Ligue1

မက်ဆီရဲ့လုပ်ရပ်ကြောင့် အရမ်းအံ့သြတုန်လှုပ်မိတယ်လို့ ဝေဖန်လိုက်တဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း

ပီအက်စ်ဂျီတောင်ပံကြယ်ပွင့်ဟောင်း ဂျရုန်း ရော့သမ်ဟာ ပြီးခဲ့တဲ့အပတ်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် နည်းပြ ပိုချက်တီနိုနဲ့ အဆက်အသွယ်မလုပ်ခဲ့တဲ့ လီယွန်နယ် မက်ဆီကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းက ဗန်းစ်ကို ပြင်သစ်ရှုံးထွက်ဖလားပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိသူဖြစ်ပြီး နှစ်သစ်ကူးပွဲကို ဆင်နွှဲဖို့အတွက် မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံကို ပြန်သွားခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ပြီးခဲ့တဲ့အပတ်မှာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကမှ ပဲရစ်ကို ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက တရားဝင်ထုတ်ပြန်ကြေညာချက်မှာ လီယွန်နယ် မက်ဆီဟာ ကိုဗစ်-၁၉ ကင်းစင်သွားပြီဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ လိုင်ယွန်နဲ့ ကစားမယ့် လိဂန်းပွဲစဉ်အတွက် ပါဝင်ကစားပေးနိုင်မလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

ဗန်းစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြ ပိုချက်တီနိုက လီယွန်နယ် မက်ဆီ ဆီကနေ ဘာစကားတစ်ခွန်းမှ မကြားခဲ့ရကြောင်း ပြောကြားခဲ့တဲ့အချိန်မှာ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ရော့သမ်အတွက် ဒေါသအိုးပေါက်ကွဲစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့နည်းပြကို လေးစားမှုရှိရမယ်လို့ ကျွန်တော် ယူဆပါတယ်။ ခင်ဗျား တစ်ခုခုဖြစ်ပျက်နေတဲ့အချိန်မျိုးမှာ ခင်ဗျားက ကြယ်ပွင့်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ နည်းပြက အားလုံးရဲ့အထက်မှာ ရှိနေပါတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲ သင်ကြားခြင်းခံခဲ့ရပါတယ်။ အသင်းကို တည်ဆောက်တဲ့လူတစ်ဦးဖြစ်တဲ့ နည်းပြက ပိုချက်တီနိုပါ”

“သူရဲ့ စကားထဲမှာ သူ မက်ဆီ ဘယ်မှာရှိနေမှန်းမသိဘူးလို့ ပြောသွားပါတယ်။ အဲဒါက မက်ဆီက သူ့အကြောင်းကို ပိုချက်တီနိုသိအောင် ဖုန်းလေးတောင်ဆက်ပြီး မရှင်းပြခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ်ဆိုတာ ရှင်းနေတာပဲ။ ဒါက အရာတော်တော်များများကို ရှင်းလင်းသွားစေပါတယ်။ နည်းပြက သူ လုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်။ အဲဒါက ကြောက်မက်စရာ ကောင်းရပါမယ်။ မက်ဆီကနေ ကျွန်တော်တွေ့ခဲ့တာကတော့ အရမ်းကို အံ့သြတုန်လှုပ်စရာကောင်းပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီေတာင္ပံၾကယ္ပြင့္ေဟာင္း ဂ်႐ုန္း ေရာ့သမ္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ နည္းၿပ ပိုခ်က္တီနိုနဲ႔ အဆက္အသြယ္မလုပ္ခဲ့တဲ့ လီယြန္နယ္ မက္ဆီကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းက ဗန္းစ္ကို ျပင္သစ္ရႈံးထြက္ဖလားၿပိဳင္ပြဲမွာ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးနိုင္ခဲ့ျခင္းမရွိသူျဖစ္ၿပီး ႏွစ္သစ္ကူးပြဲကို ဆင္ႏႊဲဖို႔အတြက္ ေမြးရပ္ေၿမ အာဂ်င္တီးနားနိုင္ငံကို ျပန္သြားခဲ့တာျဖစ္ပါတယ္။ ဘလြန္ေဒါ ၇ ဆုရွင္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ကိုဗစ္ကူးစက္ခံထားရတယ္လို႔ စစ္ေဆးေတြ႕ရွိခဲ့ရၿပီး ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ကမွ ပဲရစ္ကို ျပန္လည္ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းက တရားဝင္ထုတ္ျပန္ေၾကညာခ်က္မွာ လီယြန္နယ္ မက္ဆီဟာ ကိုဗစ္-၁၉ ကင္းစင္သြားၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း အာဂ်င္တီးနားၾကယ္ပြင့္အေနနဲ႔ လိုင္ယြန္နဲ႔ ကစားမယ့္ လိဂန္းပြဲစဥ္အတြက္ ပါဝင္ကစားေပးနိုင္မလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။

ဗန္းစ္ကို အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ နည္းၿပ ပိုခ်က္တီနိုက လီယြန္နယ္ မက္ဆီ ဆီကေန ဘာစကားတစ္ခြန္းမွ မၾကားခဲ့ရေၾကာင္း ေျပာၾကားခဲ့တဲ့အခ်ိန္မွာ ပီအက္စ္ဂ်ီၾကယ္ပြင့္ေဟာင္း ေရာ့သမ္အတြက္ ေဒါသအိုးေပါက္ကြဲစရာျဖစ္ခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ားအေနနဲ႔ ခင္ဗ်ားရဲ့နည္းျပကို ေလးစားမႈရွိရမယ္လို႔ ကၽြန္ေတာ္ ယူဆပါတယ္။ ခင္ဗ်ား တစ္ခုခုျဖစ္ပ်က္ေနတဲ့အခ်ိန္မ်ိဳးမွာ ခင္ဗ်ားက ၾကယ္ပြင့္ျဖစ္သည္ျဖစ္ေစ၊ မျဖစ္သည္ျဖစ္ေစ နည္းျပက အားလုံးရဲ့အထက္မွာ ရွိေနပါတယ္။ ကၽြန္ေတာ္ကေတာ့ အဲဒီလိုပဲ သင္ၾကားျခင္းခံခဲ့ရပါတယ္။ အသင္းကို တည္ေဆာက္တဲ့လူတစ္ဦးျဖစ္တဲ့ နည္းျပက ပိုခ်က္တီနိုပါ”

“သူရဲ့ စကားထဲမွာ သူ မက္ဆီ ဘယ္မွာရွိေနမွန္းမသိဘူးလို႔ ေျပာသြားပါတယ္။ အဲဒါက မက္ဆီက သူ႔အေၾကာင္းကို ပိုခ်က္တီနိုသိေအာင္ ဖုန္းေလးေတာင္ဆက္ၿပီး မရွင္းျပခဲ့ဘူးဆိုတဲ့ အဓိပၸာယ္ဆိုတာ ရွင္းေနတာပဲ။ ဒါက အရာေတာ္ေတာ္မ်ားမ်ားကို ရွင္းလင္းသြားေစပါတယ္။ နည္းျပက သူ လုပ္ခ်င္တာ ဘာမဆို လုပ္နိုင္တယ္။ အဲဒါက ေၾကာက္မက္စရာ ေကာင္းရပါမယ္။ မက္ဆီကေန ကၽြန္ေတာ္ေတြ႕ခဲ့တာကေတာ့ အရမ္းကို အံ့ၾသတုန္လႈပ္စရာေကာင္းပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.