Ligue1

၂၀၂၂ ခုနှစ်အတွက် မက်ဆီရင်ဆိုင်ရမယ့် ကြီးမားတဲ့ စိန်ခေါ်မှု ၄ ခု

လယွန်နယ် မက်ဆီဟာ ၂၀၂၂ ခုနှစ် နှစ်အစကို အကောင်းဆုံး စတင်နိုင်ခဲ့ခြင်းမရှိဘဲ ဆောင်းရာသီ အားလပ်ရက်ကို အာဂျင်တီးနားမှာ ကုန်ဆုံးရင်း ကိုဗစ်ကူးစက်ခံခဲ့ရတာဖြစ်ပေမယ့် လက်ရှိမှာတော့ ကိုဗစ်-၁၉ ကင်းစင်သွားပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ပဲရစ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးအတွက် ၂၀၂၂ ခုနှစ်ဟာ ကစားသမားဘဝရဲ့ အမှတ်ရစရာအကောင်းဆုံး နှစ်တွေထဲက တစ်နှစ်ဖြစ်လာတော့မှာဖြစ်ပြီး ယခုနှစ်ကုန်မှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကလည်း ယှဉ်ပြိုင်ကစားဖို့ ရှိနေတာကြောင့် မက်ဆီအတွက် စိန်ခေါ်မှုတွေက အဆင်သင့် စောင့်ဆိုင်းနေပြီဖြစ်ပါတယ်။

လိဂန်းကို လွှမ်းမိုးချင်တဲ့ မက်ဆီရဲ့ ဆန္ဒ

ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောပေမယ့် ပီအက်စ်ဂျီအသင်း ၂၀၂၁-၂၀၂၂ လိဂန်းဖလားကို မရနိုင်ဖို့ အခွင့်အရေးက နည်းနည်းလေးသာ ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီအသင်းက ရာသီဝက်မှာတင် လိဂန်းအမှတ်ပေးဇယား ဒုတိယနေရာက နိစ်အသင်းကို ၁၃ မှတ်အထိ ဖြတ်ထားနိုင်ပြီဖြစ်တာကြောင့် မက်ဆီအနေနဲ့ လာလီဂါဖလား ၁၀ ကြိမ်ရရှိပြီးနောက် နောက်ထပ် လိဂ်ဖလားအသစ်တစ်လုံးကို ကိုင်မြှောက်ရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားကြယ်ပွင့်ဟာ အသင်းက ရယူဖို့ကြိုးပမ်းတဲ့ ဆုဖလားတိုင်းမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးခြင်းတာဖြစ်ပြီး လက်ရှိအချိန်အထိတော့ ပြင်သစ်လိဂ်မှာ အကျိုးသက်ရောက်မှု များများစားစား ပြသနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ မက်ဆီဟာ လိဂန်းပွဲစဉ် ၁၁ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်ထားနိုင်သေးပြီး အာဂျင်တီးနားကြယ်ပွင့်ရဲ့ လိဂ်တစ်ရာသီချင်းစီမှာ မျက်လုံးပြူးရလောက်တဲ့ ကိန်းဂဏန်းတွေကို မြင်နေကျဖြစ်တာကြောင့် ယခုရာသီမကုန်မီ အဲဒီအတိုင်း လုပ်ဖို့ ကြိုးပမ်းချင်နေမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီရဲ့ပထမဆုံးချန်ပီယံလိဂ်ဖလားကြောင့် ဂန္တဝင်ဖြစ်လာဖွယ်ရှိတဲ့ မက်ဆီ

မက်ဆီဟာ ပြည်တွင်းလိဂ်မှာ အကျိုးသက်ရောက်မှု အများကြီး မပြုလုပ်ထားနိုင်ပေမယ့် ချန်ပီယံလိဂ်မှာတော့ ၎င်းရဲ့ သာမန်အဆင့်အတန်းအတိုင်း စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၅ ဂိုးအထိ သွင်းယူထားတဲ့ မက်ဆီဟာ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆယ်စုနှစ်တစ်ခုကျော်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လာလီဂါထိပ်သီးအသင်းကြီးကို အနိုင်ရရှိဖို့ ကြိးပမ်းသွားမှာဖြစ်ပြီး အထူးသဖြင့် နေမာ ဒဏ်ရာကနေ အချိန်မီ ပြန်လည်မသက်သာလာခဲ့ရင် မက်ဆီအနေနဲ့ ၎င်းရဲ့ အကောင်းဆုံးပုံစံမှာ ရှိနေရမှာဖြစ်ပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရဖို့တင်သာမကဘဲ ဗိုလ်လုပွဲအထိ တက်ရောက်ပြီး အသင်းရဲ့ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ကိုလည်း ကြိုးပမ်းသွားရမှာဖြစ်ပြီး အဲဒီလို လုပ်နိုင်ခဲ့မယ်ဆိုရင် အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးအနေနဲ့ ကစားသမားဘဝ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်မြောက်ကိုင်မြှောက်နိုင်မှာဖြစ်သလို ပီအက်စ်ဂျီပရိသတ်တွေရဲ့ မျက်လုံးထဲမှာလည်း အသင်းဂန္တဝင်ကစားသမားအဖြစ် မြင်လာစေမှာဖြစ်ပါတယ်။

