Premier League

အာဖရိကဖလားကြောင့် အဓိကကြယ်ပွင့်တွေမပါဝင်နိုင်တဲ့ ပြဿနာကို လီဗာပူးလ် ဘယ်လိုဖြေရှင်းမလဲ

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ ဖာမီနို၊ မီနာမီနို၊ သီယေဂို အယ်လ်ကန်တာရာတို့ဟာ အာဖရိကဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်နေမှာဖြစ်တာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်မယ့် ဆာလား၊ မာနေးနဲ့ ကီတာတို့ရဲ့နေရာကို ဝင်ယူနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ၂၀၂၂ ခုနှစ် နှစ်သစ်အစကို ချဲလ်ဆီးအသင်းနဲ့ စဖွင့်ခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတမ်းဖို့ဒ် ဘရစ်ချ်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်ဟာ ၂ သင်းစလုံးရဲ့ ဆုဖလားမျှော်လင့်ချက်ကို အဆုံးအသတ်စေခဲ့တယ်ဆိုရင်တောင်မှပဲ အံ့အားသင့်စရာ ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ကတော့ ဘယ်တော့မှ ပျင်းမှာမဟုတ်ဘူး”လို့ လီဗာပူးလ်လက်ထောက်နည်းပြ ပက် လိုင်ဒါစ်က ပွဲအပြီးမှာ ပြောကြားခဲ့ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ ချဲလ်ဆီးနဲ့ပွဲမတိုင်မီ နည်းပြ ယာဂန် ကလော့ပ် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနဲ့ပွဲစဉ်မှာ လီဗာပူးလ် ပထမအသင်းကစားသမား ၉ ဦးအထိ ဒဏ်ရာ၊ ဖျားနာမှုနဲ့ ပွဲပယ်ခံရမှုတို့ကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး အရန်လူစာရင်းထဲမှာ ဆယ်ကျော်သက်ကစားသမား ၃ ဦးနဲ့ ဂိုးသမား ၂ ဦးအထိ ပါဝင်ခဲ့တဲ့အထိ အရန်အင်အား နည်းပါးခဲ့တာဖြစ်ပါတယ်။

အရန်ခုံမှာ တိုက်စစ် ကစားသမားမရှိတာကြောင့် လီဗာပူးလ် တောင်ပံကစားသမား ချိန်ဘာလိန်ဟာ ပွဲကစားချိန် နောက်ဆုံး မိနစ် ၂၀ ကို ကျောနံပါတ် ၉ အဖြစ် ကစားပေးခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ မိုဟာမက် ဆာလား၊ မာနေးနဲ့ နဘီ ကီတာတို့ဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ထွက်ခွသြွားပြီဖြစ်တာကြောင့် တစ်လလုံးကို အသင်းမှာရှိနေတဲ့ အရင်းအမြစ်တွေနဲ့ ဖြစ်အောင်လုပ်ရတော့မှာဖြစ်တာကြောင့် ကလော့ပ်နဲ့ ပက် လိုင်ဒါစ်တို့အတွက် ပိုလို့တောင် ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပွဲချိန်စာရင်းဟာ ပြိုင်ပွဲ ၃ ခုနဲ့ ပြည့်ကြပ်နေပြီး ဇန်နဝါရီလမှာ ဘရန့်တ်ဖို့ဒ်၊ ခရစ္စတယ် ပဲလေ့စ်တို့နဲ့သာ ကစားရမှာဖြစ်ပေမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေပြီး အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ပထမတန်းအသင်း ရှရီးစ်ဘယ်ရီနဲ့ ကစားသွားဖို့ ရှိနေတာဖြစ်ပါတယ်။

တကယ်တော့ ဖလားပြိုင်ပွဲတွေဟာ ဒီရာသီမှာ အောင်မြင်မှုတွေ ရရှိနိုင်တဲ့ အခွင့်အရေးအဖြစ် ရှိနေတာဖြစ်ပြီး လိုင်ဒါစ်က လာမယ့် အပတ်တွေမှာ ဆာလား၊ မာနေးနဲ့ ကီတာတို့မပါဝင်ဘဲ လီဗာပူးလ်အနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို GOAL ရဲ့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အလွန်အကောင်းမြင်နေခဲ့တာဖြစ်ပါတယ်။

