Article La Liga Ligue1 Premier League Serie A

၂၀၂၁ ခုနှစ်အတွင်း ပြိုင်ဘက်ဂိုးဧရိယာကို အမွှေနှောက်နိုင်ဆုံး ကစားသမား ၅ ဦး

ဘောလုံးပွဲတွေမှာ အသင်းနှစ်သင်းရဲ့ အသည်းချင်းပေါက်ပြီး ကစားတဲ့ အချိန်မှာ တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ နေရာယူမှုတွေနဲ့ အဆုံးသတ်ဂိုးသွင်းနိုင်သူတွေက အဓိကကျသလို မဖြစ်မနေ ရောက်သင့်တဲ့ အချိန်နဲ့ နေရာမှာ တိုးဝင်ပြီး အသင်းအတွက် ဂိုးသွင်းယူမှုနဲ့ ဖန်တီးမှုတွေလို့ ဆိုတဲ့ Final Product တွေကို ထုတ်လုပ်ပေးနိုင်သူတွေ ကောင်းရင်ကောင်းသလောက် ခရီးပေါက်ကြချိန်မှာ ဥရောပရဲ့ အကောင်းဆုံး ၅ ဦးကို ရွေးထုတ် ဖော်ပြပေးလိုက်ပါတယ်။

၅။ ကာရင်မ် ဘန်ဇီးမား (၂၆၆ ကြိမ်)
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီးမားကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို မရှိချိန်မှာ အသင်းတိုက်စစ်ရဲ့ အဓိက ဆုံချက်လည်း ဖြစ်လာခဲ့ပြီး ပြိုင်ဘက် ပင်နယ်တီဧရိယာထဲမှာ သူ့ရဲ့ နေရာယူ အဆုံးသတ်မှုတွေက ပိုမိုထင်ရှားလာခဲ့သလို ပြင်သစ်အသင်းမှာလည်း အရေးပါတဲ့ အခန်း ကဏ္ဍကနေ ခြေစွမ်းပြနေတဲ့ ဝါရင့်ကစားသမားလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတော့ အသက် ၃၄ နှစ်အရွယ် အဆုံးသတ်သမားကြီးအတွက် သီးပွင့်ဝေဆာတဲ့ မင်္ဂလာနှစ်တစ်နှစ်လည်းဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ၁၉ ပွဲကစား ၁၅ ဂိုးသွင်းယူထားနိုင်ခဲ့သလို ပြင်သစ်အသင်းမှာလည်း တစ်နှစ်အတွင်း ၁၃ ပွဲကစားပြီး ၉ ဂိုး သွင်းပြထားချိန်မှာ သူ့ရဲ့ ပြိုင်ဘက် ဧရိယာထဲမှာ ဝင်ရောက်နေရာယူမှုနဲ့ ဘောလုံးထိတဲ့ အကြိမ်ရေက ၂၆၆ ကြိမ်အထိ ရှိခဲ့တာပါ။

၄။ ဆာဒီယို မာနေး (အကြိမ် ၂၉၀)
ဆီနီဂေါသားအနေနဲ့ ၂၀၂၁ အတွင်းမှာ ပြီးခဲ့တဲ့ နှစ်တွေကလောက် ထက်မြက်ခြင်း မရှိဘဲ ခြေစွမ်းအနည်းငယ် လျော့ကျသွားခဲ့ပေမယ့် အကောင်းဆုံးလို့ ဆိုရမယ့် ကစားသမားတွေထဲမှာတော့ လက်ချိုးရေလိုက်တိုင်း ဆက်လက်ပါဝင်ဆဲဖြစ်ပြီး ယာဂန် ကလော့ပ်အတွက်လည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေချိန်မှာ သူ့ရဲ့ ဘယ်တောင်ပံကနေ ဆွဲဝင်ကန်သွင်းမှုတွေနဲ့ အချိန်ကိုက် ပြေးဝင်နေရာယူမှုတွေကတော့ ကိုယ်ပိုင်လက္ခဏာပဲ ဖြစ်နေခဲ့တာပါ။

