Carabao & FA Match Report Premier League

ကာရာဘောင်းဆီမီး ပထမအကျော့ အိမ်ကွင်းမှာ စပါးစ်ကို တီးတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ လူစာရင်းကို မျှတအောင် ထုတ်သုံးခဲ့ပြီး လာမယ့်ပွဲတွေမှာ နေရာပေးရတော့မယ့် ဂိုးသမား ကီပါကို ထုတ်သုံးခဲ့သလို ရူဒီဂါ၊ မာလန်းဆားရ်၊ အက်ဇ်ပီလီကွေတာ၊ အလွန်ဆိုတို့နဲ့ ၄-၂-၃-၁ ကစားကွက်ကို သုံးစွဲခဲ့ချိန်မှာ ဂျော်ဂျင်ညိုနဲ့ ဆာအူးလ်တို့က ကွင်းလယ်မှာ ကစားခဲ့ကြပြီး ဇီးယက်ရှ်၊ ဟာဗတ်ဇ်၊ မေဆန်မောင်နဲ့ လူကာကူးတို့က တိုက်စစ်မှာ ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

စပါးစ်တို့ကတော့ လူစုံနီးပါး ထုတ်သုံးလာခဲ့ပြီး ဘယ်နောက်ခံလူ ရက်ဂီယွန်နေရာမှာ ဒိုဟာတီကို သုံးခဲ့တာကလွဲလို့ တန်ဂန်ဂါ၊ ဆန်ချက်ဇ်၊ ဒေးဗီးစ်တို့က ခံစစ်မှာ ကစားခဲ့သလို ဟွိုင်ဘယာ့ဂ်၊ စကစ်ပ်တို့ရဲ့ ကွင်းလယ်ရှေ့မှာ ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ လူးကပ်စ် မော်ရာတို့ကို First Line-up အတိုင်းပဲ သုံးစွဲလာခဲ့တာပါ။

ပါးစပ်ဖွာထားခဲ့တဲ့ လူကာကူးအနေနဲ့ ဒီနေ့ပွဲမှာ အသင်းအတွက် အမှားကို ဖာထေးနိုင်ဖို့အတွက် ကြိုးစားနေခဲ့ပြီး စောစောစီးစီးကတည်းက ရုန်းပြနေခဲ့သလို ချဲလ်ဆီးတို့ အိမ်ကွင်းမှာ ဖိကစားနေခဲ့ပြီး ကွန်တီရဲ့ စပါးစ်တို့ကတော့ အထနှေးတဲ့ ပုံစံကို မပြင်နိုင်သေးသလို ခံစစ်ကစားကွက်နဲ့ Passive ဖြစ်လွန်းနေခဲ့ပါတယ်။

ပွဲချိန် ၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ပြီး စပါးစ်နောက်ခံလူ တန်ဂန်ဂါ လူပေးမှားရာကနေ လုယူပြီး ထိုးဖောက်လာခဲ့တဲ့ ဘယ်နောက်ခံလူ အလွန်ဆိုက မျှောပေးခဲ့တာကို ဟာဗတ်ဇ်က ဧရိယာထဲကနေ အနီးကပ်ကန်သွင်းခဲ့ရာမှာ ဝင်ရောက်တားဆီးခဲ့တဲ့ ဒေဗင်ဆင် ဆန်းချက်ဇ်နဲ့ထိပြီးမှ ဂိုးထဲ ဝင်သွားခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ စပါးစ်ခံစစ်က ရှင်းထုတ်ရာကနေ သူ့လူချင်းထိပြီး ထွက်လာတဲ့ ဘောလုံးကို ဟာဗတ်ဇ် ကန်ခွင့်ရပေမယ့် ညာခြေကန်ချက်က ပျော့နေခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရသလို မေဆန်မောင့်နဲ့ ဇီးယက်ရှ်တို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကတော့ လွဲချော်နေခဲ့ကြပြီး ချဲလ်ဆီးရဲ့ ဖြတ်တင်ဘောနဲ့ တည်ကန်ဘောတွေကတော့ သိပ်ပြီး အားရစရာမရှိခဲ့တာပါ။