“ခင်ဗျား အဲဒါကို စီစဉ်ဖို့ ကြိုးစားနိုင်တယ်။ ဒါပေမယ့် ခင်ဗျား ဘယ်တော့မှ အဲဒါကို ကြိုတင်ပြင်ဆင်လို့မရနိုင်ပါဘူး။ အဲဒါက စိုးရိမ်စရာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ရှိနေတဲ့ ကောင်လေးတွေကို ယုံကြည်မှု ရှိပြီး ကောင်လေးအချို့ကလည်း ပြန်ကောင်းလာနေပြီမို့လို့ပါ။ ပြီးတော့ ကွင်းလယ်မှာ ကစားနေခဲ့တဲ့ ဒီကစားသမားတွေက တိုက်စစ်ပိုင်းမှာလည်း ပိုမိုလိုက်ပါကစားနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိနေတာလည်း ပါပါတယ်။ အဲဒီတော့ အားလုံး ကောင်းနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကြီးမားတဲ့ ကစားသမားခေါ်ယူမှုမျိုး လုပ်ဆောင်သွားဖို့ မရှိဘူးလို့ နားလည်ရပြီး ယခုလမှာ ကလော့ပ်အတွက် ရှေ့ထွက်ရပ်ဖို့ လိုအပ်နေတဲ့ ကစားသမားတွေက ဘယ်သူတွေများလဲ..

မီနာမီနို

မီနာမီနိုရဲ့ အသင်းအပေါ် အကျိုးသက်ရောက်မှုက နည်းပါးခဲ့ပြီး ၎င်းရဲ့ ပါဝင်နိုင်မှုဟာ ပြည်တွင်းဖလားပွဲတွေမှာသာ ကန့်သတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ဒုတိယဝက်ကို ဆောက်သမ်တန်အသင်းမှာ အငှားကစားသမားအဖြစ်နဲ့ အချိန်ကုန်ဆုံးခဲ့တဲ့ မီနာမီနိုရဲ့ ယခုရာသီခြေစွမ်းဟာ ကောင်းသင့်သလောက် ကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ ခရစ္စမတ်မတိုင်ခင် လက်စတာစီးနဲ့ပွဲမှာ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ ချေပဂိုးအပါအဝင် ၅ ဂိုး သွင်းယူထားပေမယ့် လီဗာပူးလ်အသင်းအတွက် လက်ရှိအချိန်မှာ မီနာမီနို အခုအချိန်အထိ မလုပ်နိုင်သေးတဲ့အရာဖြစ်တဲ့ အသင်းထဲမှာ ပါဝင်ပြီး ခြေစွမ်းပြသပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဖာမီနို

ချဲလ်ဆီးနဲ့ပွဲစဉ်က လူစာရင်းထဲမှာ ပျောက်ဆုံးနေခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူးဟာ ဆာလားနဲ့ မာနေးတို့ ထွက်ခွာသွားမှုကြောင့် လစ်လပ်နေတဲ့ သွင်းဂိုးဟာကွက်ကို ဂျိုတာနဲ့အတူ ဖြည့်ဆည်းပေးနိုင်ဖို့ ပွဲထွက်လူစာရင်းထဲကို ပြန်လည်ပါဝင်လာနိုင်မယ်လို့ မျှော်မှန်းရပါတယ်။ ဖာမီနိုဟာ ယခုရာသီ သွင်းဂိုး ၆ ဂိုးအထိ သွင်းယူထားခဲ့ပေမယ့် ကိုဗစ်ကူးစက်ခံထားရကြောင်း မတွေ့ရှိရမီ တံကောက်ကြောဒဏ်ရာ ၂ ကြိမ် ရရှိခဲ့မှုကြောင့် ထင်သလောက် ပါဝင်ကစားခွင့် မရခဲ့တာဖြစ်ပြီး ကလော့ပ်ရဲ့ အတောင့်တင်းဆုံး ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းထဲမှာ ပုံမှန်ပွဲထွက်သူအဖြစ် အာမခံချက်ရရှိထားတဲ့ နေ့ရက်တွေက ကုန်ဆုံးသွားပြီဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ ဂျိုတာဟာ တိုက်စစ်မှာ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်တဲ့ တူညီတဲ့အရည်အချင်းမျိုးနဲ့ သွင်းဂိုး ဒါဇင်ချီပြီး သွင်းယူထားပြီး ဟော့ဖန်ဟိမ်းကြယ်ပွင့်ဟောင်းနေရာကို ယူဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။ ဖာမီနိုကလည်း အဲဒါကို သိရှိနေပြီး ယခုလမှာ စွမ်းဆောင်ရည်ကောင်း အနည်းငယ်ပြသနိုင်မယ်ဆိုရင် ၎င်းအတွက်ရော အသင်းအတွက်ပါ အဆင်ပြေသည်ထက် ပြေလာမှာဖြစ်ပါတယ်။

