Premier League Serie A Transfer News

ဗလာဟိုဗစ်ချ်အတွက် တိုက်ပွဲမှာ လျှို့ဝှက်လက်နက်ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ ကာလရှည် တိုက်စစ်မှူးကောင်းမရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဖီအိုရင်တီးနားကြယ်ပွင့် ဒူဆန် ဗလာဟိုဗစ်ချ်ကို ပစ်မှတ်ထားနေပြီး နည်းပြ အာတီတာမှာ အသင်းပေါင်းစုံ ခေါ်ယူဖို့ ကြိုးပမ်းနေကြတဲ့ တိုက်ပွဲကို အနိုင်ရနိုင်တဲ့ လျှို့ဝှက်လက်နက်ရှိနေတယ်လို့ သိရပါတယ်။

ဒူဆန် ဗလာဟိုဗစ်ချ်ဟာ ဥရောပဘောလုံးလောကမှာ အသင်းတွေ အလိုချင်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ စီးရီးအေမှာ တောက်ပနေတာကြောင့် အာဆင်နယ်ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက လာမယ့် နှစ်တွေမှာ အမ်းမရိတ်စ်က တိုက်စစ်ကို ဦးဆောင်နိုင်မယ့် တိုက်စစ်မှူးမျိုးကို ခေါ်ယူဖို့ ရှာဖွေနေတာဖြစ်ပြီး လက်ရှိမှာတော့ အူဘာမီယန်းက အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသလို လာကာဇက်ကလည်း လာမယ့် ၆ လအတွင်း စာချုပ်သက်တမ်းကုန်ဆုံးတော့မှာကြောင့် အာဆင်နယ်အနေနဲ့ ကျောနံပါတ် ၉ အသစ်ကို ချက်ချင်းရှာဖွေရတော့မှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်မှူး ရှာပုံတော်ကို ယခုလမှာ အဆုံးသတ်နိုင်ဖွယ် ရှိနေပြီး အထူးသဖြင့် လူငယ်ကြယ်ပွင့် ဘာလိုဂန်က ယခုရာသီကုန်အထိ ချန်ပီယံရှစ်အသင်းဖြစ်တဲ့ မစ်ဒယ်ဘရော့ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်တွေထဲက တစ်ဦးဟာ ဗလာဟိုဗစ်ချ် ဖြစ်တယ်လို့ ယုံကြည်ရပြီး ယခုရာသီမှာ စီးရီးအေ ပွဲ ၂၀ ကစားပေးထားရာမှာ သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူထားတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

ဒါပေမယ့် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဖီအိုရင်တီးနားကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းရာမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးနဲ့ လာလီဂါထိပ်သီးအသင်း ဘာစီလိုနာအသင်းတို့ဆီကနေ ယှဉ်ပြိုင်မှုကို ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းက စိတ်ဝင်စားနေတဲ့ သတင်းတွေက ဗလာဟိုဗစ်ချ်ကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲမှာ အနိုင်ရဖို့ မျှော်လင့်ထားတဲ့ အာဆင်နယ်အတွက် ထိုးနှက်ချက်ကြီး ဖြစ်လာပြီး အနောက်လန်ဒန်ကလပ်အသင်းဟာ လူကာကူးရဲ့နေရာမှာ အစားထိုးနိုင်ခြေရှိတဲ့ ကစားသမားအဖြစ် ဖီအိုရင်တီးနားကြယ်ပွင့်ကို သတ်မှတ်ထားတာဖြစ်ပါတယ်။

ဆားဘီးယားတိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ၎င်းရဲ့ အေးဂျင့်ဟာ နွေရာသီအပြောင်းအရွှေ့ထက် ပိုပြီး တန်ဖိုးပိုမိုများပြားနိုင်တဲ့ ဇန်နဝါရီလမှာ အပြောင်းအရွှေ့ပြုလုပ်နိုင်ဖို့ အသင်းအများအပြားနဲ့ စကားပြောနေပြီဖြစ်ပါတယ်။