တစ်ဖက်နောက်ခံလူတွေအတွက်တော့ လျင်မြန်မှု၊ အလိမ်အခေါက်၊ တိုးအား၊ လှည့်စားမှုတွေနဲ့ ထိန်းသိမ်းရ ခက်ခဲတဲ့ အိပ်မက်ဆိုးလည်းဖြစ်တဲ့ မာနေးဟာ အရပ်အမောင်းနဲ့ မလိုက်အောင် ခေါင်းတိုက်ထူးချွန်သူလည်းဖြစ်လို့ သူ့ရဲ့ ဧရိယာထဲမှာ ဘယ်လိုတိုက်စစ်ဆင်လာမယ်ဆိုတာကလည်း ခန့်မှန်းရ ခက်စေချိန်မှာ ၂၀၂၁ ခုနှစ်အတွင်း ဂိုးပါဝင်ပတ်သက်မှု ၂၄ ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပြီး ပြိုင်ဘက်ဂိုးနားမှာ ထိချက်ကလည်း အကြိမ်ရေ ၂၉၀ အထိ ရှိခဲ့တာဖြစ်ပါတယ်။

၃။ ဒူဗန် ဇာပါတာ (၂၉၆ ကြိမ်)
အတ္တလန်တာအသင်းရဲ့ ပွဲထွက်တိုက်စစ်မှူးဖြစ်တဲ့ ဇာပါတာကတော့ နည်းပြ ဂက်စ်ပါရီနီရဲ့ အားအကိုးရဆုံး အဆုံးသတ်သမားလည်းဖြစ်ပြီး စီးရီးအေရဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ ကိုယ်လုံးကိုယ်ကြံ့ခိုင်တောင့်တင်းပြီး လိုအပ်ချိန်တိုင်းမှာ ရုန်းအားနဲ့အတူ ဂိုးတွေ ရှာဖွေနိုင်တဲ့ ကိုလံဘီယာသားဟာ အပြာအနက်ကျားအသင်းအတွက် နေရာယူပုံကောင်းမွန်မှုနဲ့အတူ ခြေနှစ်ချောင်းနဲ့ရော ခေါင်းနဲ့ပါ အဆုံးသတ်ပေးနိုင်သူပါ။

ဇာပါတာဟာ အဆုံးသတ်သမားကောင်းတစ်ယောက်ဖြစ်သလို ပြိုင်ဘက်ဧရိယာထဲမှာလည်း ချိတ်ဆက်ကစားပုံ ကောင်းမွန်သူဖြစ်ပြီး အသင်းဖော်တွေဖြစ်ကြတဲ့ ပါဆာလစ်ချ်၊ အီလီချစ်ချ်တို့လို ကစားသမားတွေနဲ့ တွဲလုံးတွေကနေ ဖန်တီးပေးပို့နိုင်သူလည်းဖြစ်သလို ဘာဂါမိုအခြေစိုက် စီးရီးအေကလပ်အတွက်တော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ၄၁ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့သလို ထိချက်ပေါင်း ၂၉၆ ကြိမ်အထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။