မက်ဆီရဲ့ ကမ္ဘာ့ဖလားအိပ်မက်

မက်ဆီရဲ့ မွေးနေ့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ အလယ်မှာ ပုံမှန်အားဖြင့် ကျရောက်တတ်ပေမယ့် ဒီနှစ်မှာတော့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကျင်းပသွားမှာဖြစ်တာကြောင့် ပြဿနာရှိတော့မှာမဟုတ်ပါဘူး။ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ အသက် ၃၅ နှစ်ပြည့်မွေးနေ့ကို ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်ကျရင်တော့ အသက် ၃၅ နှစ်နဲ့ ၆ လ ဖြစ်နေမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဟာ လီယွန်နယ် မက်ဆီ ရရှိဖို့ ကျန်ရှိနေသေးတဲ့ တစ်ခုတည်းသော အဓိကဆုဖလားဖြစ်ပြီး ၎င်းရဲ့ကစားသမားဘဝ နောက်ဆုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲလည်း ဖြစ်လာနိုင်တာကြောင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တုန်းကထက် ပိုကောင်းအောင် လုပ်ပြဖို့ အစွမ်းကုန်ကြိုးပမး်သွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အာဂျင်တီးနားနဲ့အတူ ကိုပါ အမေရိကဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် မက်ဆီရဲ့ ပုခုံးပေါ်က ဖိအားအချို့ဟာ လျော့ကျသွားပြီဖြစ်ပြီး လီယွန်နယ် စကာလိုနီရဲ့ အာဂျင်တီးနားအသင်းဟာ ကောင်းစွာ ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းဆိုတာကိုလည်း သိရှိထားပြီးဖြစ်ပါတယ်။

ဘလွန်ဒေါဆု ၈ ကြိမ်မြောက် ရနိုင်ခြေရှိနေတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ဖလား ဒါမှမဟုတ် ကမ္ဘာ့ဖလား ရရှိခဲ့မယ်ဆိုရင် နောက်ထပ်တစ်ကြိမ် ဘလွန်ဒေါဆုပေးပွဲမှာ အနိုင်ရဖို့ ရေပန်းအစားဆုံး ဖြစ်သင့်ပါတယ်။ မက်ဆီအနေနဲ့ ဒီပြိုင်ပွဲ ၂ ခုစလုံးကို အနိုင်မရခဲ့ဘူးဆိုရင်တောင် တစ်ဦးချင်း ဆုတံဆိပ်ကို ရရှိဖို့ အခွင့်အရေးရှိနေဆဲဖြစ်ပြီး ဘာကြောင့်ဒီလို ပြောရလဲဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို မကျော်လွန်နိုင်ခဲ့တာတောင် ဘလွန်ဒေါဆုကို ရရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ တကယ်လို့ ချန်ပီယံလိဂ် သို့မဟုတ် ကမ္ဘာ့ဖလားကို ရရှိအောင် စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက် ဆွတ်ခူးပြီး လက်ရှိ တင်ရှိထားတဲ့ စံချိန်ကို ထပ်မံ တိုးမြှင့်နိုင်မှာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဘယ်ကစားသမားမှ လိုက်မီဖို့ လွယ်ကူတော့မှာမဟုတ်ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လယြန္နယ္ မက္ဆီဟာ ၂၀၂၂ ခုႏွစ္ ႏွစ္အစကို အေကာင္းဆုံး စတင္နိုင္ခဲ့ျခင္းမရွိဘဲ ေဆာင္းရာသီ အားလပ္ရက္ကို အာဂ်င္တီးနားမွာ ကုန္ဆုံးရင္း ကိုဗစ္ကူးစက္ခံခဲ့ရတာျဖစ္ေပမယ့္ လက္ရွိမွာေတာ့ ကိုဗစ္-၁၉ ကင္းစင္သြားၿပီျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ပဲရစ္ကို ျပန္လည္ေရာက္ရွိေနၿပီျဖစ္ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ တိုက္စစ္မႉးအတြက္ ၂၀၂၂ ခုႏွစ္ဟာ ကစားသမားဘဝရဲ့ အမွတ္ရစရာအေကာင္းဆုံး ႏွစ္ေတြထဲက တစ္ႏွစ္ျဖစ္လာေတာ့မွာျဖစ္ၿပီး ယခုႏွစ္ကုန္မွာ ကမၻာ့ဖလား ၿပိဳင္ပြဲကလည္း ယွဥ္ၿပိဳင္ကစားဖို႔ ရွိေနတာေၾကာင့္ မက္ဆီအတြက္ စိန္ေခၚမႈေတြက အဆင္သင့္ ေစာင့္ဆိုင္းေနၿပီျဖစ္ပါတယ္။

