Match Report Premier League

မန်စီးတီး ဝမ်းသာအောင် သရေပွဲကိုပဲ ဖန်တီးခဲ့ကြတဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ နှုတ်ဖွာတဲ့ တိုက်စစ်မှူး လူကာကူးကို ချန်လှပ်ထားခဲ့ပြီး ဟာဗတ်ဇ်နဲ့ အစားထိုးခဲ့သလို ခံစစ်တောင်ပံတွေမှာတော့ အလွန်ဆိုနဲ့ အက်ဇ်ပီလီကွေတာတို့ ကစားခဲ့ကြချိန်မှာ ကွင်းလယ်က ဂျော်ဂျင်ညိုနေရာမှာတော့ ကိုဗာချစ် ပါဝင်လာခဲ့ပြီး ကွန်တေနဲ့ တွဲကစားခဲ့သလို မေဆန်မောင့်နဲ့ ပူလီရှစ်ချ်တို့ကတော့ ဖန်တီးမှုပိုင်းကို တာဝန်ယူလာခဲ့ကြပါတယ်။

လီဗာပူးလ်ကတော့ နည်းပြ ကလော့ပ်နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ကို ကိုဗစ်ကြောင့် ဆုံးရှုံးထားခဲ့ရတာကြောင့် ဂိုးနဲ့ ခံစစ်မှာ ကယ်လေဟာ၊ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဆီမီကတ်စ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုတို့နဲ့အတူ မီလ်နာကို သုံးခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ မာနေးနဲ့ ဂျိုတာတို့ပဲ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၆ မိနစ်မှာကတည်းက မာနေးပေးတာကို ဆာလား ကန်ခွင့်ရခဲ့ပေမယ့် ချဲလဆီးဂိုးသမား မန်ဒီ ကာကွယ်သွားနိုင်ခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ် ဘောလုံးရှင်းထုတ်ပုံ မှားတာကတစ်ဆင့် ပူလီရှစ်ချ်က ဘောလုံးပြန်ရခဲ့ပေမယ့်လည်း သူ့ခြေထဲကနေ လီဗာပူးလ်ဂိုးသမား ကယ်လေဟာက လုယူသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရရှိခဲ့ပြီး ဂျိုတာပေးတဲ့ ဘောလုံးကို ကြုံသလို ရှင်းထုတ်ရမယ့်အစား ခေါင်းငုံ့တိုက်ပြီး လူပေးဖို့ ကြိုးစားတဲ့ ချာလိုဘာရဲ့ အမှားကနေ မာနေးက ဘောလုံးပြန်ရသွားခဲ့ပြီး သူ့ရဲ့ နိုင်ငံအသင်းဖော် မန်ဒီကို တစ်ချက်ခေါက်ပြီးမှ ကန်သွင်းခဲ့ရာမှာ ချဲလ်ဆီး ကပ္ပတိန် အက်ဇ်ပီလီကွေတာ ကိုယ်လုံးနဲ့ လိုက်ပိတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာပါ။

ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့အနေနဲ့ ချေပဂိုးရဖို့ ကြိုးစားနေခဲ့ပြီး မေဆန်မောင်၊ ပူလီရှစ်ချ်၊ ဟာဗတ်ဇ်တို့ရဲ့ တိုက်စစ်တွေကို လီဗာပူးလ်တို့ကတော့ ပိတ်ဆို့သွားနိုင်ခဲ့သလို ဂိုးသမား ကယ်လေဟာကလည်း အဝင်အထွက်မှန်မှန် ကစားနိုင်ခဲ့တဲ့အတွက် အိမ်ရှင်တွေ ရင်ခံခဲ့ရပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ လီဗာပူးလ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရရခဲ့ပြီး ထောင့်ကန်ဘောကနေ ချဲလ်ဆီးတို့ ကန်တင်လိုက်တဲ့ ဘောလုံးကို ပြန်ရသွားခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ချပေးခဲ့ရာမှာ ဆာလားက ရူဒီဂါနဲ့ အလွန်ဆိုတို့ရဲ့ ဘယ်ခြမ်းခံစစ်ကို ကျော်ဖြတ်ပြီး ဂိုးသမား မန်ဒီနဲ့ အတွေ့မှာ ပိတ်ထားတဲ့ ထောင့်ကျဉ်းထဲကိုပဲ ကန်သွင်းသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာ ဆီမီကတ်စ်နဲ့ မေဆန်မောင့်တို့ လဲကျတုန်းမှာ မေဆန်မောင့်က နင်းတယ်လို့ လီဗာပူးလ်ဘက်က စွပ်စွဲခဲ့ကြလို့ VAR ပြန်ကြည့်ရာမှာတော့ မဟုတ်မှန်ကြောင်း ထင်ရှားခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာ ဆာလားရဲ့ တန်ပြန်တိုက်စစ်က အခွင့်အရေးကို မကန်နိုင်ခင်မှာ ချာလိုဘာက လျှောထိုးဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ညာခြမ်းက ရတဲ့ ဖရီးကစ်ကို အလွန်ဆို ကန်တင်ပေးရာ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဧရိယာအစပ်ကနေ စောင့်စားနေတဲ့ ကိုဗာချစ်က လှမ်းကန်သွင်းခဲ့ရာမှာ ကယ်လေဟာရဲ့ ဘယ်ဘက်အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ လီဗာပူးလ်တို့ ဂိုးပြန်ပေးခဲ့ရတာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ သရေဂိုး ရယူနိုင်ခဲ့ပြီး အာနိုးလ်ဒ်က ဆာလားကို ပေးတဲ့ ဘောလုံးကို ကွန်တေ ပြန်ဖြတ်ယူနိုင်ခဲ့ပြီး ထိုးပေးလိုက်ချိန်မှာ ကိုယ့်နေရာ ကိုယ်မရှိဘဲ တက်ထောက်တဲ့ ကိုနာတေကြောင့် လွတ်ထွက်သွားခဲ့တဲ့ ပူလီရှစ်ချ်က ဂိုးသမား ကယ်လေဟာရဲ့ အနီးကပ်အနေအထားကနေ ကန်သွင်းပြီး ပထမပိုင်းမှာ နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ပိုမိုထိုးဖောက်နိုင်ခဲ့ပေမယ့် ကယ်လေဟာနဲ့ လီဗာပူးလ်နောက်တန်းက တားဆီးနိုင်ခဲ့သလို ဧည့်သည်တွေရဲ့ အခွင့်အရေးတွေကိုတော့ ဆာလား၊ မာနေးနဲ့ ဂျိုတာတို့ အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန် ၅၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆာလားရဲ့ ကန်ချက်ကို မန်ဒီက ပုတ်ထုတ်သွားခဲ့ရပြန်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ မာနေးရဲ့ တန်ပြန်တိုက်စစ်ကနေ ကန်ချက်ကို မန်ဒီ ပိတ်ဆို့ကာကွယ်သွားခဲ့ရပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ အလွန်ဆိုရဲ့ ဖြတ်တင်ဘောကနေ ပူလီရှစ်ချ် အနီးကပ် ပိတ်ခွင့်ရခဲ့ပေမယ့် ထိချက်မမှန်ခဲ့လို့ ချဲလ်ဆီးတို့ နောက်တစ်ဂိုးထပ်ရပြီး ဦးဆောင်နိုင်ခွင့်နဲ့ လွဲချော်ခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်သင်းစလုံး အခွင့်အရေးတွေကို အသုံးချနိုင်ခြင်းမရှိတော့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်ဂိုးစီ သရေကျခဲ့သလို အိမ်ရှင်ချဲလ်ဆီးတို့အတွက်တော့ ပိုမိုနစ်နာခဲ့တဲ့ ပွဲအဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ လီဗာပူးလ်တို့နဲ့ တစ်မှတ်စီ ခွဲယူခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးအသင်းက ၂၁ ပွဲကစား ၄၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ပွဲ ၂၀ ကစား ၄၂ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ချိန်မှာ ဦးဆောင်သူ မန်ချက်စတာစီးတီးရဲ့ ၅၃ မှတ်နဲ့ ၁၀ မှတ်အနည်းဆုံး ကွာဟသွားခဲ့ပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ ချန်ပီယံပြိုင်ဆိုင်မှုကတော့ ပြီးဆုံးခါနီးသလိုဖြစ်လာခဲ့ပြီး ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်လာခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ရဲ႕ ႏႈတ္ဖြာတဲ့ တိုက္စစ္မႉး လူကာကူးကို ခ်န္လွပ္ထားခဲ့ၿပီး ဟာဗတ္ဇ္နဲ႔ အစားထိုးခဲ့သလို ခံစစ္ေတာင္ပံေတြမွာေတာ့ အလြန္ဆိုနဲ႔ အက္ဇ္ပီလီေကြတာတို႔ ကစားခဲ့ၾကခ်ိန္မွာ ကြင္းလယ္က ေဂ်ာ္ဂ်င္ညိဳေနရာမွာေတာ့ ကိုဗာခ်စ္ ပါဝင္လာခဲ့ၿပီး ကြန္ေတနဲ႔ တြဲကစားခဲ့သလို ေမဆန္ေမာင့္နဲ႔ ပူလီရွစ္ခ်္တို႔ကေတာ့ ဖန္တီးမႈပိုင္းကို တာဝန္ယူလာခဲ့ၾကပါတယ္။