၂။ ခီလီယန် အမ်ဘာပေ (၃၁၈ ကြိမ်)
အသင်းမှာ နေမာနဲ့ မက်ဆီတို့လို ပုံရိပ်ကြီးမြင့်တဲ့ ကစားသမားတွေ ရှိနေခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ တိုက်စစ်မြားဦးကို တာဝန်ယူ ပုံဖော်ပြီး ဂိုးတွေ အာမခံထားသူက အမ်ဘာပေပဲဖြစ်ပါတယ်။ သူ့ရဲ့ မြန်နှုန်းမြင့် ထိုးဖောက်မွှေနှောက်ပြီး ဂိုးဆီကို တတ်နိုင်သလောက် တိုက်ရိုက်သွားတဲ့ ပုံစံက အလှအပ ကစားတဲ့ ဘရာဇီးလ်သားနဲ့ အာဂျင်တီးနားသားတို့ထက် တစ်မျိုးတစ်ဖုံ ကွဲထွက်နေပြီး အသင်းရဲ့ ဂိုးသွင်းဘုရင်အဖြစ်လည်း ရပ်တည်နေခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးအနေနဲ့ ၂၀၂၁ ခုနှစ်ထဲမှာ ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ၃၁၈ ကြိမ်အထိ ဘောလုံးထိခဲ့သလို ဂိုးပါဝင် ပတ်သက်မှု ၆၅ ကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဥရောပထိပ်တန်းပြိုင်ပွဲကြီးတွေမှာ သူ့ရဲ့ သွင်းဂိုး+ဖန်တီးမှုက တစ်နှစ်တာအတွင်း အမြင့်မားဆုံးအဖြစ်လည်း ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၁။ မိုဟာမက် ဆာလား (၃၈၃ ကြိမ်)
အီဂျစ်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို ရောက်လာခဲ့ကတည်းက သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံးခြေစွမ်းကို ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ်နဲ့ ပေါင်းစပ်မှုက သူ့ကို မက်ဆီအဆန်ဆုံးဖြစ်စေခဲ့တာပါ။ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်စာရင်းမှာ ဦးဆောင်သူနဲ့ တိုက်စစ်ပိုင်းမှာ အကောင်းဆုံးဖြစ်နေခဲ့တဲ့ ဆာလားဟာ သူ့ရဲ့ မြန်နှုန်းမြင့် ထိုးဖောက်မှုနဲ့အတူ ကော်နဲ့ကပ်ထားသလို ထိန်းသိမ်းမှုအတွက်ပါ ကျော်ကြားခဲ့ပြီး ဒီရာသီမှာ သွင်းဂိုး ၂၃ ဂိုးအထိ ရယူပေးထားခဲ့ပြီးလည်းဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို သွားရောက်ကစားနေတဲ့ အီဂျစ်သားအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ ပြိုင်ဘက်ဂိုးဧရိယာထဲ ဘောလုံးထိချက် ၃၈၃ ကြိမ်အထိ ရှိခဲ့သလို ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ် ရွှေိဖိနပ်နဲ့ပါ နီးစပ်ခဲ့သေးသူဖြစ်ပြီး ဂိုးပါဝင် ပတ်သက်မှုကိုတော့ ၄၈ ကြိမ်အထိ ပြုလုပ်ထားနိုင်ချိန်မှာ သူ့ရဲ့ ကစားသမားဘဝ အမြင့်မားဆုံးအချိန်မှာ နောက်ထပ် ဆုတံဆိပ်တွေကို ဆွတ်ခူးနိုင်ဦးမလားဆိုတာကတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးပြဲေတြမွာ အသင္းႏွစ္သင္းရဲ႕ အသည္းခ်င္းေပါက္ၿပီး ကစားတဲ့ အခ်ိန္မွာ တစ္ဖက္အသင္းရဲ႕ ဂိုးဧရိယာထဲမွာ ေနရာယူမႈေတြနဲ႔ အဆုံးသတ္ဂိုးသြင္းႏိုင္သူေတြက အဓိကက်သလို မျဖစ္မေန ေရာက္သင့္တဲ့ အခ်ိန္နဲ႔ ေနရာမွာ တိုးဝင္ၿပီး အသင္းအတြက္ ဂိုးသြင္းယူမႈနဲ႔ ဖန္တီးမႈေတြလို႔ ဆိုတဲ့ Final Product ေတြကို ထုတ္လုပ္ေပးႏိုင္သူေတြ ေကာင္းရင္ေကာင္းသေလာက္ ခရီးေပါက္ၾကခ်ိန္မွာ ဥေရာပရဲ႕ အေကာင္းဆုံး ၅ ဦးကို ေ႐ြးထုတ္ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ကာရင္မ္ ဘန္ဇီးမား (၂၆၆ ႀကိမ္)
ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ တိုက္စစ္မႉး ဘန္ဇီးမားကေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို မရွိခ်ိန္မွာ အသင္းတိုက္စစ္ရဲ႕ အဓိက ဆုံခ်က္လည္း ျဖစ္လာခဲ့ၿပီး ၿပိဳင္ဘက္ ပင္နယ္တီဧရိယာထဲမွာ သူ႔ရဲ႕ ေနရာယူ အဆုံးသတ္မႈေတြက ပိုမိုထင္ရွားလာခဲ့သလို ျပင္သစ္အသင္းမွာလည္း အေရးပါတဲ့ အခန္း က႑ကေန ေျခစြမ္းျပေနတဲ့ ဝါရင့္ကစားသမားလည္းျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္ကေတာ့ အသက္ ၃၄ ႏွစ္အ႐ြယ္ အဆုံးသတ္သမားႀကီးအတြက္ သီးပြင့္ေဝဆာတဲ့ မဂၤလာႏွစ္တစ္ႏွစ္လည္းျဖစ္ၿပီး ဒီရာသီမွာ အသင္းအတြက္ ၁၉ ပြဲကစား ၁၅ ဂိုးသြင္းယူထားႏိုင္ခဲ့သလို ျပင္သစ္အသင္းမွာလည္း တစ္ႏွစ္အတြင္း ၁၃ ပြဲကစားၿပီး ၉ ဂိုး သြင္းျပထားခ်ိန္မွာ သူ႔ရဲ႕ ၿပိဳင္ဘက္ ဧရိယာထဲမွာ ဝင္ေရာက္ေနရာယူမႈနဲ႔ ေဘာလုံးထိတဲ့ အႀကိမ္ေရက ၂၆၆ ႀကိမ္အထိ ရွိခဲ့တာပါ။

