Premier League

ဒဏ်ရာရနေလျက်နဲ့ ရေကုန်ရေခမ်း ပေးဆပ်ကစားခဲ့တဲ့ ဟာဗတ်ဇ်နဲ့ အက်ဇ်ပီတို့ကို အံ့သြတကြီး ချီးကျူးခဲ့ရတဲ့ တူဟယ်

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ကြောက်မက်ဖွယ် လက်ချောင်းကျိုး ဒဏ်ရာရရှိထားရက်နဲ့ ကစားပေးခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ကို ချီးကျူး ပြောကြားခဲ့ပါတယ်။

ဟာဗတ်ဇ်ရဲ့ ယခုရာသီ ပဥ္စမမြောက်ဂိုးကြောင့် ချဲလ်ဆီးအသင်းက စပါးစ်နဲ့ပွဲစဉ်မှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် ဂျာမန်တောင်ပံကစားသမားဟာ ဂိုးသွင်းယူပြီးနောက်ပိုင်း လဲကျရာမှာ လက်ချောင်းကျိုး ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ အလွန်အမင်း နာကျင်မှုကို သည်းညည်းခံရင်း ပထမပိုင်း ပြီးဆုံးတဲ့အချိန်အထိ ကစားပေးခဲ့ပေမယ့် ချဲလ်ဆီးအသင်းဟာ လူစာရင်းအပြည့်နဲ့ ပွဲထွက်လာတဲ့ စပါးစ်နဲ့ပွဲမှာ ကောင်းမွန်တဲ့ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ သီယေဂို ဆေးလ်ဗားနဲ့ အန်ဂိုလို ကွန်တေတို့ ဗုဒ္ဓဟူးနေ့နံနက်မှာ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ခံစစ် ၄ ဦး ကစားကွက်ကို ပြန်လည် အသုံးပြုခဲ့တာဖြစ်ပါတယ်။ တူဟယ်က ဒဏ်ရာ နာကျင်မှုကို မေ့ဖျောက်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် မပါဝင်နိုင်သူတွေ များနေတဲ့ကြားက လိဂ်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့တဲ့အတွက် ကစားသမားတွေကို ဂုဏ်ပြုစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

“ခိုင်က သူ့ရဲ့ လက်ချောင်းနဲ့ပတ်သက်ပြီး ပြဿနာရှိခဲ့တယ်။ သူ့ လက်ချောင်း ကျိုးသွားခဲ့ပြီး အဲဒါကို ကြည့်ရတာ တော်တော်ဆိုးရွားတဲ့ပုံပေါ်ခဲ့ပါတယ်။ သူ ပိုပြီး ကြီးကြီးလာတဲ့ အဲဒီနာကျင်မှုတွေကြားက ကစားခဲ့ပါတယ်။ သူ ပထမပိုင်းပြီးတဲ့အထိ တောင့်ထားနိုင်ခဲ့ပြီး ပြီးတဲ့နောက်မှာ ကျွန်တော်တို့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို အရမ်းနှစ်သက်ပါတယ်။ ကျွန်တော်တို့ပုံစံက ယုံကြည်မှုအပြည့်ရှိနေခဲ့ပုံပေါ်ပြီး နောက်ဆုံးမိနစ်မှာ ပွဲထွက်ကစားဖို့ လုပ်ထားတဲ့ သီယေဂို ဆေးလ်ဗားနဲ့ ကွန်တေတို့ရဲ့ သတင်းဆိုးတွေ ရှိခဲ့တယ်”

“အဲဒီတော့ နောက်ဆုံးမိနစ်မှာ နောက်တန်း ၄ ယောက်ကစားကွက် ပြန်ပြောင်းသုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကောင်လေးတွေက အရမ်းကို စိတ်နှစ်ထားပြီး နောက်ကျပြီးမှ လုပ်ခဲ့တဲ့ အပြောင်းအလဲကို အဆင်ပြေအောင် ကစားခဲ့ကြတယ်။ အရမ်းကို အားကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့ပြီး အဲဒီတော့ အရမ်းကို အားကောင်းတဲ့ပြိုင်ဘက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပွဲကြီးမှာ ကောင်းကောင်း ထိုက်တန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်”