ပွဲချိန် ၃၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပြီး ဇီးယက်ရှ် ကန်တင်ပေးတဲ့ ညာခြမ်းက ဖရီးကစ်က ဘာမှ ထူးထူးခြားခြား အန္တရာယ်မများခဲ့ချိန်မှာ တန်ဂန်ဂါရဲ့ ခေါင်းတိုက်ရှင်းထုတ်မှုက အလောတကြီး ခုန်ပြီး မမီခဲ့တဲ့ ဘန်ဒေးဗီးစ်နဲ့ထိပြီး ဂိုးထဲ ပြန်ဝင်သွားခဲ့လို့ ဂိုးသမား လိုရစ် ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး နည်းပြ ကွန်တီအနေနဲ့လည်း စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

ဂိုးသမား ကီပါကတော့ အဝင်အထွက်တွေမှာ နည်းနည်းကြောင်နေခဲ့တာကို တွေ့ခဲ့ရပြီး ပွဲချိန် ၄၂ မိနစ်မှာတော့ လူကာကူးက အပိုင်အခွင့်အရေး ရခဲ့တာကို ခေါင်းတိုက်ချက်မမှန်ဘဲ လွဲချော်ခဲ့သလို ဇီးယက်ရှ်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောတွေကိုလည်း တိုက်စစ်က အသုံးမချနိုင်ခဲ့ကြလို့ ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ချဲလ်ဆီးတို့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ဟာဗတ်ဇ်အစား တီမို ဗာနာကို လူစားလဲခဲ့ချိန်မှာ စပါးစ်တို့ နည်းနည်းပြန်တင်ကစားလာခဲ့သလို ပွဲချိန် မိနစ် ၅၀ မှာ လူကြားထဲက ကန်တဲ့ ဟာရီကိန်းရဲ့ ဖရီးကစ်ကို ကီပါ ကာကွယ်ခဲ့ရပြီး လူကာကူးကတော့ အဆုံးသတ်ပိုင်းတွေမှာ ကျေနပ်စရာမရှိခဲ့သလို ဇီးယက်ရှ်ကလည်း ဂိုးသမား တည့်တည့်ကိုပဲ ကန်ခဲ့တာဖြစ်ပါတယ်။

အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေကို တွေ့လာခဲ့ရတဲ့ ဆာအူးလ်ကတော့ သူအပိုင်စားရတဲ့ ကာရာဘောင်းပွဲတွေမှာ ပွဲထွက်ကစားရင်း မဆိုးဘူးလို့ ပြောရမယ့် ခြေစွမ်းကို ပိုင်ဆိုင်လာခဲ့သလို အလွန်ဆိုလည်း ခြေပြန်မှန်လာခဲ့ပေမယ့် တီမို ဗာနာကတော့ ပြေးအားနဲ့ ထိုးဖောက်မှုတွေမှာ ကောင်းမွန်ခဲ့ပေမယ့် End Product ပိုင်းတွေမှာ အားနည်းမြဲ အားနည်းဆဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ စပါးစ်တိုက်စစ်က ထိုးဖောက်မှုကို ကီပါ ပုတ်ထုတ်ကာကွယ်ပြီး Clean Sheet မပျက်ဖို့ ကြိုးစားခဲ့ရသလို လက်ကျန် ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ပဲ ထိန်းချုပ်ကစားသွားနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးတို့ အောင်ပွဲခံနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ရဲ့ ပထမအကျော့ ကစားပြီးချိန်မှာ ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တဲ့ တူဟယ်လ်ရဲ့ ချဲလ်ဆီးတို့ အခြေအနေ ကောင်းသွားခဲ့ပြီး ကွန်တီရဲ့ စပါးစ်တို့ကတော့ ဒုတိယအကျော့ အိမ်ကွင်းမှာ ရုန်းကန်ရတော့မှာဖြစ်သလို ဗိုလ်လုပွဲကို တက်ရောက်နိုင်ခွင့်ကို ဘယ်လန်ဒန်အသင်းက ရယူသွားမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ လူစာရင္းကို မွ်တေအာင္ ထုတ္သုံးခဲ့ၿပီး လာမယ့္ပြဲေတြမွာ ေနရာေပးရေတာ့မယ့္ ဂိုးသမား ကီပါကို ထုတ္သုံးခဲ့သလို ႐ူဒီဂါ၊ မာလန္းဆားရ္၊ အက္ဇ္ပီလီေကြတာ၊ အလြန္ဆိုတို႔နဲ႔ ၄-၂-၃-၁ ကစားကြက္ကို သုံးစြဲခဲ့ခ်ိန္မွာ ေဂ်ာ္ဂ်င္ညိဳနဲ႔ ဆာအူးလ္တို႔က ကြင္းလယ္မွာ ကစားခဲ့ၾကၿပီး ဇီးယက္ရွ္၊ ဟာဗတ္ဇ္၊ ေမဆန္ေမာင္နဲ႔ လူကာကူးတို႔က တိုက္စစ္မွာ ပါဝင္ခဲ့ၾကတာျဖစ္ပါတယ္။