လိဂန္းကို လႊမ္းမိုးခ်င္တဲ့ မက္ဆီရဲ့ ဆႏၵ

ေဘာလုံးမွာ ဘာမဆိုျဖစ္နိုင္တယ္လို႔ ေျပာေပမယ့္ ပီအက္စ္ဂ်ီအသင္း ၂၀၂၁-၂၀၂၂ လိဂန္းဖလားကို မရနိုင္ဖို႔ အခြင့္အေရးက နည္းနည္းေလးသာ ရွိေနတာျဖစ္ပါတယ္။ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းက ရာသီဝက္မွာတင္ လိဂန္းအမွတ္ေပးဇယား ဒုတိယေနရာက နိစ္အသင္းကို ၁၃ မွတ္အထိ ျဖတ္ထားနိုင္ၿပီျဖစ္တာေၾကာင့္ မက္ဆီအေနနဲ႔ လာလီဂါဖလား ၁၀ ႀကိမ္ရရွိၿပီးေနာက္ ေနာက္ထပ္ လိဂ္ဖလားအသစ္တစ္လုံးကို ကိုင္ေျမႇာက္ရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ ဒါေပမယ့္ အာဂ်င္တီးနားၾကယ္ပြင့္ဟာ အသင္းက ရယူဖို႔ႀကိဳးပမ္းတဲ့ ဆုဖလားတိုင္းမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးျခင္းတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိေတာ့ ျပင္သစ္လိဂ္မွာ အက်ိဳးသက္ေရာက္မႈ မ်ားမ်ားစားစား ျပသနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ မက္ဆီဟာ လိဂန္းပြဲစဥ္ ၁၁ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္သာ ျပဳလုပ္ထားနိုင္ေသးၿပီး အာဂ်င္တီးနားၾကယ္ပြင့္ရဲ့ လိဂ္တစ္ရာသီခ်င္းစီမွာ မ်က္လုံးျပဴးရေလာက္တဲ့ ကိန္းဂဏန္းေတြကို ျမင္ေနက်ျဖစ္တာေၾကာင့္ ယခုရာသီမကုန္မီ အဲဒီအတိုင္း လုပ္ဖို႔ ႀကိဳးပမ္းခ်င္ေနမွာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီရဲ့ပထမဆုံးခ်န္ပီယံလိဂ္ဖလားေၾကာင့္ ဂႏၲဝင္ျဖစ္လာဖြယ္ရွိတဲ့ မက္ဆီ

မက္ဆီဟာ ျပည္တြင္းလိဂ္မွာ အက်ိဳးသက္ေရာက္မႈ အမ်ားႀကီး မျပဳလုပ္ထားနိုင္ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ၎ရဲ့ သာမန္အဆင့္အတန္းအတိုင္း စြမ္းေဆာင္ထားနိုင္ခဲ့တာျဖစ္ပါတယ္။ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၅ ဂိုးအထိ သြင္းယူထားတဲ့ မက္ဆီဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လာလီဂါထိပ္သီးအသင္းႀကီးကို အနိုင္ရရွိဖို႔ ႀကိးပမ္းသြားမွာျဖစ္ၿပီး အထူးသျဖင့္ ေနမာ ဒဏ္ရာကေန အခ်ိန္မီ ျပန္လည္မသက္သာလာခဲ့ရင္ မက္ဆီအေနနဲ႔ ၎ရဲ့ အေကာင္းဆုံးပုံစံမွာ ရွိေနရမွာျဖစ္ပါတယ္။ မက္ဆီနဲ႔ ပီအက္စ္ဂ်ီအသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို အနိုင္ရဖို႔တင္သာမကဘဲ ဗိုလ္လုပြဲအထိ တက္ေရာက္ၿပီး အသင္းရဲ့ပထမဆုံးေသာ ခ်န္ပီယံလိဂ္ဖလားကို ရရွိဖို႔ကိုလည္း ႀကိဳးပမ္းသြားရမွာျဖစ္ၿပီး အဲဒီလို လုပ္နိုင္ခဲ့မယ္ဆိုရင္ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးအေနနဲ႔ ကစားသမားဘဝ ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္ေျမာက္ကိုင္ေျမႇာက္နိုင္မွာျဖစ္သလို ပီအက္စ္ဂ်ီပရိသတ္ေတြရဲ့ မ်က္လုံးထဲမွာလည္း အသင္းဂႏၲဝင္ကစားသမားအျဖစ္ ျမင္လာေစမွာျဖစ္ပါတယ္။

