Premier League Transfer News

အာဆင်နယ်တို့ အဆင့် ၄ ကို ဆက်ထိန်းနိုင်ဖို့ မဖြစ်မနေ အားဖြည့်ရမယ့် နေရာ ၃ ခု

အာဆင်နယ်အသင်းအနေနဲ့ ဒီရာသီမှာ အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ကစားခွင့် အဆင့် ၄ ကို ဆုပ်ကိုင်ထားနိုင်ခဲ့ပေမယ့် သူတို့အနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ဒီနေရာကို ဝိုင်းလုကြမယ့် မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ် ဟော့စပါးစ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ရဲ့ ဘေးကနေ ကင်းဝေးနိုင်ဖို့ လုပ်ဆောင်ရဦးမှာဖြစ်ပါတယ်။

တခြား ဝုလ်ဗ်စ်တို့လို မထင်တဲ့ အသင်းတွေကလည်း ဒုက္ခဝင်ပေးနိုင်သေးချိန်မှာ အာဆင်နယ်တို့အနေနဲ့ ဒီနေရာကို ဆုပ်ကိုင်ထားနိုင်ဖို့ အမှားနည်းနည်းနဲ့ လူအင်အား တောင့်တောင့်တင်းတင်း ကစားနိုင်ဖို့ လိုသလို ဂိုးသွင်းအားလည်း ဒီထက်ပိုပြီး ကောင်းဖို့ လိုအပ်နေတာကြောင့် ဇန်နဝါရီမှာ သူတို့တွေအနေနဲ့ ဘာတွေ အားဖြည့်ဖို့ လိုအပ်နေသလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ညာနောက်ခံလူ
တာကဲဟီရို တိုမီယာစုဟာ ယုံကြည်မှု မြင့်မားလာတာနဲ့အမျှ ပရီးမီးယားလိဂ်တန်းဝင် ညာနောက်ခံလူတစ်ဦးအဖြစ်ကို အလိုအလျောက် ရောက်ရှိလာခဲ့ပါတယ်။ အသင်းရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်က သူပါတာနဲ့ မပါတာ သိသိသာသာ ကွာခြားလွန်းနေခဲ့ပြီး ဘန်ဝှိုက်ကတော့ သူ့ကို အစားထိုး Backup လုပ်နိုင်စွမ်းရှိပေမယ့် ခံစစ်ဗဟိုမှာလည်း အင်အားတောင့်တင်းပြီး အာတီတာ ကစားချင်တဲ့ ပုံစံမျိုးဖြစ်ဖို့တော့ သူလည်း သူ့နေရာအပိုင်မှာ ရှိမှ ဖြစ်မှာပါ။

အရန်လူတွေဖြစ်ကြတဲ့ ဆီးဒရစ်နဲ့ ကယ်လမ် ချိမ်းဘားစ်တို့ဟာ သူတို့ရဲ့ အကောင်းဆုံးပုံစံမှာ ရှိနေမှာ သုံးစားလို့ရတဲ့ အနေအထားမှာရှိပြီး ခြေစွမ်းသာ ဆိုးရွားခဲ့ရင်တော့ စုတ်ပြတ်စွာနဲ့ အသင်းကို ဒုက္ခပေးမယ့်သူမျိုးတွေလည်း ဖြစ်နေပါတယ်။ ဒါကြောင့် ဂျပန်ကြီး မပါချိန်မှာ ရုန်းကန်လိုက်ရတဲ့ အသင်းရဲ့ အနေအထားကို နည်းပြ အာတီတာနဲ့ အသင်းတာဝန်ရှိသူတွေ ကောင်းကောင်းသိရှိခဲ့ကြသလို ဒီနေရာအတွက် တန်းဝင်ပြီး အပြောင်းအလဲ လုပ်နိုင်မယ့်၊ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲယူနိုင်မယ့်သူတစ်ဦးကို ဖြည့်ဆည်းပေးရဖို့ ရှိနေပါတယ်။