သီယေဂို ဆေးလ်ဗားရဲ့ ကိုဗစ်ကူးစက်ခံရမှုဟာ ချဲလ်ဆီး ခံစစ်အတွက် နောက်ထပ် ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး ခရစ္စတင်ဆန်က နောက်ကျောဒဏ်ရာ ရရှိနေသလို ဘန် ချေးဝဲလ်နဲ့ ရီးစ် ဂျိမ်းစ်တို့ကလည်း ကာလရှည် အနားယူရမယ့် ဒဏ်ရာတွေ ရရှိထားခဲ့တာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာဟာ ပွဲပြီးဆုံးခါနီးမှာ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် လဲကျသွားခဲ့ပေမယ့်လည်း ပြင်းထန်တဲ့ ဒဏ်ရာပြဿနာမျိုးနဲ့ ရှောင်လွှဲနိုင်ခဲ့ပုံ ပေါ်ခဲ့ပါတယ်။

“ကျွန်တော်တို့ အရမ်းစိတ်ပူခဲ့ရပေယ့် အက်ဇ်ပီက အဲဒါက ကြွက်သား နာသွားတာပဲဖြစ်ပြီး ဒဏ်ရာရတာမဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီတော့ အဲဒါက သတင်းကောင်းဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့ သူ့ကို ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘန် ဒေးဗီးစ်က အသင်းဟောင်း ချဲလ်ဆီးအသင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ရုန်းကန်နေခဲ့ရတဲ့ ကွန်တီကို ကိုယ့်ဂိုး ကိုယ်သွင်းယူမိခဲ့တဲ့ဂိုးနဲ့ နောက်ထပ် စိတ်ပျက်စရာဖြစ်စေခဲ့တာဖြစ်ပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဗုဒ္ဓဟူူးနေ့ညနေပွဲစဉ်မှာ ချဲလ်ဆီးအသင်းက ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အလားအလာအလွန်ကောင်းမွန်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ ေၾကာက္မက္ဖြယ္ လက္ေခ်ာင္းက်ိဳး ဒဏ္ရာရရွိထားရက္နဲ႔ ကစားေပးခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္ကို ခ်ီးက်ဴး ေျပာၾကားခဲ့ပါတယ္။

ဟာဗတ္ဇ္ရဲ႕ ယခုရာသီ ပၪၥမေျမာက္ဂိုးေၾကာင့္ ခ်ဲလ္ဆီးအသင္းက စပါးစ္နဲ႔ပြဲစဥ္မွာ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ေပမယ့္ ဂ်ာမန္ေတာင္ပံကစားသမားဟာ ဂိုးသြင္းယူၿပီးေနာက္ပိုင္း လဲက်ရာမွာ လက္ေခ်ာင္းက်ိဳး ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အလြန္အမင္း နာက်င္မႈကို သည္းညည္းခံရင္း ပထမပိုင္း ၿပီးဆုံးတဲ့အခ်ိန္အထိ ကစားေပးခဲ့ေပမယ့္ ခ်ဲလ္ဆီးအသင္းဟာ လူစာရင္းအျပည့္နဲ႔ ပြဲထြက္လာတဲ့ စပါးစ္နဲ႔ပြဲမွာ ေကာင္းမြန္တဲ့ရလဒ္ကို ပိုင္ဆိုင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ သီေယဂို ေဆးလ္ဗားနဲ႔ အန္ဂိုလို ကြန္ေတတို႔ ဗုဒၶဟူးေန႔နံနက္မွာ ကိုဗစ္-၁၉ ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ၿပီးေနာက္ ခံစစ္ ၄ ဦး ကစားကြက္ကို ျပန္လည္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။ တူဟယ္က ဒဏ္ရာ နာက်င္မႈကို ေမ့ေဖ်ာက္ထားၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မပါဝင္ႏိုင္သူေတြ မ်ားေနတဲ့ၾကားက လိဂ္ဖလား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ဖို႔ ေျခတစ္လွမ္း လွမ္းႏိုင္ခဲ့တဲ့အတြက္ ကစားသမားေတြကို ဂုဏ္ျပဳစကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ခိုင္က သူ႔ရဲ႕ လက္ေခ်ာင္းနဲ႔ပတ္သက္ၿပီး ျပႆနာရွိခဲ့တယ္။ သူ႔ လက္ေခ်ာင္း က်ိဳးသြားခဲ့ၿပီး အဲဒါကို ၾကည့္ရတာ ေတာ္ေတာ္ဆိုး႐ြားတဲ့ပုံေပၚခဲ့ပါတယ္။ သူ ပိုၿပီး ႀကီးႀကီးလာတဲ့ အဲဒီနာက်င္မႈေတြၾကားက ကစားခဲ့ပါတယ္။ သူ ပထမပိုင္းၿပီးတဲ့အထိ ေတာင့္ထားႏိုင္ခဲ့ၿပီး ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္တို႔ အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္ကို အရမ္းႏွစ္သက္ပါတယ္။ ကြၽန္ေတာ္တို႔ပုံစံက ယုံၾကည္မႈအျပည့္ရွိေနခဲ့ပုံေပၚၿပီး ေနာက္ဆုံးမိနစ္မွာ ပြဲထြက္ကစားဖို႔ လုပ္ထားတဲ့ သီေယဂို ေဆးလ္ဗားနဲ႔ ကြန္ေတတို႔ရဲ႕ သတင္းဆိုးေတြ ရွိခဲ့တယ္”