ဒါပေမယ့်လည်းအာဆင်နယ်အသင်းမှာ လျှို့ဝှက်လက်နက်အဖြစ်နဲ့ လက်ရှိ အီတလီမှာ ဗလာဟိုဗစ်ချ်ရဲ့ အသင်းဖော်ဖြစ်နေတဲ့ လူးကပ်စ် တော်ရဲရား ရှိနေပြီး CBS Sports ရဲ့ ဖော်ပြချက်အရ အာတီတာဟာ ဆားဘီးယားတိုက်စစ်မှူးအတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ မြောက်လန်ဒန်ကလပ်အသင်းဆီက ကမ်းလှမ်းမှုဟာ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အမ်းမရိတ်စ်ကို အငှားနဲ့ထွက်ကစားဖို့ စွန့်ခွာခဲ့တဲ့ တော်ရဲရားရဲ့ အပြောင်းအရွှေ့အပြီးသတ်အပါအဝင် ပေါင် ၄၅ သန်းနီးပါးရှိတယ်လို့ သိရပါတယ်။

ဥရုဂွေးကွင်းလယ်ကစားသမားဟာ ယခုရာသီ ဖီအိုရင်တီးနားအသင်းရဲ့ စီးရီးအေပွဲစဉ် ၃ ပွဲမှာ ပါဝင်ကစားပေးခဲ့ရာမှာ ၎င်းရဲ့ခံစစ်ပိုင်းတာဝန်တွေကို ကျေပွန်တဲ့အပြင် သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်တောင် ပြုလုပ်ပေးထားနိုင်တာဖြစ်ပါတယ်။ အဲဒါကြောင့် အာဆင်နယ်ကနေ အငှားနဲ့ လာကစားနေတဲ့ ကွင်းလယ်ကစားသမားကို ဖီအိုရင်တီးနား နည်းပြ ဗင်ဆန်ဇို အီတာလီယာနိုက အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားဖွယ်ရှိနေပြီး ပြီးခဲ့တဲ့နွေရာသီမှာ စီးရီးအေကလပ်အသင်းအနေနဲ့ ယခုလာမယ့် ဇွန်လမှာ တော်ရဲရားကို အပြီးသတ်ခေါ်ယူချင်တယ်ဆိုရင် ပေါင် ၁၂.၅ သန်း ပေးချေရမယ်လို့ သဘောတူညီမှုရယူထားခဲ့တာကြောင့် လက်ရှိအချိန်မှာ ဖီအိုရင်တီးနားဟာ ဥရုဂွေးကစားသမားအတွက် ငွေကြေး ချွေတာနိုင်တော့မှာဖြစ်ပါတယ်။

ရှင်းလင်းနေတဲ့အရာတစ်ခုကတော့ ဗလာဟိုဗစ်ချ်ဟာ သိပ်မကြာခင် ကာလအတွင်း ၎င်းရဲ့ လက်ရှိကလပ်အသင်းကို စွန့်ခွာတော့မှာဖြစ်ပြီး ဆားဘီးယားတိုက်စစ်မှူးကို ခေါ်ယူဖို့ ဂျူဗင်တပ်အသင်းကလည်း စောင့်ကြည့်နေတာ အံ့အားသင့်စရာတော့ မဟုတ်တော့ပါဘူး။

