Premier League

နွေရာသီမှာ ရော်နယ်လ်ဒိုကို ရောင်းထုတ်ဖို့ တိုက်တွန်းခံနေရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခြားကစားသမားတွေ တောက်ပနိုင်ဖို့အတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လာမယ့်နွေရာသီမှာ ရောင်းထုတ်ပစ်ဖို့ လိုတယ်လို့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း အက်ဂ်ဘွန်လဟောက ပြောကြားခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့သြဂုတ်လမှာ အိုးထရက်ဖို့ဒ်ကို ပြန်လည် ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၄ ဂိုး သွင်းယူပေးထားပြီး အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်လ်ဒိုအတွက် အရာအားလုံးက ချောမွေ့မနေခဲ့ဘဲ အသင်းရဲ့ ဖိအားမြင့်မြင့်ပေးတဲ့ ကစားဟန်နဲ့ အံမဝင်မှု၊ အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာလည်း ထိခိုက်စေတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့မှုကြောင့် ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

အက်စ်တန် ဗီလာကြယ်ပွင့်ဟောင်း အက်ဂ်ဘွန်လဟောက လက်ရှိမှာတော့ အဲဒီ အငြင်းအခုန်ထဲကို ဝင်ပါလာခဲ့ပြီ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့တာက အမှားပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “ရော်နယ်လ်ဒို ရောက်လာတဲ့အချိန်ကတည်းက ဖာနန်ဒက်စ်မှာ ကွာခြားမှုရှိနေခဲ့တာကို ခင်ဗျားမြင်ခဲ့မှာပါ။ ရော်နယ်လ်ဒို ရောက်မလာခင်တုန်းက ဖာနန်ဒက်စ်က အဓိက ကစားသမားပဲ။ အခု ရော်နယ်လ်ဒိုက အဓိက ကစားသမားဖြစ်နေတယ်”

“အသင်းထဲမှာ တင်းအားတွေ ရှိနေမှာပဲ။ ခင်ဗျား အခြေအနေတစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင် အိုလေ ဂန်နာ ဆိုးလ်ရှားက သူ ရော်နယ်လ်ဒိုကို ခေါ်ခဲ့တာက အမှားလုပ်ခဲ့မိတယ်ဆိုတာကို သိမှာပါ။ ဟုတ်ပါတယ်။ ရော်နယ်လ်ဒိုက ဂိုးသွင်းတယ်။ ဒါပေမယ့် သူ သွင်းတဲ့ဂိုးတွေက ဂရင်းဝုဒ် သွင်းခဲ့ရမယ့်ဂိုးတွေပါ။ အဲဒီနေရာမှာဆိုရင်လည်း ရက်ရှ်ဖို့ဒ် သွင်းယူနိုင်မယ့်ဂိုးတွေပါ။ ကျွန်တော်ကတော့ နွေရာသီမှာ ရော်နယ်လ်ဒိုကို ထွက်ခွာခွင့်ပေးသွားမှာပါ။ ဂရင်းဝုဒ်၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ကို အတူကစားခွင့်ပေးမယ်”လို့ ပြောကြားခဲပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မော်ရင်ညိုဟာ ၂၀၁၈ ခုနှစ်တုန်းက အိုးထရက်ဖို့ဒ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပြန်လည် ဆုံစည်းနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။ ဂျင်မ် ဝှိုက်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒုဥက္ကဌအဖြစ် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာထူးကနေ နုတ်ထွက်တော့မယ့် အက်ဒ် ဝုဒ်ဝဒ်ရဲ့သက်တမ်းအတွင်း ကိစ္စတွေကို အထူးအသေးစိတ် ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အဓိကဆွေးနွေးစရာအကြောင်းအရာအဖြစ် မော်ရင်ညိုရဲ့ အိုးထရက်ဖို့ဒ်က ၂ နှစ်ခွဲကာလအကြောင်းလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေမှုနဲ့ အဝတ်လဲခန်းအတွင်း စိတ်ပျက်မှုတွေ ကြီးထွားလာမှုကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းဂန္တဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အရင်ကတည်းက ပေါ်တူဂီကြယ်ပွင့်ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပေမယ့် မော်ရင်ညိုက ကြားဝင် ဟန့်တားခဲ့တာလို့ ထုတ်ဖော်ပြောကြားခြင်းခံခဲ့ရပါတယ်။

ဝှိုက်က မော်ရင်ညိုဟာ ရော်နယ်လ်ဒိုက ရီးရဲလ်မက်ဒရစ် ကစားသမားဘဝကို အဆုံးသတ်ချိန်မှာ ခေါ်ယူဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်နဲ့ ပြန်လည်ပေါင်းစည်းနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာ ရော်နယ်လ်ဒိုနဲ့ ဘာနေဗျူးမှာ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ အလုပ်အတူတူတွဲလုပ်ခဲ့ဖူးသူဖြစ်ပြီး ၎င်းရဲ့လက်အောက်မှာ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ လာလီဂါ ၁၀၆ ပွဲမှာ သွင်းဂိုး ၁၂၀ အထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့တာဖြစပါတယ်။

