Analysis Premier League

ချာတိတ်လို့ ခေါ်လို့မရတော့တဲ့ အာဆင်နယ်ရဲ့ ချာတိတ်လေးများ

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီး အဲဒီအကြောင်းကို အပတ်တိုင်းနီးပါး ပြောနေတာကြောင့် ပရိသတ်တွေအားလုံးလည်း ကောင်းကောင်း သိထားပြီးဖြစ်မှာပါ။

အာတီတာဟာ ပရီးမီးယားလိဂ်က ဘယ်လိုအသင်းမျိုးထက်မဆို ပျမ်းမျှအားဖြင့် ပိုမိုငယ်ရွယ်တဲ့ လူစာရင်းကို တည်ဆောက်ခဲ့ပြီး အဲဒီလို တည်ဆောက်ရာမှာ အနိမ့်အမြင့်၊ အတက်အကျတွေလည်း ရှိခဲ့ပါတယ်။ လူငယ်ကစားသမားလေးတွေဖြစ်တာကြောင့် အတွေ့အကြုံနည်းပါးမှုနဲ့ ခြေစွမ်းမတည်ငြိမ်မှု ပြဿနာတွေ ရှိခဲ့ပြီး ထိပ်တန်းအဆင့်မှာ နှစ်အတော်ကြာ ရပ်တည်နေတဲ့ ပြိုင်ဘက်ကစားသမားတွေနဲ့ ယှဉ်ရင် သိသိသာသာ ကွာဟမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းလူစာရင်းဟာ ဥပမာအားဖြင့် လီဗာပူးလ် လူစာရင်းထက် ပျမ်းမျှအသက်အရွယ် ၃ နှစ်ကျော် ငယ်ရွယ်နေတာဖြစ်ပြီး ဘယ်နေရာမှာမဆို အကောင်းအဆိုးက ဒွန်တွဲနေတာကြောင့် အကောင်းဘက်ကနေ ကြည့်ရင်လည်း အားသာချက်တွေ အများကြီးရှိနေပါတယ်။ အာဆင်နယ်လူစာရင်းဟာ ငယ်ရွယ်တဲ့ကစားသမားတွေနဲ့ ဖွဲ့စည်းထားတာကြောင့် ခွန်အားပိုင်းမှာ နုပျိုလတ်ဆတ်နေပြီး နည်းဗျူဟာပိုင်းမှာလည်း နည်းပြ ရိုက်သွင်းသမျှ အချက်အလက်တိုင်း အတိအကျ မှတ်သား ကစားနိုင်ကြပါတယ်။

ပရိသတ်တွေဘက်က ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လူငယ်ကစားသမားတွေအတွက် အာဆင်နယ်အသင်းက အသင်းကြီးဖြစ်နေတာကြောင့် နှစ်သက်ဖို့ ပိုမိုလွယ်ကူပြီး မျက်စိရှေ့တင် လူလားမြောက်လာတဲ့ ငယ်မွေးခြံပေါက်ကစားသမားမျိုးကို ပိုင်ဆိုင်ရတဲ့ခံစားမှုမျိုး ရှိနေမှာဖြစ်ပါတယ်။ မာတင် အော်ဒီဂွါဒ်ဟာ အသက် ၂၃ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် အသက် ၁၅ နှစ်အရွယ်ကတည်းက အဆင့်တစ်ခုမှာ ကစားနေခဲ့တဲ့ ကစားသမားဖြစ်ပြီး ဆာကာကလည်း ကစားသမားဘဝ ပွဲ ၁၀၀ ကျော်လောက်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပုံမှန်ရွေးချယ်ခံရတဲ့ ကစားသမားဖြစ်လာတာဖြစ်ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်ကလည်း အသက် ၂၃ နှစ်အရွယ်သာ ရှိသေးပေမယ့် ပရီးမီးယားလိဂ်ပွဲပေါင်း ၁၀၀ နီးပါး ကစားခဲ့ပြီးဖြစ်ပြီး ဒါတွေက အရမ်းကို ကြီးမားတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ အာဆင်နယ်သာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် လူငယ်ကစားသမားတွေဟာ ဖွံ့ဖြိုးဆဲကာလဖြစ်တာကြောင့်ဆိုတဲ့ ဆင်ခြေမျိုး နောက်ထပ် ပေးလို့ မရနိုင်တော့ပါဘူး။