ဖီအိုရင်တီးနားအသင်း အမှုဆောင်ချုပ် ဂျိုး ဘာရိုနီက “ကျွန်တော်တို့ ဗလာဟိုဗစ်ချ်ကို ဖီအိုရင်တီးနားအသင်းသမိုင်းမှာ အမြင့်မားဆုံးစာချုပ် ကမ်းလှမ်းခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာပါပဲ။ ဒူဆန်ရော သူ့အေးဂျင့်ပါ သူတို့တွေ လက်မခံချင်ဘူးဆိုတာကို ကျွန်တော်တို့ကို သိရှိအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကတော့ ပြန်မရုတ်သိမ်းသေးပါဘူး”လို့ Repubblica ကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်ရဲ့ ကစားသမားအလိုက်ပါဝင်တဲ့ ကမ်းလှမ်းမှုက ဖီအိုရင်တီးနားအသင်းကို အံ့အားသင့်စရာ ပြောင်းရွှေ့ကြေး ရရှိတာထက် ပိုပြီး အကျိုးရှိစေမှာကြောင့် ဗလာဟိုဗစ်ချ်ကို ရောင်းထုတ်ချင်လာအောင် ဆွဲဆောင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး ရှာပုံတော်ဟာ လပေါင်းများစွာ ကြာအောင် လုပ်ဆောင်ရဖွယ်ရှိနေသေးပေမယ့် ၎င်းတို့ရဲ့ ပထမဆုံးခေါ်ယူမှုက မှန်ကန်ကြောင်း သက်သေကောင်းကောင်း ပြသကောင်း ပြသနိုင်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ၎တို႔ရဲ့ ကာလရွည္ တိုက္စစ္မႉးေကာင္းမရွိတဲ့ ျပႆနာကို ေျဖရွင္းဖို႔အတြက္ ဖီအိုရင္တီးနားၾကယ္ပြင့္ ဒူဆန္ ဗလာဟိုဗစ္ခ်္ကို ပစ္မွတ္ထားေနၿပီး နည္းၿပ အာတီတာမွာ အသင္းေပါင္းစုံ ေခၚယူဖို႔ ႀကိဳးပမ္းေနၾကတဲ့ တိုက္ပြဲကို အနိုင္ရနိုင္တဲ့ လၽွို႔ဝွက္လက္နက္ရွိေနတယ္လို႔ သိရပါတယ္။

ဒူဆန္ ဗလာဟိုဗစ္ခ်္ဟာ ဥေရာပေဘာလုံးေလာကမွာ အသင္းေတြ အလိုခ်င္ဆုံး ကစားသမားေတြထဲက တစ္ဦးအျဖစ္ ေပၚထြက္လာခဲ့သူျဖစ္ၿပီး အသက္ ၂၁ ႏွစ္အရြယ္တိုက္စစ္မႉးဟာ စီးရီးေအမွာ ေတာက္ပေနတာေၾကာင့္ အာဆင္နယ္ရဲ့ ပစ္မွတ္ထဲမွာ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နည္းၿပ အာတီတာက လာမယ့္ ႏွစ္ေတြမွာ အမ္းမရိတ္စ္က တိုက္စစ္ကို ဦးေဆာင္နိုင္မယ့္ တိုက္စစ္မႉးမ်ိဳးကို ေခၚယူဖို႔ ရွာေဖြေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ အူဘာမီယန္းက အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားခံခဲ့ရသလို လာကာဇက္ကလည္း လာမယ့္ ၆ လအတြင္း စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာေၾကာင့္ အာဆင္နယ္အေနနဲ႔ ေက်ာနံပါတ္ ၉ အသစ္ကို ခ်က္ခ်င္းရွာေဖြရေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ၎တို႔ရဲ့ တိုက္စစ္မႉး ရွာပုံေတာ္ကို ယခုလမွာ အဆုံးသတ္နိုင္ဖြယ္ ရွိေနၿပီး အထူးသျဖင့္ လူငယ္ၾကယ္ပြင့္ ဘာလိုဂန္က ယခုရာသီကုန္အထိ ခ်န္ပီယံရွစ္အသင္းျဖစ္တဲ့ မစ္ဒယ္ဘေရာ့ကို ေျပာင္းေရႊ႕ဖို႔ ျပင္ဆင္ေနတာေၾကာင့္ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ့ ပစ္မွတ္ေတြထဲက တစ္ဦးဟာ ဗလာဟိုဗစ္ခ်္ ျဖစ္တယ္လို႔ ယုံၾကည္ရၿပီး ယခုရာသီမွာ စီးရီးေအ ပြဲ ၂၀ ကစားေပးထားရာမွာ သြင္းဂိုး ၁၆ ဂိုးအထိ သြင္းယူထားတဲ့ တိုက္စစ္မႉး ျဖစ္ပါတယ္။