၄။ ဆာဒီယို မာေနး (အႀကိမ္ ၂၉၀)
ဆီနီေဂါသားအေနနဲ႔ ၂၀၂၁ အတြင္းမွာ ၿပီးခဲ့တဲ့ ႏွစ္ေတြကေလာက္ ထက္ျမက္ျခင္း မရွိဘဲ ေျခစြမ္းအနည္းငယ္ ေလ်ာ့က်သြားခဲ့ေပမယ့္ အေကာင္းဆုံးလို႔ ဆိုရမယ့္ ကစားသမားေတြထဲမွာေတာ့ လက္ခ်ိဳးေရလိုက္တိုင္း ဆက္လက္ပါဝင္ဆဲျဖစ္ၿပီး ယာဂန္ ကေလာ့ပ္အတြက္လည္း အေရးပါတဲ့ အခန္းက႑မွာ ရွိေနခ်ိန္မွာ သူ႔ရဲ႕ ဘယ္ေတာင္ပံကေန ဆြဲဝင္ကန္သြင္းမႈေတြနဲ႔ အခ်ိန္ကိုက္ ေျပးဝင္ေနရာယူမႈေတြကေတာ့ ကိုယ္ပိုင္လကၡဏာပဲ ျဖစ္ေနခဲ့တာပါ။

တစ္ဖက္ေနာက္ခံလူေတြအတြက္ေတာ့ လ်င္ျမန္မႈ၊ အလိမ္အေခါက္၊ တိုးအား၊ လွည့္စားမႈေတြနဲ႔ ထိန္းသိမ္းရ ခက္ခဲတဲ့ အိပ္မက္ဆိုးလည္းျဖစ္တဲ့ မာေနးဟာ အရပ္အေမာင္းနဲ႔ မလိုက္ေအာင္ ေခါင္းတိုက္ထူးခြၽန္သူလည္းျဖစ္လို႔ သူ႔ရဲ႕ ဧရိယာထဲမွာ ဘယ္လိုတိုက္စစ္ဆင္လာမယ္ဆိုတာကလည္း ခန႔္မွန္းရ ခက္ေစခ်ိန္မွာ ၂၀၂၁ ခုႏွစ္အတြင္း ဂိုးပါဝင္ပတ္သက္မႈ ၂၄ ႀကိမ္အထိ လုပ္ေဆာင္ထားႏိုင္ခဲ့ၿပီး ၿပိဳင္ဘက္ဂိုးနားမွာ ထိခ်က္ကလည္း အႀကိမ္ေရ ၂၉၀ အထိ ရွိခဲ့တာျဖစ္ပါတယ္။

၃။ ဒူဗန္ ဇာပါတာ (၂၉၆ ႀကိမ္)
အတၱလန္တာအသင္းရဲ႕ ပြဲထြက္တိုက္စစ္မႉးျဖစ္တဲ့ ဇာပါတာကေတာ့ နည္းျပ ဂက္စ္ပါရီနီရဲ႕ အားအကိုးရဆုံး အဆုံးသတ္သမားလည္းျဖစ္ၿပီး စီးရီးေအရဲ႕ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးလည္းျဖစ္ပါတယ္။ ကိုယ္လုံးကိုယ္ႀကံ့ခိုင္ေတာင့္တင္းၿပီး လိုအပ္ခ်ိန္တိုင္းမွာ ႐ုန္းအားနဲ႔အတူ ဂိုးေတြ ရွာေဖြႏိုင္တဲ့ ကိုလံဘီယာသားဟာ အျပာအနက္က်ားအသင္းအတြက္ ေနရာယူပုံေကာင္းမြန္မႈနဲ႔အတူ ေျခႏွစ္ေခ်ာင္းနဲ႔ေရာ ေခါင္းနဲ႔ပါ အဆုံးသတ္ေပးႏိုင္သူပါ။

ဇာပါတာဟာ အဆုံးသတ္သမားေကာင္းတစ္ေယာက္ျဖစ္သလို ၿပိဳင္ဘက္ဧရိယာထဲမွာလည္း ခ်ိတ္ဆက္ကစားပုံ ေကာင္းမြန္သူျဖစ္ၿပီး အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ပါဆာလစ္ခ်္၊ အီလီခ်စ္ခ်္တို႔လို ကစားသမားေတြနဲ႔ တြဲလုံးေတြကေန ဖန္တီးေပးပို႔ႏိုင္သူလည္းျဖစ္သလို ဘာဂါမိုအေျခစိုက္ စီးရီးေအကလပ္အတြက္ေတာ့ ၂၀၂၁ ခုႏွစ္အတြင္းမွာ ၄၁ ဂိုးအထိ ပါဝင္ပတ္သက္ႏိုင္ခဲ့သလို ထိခ်က္ေပါင္း ၂၉၆ ႀကိမ္အထိ ရွိခဲ့တာလည္းျဖစ္ပါတယ္။