မာတီနယ်လီနဲ့ ဆာကာတို့ရဲ့အလားအလာတွေဟာ အကန့်သတ်မရှိ များပြားနေပြီး ၂ ယောက်စလုံးက အသက် ၂၁ နှစ်တောင် မပြည့်သေးပေမယ့် မန်ချက်စတာစီးတီး နောက်ခံတောင်ပံကစားသမားတွေကို ရူးခါနေအောင် ကစားပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို ပါရမီရှိတဲ့ ကစားသမားတွေဟာ နောက်ထပ်အဆင့်သစ်တစ်ခုကို တက်လှမ်းနိုင်ဖို့ ကျန်ရှိနေသေးပေမယ့်လည်း သူမတူဘဲ ထူးခြားတဲ့ကစားသမားဆိုတဲ့ အဆင့်ကို ရောက်ရှိခဲ့ကြပြီး ဖြစ်ပါတယ်။

အတွေ့အကြုံမရှိမှုနဲ့ ကလေးဆန်မှုလို့ သတ်မှတ်နိုင်တဲ့နေရာကတော့ အသင်းလိုက် ဖွဲ့စည်းမှု အားကောင်းခြင်း ရှိ၊ မရှိဆိုတဲ့နေရာမှာဖြစ်ပြီး လက်ရှိမှာ အာဆင်နယ်ပရိသတ်တွေမြင်တဲ့အတိုင်း အားလုံးအတူတကွနဲ့ ပရီးမီးယားလိဂ် ၁၇ ပွဲအထိ ကစားခဲ့ကြပြီးဖြစ်ပါတယ်။ တစ်ခါတလေတော့လည်း အတွေ့အကြုံမရှိတာက အစုအဖွဲ့တစ်ခုအဖြစ် အပြည့်အဝ နားလည်မှုမရှိခြင်းကနေလည်း ဖြစ်လာနိုင်တာပဲဆိုတဲ့အသိကို ပေးနိုင်ခဲ့တာဖြစ်ပြီး အသက်အရွယ် ငယ်တာ၊ ကြီးတာနဲ့မဆိုင်ဘူးဆိုတာ သက်သေပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

စမစ် ရိုး၊ ဆာကာ၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်၊ ရမ်းစ်ဒေးလ်တို့လို ကစားသမားတွေဟာ ဒီလောက်အသက်အရွယ်လေးနဲ့ အသင်းရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်တဲ့သူတွေဖြစ်လာတာက မယုံနိုင်စရာကောင်းပါတယ်။ ဒီကစားသမားလေးတွေဟာ ဘယ်လို ပြိုင်ဘက်မျိုးနဲ့ ယှဉ်ပြိုင်ရသည်ဖြစ်စေ ကြောက်ရွံ့မှု နည်းနည်းလေးတောင် ပြသခဲ့ခြင်းမရှိဘဲ အတွေ့အကြုံမရှိခြင်းကို ပြင်းထန်တဲ့အကျိုုးသက်ရောက်မှုတွေ နည်းပါးစေတဲ့အရာအဖြစ် အသုံးပြုခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

မယုံနိုင်လောက်အောင် ပရော်ဖက်ရှင်နယ် ဆန်လှတဲ့ ဒီ လူငယ်ကစားသမားလေးတွေဟာ အတွေ့အကြုံပိုမို များပြားတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရင်း ပြိုင်ဘက်တွေ ကြုံတွေ့ခဲ့သမျှ အတွေ့အကြုံတွေကို အလိုအလျောက် သင်ယူနေတာကြောင့် မယုံနိုင်ဖွယ် စိတ်လှုပ်ရှားမှုတွေကို ယူဆောင်ပေးနိုင်မယ်ဆိုတာ သံသယဖြစ်စရာမရှိပေမယ့် အမြဲတမ်းတော့ အနိုင်ရနေမှာမဟုတ်ဘူးဆိုတာကို သတိချပ်သင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္မွာ အသက္အငယ္ဆုံး လူစာရင္းကို ပိုင္ဆိုင္ထားၿပီး အဲဒီအေၾကာင္းကို အပတ္တိုင္းနီးပါး ေျပာေနတာေၾကာင့္ ပရိသတ္ေတြအားလုံးလည္း ေကာင္းေကာင္း သိထားၿပီးျဖစ္မွာပါ။