ဒါေပမယ့္ သတင္းဌာနေတြရဲ့ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ ဖီအိုရင္တီးနားၾကယ္ပြင့္ကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းရာမွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ခ်ဲလ္ဆီးနဲ႔ လာလီဂါထိပ္သီးအသင္း ဘာစီလိုနာအသင္းတို႔ဆီကေန ယွဥ္ၿပိဳင္မႈကို ရင္ဆိုင္ရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းက စိတ္ဝင္စားေနတဲ့ သတင္းေတြက ဗလာဟိုဗစ္ခ်္ကို ေခၚယူဖို႔အတြက္ ၿပိဳင္ပြဲမွာ အနိုင္ရဖို႔ ေမၽွာ္လင့္ထားတဲ့ အာဆင္နယ္အတြက္ ထိုးႏွက္ခ်က္ႀကီး ျဖစ္လာၿပီး အေနာက္လန္ဒန္ကလပ္အသင္းဟာ လူကာကူးရဲ့ေနရာမွာ အစားထိုးနိုင္ေျခရွိတဲ့ ကစားသမားအျဖစ္ ဖီအိုရင္တီးနားၾကယ္ပြင့္ကို သတ္မွတ္ထားတာျဖစ္ပါတယ္။

ဆားဘီးယားတိုက္စစ္မႉးရဲ့ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ၎ရဲ့ ေအးဂ်င့္ဟာ ေႏြရာသီအေျပာင္းအေရႊ႕ထက္ ပိုၿပီး တန္ဖိုးပိုမိုမ်ားျပားနိုင္တဲ့ ဇန္နဝါရီလမွာ အေျပာင္းအေရႊ႕ျပဳလုပ္နိုင္ဖို႔ အသင္းအမ်ားအျပားနဲ႔ စကားေျပာေနၿပီျဖစ္ပါတယ္။

ဒါေပမယ့္လည္းအာဆင္နယ္အသင္းမွာ လၽွို႔ဝွက္လက္နက္အျဖစ္နဲ႔ လက္ရွိ အီတလီမွာ ဗလာဟိုဗစ္ခ်္ရဲ့ အသင္းေဖာ္ျဖစ္ေနတဲ့ လူးကပ္စ္ ေတာ္ရဲရား ရွိေနၿပီး CBS Sports ရဲ့ ေဖာ္ျပခ်က္အရ အာတီတာဟာ ဆားဘီးယားတိုက္စစ္မႉးအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ေျမာက္လန္ဒန္ကလပ္အသင္းဆီက ကမ္းလွမ္းမႈဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက အမ္းမရိတ္စ္ကို အငွားနဲ႔ထြက္ကစားဖို႔ စြန႔္ခြာခဲ့တဲ့ ေတာ္ရဲရားရဲ့ အေျပာင္းအေရႊ႕အၿပီးသတ္အပါအဝင္ ေပါင္ ၄၅ သန္းနီးပါးရွိတယ္လို႔ သိရပါတယ္။

