Premier League

အိုးထရက်ဖို့ဒ်မှာ ရန်းနစ်ခ်လုပ်နေတဲ့အရာတွေကို သတိပေးစကားပြောလိုက်တဲ့ ဝိန်း ရူနီ

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဝိန်း ရူနီဟာ ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ် ကစားချင်တဲ့ ကစားကွက်ဟာ ပိုမိုကောင်းမွန်တဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ရာမှာ ပေးဆပ်ရနိုင်တယ်လို့ ထင်မြင်နေပါတယ်။

၁၂ မှတ် ရနိုင်ခြေရှိတဲ့အထဲက ၁၀ မှတ် ရယူနိုင်ခဲ့ပြီးနောက် ရန်းနစ်ခ်ဟာ တနင်္လာနေ့က ပထမဆုံး ရှုံးပွဲကို ရင်ဆိုင်ခဲ့ရပြီး ဝုလ်ဗ်စ်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဘရူနို လေ့ဂျ်ရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တယ်ဆိုတာကို ငြင်းစရာမရှိဘဲ ဂိုးပေါက်ကို ၁၉ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာအို မူတင်ညိုရဲ့ ၈၂ မိနစ်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေရပြီး ရန်းနစ်ခ်ရဲ့ ၄-၂-၂-၂ ကစားကွက်ဟာ လီဗာပူးလ်၊ မန်ချက်စတာစီးတီးတို့လို အသင်းကြီးတွေနဲ့သာ ကစားရင် ပိုပြီး ဂိုးပြတ် ရှုံးနိမ့်နိုင်ခြေရှိနေတာဖြစ်ပါတယ်။ ဝုလ်ဗ်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ဝိန်း ရူနီက အဲဒီသဘောအတိုင်းပဲ The Athletic ကို ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့် ကလေးတွေကို ခေါ်ပြီး ပွဲအနည်းငယ် သွားကြည့်ခဲ့ပါတယ်။ သူတို့အတွက် ခက်ခဲခဲ့တယ်ဆိုတာ သိသာပါတယ်။ အိုလေက အဲဒီနေရာမှာ အဆုံးသတ်ခဲ့တယ်ဆိုတာ အားလုံးလည်း မြင်နိုင်ကြမယ်လို့ ကျွန်တော် ထင်ပါတယ်။ အခု နည်းပြအသစ်နဲ့တော့ ခင်ဗျား မသိနိုင်ပါဘူး”

“သူ အရင်က မတူညီတဲ့ နေရာတွေမှာ အများကြီး နည်းပြခဲ့တယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်။ နာမည်ကြီးကစားသမားတွေအများကြီးကို ကိုင်တွယ်ရတာက ပိုပြီးတော့ ဖိအားတွေ များပါတယ်။ ကျွန်တော် သူ့ရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ပဲလေ့စ်နဲ့ပွဲကို သွားကြည့်ခဲ့ပြီး သူတို့အရမ်းကောင်းနေတဲ့ပုံပဲလို့ ကျွန်တော် တွေးခဲ့မိတယ်”

“ကျွန်တော် စိုးရိမ်နေတဲ့တစ်ခုတည်းသောအရာက ဒီလို ပုံစံနဲ့ ခင်ဗျား ပိုကောင်းတဲ့အသင်းတွေနဲ့ ရင်ဆိုင်ရမယ့်အချိန်ကျရင် ခင်ဗျား အပြစ်ပေးခံရလိမ့်မယ်။ အရေးအကြီးဆုံးအရာက ကစားသမားတွေက အဲဒါကို သဘောတူဖို့ လိုပါတယ်။ သူ သူတို့ကို တစ်ဦးချင်းထက်ပိုပြီး အစုအဖွဲ့အဖြစ်နဲ့ အလုပ်လုပ်စေဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္ ဝိန္း ႐ူနီဟာ ယာယီနည္းၿပ ရာ့လ္ဖ္ ရန္းနစ္ခ္ ကစားခ်င္တဲ့ ကစားကြက္ဟာ ပိုမိုေကာင္းမြန္တဲ့အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ရာမွာ ေပးဆပ္ရနိုင္တယ္လို႔ ထင္ျမင္ေနပါတယ္။