မက္ဆီရဲ့ ကမၻာ့ဖလားအိပ္မက္

မက္ဆီရဲ့ ေမြးေန႔ဟာ ကမၻာ့ဖလားၿပိဳင္ပြဲ အလယ္မွာ ပုံမွန္အားျဖင့္ က်ေရာက္တတ္ေပမယ့္ ဒီႏွစ္မွာေတာ့ ကာတာကမၻာ့ဖလားၿပိဳင္ပြဲဟာ နိုဝင္ဘာနဲ႔ ဒီဇင္ဘာလေတြမွာ က်င္းပသြားမွာျဖစ္တာေၾကာင့္ ျပႆနာရွိေတာ့မွာမဟုတ္ပါဘူး။ အာဂ်င္တီးနားလက္ေရြးစင္အသင္းေခါင္းေဆာင္ဟာ လာမယ့္ ဇြန္လ ၂၄ ရက္ေန႔မွာ အသက္ ၃၅ ႏွစ္ျပည့္ေမြးေန႔ကို က်င္းပသြားမွာျဖစ္ၿပီး ကမၻာ့ဖလားၿပိဳင္ပြဲ က်င္းပခ်ိန္က်ရင္ေတာ့ အသက္ ၃၅ ႏွစ္နဲ႔ ၆ လ ျဖစ္ေနမွာျဖစ္ပါတယ္။ ကမၻာ့ဖလားဟာ လီယြန္နယ္ မက္ဆီ ရရွိဖို႔ က်န္ရွိေနေသးတဲ့ တစ္ခုတည္းေသာ အဓိကဆုဖလားျဖစ္ၿပီး ၎ရဲ့ကစားသမားဘဝ ေနာက္ဆုံး ပါဝင္ယွဥ္ၿပိဳင္ခြင့္ရတဲ့ ၿပိဳင္ပြဲလည္း ျဖစ္လာနိုင္တာေၾကာင့္ ၂၀၁၄ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲတက္ခဲ့တုန္းကထက္ ပိုေကာင္းေအာင္ လုပ္ျပဖို႔ အစြမ္းကုန္ႀကိဳးပမး္သြားမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဂ်င္တီးနားနဲ႔အတူ ကိုပါ အေမရိကဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ မက္ဆီရဲ့ ပုခုံးေပၚက ဖိအားအခ်ိဳ႕ဟာ ေလ်ာ့က်သြားၿပီျဖစ္ၿပီး လီယြန္နယ္ စကာလိုနီရဲ့ အာဂ်င္တီးနားအသင္းဟာ ေကာင္းစြာ ဖြဲ႕စည္းထားတဲ့အသင္းတစ္သင္းဆိုတာကိုလည္း သိရွိထားၿပီးျဖစ္ပါတယ္။

ဘလြန္ေဒါဆု ၈ ႀကိမ္ေျမာက္ ရနိုင္ေျခရွိေနတဲ့ မက္ဆီ

လီယြန္နယ္ မက္ဆီအေနနဲ႔ ခ်န္ပီယံလိဂ္ဖလား ဒါမွမဟုတ္ ကမၻာ့ဖလား ရရွိခဲ့မယ္ဆိုရင္ ေနာက္ထပ္တစ္ႀကိမ္ ဘလြန္ေဒါဆုေပးပြဲမွာ အနိုင္ရဖို႔ ေရပန္းအစားဆုံး ျဖစ္သင့္ပါတယ္။ မက္ဆီအေနနဲ႔ ဒီၿပိဳင္ပြဲ ၂ ခုစလုံးကို အနိုင္မရခဲ့ဘူးဆိုရင္ေတာင္ တစ္ဦးခ်င္း ဆုတံဆိပ္ကို ရရွိဖို႔ အခြင့္အေရးရွိေနဆဲျဖစ္ၿပီး ဘာေၾကာင့္ဒီလို ေျပာရလဲဆိုရင္ ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ကို မေက်ာ္လြန္နိုင္ခဲ့တာေတာင္ ဘလြန္ေဒါဆုကို ရရွိခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ တကယ္လို႔ ခ်န္ပီယံလိဂ္ သို႔မဟုတ္ ကမၻာ့ဖလားကို ရရွိေအာင္ စြမ္းေဆာင္နိုင္မယ္ဆိုရင္ေတာ့ ဘလြန္ေဒါဆုကို ၈ ႀကိမ္ေျမာက္ ဆြတ္ခူးၿပီး လက္ရွိ တင္ရွိထားတဲ့ စံခ်ိန္ကို ထပ္မံ တိုးျမႇင့္နိုင္မွာျဖစ္ၿပီး ကမၻာေပၚမွာ ဘယ္ကစားသမားမွ လိုက္မီဖို႔ လြယ္ကူေတာ့မွာမဟုတ္ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.