ချိန်ဘာလိန်

အာဆင်နယ်ကို စွန့်ခွာပြီး လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဟာ ကွင်းလယ်ဗဟိုမှာ ကစားချင်တဲ့ဆန္ဒဖြစ်တယ်လို့ ယူဆရရင် ချိန်ဘာလိန်ကို ဒီရာသီမှာ ဖာမီနိုရဲ့ပုံစံဖြစ်တဲ့ ကျောနံပါတ် ၉ နေရာမှာ ပြန်လည်အသုံးပြုဖို့ ကြိုးပမ်းမှုက နည်းနည်းပိုပြီး အံ့အားသင့်စရာ ဖြစ်လာမှာဖြစ်ပါတယ်။ ချိန်ဘာလိန်ရဲ့ ယခုရာသီ အကောင်းဆုံး စွမ်းဆောင်ရည်တွေဟာ ကွင်းလယ် ၃ နေရာမှာ ပါဝင်ကစားပေးရာကနေ ပြသနိုင်ခဲ့တာဖြစ်ပေမယ့် ဇန်နဝါရီလအတွင်း ပွဲထွက်လူစာရင်းမှာ ဘယ်တောင်ပံ သို့မဟုတ် ညာတောင်ပံမှာ မြင်ရမယ်ဆိုရင် အံ့အားသင့်စရာဖြစ်လာမှာမဟုတ်တော့ပါဘူး။ ကြံ့ခိုင်မှုပြည့်ဝနေပြီး ပါဝင်ကစားပေးနိုင်တဲ့အခြေအနေရှိနေခဲ့တာ တစ်နှစ်လောက်ရှိခဲ့ပြီဖြစ်တာကြောင့် အခုအချိန်ဟာ ချိန်ဘာလိန်အတွက် အမှန်တကယ် ရှေ့ထွက်ပြီး ကလော့ပ် အားကိုးရလောက်တဲ့သူဆိုတာ ပြသဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