စပါးစ္တို႔ကေတာ့ လူစုံနီးပါး ထုတ္သုံးလာခဲ့ၿပီး ဘယ္ေနာက္ခံလူ ရက္ဂီယြန္ေနရာမွာ ဒိုဟာတီကို သုံးခဲ့တာကလြဲလို႔ တန္ဂန္ဂါ၊ ဆန္ခ်က္ဇ္၊ ေဒးဗီးစ္တို႔က ခံစစ္မွာ ကစားခဲ့သလို ဟြိဳင္ဘယာ့ဂ္၊ စကစ္ပ္တို႔ရဲ႕ ကြင္းလယ္ေရွ႕မွာ ဟာရီကိန္း၊ ဆြန္ေဟာင္မင္နဲ႔ လူးကပ္စ္ ေမာ္ရာတို႔ကို First Line-up အတိုင္းပဲ သုံးစြဲလာခဲ့တာပါ။

ပါးစပ္ဖြာထားခဲ့တဲ့ လူကာကူးအေနနဲ႔ ဒီေန႔ပြဲမွာ အသင္းအတြက္ အမွားကို ဖာေထးႏိုင္ဖို႔အတြက္ ႀကိဳးစားေနခဲ့ၿပီး ေစာေစာစီးစီးကတည္းက ႐ုန္းျပေနခဲ့သလို ခ်ဲလ္ဆီးတို႔ အိမ္ကြင္းမွာ ဖိကစားေနခဲ့ၿပီး ကြန္တီရဲ႕ စပါးစ္တို႔ကေတာ့ အထေႏွးတဲ့ ပုံစံကို မျပင္ႏိုင္ေသးသလို ခံစစ္ကစားကြက္နဲ႔ Passive ျဖစ္လြန္းေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၿပီး စပါးစ္ေနာက္ခံလူ တန္ဂန္ဂါ လူေပးမွားရာကေန လုယူၿပီး ထိုးေဖာက္လာခဲ့တဲ့ ဘယ္ေနာက္ခံလူ အလြန္ဆိုက ေမွ်ာေပးခဲ့တာကို ဟာဗတ္ဇ္က ဧရိယာထဲကေန အနီးကပ္ကန္သြင္းခဲ့ရာမွာ ဝင္ေရာက္တားဆီးခဲ့တဲ့ ေဒဗင္ဆင္ ဆန္းခ်က္ဇ္နဲ႔ထိၿပီးမွ ဂိုးထဲ ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ စပါးစ္ခံစစ္က ရွင္းထုတ္ရာကေန သူ႔လူခ်င္းထိၿပီး ထြက္လာတဲ့ ေဘာလုံးကို ဟာဗတ္ဇ္ ကန္ခြင့္ရေပမယ့္ ညာေျခကန္ခ်က္က ေပ်ာ့ေနခဲ့လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရသလို ေမဆန္ေမာင့္နဲ႔ ဇီးယက္ရွ္တို႔ရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကေတာ့ လြဲေခ်ာ္ေနခဲ့ၾကၿပီး ခ်ဲလ္ဆီးရဲ႕ ျဖတ္တင္ေဘာနဲ႔ တည္ကန္ေဘာေတြကေတာ့ သိပ္ၿပီး အားရစရာမရွိခဲ့တာပါ။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒုတိယဦးေဆာင္ဂိုး ရရွိခဲ့ၿပီး ဇီးယက္ရွ္ ကန္တင္ေပးတဲ့ ညာျခမ္းက ဖရီးကစ္က ဘာမွ ထူးထူးျခားျခား အႏၲရာယ္မမ်ားခဲ့ခ်ိန္မွာ တန္ဂန္ဂါရဲ႕ ေခါင္းတိုက္ရွင္းထုတ္မႈက အေလာတႀကီး ခုန္ၿပီး မမီခဲ့တဲ့ ဘန္ေဒးဗီးစ္နဲ႔ထိၿပီး ဂိုးထဲ ျပန္ဝင္သြားခဲ့လို႔ ဂိုးသမား လိုရစ္ ၾကည့္ေန႐ုံသာ တတ္ႏိုင္ခဲ့ၿပီး နည္းျပ ကြန္တီအေနနဲ႔လည္း စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။