၂။ ကွင်းလယ်ဗဟို
ချာကာနဲ့ ပါတေးကို ကွင်းလယ်ဗဟိုမှာ သုံးစွဲခဲ့တာက အာတီတာအတွက်တော့ အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ကျန်တဲ့သူတွေအနေနဲ့ သူတို့ရဲ့ ပုံစံကောင်းကို လိုက်နိုင်စွမ်းမရှိသလို တစ်ခုမဟုတ်တစ်ခု လိုအပ်ချက်တွေ ရှိနေသေးတာဖြစ်ပါတယ်။ ဒါတောင် ဒီနှစ်ယောက်စလုံးရဲ့ အကောင်းဆုံးပုံစံကို ရနေမှ အသင်းကြီးချင်း ယှဉ်ပြိုင်နိုင်စွမ်းကို ရရှိမှာဖြစ်ပြီး ဒီလိုမဟုတ်ရင်တော့ ချာကာရဲ့ တစ်ချက်တစ်ချက် ထဖောက်တတ်ပြီး ခံစစ်ပိုင်းမှာ မပါးနပ်တဲ့ ပုံစံတွေက အသင်းကို ထိခိုက်စေနိုင်တာပါ။

ပါတေး ခရီးလွန်နေချိန်မှာ ဆွစ်ဇာလန်သားကို ပုံမှန်သုံးမယ်ဆိုရင် သူ့ကို ခံစစ်မှာ ကျားကုတ်ကျားခဲ မရုန်းကန်ရစေဖို့ နောက်တန်းတွေရှေ့က အပြည့်အဝ တာဝန်ယူ ကစားပေးနိုင်မယ့်သူတစ်ဦး လိုအပ်မှာဖြစ်ပြီး ဒီနေရာအတွက်တော့ အသင်းက ရှိတဲ့သူတွေနဲ့ ဖြစ်ပါတယ်လို့ မရနိုင်သလို High Quality အားဖြည့်မှု ပေးစွမ်းရမှာပါ။ ဒါကြောင့် လက်ရှိ နာမည်ထွက်နေတဲ့အထဲက ချာကာတပည့် ဒင်းနစ် ဇာကာရီးယားပဲ ရောက်လာမလား၊ လီယွန်ရဲ့ ဘရူနို ဂီမာရိုင်းစ်ပဲလား၊ လီလ်ရဲ့ ခံစစ်မပိုင်တဲ့ ရီနာတို ဆန်ချက်စ်ကိုပဲ ခေါ်ယူမှု မှားသွားမလားတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၃။ တိုက်စစ်မှူး
လာကာဇက်ရဲ့ Limited Ability တွေနဲ့ အနာဂတ်အတွက်လည်း မသေချာသေးမှုက တိုက်စစ်က စိတ်အားထက်သန်မှုကို လျော့ကျစေပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ပြင်သစ်သားအတွက် အစွမ်းကုန်ပေးဆပ်မှာကို သံသယရှိစရာ မလိုပေမယ့် အသင်းဖော်တွေအတွက်တော့ အသင်းက ထွက်မယ်လို့ ယူဆနေတဲ့သူနဲ့ တွဲကစားရတာက အနည်းနဲ့အများတော့ ဖီးလ်ကျဲစေမှာပါ။ ဒါကြောင့် သူ့ရဲ့ အနာဂတ်ကို ကွဲကွဲပြားပြား သိရဖို့ လိုနေပြီး နောက်ဆုံးခြေစွမ်းအရ ပရိသတ်တွေကတော့ ကပ္ပတိန်လက်ပတ်နဲ့ သူ့ကို စာချုပ်သက်တမ်းတိုးစေလိုနေတာလည်းဖြစ်ပါတယ်။