သီယေဂို အယ်လ်ကန်တာရာ

လီဗာပူးလ်အသင်းဟာ အယ်လ်ကန်တာရာ ရောက်ရှိလာပြီးကတည်းက ပြိုင်ပွဲစုံ ပွဲပေါင်း ၈၀ ကစားခဲ့ပြီးဖြစ်ပေမယ့် စပိန်ကွင်းလယ်ကစားသမားကတော့ ၄၄ ပွဲသာ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။ အယ်လ်ကန်တာရာမပါဝင်ဘဲ ကစားခဲ့တဲ့ ဝက်စ်ဟမ်း၊ တော့တင်ဟမ်၊ လက်စတာ၊ ချဲလ်ဆီးတို့နဲ့ပွဲစဉ်မှာ ကလော့ပ်ရဲ့အသင်းဟာ ကွင်းလယ်မှာ ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာကို မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ဆုဖလားလမ်းကြောင်းပေါ်မှာ ဆက်ရှိနေချင်တယ်ဆိုရင် အဓိက ခြိမ်းခြောက်မှုဖြစ်တဲ့ ဆာလားနဲ့ မာနေးတို့ မပါဝင်နိုင်မှုနဲ့အတူ ကွင်းလယ်မှာ ထိန်းချုပ်နိုင်ဖို့က လာမယ့်အပတ်တွေမှာ ပိုလို့တောင် အရေးကြီးလာတော့မှာဖြစ်ပါတယ်။ သီယေဂိုဟာ လက်ရှိမှာတော့ တင်ပါးဒဏ်ရာပြဿနာနဲ့ အနားယူနေရပေမယ့် ကလော့ပ်အနေနဲ့ တတ်နိုင်သမျှမြန်မြန် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟောင်းကို ပွဲထွက်လူစာရင်းထဲ ပြန်ပါလာနိုင်ဖို့ လိုအပ်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္ဟာ ဖာမီနို၊ မီနာမီနို၊ သီေယဂို အယ္လ္ကန္တာရာတို႔ဟာ အာဖရိကဖလားၿပိဳင္ပြဲကို သြားေရာက္ယွဥ္ၿပိဳင္ေနမွာျဖစ္တာေၾကာင့္ အသင္းရဲ့ပြဲစဥ္ေတြကို လြဲေခ်ာ္မယ့္ ဆာလား၊ မာေနးနဲ႔ ကီတာတို႔ရဲ့ေနရာကို ဝင္ယူနိုင္မယ္လို႔ ေမၽွာ္လင့္ေနမွာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၂၀၂၂ ခုႏွစ္ ႏွစ္သစ္အစကို ခ်ဲလ္ဆီးအသင္းနဲ႔ စဖြင့္ခဲ့ၿပီး ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္ဟာ ၂ သင္းစလုံးရဲ့ ဆုဖလားေမၽွာ္လင့္ခ်က္ကို အဆုံးအသတ္ေစခဲ့တယ္ဆိုရင္ေတာင္မွပဲ အံ့အားသင့္စရာ ပြဲစဥ္တစ္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ကေတာ့ ဘယ္ေတာ့မွ ပ်င္းမွာမဟုတ္ဘူး”လို႔ လီဗာပူးလ္လက္ေထာက္နည္းၿပ ပက္ လိုင္ဒါစ္က ပြဲအၿပီးမွာ ေျပာၾကားခဲ့ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ခ်ဲလ္ဆီးနဲ႔ပြဲမတိုင္မီ နည္းၿပ ယာဂန္ ကေလာ့ပ္ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့တာေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အသင္းကို တာဝန္ယူကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာ လီဗာပူးလ္ ပထမအသင္းကစားသမား ၉ ဦးအထိ ဒဏ္ရာ၊ ဖ်ားနာမႈနဲ႔ ပြဲပယ္ခံရမႈတို႔ေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး အရန္လူစာရင္းထဲမွာ ဆယ္ေက်ာ္သက္ကစားသမား ၃ ဦးနဲ႔ ဂိုးသမား ၂ ဦးအထိ ပါဝင္ခဲ့တဲ့အထိ အရန္အင္အား နည္းပါးခဲ့တာျဖစ္ပါတယ္။