မော်ရင်ညိုဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ၎င်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာရှိနေတဲ့အချိန်တွေဟာ ကုန်ဆုံးသွားပြီဆိုတာကို ရှင်းရှင်းလင်းလင်း ပြုလုပ်ခဲ့တဲ့အချိန်မှာ အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့အတွက် အခွင့်အရေး ရရှိခဲ့တာဖြစ်ပေမယ်လည်း ငြင်းပယ်ခဲ့တာကြောင့် ပေါ်တူဂီတိုက်စစ်မှူးဟာ နောက်ဆုံးမှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်တွေမှာ ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်ကို အပြန်ခရီးနဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုမှုတွေ အများကြီး ရှိခဲ့ပါတယ်။ သူ ရီးရဲလ်မက်ဒရစ် ကစားသမားဘဝကို အဆုံးသတ်တဲ့အချိန် သူ့ရဲ့အရမ်းကောင်းမွန်တဲ့စွမ်းဆောင်ရည် ရှိနေသေးတဲ့အချိန်မှာ အဲဒီအပြောင်းအရွှေ့က ဖြစ်နိုင်ခဲ့ပါတယ်”

“ဒါပေမယ့် အဲဒါက မဖြစ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဟိုဆေး မော်ရင်ညိုက အဲဒီအချိန်တုန်းက သူ့မှာ တခြား ဦးစားပေးအရာတွေရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အျခားကစားသမားေတြ ေတာက္ပနိုင္ဖို႔အတြက္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုကို လာမယ့္ေႏြရာသီမွာ ေရာင္းထုတ္ပစ္ဖို႔ လိုတယ္လို႔ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္း အက္ဂ္ဘြန္လေဟာက ေျပာၾကားခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ၾသဂုတ္လမွာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ ေျပာင္းေရႊ႕ခဲ့တာျဖစ္ၿပီး အသင္းအတြက္ ၿပိဳင္ပြဲစုံမွာ ၁၄ ဂိုး သြင္းယူေပးထားၿပီး အသင္းရဲ့ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုအတြက္ အရာအားလုံးက ေခ်ာေမြ႕မေနခဲ့ဘဲ အသင္းရဲ့ ဖိအားျမင့္ျမင့္ေပးတဲ့ ကစားဟန္နဲ႔ အံမဝင္မႈ၊ အသင္းရဲ့ စိတ္ပိုင္းဆိုင္ရာအေပၚမွာလည္း ထိခိုက္ေစတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့မႈေၾကာင့္ ေဝဖန္ျပစ္တင္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

အက္စ္တန္ ဗီလာၾကယ္ပြင့္ေဟာင္း အက္ဂ္ဘြန္လေဟာက လက္ရွိမွာေတာ့ အဲဒီ အျငင္းအခုန္ထဲကို ဝင္ပါလာခဲ့ၿပီ ျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႔ ေရာ္နယ္လ္ဒိုကို ေခၚယူခဲ့တာက အမွားျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ေရာ္နယ္လ္ဒို ေရာက္လာတဲ့အခ်ိန္ကတည္းက ဖာနန္ဒက္စ္မွာ ကြာျခားမႈရွိေနခဲ့တာကို ခင္ဗ်ားျမင္ခဲ့မွာပါ။ ေရာ္နယ္လ္ဒို ေရာက္မလာခင္တုန္းက ဖာနန္ဒက္စ္က အဓိက ကစားသမားပဲ။ အခု ေရာ္နယ္လ္ဒိုက အဓိက ကစားသမားျဖစ္ေနတယ္”

“အသင္းထဲမွာ တင္းအားေတြ ရွိေနမွာပဲ။ ခင္ဗ်ား အေျခအေနတစ္ခုလုံးကို ၾကည့္လိုက္မယ္ဆိုရင္ အိုေလ ဂန္နာ ဆိုးလ္ရွားက သူ ေရာ္နယ္လ္ဒိုကို ေခၚခဲ့တာက အမွားလုပ္ခဲ့မိတယ္ဆိုတာကို သိမွာပါ။ ဟုတ္ပါတယ္။ ေရာ္နယ္လ္ဒိုက ဂိုးသြင္းတယ္။ ဒါေပမယ့္ သူ သြင္းတဲ့ဂိုးေတြက ဂရင္းဝုဒ္ သြင္းခဲ့ရမယ့္ဂိုးေတြပါ။ အဲဒီေနရာမွာဆိုရင္လည္း ရက္ရွ္ဖို႔ဒ္ သြင္းယူနိုင္မယ့္ဂိုးေတြပါ။ ကၽြန္ေတာ္ကေတာ့ ေႏြရာသီမွာ ေရာ္နယ္လ္ဒိုကို ထြက္ခြာခြင့္ေပးသြားမွာပါ။ ဂရင္းဝုဒ္၊ ဆန္ခ်ိဳ၊ ရက္ရွ္ဖို႔ဒ္တို႔ကို အတူကစားခြင့္ေပးမယ္”လို႔ ေျပာၾကားခဲပါတယ္။

