Premier League

စျေးကြီးတိုင်း အရည်အသွေးရှိတာမဟုတ်ဘူးဆိုတာ ပြသနေတဲ့ ယူနိုက်တက်လူစာရင်း

စာရွက်ပေါ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးလူစာရင်းတွေထဲက တစ်ခုကို ပိုင်ဆိုင်ထားပေမယ့် လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာတော့ အဆင့် ၇ နေရာမှာသာ ရပ်တည်နေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာထဲကို ဝင်နိုင်ဖို့ ကြီးမားတဲ့ တာဝန်နဲ့ ရင်ဆိုင်နေရချိန်မှာ ဝုလ်ဗ်စ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ လုခ် ရှောက မန်ချက်စတာယူနိုက်တက်က အရည်အသွေးတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြားခဲ့ပေမယ့် အသင်းအနေနဲ့ ပွဲစဉ်တွေကို အနိုင်ရဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ စိတ်အားတက်ကြွမှုမျိုး ကင်းမဲ့နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ကိန်းဂဏန်းတွေရဲ့ ဖော်ပြချက်အရ ရန်းနစ်ခ်ရဲ့အသင်းဟာ ဝုလ်ဗ်စ်အသင်းကို အနိုင်ရဖို့ လုံလောက်တဲ့ ကြယ်ပွင့်ကစားသမားတွေ အပြည့် အသင်းလူစာရင်းထဲမှာ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အမှန်တော့ ယခုရာသီ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းထက် တန်ဖိုးပိုမို များပြားတဲ့လူစာရင်းဆိုလို့ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးလူစာရင်းသာ ရှိတော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း talkSPORT ပင်တိုင်တင်ဆက်သူ ဆိုင်မွန် ဂျော်ဒန်က တန်ဖိုးကြီးမားတဲ့လူစာရင်းက အောင်မြင်မှုကို ရရှိစေနိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီဟာ ငြင်းဆိုဖို့ လိုအပ်တဲ့ ဒဏ္ဍာရီဖြစ်တယ်ဆိုတာကို ယုံကြည်နေပြီး ယူနိုက်တက်ကစားသမားတွေဟာ ပေးရတဲ့စျေးနဲ့ တန်တဲ့ အရည်အသွေးမျိုး မပိုင်ဆိုင်ထားကြဘူးလို့လည်း ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ “မန်ချက်စတာ ယူနိုက်တက်ကို ကြောက်ရွံ့တာတွေ မရှိတော့ပါဘူး။ အဲဒါတွေ မရှိတော့ပါဘူး။ မန်ချက်စတာယူနိုက်တက်ကို အထူးသဖြင့် အိုးထရက်ဖို့ဒ်မှာဆိုရင် တခြားအသင်းတွေရဲ့ ကြောက်ရွံ့မှုတွေ၊ လေးစားမှုတွေ မရှိတော့ပါဘူး။ အဲဒီလို ထပ်ပြီး မရှိနိုင်တော့ပါဘူး”

“အသင်းတွေက မန်ချက်စတာယူနိုက်တက်နဲ့ ကစားဖို့အတွက် တော်တော်လေး သက်တောင့်သက်သာဖြစ်နေကြတယ်။ အထူးသဖြင့် ဒီယူနိုက်တက်က အကူးအပြောင်းလုပ်နေတယ်ဆိုတာ သိသာနေတာကိုး။ သူတို့လူစာရင်းထဲမှာ အလွန်အကျွံများပြားတဲ့ အရည်အသွေးပမာဏတွေရှိနေပေမယ့် ဝိသေသပျောက်ဆုံးနေတယ်။ သူတို့မှာ လက်ရှိ ထိပ်တန်းအသင်းတွေမှာ ရှိနေတဲ့ ပြင်းထန်မှုနဲ့ ကစားတာ၊ ဖိအားပေးကစားတာတွေကို လုပ်ဖို့အတွက် အရည်အချင်းမရှိပါဘူး”

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မန်ချက်စတာယူနိုက်တက်ကို ကြည့်နေတာမဟုတ်ဘူးဆိုရင် အဲဒါကို အားလုံး လက်ခံကြမှာပါ။ ကျွန်တော်တို့ ဒီနေ့ မန်ယူနိုက်တက်ကို ကြည့်နေကြတာပါ။ အဲဒီတော့ ကျွန်တော်တို့ အမှန်တကယ် ဖြစ်နေတဲ့အသင်းနဲ့ နှိုင်းယှဉ်ရမှာဖြစ်ပြီး ဒီကစားသမားအစုအဖွဲ့ကို ပြောရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ စျေးနှုန်းအကြောင်းပဲ ပြောနေကြတယ်။ မှန်ကန်တဲ့အရည်အသွေးအကြောင်း ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပေါ့ဂ်ဘာအကြောင်း ပြောတဲ့အခါ ပေါင်သန်း ၉၀ ဆိုတဲ့စျေးနှုန်းကို ပြောကြတယ်။ သူက ပြင်သစ်အတွက် အရမ်းကောင်းမွန်ခဲ့ပေမယ့် ယူနိုက်တက်အတွက်တော့ မဟုတ်ပါဘူး”