အရန္ခုံမွာ တိုက္စစ္ ကစားသမားမရွိတာေၾကာင့္ လီဗာပူးလ္ ေတာင္ပံကစားသမား ခ်ိန္ဘာလိန္ဟာ ပြဲကစားခ်ိန္ ေနာက္ဆုံး မိနစ္ ၂၀ ကို ေက်ာနံပါတ္ ၉ အျဖစ္ ကစားေပးခဲ့ရတာျဖစ္ၿပီး လက္ရွိမွာေတာ့ မိုဟာမက္ ဆာလား၊ မာေနးနဲ႔ နဘီ ကီတာတို႔ဟာ အာဖရိကဖလားၿပိဳင္ပြဲအတြက္ ထြက္ခြႂသြားၿပီျဖစ္တာေၾကာင့္ တစ္လလုံးကို အသင္းမွာရွိေနတဲ့ အရင္းအျမစ္ေတြနဲ႔ ျဖစ္ေအာင္လုပ္ရေတာ့မွာျဖစ္တာေၾကာင့္ ကေလာ့ပ္နဲ႔ ပက္ လိုင္ဒါစ္တို႔အတြက္ ပိုလို႔ေတာင္ ခက္ခဲလာေတာ့မွာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းရဲ့ ပြဲခ်ိန္စာရင္းဟာ ၿပိဳင္ပြဲ ၃ ခုနဲ႔ ျပည့္ၾကပ္ေနၿပီး ဇန္နဝါရီလမွာ ဘရန႔္တ္ဖို႔ဒ္၊ ခရစၥတယ္ ပဲေလ့စ္တို႔နဲ႔သာ ကစားရမွာျဖစ္ေပမယ့္ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္အဆင့္ပြဲစဥ္အျဖစ္ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားသြားရဖို႔ ရွိေနၿပီး အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ ပထမတန္းအသင္း ရွရီးစ္ဘယ္ရီနဲ႔ ကစားသြားဖို႔ ရွိေနတာျဖစ္ပါတယ္။

တကယ္ေတာ့ ဖလားၿပိဳင္ပြဲေတြဟာ ဒီရာသီမွာ ေအာင္ျမင္မႈေတြ ရရွိနိုင္တဲ့ အခြင့္အေရးအျဖစ္ ရွိေနတာျဖစ္ၿပီး လိုင္ဒါစ္က လာမယ့္ အပတ္ေတြမွာ ဆာလား၊ မာေနးနဲ႔ ကီတာတို႔မပါဝင္ဘဲ လီဗာပူးလ္အေနနဲ႔ ဘယ္လို ကိုင္တြယ္ေျဖရွင္းသြားမလဲဆိုတာကို GOAL ရဲ့ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အလြန္အေကာင္းျမင္ေနခဲ့တာျဖစ္ပါတယ္။

“ခင္ဗ်ား အဲဒါကို စီစဥ္ဖို႔ ႀကိဳးစားနိုင္တယ္။ ဒါေပမယ့္ ခင္ဗ်ား ဘယ္ေတာ့မွ အဲဒါကို ႀကိဳတင္ျပင္ဆင္လို႔မရနိုင္ပါဘူး။ အဲဒါက စိုးရိမ္စရာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔မွာ ရွိေနတဲ့ ေကာင္ေလးေတြကို ယုံၾကည္မႈ ရွိၿပီး ေကာင္ေလးအခ်ိဳ႕ကလည္း ျပန္ေကာင္းလာေနၿပီမို႔လို႔ပါ။ ၿပီးေတာ့ ကြင္းလယ္မွာ ကစားေနခဲ့တဲ့ ဒီကစားသမားေတြက တိုက္စစ္ပိုင္းမွာလည္း ပိုမိုလိုက္ပါကစားနိုင္တယ္ဆိုတာ ကၽြန္ေတာ္တို႔ သိေနတာလည္း ပါပါတယ္။ အဲဒီေတာ့ အားလုံး ေကာင္းေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလအတြင္း ႀကီးမားတဲ့ ကစားသမားေခၚယူမႈမ်ိဳး လုပ္ေဆာင္သြားဖို႔ မရွိဘူးလို႔ နားလည္ရၿပီး ယခုလမွာ ကေလာ့ပ္အတြက္ ေရွ႕ထြက္ရပ္ဖို႔ လိုအပ္ေနတဲ့ ကစားသမားေတြက ဘယ္သူေတြမ်ားလဲ..

