Ligue1 Premier League

လာမယ့်ရာသီ ယူနိုက်တက်ကို နည်းပြဖို့ သဘောတူခဲ့တဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်း

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ သဘောတူညီခဲ့ပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာတော့မယ်လို့ သိရပါတယ်။

ပြင်သစ် ဂျာနယ်လစ် ဒိုမီနစ် ဆီဗီဟာ့ခ်က La Chaîne L’Équipe မှာ ပိုချက်တီနိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့ကိစ္စဟာ ပြီးမြောက်လုနီးပါးဖြစ်နေပြီလို့ အတည်ပြုထားတဲ့ သတင်းကို ရေးသားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားလူမျိုးနည်းပြဟာ ပီအက်စ်ဂျီအသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ ၎င်းရဲ့ ဆက်ဆံရေးကို မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ပီအက်စ်ဂျီအသင်းပိုင်ရှင်တွေကလည်း ပိုချက်တီနိုရဲ့ နည်းဗျူဟာနဲ့ ၎င်းရဲ့ လက်ထက် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြိး မပျော်မရွှင်ဖြစ်နေကြပြီး ဒီလို ဖြစ်ရတာဟာ လီယွန်နယ် မက်ဆီ၊ ခီလီယန် အမ်ဘာပေနဲ့ နေမာတို့ တစ်မိုးအောက်တည်းမှာ အတူတူ ကစားနေတာကြောင့် ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားနဲ့ လမ်းခွဲပြီးနောက် နည်းပြသစ်အဖြစ် ပိုချက်တီနိုကို ခန့်အပ်ဖို့ ပစ်မတ်ထားနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပိုချက်တီနိုကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်လူမျိုးနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ကို ယခုရာသီကုန်တဲ့အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ရတာဖြစ်ပါတယ်။ ဆီဗီဟာ့ခ်က မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ဟာ ပိုချက်တီနိုအပေါ် ၎င်းတို့ရဲ့ စိတ်ဝင်စားနေမှုကို ရှင်းရှင်းလင်းလင်းသိအောင် ပြုလုပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရာသီကုန်တဲ့အထိ တစ်ယောက်နဲ့ တစ်ယောက် သူတို့တွေ စကားပြောလို့ ရနိုင်ဦးမှာမဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ အဲဒီအပြောင်းအရွှေ့က ပြီးမြောက်လုနီးပါး ဖြစ်နေပါပြီ။ ကျွန်တော် သိတဲ့ဟာ ခင်ဗျားကို ပြောနေတာပါ။ မန်ချက်စတာယူနိုက်တက်က သူ့ကို လိုချင်တယ်။ သူကလည်း ပီအက်စ်ဂျီကနေ လစ်ချင်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ သဘောတူညီမှုရဖို့က သိပ်မဝေးတော့ဘူးလေ”လို့ ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းက ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေမှုကိုလည်း သတိပြုမိနေတာဖြစ်ပြီး အဲဒါကလည်း အသက် ၄၉ နှစ်အရွယ် အာဂျင်တီးနားလူမျိုးနည်းပြအနေနဲ့ လာမယ့် နွေရာသီမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေရတဲ့ နောက်ထပ်အကြောင်းအရင်းလည်း ဖြစ်နိုင်ပါတယ်။

ပီအက်စ်ဂျီအသင်းပိုင်ရှင် နက်ဆာ အယ်လ်-ခါလီဖီဟာ ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမား ဇီဒန်းကို အလွန်လေးစားနှစ်သက်သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ရရှိခဲ့တဲ့ ချန်ပီယံလိဂ်အောင်မြင်မှုအတိုင်း ပဲရစ်မှာ ထပ်တူ ပြန်လည်လုပ်ပြစေချင်နေတာဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြခဲ့တဲ့ကာလအတွင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ရရှိခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ ရီးရဲလ်မက်ဒရစ်ကို ပထမဆုံးအကြိမ် ၃ ရာသီဆက်တိုက် ချန်ပီယံဖြစ်ခဲ့တဲ့အသင်းဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းနည္းၿပ ပိုခ်က္တီနိုဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို တာဝန္ယူကိုင္တြယ္ဖို႔ သေဘာတူညီခဲ့ၿပီျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေရႊ႕လာေတာ့မယ္လို႔ သိရပါတယ္။