၂။ ခီလီယန္ အမ္ဘာေပ (၃၁၈ ႀကိမ္)
အသင္းမွာ ေနမာနဲ႔ မက္ဆီတို႔လို ပုံရိပ္ႀကီးျမင့္တဲ့ ကစားသမားေတြ ရွိေနခဲ့ေပမယ့္ ပီအက္စ္ဂ်ီရဲ႕ တိုက္စစ္ျမားဦးကို တာဝန္ယူ ပုံေဖာ္ၿပီး ဂိုးေတြ အာမခံထားသူက အမ္ဘာေပပဲျဖစ္ပါတယ္။ သူ႔ရဲ႕ ျမန္ႏႈန္းျမင့္ ထိုးေဖာက္ေမႊေႏွာက္ၿပီး ဂိုးဆီကို တတ္ႏိုင္သေလာက္ တိုက္႐ိုက္သြားတဲ့ ပုံစံက အလွအပ ကစားတဲ့ ဘရာဇီးလ္သားနဲ႔ အာဂ်င္တီးနားသားတို႔ထက္ တစ္မ်ိဳးတစ္ဖုံ ကြဲထြက္ေနၿပီး အသင္းရဲ႕ ဂိုးသြင္းဘုရင္အျဖစ္လည္း ရပ္တည္ေနခဲ့တာပါ။

အသက္ ၂၃ ႏွစ္အ႐ြယ္ ျပင္သစ္တိုက္စစ္မႉးအေနနဲ႔ ၂၀၂၁ ခုႏွစ္ထဲမွာ ၿပိဳင္ဘက္ဂိုးဧရိယာထဲမွာ ၃၁၈ ႀကိမ္အထိ ေဘာလုံးထိခဲ့သလို ဂိုးပါဝင္ ပတ္သက္မႈ ၆၅ ႀကိမ္အထိ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ဥေရာပထိပ္တန္းၿပိဳင္ပြဲႀကီးေတြမွာ သူ႔ရဲ႕ သြင္းဂိုး+ဖန္တီးမႈက တစ္ႏွစ္တာအတြင္း အျမင့္မားဆုံးအျဖစ္လည္း ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၁။ မိုဟာမက္ ဆာလား (၃၈၃ ႀကိမ္)
အီဂ်စ္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းကို ေရာက္လာခဲ့ကတည္းက သူ႔ရဲ႕ ကစားသမားဘဝ အျမင့္ဆုံးေျခစြမ္းကို ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္နဲ႔ ေပါင္းစပ္မႈက သူ႔ကို မက္ဆီအဆန္ဆုံးျဖစ္ေစခဲ့တာပါ။ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းဘုရင္စာရင္းမွာ ဦးေဆာင္သူနဲ႔ တိုက္စစ္ပိုင္းမွာ အေကာင္းဆုံးျဖစ္ေနခဲ့တဲ့ ဆာလားဟာ သူ႔ရဲ႕ ျမန္ႏႈန္းျမင့္ ထိုးေဖာက္မႈနဲ႔အတူ ေကာ္နဲ႔ကပ္ထားသလို ထိန္းသိမ္းမႈအတြက္ပါ ေက်ာ္ၾကားခဲ့ၿပီး ဒီရာသီမွာ သြင္းဂိုး ၂၃ ဂိုးအထိ ရယူေပးထားခဲ့ၿပီးလည္းျဖစ္ပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲကို သြားေရာက္ကစားေနတဲ့ အီဂ်စ္သားအေနနဲ႔ ၂၀၂၁ ခုႏွစ္အတြင္းမွာ ၿပိဳင္ဘက္ဂိုးဧရိယာထဲ ေဘာလုံးထိခ်က္ ၃၈၃ ႀကိမ္အထိ ရွိခဲ့သလို ၿပီးခဲ့တဲ့ႏွစ္ ပရီးမီးယားလိဂ္ ေ႐ႊိဖိနပ္နဲ႔ပါ နီးစပ္ခဲ့ေသးသူျဖစ္ၿပီး ဂိုးပါဝင္ ပတ္သက္မႈကိုေတာ့ ၄၈ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခ်ိန္မွာ သူ႔ရဲ႕ ကစားသမားဘဝ အျမင့္မားဆုံးအခ်ိန္မွာ ေနာက္ထပ္ ဆုတံဆိပ္ေတြကို ဆြတ္ခူးႏိုင္ဦးမလားဆိုတာကေတာ့ ရင္ခုန္စြာနဲ႔ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.