မီနာမီနို

မီနာမီနိုရဲ့ အသင္းအေပၚ အက်ိဳးသက္ေရာက္မႈက နည္းပါးခဲ့ၿပီး ၎ရဲ့ ပါဝင္နိုင္မႈဟာ ျပည္တြင္းဖလားပြဲေတြမွာသာ ကန႔္သတ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီ ဒုတိယဝက္ကို ေဆာက္သမ္တန္အသင္းမွာ အငွားကစားသမားအျဖစ္နဲ႔ အခ်ိန္ကုန္ဆုံးခဲ့တဲ့ မီနာမီနိုရဲ့ ယခုရာသီေျခစြမ္းဟာ ေကာင္းသင့္သေလာက္ ေကာင္းမြန္ေနခဲ့တာျဖစ္ပါတယ္။ ခရစၥမတ္မတိုင္ခင္ လက္စတာစီးနဲ႔ပြဲမွာ နာက်င္အခ်ိန္ပိုမွာ သြင္းယူခဲ့တဲ့ ေခ်ပဂိုးအပါအဝင္ ၅ ဂိုး သြင္းယူထားေပမယ့္ လီဗာပူးလ္အသင္းအတြက္ လက္ရွိအခ်ိန္မွာ မီနာမီနို အခုအခ်ိန္အထိ မလုပ္နိုင္ေသးတဲ့အရာျဖစ္တဲ့ အသင္းထဲမွာ ပါဝင္ၿပီး ေျခစြမ္းျပသေပးဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

ဖာမီနို

ခ်ဲလ္ဆီးနဲ႔ပြဲစဥ္က လူစာရင္းထဲမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉးဟာ ဆာလားနဲ႔ မာေနးတို႔ ထြက္ခြာသြားမႈေၾကာင့္ လစ္လပ္ေနတဲ့ သြင္းဂိုးဟာကြက္ကို ဂ်ိဳတာနဲ႔အတူ ျဖည့္ဆည္းေပးနိုင္ဖို႔ ပြဲထြက္လူစာရင္းထဲကို ျပန္လည္ပါဝင္လာနိုင္မယ္လို႔ ေမၽွာ္မွန္းရပါတယ္။ ဖာမီနိုဟာ ယခုရာသီ သြင္းဂိုး ၆ ဂိုးအထိ သြင္းယူထားခဲ့ေပမယ့္ ကိုဗစ္ကူးစက္ခံထားရေၾကာင္း မေတြ႕ရွိရမီ တံေကာက္ေၾကာဒဏ္ရာ ၂ ႀကိမ္ ရရွိခဲ့မႈေၾကာင့္ ထင္သေလာက္ ပါဝင္ကစားခြင့္ မရခဲ့တာျဖစ္ၿပီး ကေလာ့ပ္ရဲ့ အေတာင့္တင္းဆုံး ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းထဲမွာ ပုံမွန္ပြဲထြက္သူအျဖစ္ အာမခံခ်က္ရရွိထားတဲ့ ေန႔ရက္ေတြက ကုန္ဆုံးသြားၿပီဆိုတဲ့ လကၡဏာျဖစ္ပါတယ္။ ဂ်ိဳတာဟာ တိုက္စစ္မွာ ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးနိုင္တဲ့ တူညီတဲ့အရည္အခ်င္းမ်ိဳးနဲ႔ သြင္းဂိုး ဒါဇင္ခ်ီၿပီး သြင္းယူထားၿပီး ေဟာ့ဖန္ဟိမ္းၾကယ္ပြင့္ေဟာင္းေနရာကို ယူဖို႔ အဆင္သင့္ျဖစ္ေနပုံရပါတယ္။ ဖာမီနိုကလည္း အဲဒါကို သိရွိေနၿပီး ယခုလမွာ စြမ္းေဆာင္ရည္ေကာင္း အနည္းငယ္ျပသနိုင္မယ္ဆိုရင္ ၎အတြက္ေရာ အသင္းအတြက္ပါ အဆင္ေျပသည္ထက္ ေျပလာမွာျဖစ္ပါတယ္။