“ဟာရီ မက်ဂွိုင်းယားက ပေါင်သန်း ၈၀။ ဝမ် ဘစ်ဆာကာက ပေါင်သန်း ၅၀။ အဲဒါက ကျွန်တော်တို့ကို ပြင်းထန်တဲ့အဆုံးသတ် ကင်းမဲ့မှုကို သက်သာစေဖို့ မန်ချက်စတာယူနိုက်တက်က တစ်ချိန်တုန်းက သူတို့ရှိခဲ့ဖူးတဲ့ ပုံရိပ်ကို ဆန့်ကျင်ပြီး ငွေကုန်ကြေးကျခံ ကစားသမားခေါ်မှုပဲ။ အဲဒီလို လုပ်ခဲ့ပေမယ့်လည်း သူတို့တွေ ကောင်းသင့်သလောက် မကောင်းခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့တွေမှာ ရေရှည်အတွက် မသင့်တော်တာ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်နောက်ပိုင်း မန်ချက်စတာယူနိုက်တက်ရဲ့ ငွေကြေးကုန်ကျမှုအများဆုံး ကစားသမားခေါ်ယူမှုများ

ဟာရီ မက်ဂွိုင်းယား- ပေါင် ၈၀ သန်း(၂၀၁၉)

ဂျေဒန် ဆန်ချို- ပေါင် ၇၃ သန်း(၂၀၂၁)

အာရွန် ဝမ် ဘစ်ဆာကာ- ပေါင် ၅၀ သန်း(၂၀၁၉)

ဘရူနို ဖာနန်ဒက်စ်- ပေါင် ၄၇ သန်း(၂၀၂၀)

ဒွန်နီ ဗန်ဒီဘိခ်-ပေါင် ၃၅ သန်း(၂၀၂၀)

ရာဖေးလ် ဗာရိန်း- ပေါင် ၃၄ သန်း(၂၀၂၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:စာရြက္ေပၚမွာေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ကမၻာေပၚက အေကာင္းဆုံးလူစာရင္းေတြထဲက တစ္ခုကို ပိုင္ဆိုင္ထားေပမယ့္ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာေတာ့ အဆင့္ ၇ ေနရာမွာသာ ရပ္တည္ေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔အတြက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာထဲကို ဝင္နိုင္ဖို႔ ႀကီးမားတဲ့ တာဝန္နဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ဝုလ္ဗ္စ္ကို အိမ္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ လုခ္ ေရွာက မန္ခ်က္စတာယူနိုက္တက္က အရည္အေသြးေတြကို ပိုင္ဆိုင္ထားတယ္လို႔ ေျပာၾကားခဲ့ေပမယ့္ အသင္းအေနနဲ႔ ပြဲစဥ္ေတြကို အနိုင္ရဖို႔အတြက္ မျဖစ္မေနလိုအပ္တဲ့ စိတ္အားတက္ႂကြမႈမ်ိဳး ကင္းမဲ့ေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

ကိန္းဂဏန္းေတြရဲ့ ေဖာ္ျပခ်က္အရ ရန္းနစ္ခ္ရဲ့အသင္းဟာ ဝုလ္ဗ္စ္အသင္းကို အနိုင္ရဖို႔ လုံေလာက္တဲ့ ၾကယ္ပြင့္ကစားသမားေတြ အျပည့္ အသင္းလူစာရင္းထဲမွာ ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ အမွန္ေတာ့ ယခုရာသီ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းလူစာရင္းထက္ တန္ဖိုးပိုမို မ်ားျပားတဲ့လူစာရင္းဆိုလို႔ လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးလူစာရင္းသာ ရွိေတာ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း talkSPORT ပင္တိုင္တင္ဆက္သူ ဆိုင္မြန္ ေဂ်ာ္ဒန္က တန္ဖိုးႀကီးမားတဲ့လူစာရင္းက ေအာင္ျမင္မႈကို ရရွိေစနိုင္တယ္ဆိုတဲ့ ဒ႑ာရီဟာ ျငင္းဆိုဖို႔ လိုအပ္တဲ့ ဒ႑ာရီျဖစ္တယ္ဆိုတာကို ယုံၾကည္ေနၿပီး ယူနိုက္တက္ကစားသမားေတြဟာ ေပးရတဲ့ေစ်းနဲ႔ တန္တဲ့ အရည္အေသြးမ်ိဳး မပိုင္ဆိုင္ထားၾကဘူးလို႔လည္း ထပ္ေလာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “မန္ခ်က္စတာ ယူနိုက္တက္ကို ေၾကာက္ရြံ့တာေတြ မရွိေတာ့ပါဘူး။ အဲဒါေတြ မရွိေတာ့ပါဘူး။ မန္ခ်က္စတာယူနိုက္တက္ကို အထူးသျဖင့္ အိုးထရက္ဖို႔ဒ္မွာဆိုရင္ တျခားအသင္းေတြရဲ့ ေၾကာက္ရြံ့မႈေတြ၊ ေလးစားမႈေတြ မရွိေတာ့ပါဘူး။ အဲဒီလို ထပ္ၿပီး မရွိနိုင္ေတာ့ပါဘူး”