“အဲဒီေတာ့ ေနာက္ဆုံးမိနစ္မွာ ေနာက္တန္း ၄ ေယာက္ကစားကြက္ ျပန္ေျပာင္းသုံးဖို႔ ဆုံးျဖတ္ခဲ့တယ္။ ေကာင္ေလးေတြက အရမ္းကို စိတ္ႏွစ္ထားၿပီး ေနာက္က်ၿပီးမွ လုပ္ခဲ့တဲ့ အေျပာင္းအလဲကို အဆင္ေျပေအာင္ ကစားခဲ့ၾကတယ္။ အရမ္းကို အားေကာင္းတဲ့စြမ္းေဆာင္ရည္ျဖစ္ခဲ့ၿပီး အဲဒီေတာ့ အရမ္းကို အားေကာင္းတဲ့ၿပိဳင္ဘက္နဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲႀကီးမွာ ေကာင္းေကာင္း ထိုက္တန္တဲ့ ႏိုင္ပြဲ ျဖစ္ခဲ့ပါတယ္”

သီေယဂို ေဆးလ္ဗားရဲ႕ ကိုဗစ္ကူးစက္ခံရမႈဟာ ခ်ဲလ္ဆီး ခံစစ္အတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္ျဖစ္လာခဲ့ၿပီး ခရစၥတင္ဆန္က ေနာက္ေက်ာဒဏ္ရာ ရရွိေနသလို ဘန္ ေခ်းဝဲလ္နဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ကလည္း ကာလရွည္ အနားယူရမယ့္ ဒဏ္ရာေတြ ရရွိထားခဲ့တာျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာဟာ ပြဲၿပီးဆုံးခါနီးမွာ ဆိုး႐ြားတဲ့ ဖ်က္ထုတ္မႈေၾကာင့္ လဲက်သြားခဲ့ေပမယ့္လည္း ျပင္းထန္တဲ့ ဒဏ္ရာျပႆနာမ်ိဳးနဲ႔ ေရွာင္လႊဲႏိုင္ခဲ့ပုံ ေပၚခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ အရမ္းစိတ္ပူခဲ့ရေပယ့္ အက္ဇ္ပီက အဲဒါက ႂကြက္သား နာသြားတာပဲျဖစ္ၿပီး ဒဏ္ရာရတာမဟုတ္ဘူးလို႔ ေျပာပါတယ္။ အဲဒီေတာ့ အဲဒါက သတင္းေကာင္းျဖစ္မွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ သူ႔ကို ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘန္ ေဒးဗီးစ္က အသင္းေဟာင္း ခ်ဲလ္ဆီးအသင္းနဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ရင္ဆိုင္ရတဲ့ပြဲစဥ္မွာ ႐ုန္းကန္ေနခဲ့ရတဲ့ ကြန္တီကို ကိုယ့္ဂိုး ကိုယ္သြင္းယူမိခဲ့တဲ့ဂိုးနဲ႔ ေနာက္ထပ္ စိတ္ပ်က္စရာျဖစ္ေစခဲ့တာျဖစ္ၿပီး ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဗုဒၶဟူူးေန႔ညေနပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းက ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာေၾကာင့္ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ဖို႔ အလားအလာအလြန္ေကာင္းမြန္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.