္က စစ္မွန္တဲ့ သက္ေသအျဖစ္ ရွိေနပါတယ္။ ၿပီးေတာ့ အီမိုင္းက အခုဆိုရင္ တကယ္ကို စိတ္လႈပ္ရွားစရာ ကစားသမားဘဝကို စတင္ေနတဲ့ ကစားသမားေတြထဲက တစ္ဦး ျဖစ္ေနပါၿပီ”

“ဒါေပမယ့္ ပါရမီက ထိပ္ဆုံးကို ေရာက္ဖို႔အတြက္ တစ္ခုတည္းေသာ အစိတ္အပိုင္းမဟုတ္ဘူးဆိုတာ ကၽြန္ေတာ္တို႔ အားလုံးသိေနပါတယ္။ ထိပ္ဆုံးမွာ ခင္ဗ်ားေနနိုင္ဖို႔အတြက္ တျခားအရာေတြလည္း အမ်ားႀကီး ခင္ဗ်ား လိုအပ္မွာပါ။ အရာေတာ္ေတာ္မ်ားမ်ားကို ေကာင္းေကာင္းလုပ္နိုင္ေနတာကို ျမင္ရတာ အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ အီမိုင္းက မ်ားေသာအားျဖင့္ အရမ္းကို ေကာင္းမြန္ေနခဲ့တာပါ။ အဲဒါက ကၽြန္ေတာ့္ကို စိတ္ေက်နပ္ေစခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အဂၤလန္အသင္းမွာ ေလ့က်င့္ေရးနဲ႔ ႀကိဳတင္ျပင္ဆင္မႈနဲ႔ပတ္သက္ရင္ သူ႔ထက္ပိုၿပီး အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားတဲ့ကစားသမားကို ကၽြန္ေတာ္ ေတြးၾကည့္လို႔ မရလို႔ပါ”

“တျခားလူေတြက အလုပ္မလုပ္ဘူးလို႔ ကၽြန္ေတာ္ ေျပာတာမဟုတ္ဘူးေနာ္။ ဒါေပမယ့္ သူ႔မွာ အံ့အားသင့္ဖြယ္ ခ်ဥ္းကပ္မႈမ်ိဳး ရွိၿပီး အခုဆိုရင္ သူ စိုက္ပ်ိဳးခဲ့တာကို သူ ျပန္ရိတ္သိမ္းေနရပါၿပီ”လို႔ ေျပာၾကားခဲ့ပါတယ္။ ကူးပါးဟာ ခရစၥ ဟ်ဴတန္ဆီကေန ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကို လက္လႊဲ တာဝန္ယူခဲ့ၿပီးကတည္းက အသင္းရဲ့ ကံၾကမၼာကို ျပဳျပင္ ေျပာင္းလဲေပးနိုင္ခဲ့သူျဖစ္ၿပီး ၎ရဲ့ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ အသက္ ၂၀ အရြယ္ ဘရန္နန္ ဂၽြန္ဆင္ ရွိေနခဲ့တာျဖစ္ပါတယ္။

ဘရန္နန္ ဂၽြန္ဆင္ဟာ ေဝးလ္လက္ေရြးစင္အသင္းလူစာရင္းထဲကို ေခၚယူျခင္း ခံခဲ့ရၿပီးျဖစ္ၿပီး ကူးပါးက ယေန႔မွာ ပြဲထြက္ကစားတဲ့အခါက်ရင္ လူငယ္ၾကယ္ပြင့္ ရင္ဆိုင္ရမယ့္ စိန္ေခၚမႈကို ေျပာၾကားခဲ့ပါတယ္။ “သူနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာ တိုးတက္မႈအခ်ိဳ႕နဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္နဲ႔ သူ ေကာင္းမြန္တဲ့ စကားစျမည္ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၿပီး သူ အဲဒါကို ရင္ဆိုင္ေျဖရွင္းရမွာပါ။ သူ ေနာက္ကို ျပန္လွည့္ၾကည့္ၿပီး သူ႔မွာ ေကာင္းမြန္တဲ့ ရာသီဝက္တင္မကဘဲ ေကာင္းမြန္တဲ့ရာသီ ပိုင္ဆိုင္ခဲ့တယ္ဆိုတာကို သိလိမ့္မယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.