ဂိုးသမား ကီပါကေတာ့ အဝင္အထြက္ေတြမွာ နည္းနည္းေၾကာင္ေနခဲ့တာကို ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ လူကာကူးက အပိုင္အခြင့္အေရး ရခဲ့တာကို ေခါင္းတိုက္ခ်က္မမွန္ဘဲ လြဲေခ်ာ္ခဲ့သလို ဇီးယက္ရွ္ရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာေတြကိုလည္း တိုက္စစ္က အသုံးမခ်ႏိုင္ခဲ့ၾကလို႔ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ဟာဗတ္ဇ္အစား တီမို ဗာနာကို လူစားလဲခဲ့ခ်ိန္မွာ စပါးစ္တို႔ နည္းနည္းျပန္တင္ကစားလာခဲ့သလို ပြဲခ်ိန္ မိနစ္ ၅၀ မွာ လူၾကားထဲက ကန္တဲ့ ဟာရီကိန္းရဲ႕ ဖရီးကစ္ကို ကီပါ ကာကြယ္ခဲ့ရၿပီး လူကာကူးကေတာ့ အဆုံးသတ္ပိုင္းေတြမွာ ေက်နပ္စရာမရွိခဲ့သလို ဇီးယက္ရွ္ကလည္း ဂိုးသမား တည့္တည့္ကိုပဲ ကန္ခဲ့တာျဖစ္ပါတယ္။

အေပါင္းလကၡဏာေဆာင္တဲ့ အခ်က္ေတြကို ေတြ႕လာခဲ့ရတဲ့ ဆာအူးလ္ကေတာ့ သူအပိုင္စားရတဲ့ ကာရာေဘာင္းပြဲေတြမွာ ပြဲထြက္ကစားရင္း မဆိုးဘူးလို႔ ေျပာရမယ့္ ေျခစြမ္းကို ပိုင္ဆိုင္လာခဲ့သလို အလြန္ဆိုလည္း ေျချပန္မွန္လာခဲ့ေပမယ့္ တီမို ဗာနာကေတာ့ ေျပးအားနဲ႔ ထိုးေဖာက္မႈေတြမွာ ေကာင္းမြန္ခဲ့ေပမယ့္ End Product ပိုင္းေတြမွာ အားနည္းၿမဲ အားနည္းဆဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ စပါးစ္တိုက္စစ္က ထိုးေဖာက္မႈကို ကီပါ ပုတ္ထုတ္ကာကြယ္ၿပီး Clean Sheet မပ်က္ဖို႔ ႀကိဳးစားခဲ့ရသလို လက္က်န္ ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ ထိန္းခ်ဳပ္ကစားသြားႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ဲလ္ဆီးတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပဲျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ရဲ႕ ပထမအေက်ာ့ ကစားၿပီးခ်ိန္မွာ ေပးဂိုးမရွိဘဲ အႏိုင္ရခဲ့တဲ့ တူဟယ္လ္ရဲ႕ ခ်ဲလ္ဆီးတို႔ အေျခအေန ေကာင္းသြားခဲ့ၿပီး ကြန္တီရဲ႕ စပါးစ္တို႔ကေတာ့ ဒုတိယအေက်ာ့ အိမ္ကြင္းမွာ ႐ုန္းကန္ရေတာ့မွာျဖစ္သလို ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခြင့္ကို ဘယ္လန္ဒန္အသင္းက ရယူသြားမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.