အာတီတာဟာ ပရီးမီးယားလိဂ္က ဘယ္လိုအသင္းမ်ိဳးထက္မဆို ပ်မ္းမၽွအားျဖင့္ ပိုမိုငယ္ရြယ္တဲ့ လူစာရင္းကို တည္ေဆာက္ခဲ့ၿပီး အဲဒီလို တည္ေဆာက္ရာမွာ အနိမ့္အျမင့္၊ အတက္အက်ေတြလည္း ရွိခဲ့ပါတယ္။ လူငယ္ကစားသမားေလးေတြျဖစ္တာေၾကာင့္ အေတြ႕အၾကဳံနည္းပါးမႈနဲ႔ ေျခစြမ္းမတည္ၿငိမ္မႈ ျပႆနာေတြ ရွိခဲ့ၿပီး ထိပ္တန္းအဆင့္မွာ ႏွစ္အေတာ္ၾကာ ရပ္တည္ေနတဲ့ ၿပိဳင္ဘက္ကစားသမားေတြနဲ႔ ယွဥ္ရင္ သိသိသာသာ ကြာဟမႈေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းလူစာရင္းဟာ ဥပမာအားျဖင့္ လီဗာပူးလ္ လူစာရင္းထက္ ပ်မ္းမၽွအသက္အရြယ္ ၃ ႏွစ္ေက်ာ္ ငယ္ရြယ္ေနတာျဖစ္ၿပီး ဘယ္ေနရာမွာမဆို အေကာင္းအဆိုးက ဒြန္တြဲေနတာေၾကာင့္ အေကာင္းဘက္ကေန ၾကည့္ရင္လည္း အားသာခ်က္ေတြ အမ်ားႀကီးရွိေနပါတယ္။ အာဆင္နယ္လူစာရင္းဟာ ငယ္ရြယ္တဲ့ကစားသမားေတြနဲ႔ ဖြဲ႕စည္းထားတာေၾကာင့္ ခြန္အားပိုင္းမွာ ႏုပ်ိဳလတ္ဆတ္ေနၿပီး နည္းဗ်ဴဟာပိုင္းမွာလည္း နည္းၿပ ရိုက္သြင္းသမၽွ အခ်က္အလက္တိုင္း အတိအက် မွတ္သား ကစားနိုင္ၾကပါတယ္။

ပရိသတ္ေတြဘက္က ရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ လူငယ္ကစားသမားေတြအတြက္ အာဆင္နယ္အသင္းက အသင္းႀကီးျဖစ္ေနတာေၾကာင့္ ႏွစ္သက္ဖို႔ ပိုမိုလြယ္ကူၿပီး မ်က္စိေရွ႕တင္ လူလားေျမာက္လာတဲ့ ငယ္ေမြးၿခံေပါက္ကစားသမားမ်ိဳးကို ပိုင္ဆိုင္ရတဲ့ခံစားမႈမ်ိဳး ရွိေနမွာျဖစ္ပါတယ္။ မာတင္ ေအာ္ဒီဂြါဒ္ဟာ အသက္ ၂၃ ႏွစ္အရြယ္ ရွိၿပီျဖစ္ေပမယ့္ အသက္ ၁၅ ႏွစ္အရြယ္ကတည္းက အဆင့္တစ္ခုမွာ ကစားေနခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဆာကာကလည္း ကစားသမားဘဝ ပြဲ ၁၀၀ ေက်ာ္ေလာက္နဲ႔ အဂၤလန္လက္ေရြးစင္အသင္းႀကီးမွာ ပုံမွန္ေရြးခ်ယ္ခံရတဲ့ ကစားသမားျဖစ္လာတာျဖစ္ပါတယ္။

အာရြန္ ရမ္းစ္ေဒးလ္ကလည္း အသက္ ၂၃ ႏွစ္အရြယ္သာ ရွိေသးေပမယ့္ ပရီးမီးယားလိဂ္ပြဲေပါင္း ၁၀၀ နီးပါး ကစားခဲ့ၿပီးျဖစ္ၿပီး ဒါေတြက အရမ္းကို ႀကီးမားတဲ့ ကိန္းဂဏန္းေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ တကယ္လို႔ အာဆင္နယ္သာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ လူငယ္ကစားသမားေတြဟာ ဖြံ့ၿဖိဳးဆဲကာလျဖစ္တာေၾကာင့္ဆိုတဲ့ ဆင္ေျခမ်ိဳး ေနာက္ထပ္ ေပးလို႔ မရနိုင္ေတာ့ပါဘူး။