အူဘာမီယန်းကတော့ နည်းပြ အာတီတာကို ယုံကြည်ထောက်ခံထားတဲ့ ပရိသတ်တော်တော်များများရဲ့ ဘောင်ချာဆုတ်ခြင်း ခံလိုက်ရချိန်မှာ ဒီနေရာအတွက် အားပြန်ဖြည့်ပြီး ရာသီကုန်မှာ ပန်းဝင်ကောင်းနိုင်ဖို့ ဂိုးတွေ အာမခံချက်ပေးနိုင်မယ့် အသက် ၂၅ နှစ်အောက် လူငယ်တစ်ဦးကို ဂန်းနားတို့ အလိုရှိနေမှာဖြစ်ပါတယ်။ ဒီနေရာအတွက် ခပ်ချေချေလုပ်နေတဲ့ ဗလာဟိုဗစ်ချ်ကို စွန့်ပစ်ကောင်း စွန့်ပစ်နိုင်ပြီး ဆိုစီဒက်ရဲ့ အလက်ဇန်းဒါး အီဆက်ခ်နဲ့ အဲဗာတန်ရဲ့ ကဲလ်ဗတ်-လူဝင်တို့ပဲ ဖြစ်လာမလား မျှော်လင့်နိုင်မှာပါ။

နည်းပြ အာတီတာအနေနဲ့ သူ့ရဲ့ အသင်းကို ဒီရာသီမှာ ချန်ပီယံလိဂ်ကို ပို့ဆောင်ဖို့ အချိန်တန်နေပြီဖြစ်ပြီး အသင်းပိုင်ရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသမျှကို ဒီပြိုင်ပွဲရဲ့ ဆုကြေးတွေနဲ့ ပြန်လည်နှစ်သိမ့်ရဖို့ ရှိနေသလို ကစားသမားကောင်းတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက်လည်း လုပ်ဆောင်ရမှာဖြစ်လို့ ဒီသုံးနေရာဟာ အာဆင်နယ်တို့ မဖြစ်မနေ အားဖြည့်သင့်သလို ရည်မှန်းချက်နဲ့ လူသစ်ခေါ်မှု၊ အပြောနဲ့ အလုပ် ထပ်တူကျရဖို့ ရှိနေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီရာသီမွာ အနိမ့္အျမင့္ အတက္အက်ေတြနဲ႔အတူ လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္ကစားခြင့္ အဆင့္ ၄ ကို ဆုပ္ကိုင္ထားႏိုင္ခဲ့ေပမယ့္ သူတို႔အေနနဲ႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ပရီးမီးယားလိဂ္မွာ ဒီေနရာကို ဝိုင္းလုၾကမယ့္ မန္ခ်က္စတာယူႏိုက္တက္၊ ေတာ့တင္ဟမ္ ေဟာ့စပါးစ္နဲ႔ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ရဲ႕ ေဘးကေန ကင္းေဝးႏိုင္ဖို႔ လုပ္ေဆာင္ရဦးမွာျဖစ္ပါတယ္။

တျခား ဝုလ္ဗ္စ္တို႔လို မထင္တဲ့ အသင္းေတြကလည္း ဒုကၡဝင္ေပးႏိုင္ေသးခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ ဒီေနရာကို ဆုပ္ကိုင္ထားႏိုင္ဖို႔ အမွားနည္းနည္းနဲ႔ လူအင္အား ေတာင့္ေတာင့္တင္းတင္း ကစားႏိုင္ဖို႔ လိုသလို ဂိုးသြင္းအားလည္း ဒီထက္ပိုၿပီး ေကာင္းဖို႔ လိုအပ္ေနတာေၾကာင့္ ဇန္နဝါရီမွာ သူတို႔ေတြအေနနဲ႔ ဘာေတြ အားျဖည့္ဖို႔ လိုအပ္ေနသလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ညာေနာက္ခံလူ
တာကဲဟီ႐ို တိုမီယာစုဟာ ယုံၾကည္မႈ ျမင့္မားလာတာနဲ႔အမွ် ပရီးမီးယားလိဂ္တန္းဝင္ ညာေနာက္ခံလူတစ္ဦးအျဖစ္ကို အလိုအေလ်ာက္ ေရာက္ရွိလာခဲ့ပါတယ္။ အသင္းရဲ႕ ခံစစ္ပိုင္း စြမ္းေဆာင္ရည္က သူပါတာနဲ႔ မပါတာ သိသိသာသာ ကြာျခားလြန္းေနခဲ့ၿပီး ဘန္ဝႈိက္ကေတာ့ သူ႔ကို အစားထိုး Backup လုပ္ႏိုင္စြမ္းရွိေပမယ့္ ခံစစ္ဗဟိုမွာလည္း အင္အားေတာင့္တင္းၿပီး အာတီတာ ကစားခ်င္တဲ့ ပုံစံမ်ိဳးျဖစ္ဖို႔ေတာ့ သူလည္း သူ႔ေနရာအပိုင္မွာ ရွိမွ ျဖစ္မွာပါ။