ျပင္သစ္ ဂ်ာနယ္လစ္ ဒိုမီနစ္ ဆီဗီဟာ့ခ္က La Chaîne L’Équipe မွာ ပိုခ်က္တီနိုနဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔ရဲ့ အေျပာင္းအေရႊ႕ကိစၥဟာ ၿပီးေျမာက္လုနီးပါးျဖစ္ေနၿပီလို႔ အတည္ျပဳထားတဲ့ သတင္းကို ေရးသားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာ ပီအက္စ္ဂ်ီအသင္းဘုတ္အဖြဲ႕ဝင္ေတြနဲ႔ ၎ရဲ့ ဆက္ဆံေရးကို မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ေတြကလည္း ပိုခ်က္တီနိုရဲ့ နည္းဗ်ဴဟာနဲ႔ ၎ရဲ့ လက္ထက္ အသင္းရဲ့ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပိး မေပ်ာ္မရႊင္ျဖစ္ေနၾကၿပီး ဒီလို ျဖစ္ရတာဟာ လီယြန္နယ္ မက္ဆီ၊ ခီလီယန္ အမ္ဘာေပနဲ႔ ေနမာတို႔ တစ္မိုးေအာက္တည္းမွာ အတူတူ ကစားေနတာေၾကာင့္ ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ ၿပီးခဲ့တဲ့နိုဝင္ဘာလမွာ နည္းၿပ အိုေလ ဂန္နာ ဆိုးလ္ရွားနဲ႔ လမ္းခြဲၿပီးေနာက္ နည္းျပသစ္အျဖစ္ ပိုခ်က္တီနိုကို ခန႔္အပ္ဖို႔ ပစ္မတ္ထားေနခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့နိုဝင္ဘာလမွာ ပိုခ်က္တီနိုကို ေခၚယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့တဲ့ေနာက္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဂ်ာမန္လူမ်ိဳးနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္ကို ယခုရာသီကုန္တဲ့အထိ ယာယီနည္းျပအျဖစ္ ခန႔္အပ္ခဲ့ရတာျဖစ္ပါတယ္။ ဆီဗီဟာ့ခ္က မန္ခ်က္စတာယူနိုက္တက္ဘုတ္အဖြဲ႕ဟာ ပိုခ်က္တီနိုအေပၚ ၎တို႔ရဲ့ စိတ္ဝင္စားေနမႈကို ရွင္းရွင္းလင္းလင္းသိေအာင္ ျပဳလုပ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ရာသီကုန္တဲ့အထိ တစ္ေယာက္နဲ႔ တစ္ေယာက္ သူတို႔ေတြ စကားေျပာလို႔ ရနိုင္ဦးမွာမဟုတ္ေသးပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္အျမင္မွာေတာ့ အဲဒီအေျပာင္းအေရႊ႕က ၿပီးေျမာက္လုနီးပါး ျဖစ္ေနပါၿပီ။ ကၽြန္ေတာ္ သိတဲ့ဟာ ခင္ဗ်ားကို ေျပာေနတာပါ။ မန္ခ်က္စတာယူနိုက္တက္က သူ႔ကို လိုခ်င္တယ္။ သူကလည္း ပီအက္စ္ဂ်ီကေန လစ္ခ်င္ေနတယ္။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ သေဘာတူညီမႈရဖို႔က သိပ္မေဝးေတာ့ဘူးေလ”လို႔ ေျပာၾကားခဲ့ပါတယ္။

ပိုခ်က္တီနိုဟာ ပီအက္စ္ဂ်ီအသင္းက ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနမႈကိုလည္း သတိျပဳမိေနတာျဖစ္ၿပီး အဲဒါကလည္း အသက္ ၄၉ ႏွစ္အရြယ္ အာဂ်င္တီးနားလူမ်ိဳးနည္းျပအေနနဲ႔ လာမယ့္ ေႏြရာသီမွာ ယူနိုက္တက္ကို ေျပာင္းေရႊ႕ဖို႔အတြက္ ခ်ိတ္ဆက္မႈေတြ ရွိေနရတဲ့ ေနာက္ထပ္အေၾကာင္းအရင္းလည္း ျဖစ္နိုင္ပါတယ္။

ပီအက္စ္ဂ်ီအသင္းပိုင္ရွင္ နက္ဆာ အယ္လ္-ခါလီဖီဟာ ျပင္သစ္ဂႏၲဝင္ကြင္းလယ္ကစားသမား ဇီဒန္းကို အလြန္ေလးစားႏွစ္သက္သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းမွာ ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈအတိုင္း ပဲရစ္မွာ ထပ္တူ ျပန္လည္လုပ္ျပေစခ်င္ေနတာျဖစ္ပါတယ္။

ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို နည္းျပခဲ့တဲ့ကာလအတြင္း ခ်န္ပီယံလိဂ္ဖလားကို ၃ ႏွစ္ဆက္တိုက္ ရရွိခဲ့သူျဖစ္ၿပီး ခ်န္ပီယံလိဂ္သမိုင္းမွာ ရီးရဲလ္မက္ဒရစ္ကို ပထမဆုံးအႀကိမ္ ၃ ရာသီဆက္တိုက္ ခ်န္ပီယံျဖစ္ခဲ့တဲ့အသင္းျဖစ္လာေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.