မာတီနယ္လီနဲ႔ ဆာကာတို႔ရဲ့အလားအလာေတြဟာ အကန႔္သတ္မရွိ မ်ားျပားေနၿပီး ၂ ေယာက္စလုံးက အသက္ ၂၁ ႏွစ္ေတာင္ မျပည့္ေသးေပမယ့္ မန္ခ်က္စတာစီးတီး ေနာက္ခံေတာင္ပံကစားသမားေတြကို ႐ူးခါေနေအာင္ ကစားျပနိုင္ခဲ့တာျဖစ္ပါတယ္။ ဒီလို ပါရမီရွိတဲ့ ကစားသမားေတြဟာ ေနာက္ထပ္အဆင့္သစ္တစ္ခုကို တက္လွမ္းနိုင္ဖို႔ က်န္ရွိေနေသးေပမယ့္လည္း သူမတူဘဲ ထူးျခားတဲ့ကစားသမားဆိုတဲ့ အဆင့္ကို ေရာက္ရွိခဲ့ၾကၿပီး ျဖစ္ပါတယ္။

အေတြ႕အၾကဳံမရွိမႈနဲ႔ ကေလးဆန္မႈလို႔ သတ္မွတ္နိုင္တဲ့ေနရာကေတာ့ အသင္းလိုက္ ဖြဲ႕စည္းမႈ အားေကာင္းျခင္း ရွိ၊ မရွိဆိုတဲ့ေနရာမွာျဖစ္ၿပီး လက္ရွိမွာ အာဆင္နယ္ပရိသတ္ေတြျမင္တဲ့အတိုင္း အားလုံးအတူတကြနဲ႔ ပရီးမီးယားလိဂ္ ၁၇ ပြဲအထိ ကစားခဲ့ၾကၿပီးျဖစ္ပါတယ္။ တစ္ခါတေလေတာ့လည္း အေတြ႕အၾကဳံမရွိတာက အစုအဖြဲ႕တစ္ခုအျဖစ္ အျပည့္အဝ နားလည္မႈမရွိျခင္းကေနလည္း ျဖစ္လာနိုင္တာပဲဆိုတဲ့အသိကို ေပးနိုင္ခဲ့တာျဖစ္ၿပီး အသက္အရြယ္ ငယ္တာ၊ ႀကီးတာနဲ႔မဆိုင္ဘူးဆိုတာ သက္ေသျပသနိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

စမစ္ ရိုး၊ ဆာကာ၊ မာတီနယ္လီ၊ ေအာ္ဒီဂြါဒ္၊ ရမ္းစ္ေဒးလ္တို႔လို ကစားသမားေတြဟာ ဒီေလာက္အသက္အရြယ္ေလးနဲ႔ အသင္းရဲ့ ရလဒ္ကို အဆုံးအျဖတ္ေပးနိုင္တဲ့သူေတြျဖစ္လာတာက မယုံနိုင္စရာေကာင္းပါတယ္။ ဒီကစားသမားေလးေတြဟာ ဘယ္လို ၿပိဳင္ဘက္မ်ိဳးနဲ႔ ယွဥ္ၿပိဳင္ရသည္ျဖစ္ေစ ေၾကာက္ရြံ့မႈ နည္းနည္းေလးေတာင္ ျပသခဲ့ျခင္းမရွိဘဲ အေတြ႕အၾကဳံမရွိျခင္းကို ျပင္းထန္တဲ့အက်ိဳုးသက္ေရာက္မႈေတြ နည္းပါးေစတဲ့အရာအျဖစ္ အသုံးျပဳခဲ့တာျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

မယုံနိုင္ေလာက္ေအာင္ ပေရာ္ဖက္ရွင္နယ္ ဆန္လွတဲ့ ဒီ လူငယ္ကစားသမားေလးေတြဟာ အေတြ႕အၾကဳံပိုမို မ်ားျပားတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ယွဥ္ၿပိဳင္ရင္း ၿပိဳင္ဘက္ေတြ ၾကဳံေတြ႕ခဲ့သမၽွ အေတြ႕အၾကဳံေတြကို အလိုအေလ်ာက္ သင္ယူေနတာေၾကာင့္ မယုံနိုင္ဖြယ္ စိတ္လႈပ္ရွားမႈေတြကို ယူေဆာင္ေပးနိုင္မယ္ဆိုတာ သံသယျဖစ္စရာမရွိေပမယ့္ အျမဲတမ္းေတာ့ အနိုင္ရေနမွာမဟုတ္ဘူးဆိုတာကို သတိခ်ပ္သင့္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.