အရန္လူေတြျဖစ္ၾကတဲ့ ဆီးဒရစ္နဲ႔ ကယ္လမ္ ခ်ိမ္းဘားစ္တို႔ဟာ သူတို႔ရဲ႕ အေကာင္းဆုံးပုံစံမွာ ရွိေနမွာ သုံးစားလို႔ရတဲ့ အေနအထားမွာရွိၿပီး ေျခစြမ္းသာ ဆိုး႐ြားခဲ့ရင္ေတာ့ စုတ္ျပတ္စြာနဲ႔ အသင္းကို ဒုကၡေပးမယ့္သူမ်ိဳးေတြလည္း ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဂ်ပန္ႀကီး မပါခ်ိန္မွာ ႐ုန္းကန္လိုက္ရတဲ့ အသင္းရဲ႕ အေနအထားကို နည္းျပ အာတီတာနဲ႔ အသင္းတာဝန္ရွိသူေတြ ေကာင္းေကာင္းသိရွိခဲ့ၾကသလို ဒီေနရာအတြက္ တန္းဝင္ၿပီး အေျပာင္းအလဲ လုပ္ႏိုင္မယ့္၊ ဝန္ထုပ္ဝန္ပိုးေတြကို ခြဲယူႏိုင္မယ့္သူတစ္ဦးကို ျဖည့္ဆည္းေပးရဖို႔ ရွိေနပါတယ္။

၂။ ကြင္းလယ္ဗဟို
ခ်ာကာနဲ႔ ပါေတးကို ကြင္းလယ္ဗဟိုမွာ သုံးစြဲခဲ့တာက အာတီတာအတြက္ေတာ့ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္ၿပီး က်န္တဲ့သူေတြအေနနဲ႔ သူတို႔ရဲ႕ ပုံစံေကာင္းကို လိုက္ႏိုင္စြမ္းမရွိသလို တစ္ခုမဟုတ္တစ္ခု လိုအပ္ခ်က္ေတြ ရွိေနေသးတာျဖစ္ပါတယ္။ ဒါေတာင္ ဒီႏွစ္ေယာက္စလုံးရဲ႕ အေကာင္းဆုံးပုံစံကို ရေနမွ အသင္းႀကီးခ်င္း ယွဥ္ၿပိဳင္ႏိုင္စြမ္းကို ရရွိမွာျဖစ္ၿပီး ဒီလိုမဟုတ္ရင္ေတာ့ ခ်ာကာရဲ႕ တစ္ခ်က္တစ္ခ်က္ ထေဖာက္တတ္ၿပီး ခံစစ္ပိုင္းမွာ မပါးနပ္တဲ့ ပုံစံေတြက အသင္းကို ထိခိုက္ေစႏိုင္တာပါ။