၁၂ မွတ္ ရနိုင္ေျခရွိတဲ့အထဲက ၁၀ မွတ္ ရယူနိုင္ခဲ့ၿပီးေနာက္ ရန္းနစ္ခ္ဟာ တနလၤာေန႔က ပထမဆုံး ရႈံးပြဲကို ရင္ဆိုင္ခဲ့ရၿပီး ဝုလ္ဗ္စ္အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ၁၉၈၀ ျပည့္ႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အနိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ ဘ႐ူနို ေလ့ဂ်္ရဲ့အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တယ္ဆိုတာကို ျငင္းစရာမရွိဘဲ ဂိုးေပါက္ကို ၁၉ ႀကိမ္အထိ ကန္သြင္းနိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ာအို မူတင္ညိဳရဲ့ ၈၂ မိနစ္မွာ သြင္းယူခဲ့တဲ့ အနိုင္ဂိုးေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိမွာ အမွတ္ေပးဇယား အဆင့္ ၇ ေနရာမွာ ရပ္တည္ေနရၿပီး ရန္းနစ္ခ္ရဲ့ ၄-၂-၂-၂ ကစားကြက္ဟာ လီဗာပူးလ္၊ မန္ခ်က္စတာစီးတီးတို႔လို အသင္းႀကီးေတြနဲ႔သာ ကစားရင္ ပိုၿပီး ဂိုးျပတ္ ရႈံးနိမ့္နိုင္ေျခရွိေနတာျဖစ္ပါတယ္။ ဝုလ္ဗ္စ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ မန္ခ်က္စတာယူနိုက္တက္ဂႏၲဝင္တိုက္စစ္မႉး ဝိန္း ႐ူနီက အဲဒီသေဘာအတိုင္းပဲ The Athletic ကို ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ့္ ကေလးေတြကို ေခၚၿပီး ပြဲအနည္းငယ္ သြားၾကည့္ခဲ့ပါတယ္။ သူတို႔အတြက္ ခက္ခဲခဲ့တယ္ဆိုတာ သိသာပါတယ္။ အိုေလက အဲဒီေနရာမွာ အဆုံးသတ္ခဲ့တယ္ဆိုတာ အားလုံးလည္း ျမင္နိုင္ၾကမယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ အခု နည္းျပအသစ္နဲ႔ေတာ့ ခင္ဗ်ား မသိနိုင္ပါဘူး”

“သူ အရင္က မတူညီတဲ့ ေနရာေတြမွာ အမ်ားႀကီး နည္းျပခဲ့တယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာသိပါတယ္။ နာမည္ႀကီးကစားသမားေတြအမ်ားႀကီးကို ကိုင္တြယ္ရတာက ပိုၿပီးေတာ့ ဖိအားေတြ မ်ားပါတယ္။ ကၽြန္ေတာ္ သူ႔ရဲ့ ပထမဆုံးပြဲျဖစ္တဲ့ ပဲေလ့စ္နဲ႔ပြဲကို သြားၾကည့္ခဲ့ၿပီး သူတို႔အရမ္းေကာင္းေနတဲ့ပုံပဲလို႔ ကၽြန္ေတာ္ ေတြးခဲ့မိတယ္”

“ကၽြန္ေတာ္ စိုးရိမ္ေနတဲ့တစ္ခုတည္းေသာအရာက ဒီလို ပုံစံနဲ႔ ခင္ဗ်ား ပိုေကာင္းတဲ့အသင္းေတြနဲ႔ ရင္ဆိုင္ရမယ့္အခ်ိန္က်ရင္ ခင္ဗ်ား အျပစ္ေပးခံရလိမ့္မယ္။ အေရးအႀကီးဆုံးအရာက ကစားသမားေတြက အဲဒါကို သေဘာတူဖို႔ လိုပါတယ္။ သူ သူတို႔ကို တစ္ဦးခ်င္းထက္ပိုၿပီး အစုအဖြဲ႕အျဖစ္နဲ႔ အလုပ္လုပ္ေစဖို႔ လိုအပ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.