ဥ႐ုေဂြးကြင္းလယ္ကစားသမားဟာ ယခုရာသီ ဖီအိုရင္တီးနားအသင္းရဲ့ စီးရီးေအပြဲစဥ္ ၃ ပြဲမွာ ပါဝင္ကစားေပးခဲ့ရာမွာ ၎ရဲ့ခံစစ္ပိုင္းတာဝန္ေတြကို ေက်ပြန္တဲ့အျပင္ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ေတာင္ ျပဳလုပ္ေပးထားနိုင္တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ အာဆင္နယ္ကေန အငွားနဲ႔ လာကစားေနတဲ့ ကြင္းလယ္ကစားသမားကို ဖီအိုရင္တီးနား နည္းၿပ ဗင္ဆန္ဇို အီတာလီယာနိုက အသင္းမွာ ဆက္လက္ထိန္းသိမ္းသြားဖြယ္ရွိေနၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ စီးရီးေအကလပ္အသင္းအေနနဲ႔ ယခုလာမယ့္ ဇြန္လမွာ ေတာ္ရဲရားကို အၿပီးသတ္ေခၚယူခ်င္တယ္ဆိုရင္ ေပါင္ ၁၂.၅ သန္း ေပးေခ်ရမယ္လို႔ သေဘာတူညီမႈရယူထားခဲ့တာေၾကာင့္ လက္ရွိအခ်ိန္မွာ ဖီအိုရင္တီးနားဟာ ဥ႐ုေဂြးကစားသမားအတြက္ ေငြေၾကး ေခၽြတာနိုင္ေတာ့မွာျဖစ္ပါတယ္။

ရွင္းလင္းေနတဲ့အရာတစ္ခုကေတာ့ ဗလာဟိုဗစ္ခ်္ဟာ သိပ္မၾကာခင္ ကာလအတြင္း ၎ရဲ့ လက္ရွိကလပ္အသင္းကို စြန႔္ခြာေတာ့မွာျဖစ္ၿပီး ဆားဘီးယားတိုက္စစ္မႉးကို ေခၚယူဖို႔ ဂ်ဴဗင္တပ္အသင္းကလည္း ေစာင့္ၾကည့္ေနတာ အံ့အားသင့္စရာေတာ့ မဟုတ္ေတာ့ပါဘူး။

ဖီအိုရင္တီးနားအသင္း အမႈေဆာင္ခ်ဳပ္ ဂ်ိဳး ဘာရိုနီက “ကၽြန္ေတာ္တို႔ ဗလာဟိုဗစ္ခ်္ကို ဖီအိုရင္တီးနားအသင္းသမိုင္းမွာ အျမင့္မားဆုံးစာခ်ဳပ္ ကမ္းလွမ္းခဲ့ပါတယ္။ အႀကိမ္ေပါင္းမ်ားစြာပါပဲ။ ဒူဆန္ေရာ သူ႔ေအးဂ်င့္ပါ သူတို႔ေတြ လက္မခံခ်င္ဘူးဆိုတာကို ကၽြန္ေတာ္တို႔ကို သိရွိေအာင္ လုပ္ခဲ့တယ္။ ကၽြန္ေတာ္တို႔ရဲ့ ကမ္းလွမ္းမႈကေတာ့ ျပန္မ႐ုတ္သိမ္းေသးပါဘူး”လို႔ Repubblica ကို ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ အာဆင္နယ္ရဲ့ ကစားသမားအလိုက္ပါဝင္တဲ့ ကမ္းလွမ္းမႈက ဖီအိုရင္တီးနားအသင္းကို အံ့အားသင့္စရာ ေျပာင္းေရႊ႕ေၾကး ရရွိတာထက္ ပိုၿပီး အက်ိဳးရွိေစမွာေၾကာင့္ ဗလာဟိုဗစ္ခ်္ကို ေရာင္းထုတ္ခ်င္လာေအာင္ ဆြဲေဆာင္နိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ့ တိုက္စစ္မႉး ရွာပုံေတာ္ဟာ လေပါင္းမ်ားစြာ ၾကာေအာင္ လုပ္ေဆာင္ရဖြယ္ရွိေနေသးေပမယ့္ ၎တို႔ရဲ့ ပထမဆုံးေခၚယူမႈက မွန္ကန္ေၾကာင္း သက္ေသေကာင္းေကာင္း ျပသေကာင္း ျပသနိုင္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.