ပါေတး ခရီးလြန္ေနခ်ိန္မွာ ဆြစ္ဇာလန္သားကို ပုံမွန္သုံးမယ္ဆိုရင္ သူ႔ကို ခံစစ္မွာ က်ားကုတ္က်ားခဲ မ႐ုန္းကန္ရေစဖို႔ ေနာက္တန္းေတြေရွ႕က အျပည့္အဝ တာဝန္ယူ ကစားေပးႏိုင္မယ့္သူတစ္ဦး လိုအပ္မွာျဖစ္ၿပီး ဒီေနရာအတြက္ေတာ့ အသင္းက ရွိတဲ့သူေတြနဲ႔ ျဖစ္ပါတယ္လို႔ မရႏိုင္သလို High Quality အားျဖည့္မႈ ေပးစြမ္းရမွာပါ။ ဒါေၾကာင့္ လက္ရွိ နာမည္ထြက္ေနတဲ့အထဲက ခ်ာကာတပည့္ ဒင္းနစ္ ဇာကာရီးယားပဲ ေရာက္လာမလား၊ လီယြန္ရဲ႕ ဘ႐ူႏို ဂီမာ႐ိုင္းစ္ပဲလား၊ လီလ္ရဲ႕ ခံစစ္မပိုင္တဲ့ ရီနာတို ဆန္ခ်က္စ္ကိုပဲ ေခၚယူမႈ မွားသြားမလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၃။ တိုက္စစ္မႉး
လာကာဇက္ရဲ႕ Limited Ability ေတြနဲ႔ အနာဂတ္အတြက္လည္း မေသခ်ာေသးမႈက တိုက္စစ္က စိတ္အားထက္သန္မႈကို ေလ်ာ့က်ေစပါတယ္။ ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ျပင္သစ္သားအတြက္ အစြမ္းကုန္ေပးဆပ္မွာကို သံသယရွိစရာ မလိုေပမယ့္ အသင္းေဖာ္ေတြအတြက္ေတာ့ အသင္းက ထြက္မယ္လို႔ ယူဆေနတဲ့သူနဲ႔ တြဲကစားရတာက အနည္းနဲ႔အမ်ားေတာ့ ဖီးလ္က်ဲေစမွာပါ။ ဒါေၾကာင့္ သူ႔ရဲ႕ အနာဂတ္ကို ကြဲကြဲျပားျပား သိရဖို႔ လိုေနၿပီး ေနာက္ဆုံးေျခစြမ္းအရ ပရိသတ္ေတြကေတာ့ ကပၸတိန္လက္ပတ္နဲ႔ သူ႔ကို စာခ်ဳပ္သက္တမ္းတိုးေစလိုေနတာလည္းျဖစ္ပါတယ္။

အူဘာမီယန္းကေတာ့ နည္းျပ အာတီတာကို ယုံၾကည္ေထာက္ခံထားတဲ့ ပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ ေဘာင္ခ်ာဆုတ္ျခင္း ခံလိုက္ရခ်ိန္မွာ ဒီေနရာအတြက္ အားျပန္ျဖည့္ၿပီး ရာသီကုန္မွာ ပန္းဝင္ေကာင္းႏိုင္ဖို႔ ဂိုးေတြ အာမခံခ်က္ေပးႏိုင္မယ့္ အသက္ ၂၅ ႏွစ္ေအာက္ လူငယ္တစ္ဦးကို ဂန္းနားတို႔ အလိုရွိေနမွာျဖစ္ပါတယ္။ ဒီေနရာအတြက္ ခပ္ေခ်ေခ်လုပ္ေနတဲ့ ဗလာဟိုဗစ္ခ်္ကို စြန႔္ပစ္ေကာင္း စြန႔္ပစ္ႏိုင္ၿပီး ဆိုစီဒက္ရဲ႕ အလက္ဇန္းဒါး အီဆက္ခ္နဲ႔ အဲဗာတန္ရဲ႕ ကဲလ္ဗတ္-လူဝင္တို႔ပဲ ျဖစ္လာမလား ေမွ်ာ္လင့္ႏိုင္မွာပါ။

နည္းျပ အာတီတာအေနနဲ႔ သူ႔ရဲ႕ အသင္းကို ဒီရာသီမွာ ခ်န္ပီယံလိဂ္ကို ပို႔ေဆာင္ဖို႔ အခ်ိန္တန္ေနၿပီျဖစ္ၿပီး အသင္းပိုင္ရွင္ေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ထားသမွ်ကို ဒီၿပိဳင္ပြဲရဲ႕ ဆုေၾကးေတြနဲ႔ ျပန္လည္ႏွစ္သိမ့္ရဖို႔ ရွိေနသလို ကစားသမားေကာင္းေတြကို ပိုမိုဆြဲေဆာင္ႏိုင္ဖို႔အတြက္လည္း လုပ္ေဆာင္ရမွာျဖစ္လို႔ ဒီသုံးေနရာဟာ အာဆင္နယ္တို႔ မျဖစ္မေန အားျဖည့္သင့္သလို ရည္မွန္းခ်က္နဲ႔ လူသစ္ေခၚမႈ၊ အေျပာနဲ႔ အလုပ္ ထပ္တူက်ရဖို႔ ရွိေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.