ခ်ိန္ဘာလိန္

အာဆင္နယ္ကို စြန႔္ခြာၿပီး လီဗာပူးလ္ကို ေျပာင္းေရႊ႕ခဲ့တဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခုဟာ ကြင္းလယ္ဗဟိုမွာ ကစားခ်င္တဲ့ဆႏၵျဖစ္တယ္လို႔ ယူဆရရင္ ခ်ိန္ဘာလိန္ကို ဒီရာသီမွာ ဖာမီနိုရဲ့ပုံစံျဖစ္တဲ့ ေက်ာနံပါတ္ ၉ ေနရာမွာ ျပန္လည္အသုံးျပဳဖို႔ ႀကိဳးပမ္းမႈက နည္းနည္းပိုၿပီး အံ့အားသင့္စရာ ျဖစ္လာမွာျဖစ္ပါတယ္။ ခ်ိန္ဘာလိန္ရဲ့ ယခုရာသီ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြဟာ ကြင္းလယ္ ၃ ေနရာမွာ ပါဝင္ကစားေပးရာကေန ျပသနိုင္ခဲ့တာျဖစ္ေပမယ့္ ဇန္နဝါရီလအတြင္း ပြဲထြက္လူစာရင္းမွာ ဘယ္ေတာင္ပံ သို႔မဟုတ္ ညာေတာင္ပံမွာ ျမင္ရမယ္ဆိုရင္ အံ့အားသင့္စရာျဖစ္လာမွာမဟုတ္ေတာ့ပါဘူး။ ႀကံ့ခိုင္မႈျပည့္ဝေနၿပီး ပါဝင္ကစားေပးနိုင္တဲ့အေျခအေနရွိေနခဲ့တာ တစ္ႏွစ္ေလာက္ရွိခဲ့ၿပီျဖစ္တာေၾကာင့္ အခုအခ်ိန္ဟာ ခ်ိန္ဘာလိန္အတြက္ အမွန္တကယ္ ေရွ႕ထြက္ၿပီး ကေလာ့ပ္ အားကိုးရေလာက္တဲ့သူဆိုတာ ျပသဖို႔ အခ်ိန္တန္ၿပီျဖစ္ပါတယ္။

သီေယဂို အယ္လ္ကန္တာရာ

လီဗာပူးလ္အသင္းဟာ အယ္လ္ကန္တာရာ ေရာက္ရွိလာၿပီးကတည္းက ၿပိဳင္ပြဲစုံ ပြဲေပါင္း ၈၀ ကစားခဲ့ၿပီးျဖစ္ေပမယ့္ စပိန္ကြင္းလယ္ကစားသမားကေတာ့ ၄၄ ပြဲသာ ပါဝင္ကစားခဲ့ရတာျဖစ္ပါတယ္။ အယ္လ္ကန္တာရာမပါဝင္ဘဲ ကစားခဲ့တဲ့ ဝက္စ္ဟမ္း၊ ေတာ့တင္ဟမ္၊ လက္စတာ၊ ခ်ဲလ္ဆီးတို႔နဲ႔ပြဲစဥ္မွာ ကေလာ့ပ္ရဲ့အသင္းဟာ ကြင္းလယ္မွာ ထိန္းခ်ဳပ္နိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာကို မ်က္ျမင္ေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။ လီဗာပူးလ္အသင္းအေနနဲ႔ ဆုဖလားလမ္းေၾကာင္းေပၚမွာ ဆက္ရွိေနခ်င္တယ္ဆိုရင္ အဓိက ၿခိမ္းေျခာက္မႈျဖစ္တဲ့ ဆာလားနဲ႔ မာေနးတို႔ မပါဝင္နိုင္မႈနဲ႔အတူ ကြင္းလယ္မွာ ထိန္းခ်ဳပ္နိုင္ဖို႔က လာမယ့္အပတ္ေတြမွာ ပိုလို႔ေတာင္ အေရးႀကီးလာေတာ့မွာျဖစ္ပါတယ္။ သီေယဂိုဟာ လက္ရွိမွာေတာ့ တင္ပါးဒဏ္ရာျပႆနာနဲ႔ အနားယူေနရေပမယ့္ ကေလာ့ပ္အေနနဲ႔ တတ္နိုင္သမၽွျမန္ျမန္ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ေဟာင္းကို ပြဲထြက္လူစာရင္းထဲ ျပန္ပါလာနိုင္ဖို႔ လိုအပ္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.