မန္ခ်က္စတာယူနိုက္တက္ နည္းျပေဟာင္း ဟိုေဆး ေမာ္ရင္ညိဳဟာ ၂၀၁၈ ခုႏွစ္တုန္းက အိုးထရက္ဖို႔ဒ္မွာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ ျပန္လည္ ဆုံစည္းနိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ talkSPORT က ေဖာ္ျပခဲ့ပါတယ္။ ဂ်င္မ္ ဝွိုက္က မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ဒုဥကၠဌအျဖစ္ ၁၆ ႏွစ္ၾကာ တာဝန္ထမ္းေဆာင္ၿပီးေနာက္ ရာထူးကေန ႏုတ္ထြက္ေတာ့မယ့္ အက္ဒ္ ဝုဒ္ဝဒ္ရဲ့သက္တမ္းအတြင္း ကိစၥေတြကို အထူးအေသးစိတ္ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ၿပီး အဲဒီထဲမွာ အဓိကေဆြးေႏြးစရာအေၾကာင္းအရာအျဖစ္ ေမာ္ရင္ညိဳရဲ့ အိုးထရက္ဖို႔ဒ္က ၂ ႏွစ္ခြဲကာလအေၾကာင္းလည္း ပါဝင္ခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ကြန္ျမဴနတီဒိုင္း၊ လိဂ္ဖလားနဲ႔ ယူရိုပါလိဂ္ဖလားတို႔ကို ကိုင္ေျမႇာက္နိုင္ေအာင္ စြမ္းေဆာင္ေပးနိုင္ခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္မွာ ရလဒ္ေတြ ဆက္တိုက္ဆိုးရြားေနမႈနဲ႔ အဝတ္လဲခန္းအတြင္း စိတ္ပ်က္မႈေတြ ႀကီးထြားလာမႈေၾကာင့္ ရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းဂႏၲဝင္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုကို ျပန္လည္ေခၚယူနိုင္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာေတာ့ အရင္ကတည္းက ေပၚတူဂီၾကယ္ပြင့္ကို ျပန္လည္ေခၚယူနိုင္ခဲ့ေပမယ့္ ေမာ္ရင္ညိဳက ၾကားဝင္ ဟန႔္တားခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားျခင္းခံခဲ့ရပါတယ္။

ဝွိုက္က ေမာ္ရင္ညိဳဟာ ေရာ္နယ္လ္ဒိုက ရီးရဲလ္မက္ဒရစ္ ကစားသမားဘဝကို အဆုံးသတ္ခ်ိန္မွာ ေခၚယူဖို႔ အခြင့္အေရး ရခဲ့ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္နဲ႔ ျပန္လည္ေပါင္းစည္းနိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေပၚတူဂီလူမ်ိဳးနည္းျပဟာ ေရာ္နယ္လ္ဒိုနဲ႔ ဘာေနဗ်ဴးမွာ ၂၀၁၀ ကေန ၂၀၁၃ ခုႏွစ္အထိ အလုပ္အတူတူတြဲလုပ္ခဲ့ဖူးသူျဖစ္ၿပီး ၎ရဲ့လက္ေအာက္မွာ ေပၚတူဂီလက္ေရြးစင္တိုက္စစ္မႉးဟာ လာလီဂါ ၁၀၆ ပြဲမွာ သြင္းဂိုး ၁၂၀ အထိ အံ့အားသင့္ဖြယ္ သြင္းယူနိုင္ခဲ့တာျဖစပါတယ္။

ေမာ္ရင္ညိဳဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုက ၎ရဲ့ ရီးရဲလ္မက္ဒရစ္အသင္းမွာရွိေနတဲ့အခ်ိန္ေတြဟာ ကုန္ဆုံးသြားၿပီဆိုတာကို ရွင္းရွင္းလင္းလင္း ျပဳလုပ္ခဲ့တဲ့အခ်ိန္မွာ အိုးထရက္ဖို႔ဒ္ကို ေခၚယူဖို႔အတြက္ အခြင့္အေရး ရရွိခဲ့တာျဖစ္ေပမယ္လည္း ျငင္းပယ္ခဲ့တာေၾကာင့္ ေပၚတူဂီတိုက္စစ္မႉးဟာ ေနာက္ဆုံးမွာ ဂ်ဴဗင္တပ္ကို ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ေရာ္နယ္လ္ဒိုရဲ့ မန္ခ်က္စတာယူနိုက္တက္ကို အျပန္ခရီးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးေျပာဆိုမႈေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ သူ ရီးရဲလ္မက္ဒရစ္ ကစားသမားဘဝကို အဆုံးသတ္တဲ့အခ်ိန္ သူ႔ရဲ့အရမ္းေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ ရွိေနေသးတဲ့အခ်ိန္မွာ အဲဒီအေျပာင္းအေရႊ႕က ျဖစ္နိုင္ခဲ့ပါတယ္”

“ဒါေပမယ့္ အဲဒါက မျဖစ္နိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဟိုေဆး ေမာ္ရင္ညိဳက အဲဒီအခ်ိန္တုန္းက သူ႔မွာ တျခား ဦးစားေပးအရာေတြရွိတယ္ဆိုတာ ရွင္းရွင္းလင္းလင္း သိေအာင္ လုပ္ခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.