“အသင္းေတြက မန္ခ်က္စတာယူနိုက္တက္နဲ႔ ကစားဖို႔အတြက္ ေတာ္ေတာ္ေလး သက္ေတာင့္သက္သာျဖစ္ေနၾကတယ္။ အထူးသျဖင့္ ဒီယူနိုက္တက္က အကူးအေျပာင္းလုပ္ေနတယ္ဆိုတာ သိသာေနတာကိုး။ သူတို႔လူစာရင္းထဲမွာ အလြန္အကၽြံမ်ားျပားတဲ့ အရည္အေသြးပမာဏေတြရွိေနေပမယ့္ ဝိေသသေပ်ာက္ဆုံးေနတယ္။ သူတို႔မွာ လက္ရွိ ထိပ္တန္းအသင္းေတြမွာ ရွိေနတဲ့ ျပင္းထန္မႈနဲ႔ ကစားတာ၊ ဖိအားေပးကစားတာေတြကို လုပ္ဖို႔အတြက္ အရည္အခ်င္းမရွိပါဘူး”

“လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္က မန္ခ်က္စတာယူနိုက္တက္ကို ၾကည့္ေနတာမဟုတ္ဘူးဆိုရင္ အဲဒါကို အားလုံး လက္ခံၾကမွာပါ။ ကၽြန္ေတာ္တို႔ ဒီေန႔ မန္ယူနိုက္တက္ကို ၾကည့္ေနၾကတာပါ။ အဲဒီေတာ့ ကၽြန္ေတာ္တို႔ အမွန္တကယ္ ျဖစ္ေနတဲ့အသင္းနဲ႔ ႏွိုင္းယွဥ္ရမွာျဖစ္ၿပီး ဒီကစားသမားအစုအဖြဲ႕ကို ေျပာရမွာပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ေစ်းႏႈန္းအေၾကာင္းပဲ ေျပာေနၾကတယ္။ မွန္ကန္တဲ့အရည္အေသြးအေၾကာင္း ေျပာေနတာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ေပါ့ဂ္ဘာအေၾကာင္း ေျပာတဲ့အခါ ေပါင္သန္း ၉၀ ဆိုတဲ့ေစ်းႏႈန္းကို ေျပာၾကတယ္။ သူက ျပင္သစ္အတြက္ အရမ္းေကာင္းမြန္ခဲ့ေပမယ့္ ယူနိုက္တက္အတြက္ေတာ့ မဟုတ္ပါဘူး”

“ဟာရီ မက္ဂြိဳင္းယားက ေပါင္သန္း ၈၀။ ဝမ္ ဘစ္ဆာကာက ေပါင္သန္း ၅၀။ အဲဒါက ကၽြန္ေတာ္တို႔ကို ျပင္းထန္တဲ့အဆုံးသတ္ ကင္းမဲ့မႈကို သက္သာေစဖို႔ မန္ခ်က္စတာယူနိုက္တက္က တစ္ခ်ိန္တုန္းက သူတို႔ရွိခဲ့ဖူးတဲ့ ပုံရိပ္ကို ဆန႔္က်င္ၿပီး ေငြကုန္ေၾကးက်ခံ ကစားသမားေခၚမႈပဲ။ အဲဒီလို လုပ္ခဲ့ေပမယ့္လည္း သူတို႔ေတြ ေကာင္းသင့္သေလာက္ မေကာင္းခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ သူတို႔ေတြမွာ ေရရွည္အတြက္ မသင့္ေတာ္တာ ျဖစ္ေကာင္းျဖစ္နိုင္တဲ့ ကစားသမားေတြ အမ်ားႀကီး ရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ေနာက္ပိုင္း မန္ခ်က္စတာယူနိုက္တက္ရဲ့ ေငြေၾကးကုန္က်မႈအမ်ားဆုံး ကစားသမားေခၚယူမႈမ်ား

ဟာရီ မက္ဂြိဳင္းယား- ေပါင္ ၈၀ သန္း(၂၀၁၉)

ေဂ်ဒန္ ဆန္ခ်ိဳ- ေပါင္ ၇၃ သန္း(၂၀၂၁)

အာရြန္ ဝမ္ ဘစ္ဆာကာ- ေပါင္ ၅၀ သန္း(၂၀၁၉)

ဘ႐ူနို ဖာနန္ဒက္စ္- ေပါင္ ၄၇ သန္း(၂၀၂၀)

ဒြန္နီ ဗန္ဒီဘိခ္-ေပါင္ ၃၅ သန္း(၂၀၂၀)

ရာေဖးလ္ ဗာရိန္း- ေပါင္ ၃၄ သန္း(၂၀၂၁)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.