လီဗာပူးလ္ကေတာ့ နည္းျပ ကေလာ့ပ္နဲ႔ ဂိုးသမား အယ္လစ္ဆန္တို႔ကို ကိုဗစ္ေၾကာင့္ ဆုံးရႈံးထားခဲ့ရတာေၾကာင့္ ဂိုးနဲ႔ ခံစစ္မွာ ကယ္ေလဟာ၊ ဗန္ဒိုက္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဆီမီကတ္စ္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ ဖာဘင္ညိဳတို႔နဲ႔အတူ မီလ္နာကို သုံးခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ မာေနးနဲ႔ ဂ်ိဳတာတို႔ပဲ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက မာေနးေပးတာကို ဆာလား ကန္ခြင့္ရခဲ့ေပမယ့္ ခ်ဲလဆီးဂိုးသမား မန္ဒီ ကာကြယ္သြားႏိုင္ခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ေဘာလုံးရွင္းထုတ္ပုံ မွားတာကတစ္ဆင့္ ပူလီရွစ္ခ်္က ေဘာလုံးျပန္ရခဲ့ေပမယ့္လည္း သူ႔ေျခထဲကေန လီဗာပူးလ္ဂိုးသမား ကယ္ေလဟာက လုယူသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရရွိခဲ့ၿပီး ဂ်ိဳတာေပးတဲ့ ေဘာလုံးကို ႀကဳံသလို ရွင္းထုတ္ရမယ့္အစား ေခါင္းငုံ႔တိုက္ၿပီး လူေပးဖို႔ ႀကိဳးစားတဲ့ ခ်ာလိုဘာရဲ႕ အမွားကေန မာေနးက ေဘာလုံးျပန္ရသြားခဲ့ၿပီး သူ႔ရဲ႕ ႏိုင္ငံအသင္းေဖာ္ မန္ဒီကို တစ္ခ်က္ေခါက္ၿပီးမွ ကန္သြင္းခဲ့ရာမွာ ခ်ဲလ္ဆီး ကပၸတိန္ အက္ဇ္ပီလီေကြတာ ကိုယ္လုံးနဲ႔ လိုက္ပိတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာပါ။

ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးတို႔အေနနဲ႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားေနခဲ့ၿပီး ေမဆန္ေမာင္၊ ပူလီရွစ္ခ်္၊ ဟာဗတ္ဇ္တို႔ရဲ႕ တိုက္စစ္ေတြကို လီဗာပူးလ္တို႔ကေတာ့ ပိတ္ဆို႔သြားႏိုင္ခဲ့သလို ဂိုးသမား ကယ္ေလဟာကလည္း အဝင္အထြက္မွန္မွန္ ကစားႏိုင္ခဲ့တဲ့အတြက္ အိမ္ရွင္ေတြ ရင္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရရခဲ့ၿပီး ေထာင့္ကန္ေဘာကေန ခ်ဲလ္ဆီးတို႔ ကန္တင္လိုက္တဲ့ ေဘာလုံးကို ျပန္ရသြားခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ခ်ေပးခဲ့ရာမွာ ဆာလားက ႐ူဒီဂါနဲ႔ အလြန္ဆိုတို႔ရဲ႕ ဘယ္ျခမ္းခံစစ္ကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား မန္ဒီနဲ႔ အေတြ႕မွာ ပိတ္ထားတဲ့ ေထာင့္က်ဥ္းထဲကိုပဲ ကန္သြင္းသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ဆီမီကတ္စ္နဲ႔ ေမဆန္ေမာင့္တို႔ လဲက်တုန္းမွာ ေမဆန္ေမာင့္က နင္းတယ္လို႔ လီဗာပူးလ္ဘက္က စြပ္စြဲခဲ့ၾကလို႔ VAR ျပန္ၾကည့္ရာမွာေတာ့ မဟုတ္မွန္ေၾကာင္း ထင္ရွားခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာ ဆာလားရဲ႕ တန္ျပန္တိုက္စစ္က အခြင့္အေရးကို မကန္ႏိုင္ခင္မွာ ခ်ာလိုဘာက ေလွ်ာထိုးဖ်က္ထုတ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး ညာျခမ္းက ရတဲ့ ဖရီးကစ္ကို အလြန္ဆို ကန္တင္ေပးရာ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဧရိယာအစပ္ကေန ေစာင့္စားေနတဲ့ ကိုဗာခ်စ္က လွမ္းကန္သြင္းခဲ့ရာမွာ ကယ္ေလဟာရဲ႕ ဘယ္ဘက္အေပၚေထာင့္ကို ဝင္သြားခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးျပန္ေပးခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ သေရဂိုး ရယူႏိုင္ခဲ့ၿပီး အာႏိုးလ္ဒ္က ဆာလားကို ေပးတဲ့ ေဘာလုံးကို ကြန္ေတ ျပန္ျဖတ္ယူႏိုင္ခဲ့ၿပီး ထိုးေပးလိုက္ခ်ိန္မွာ ကိုယ့္ေနရာ ကိုယ္မရွိဘဲ တက္ေထာက္တဲ့ ကိုနာေတေၾကာင့္ လြတ္ထြက္သြားခဲ့တဲ့ ပူလီရွစ္ခ်္က ဂိုးသမား ကယ္ေလဟာရဲ႕ အနီးကပ္အေနအထားကေန ကန္သြင္းၿပီး ပထမပိုင္းမွာ ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ ပိုမိုထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ ကယ္ေလဟာနဲ႔ လီဗာပူးလ္ေနာက္တန္းက တားဆီးႏိုင္ခဲ့သလို ဧည့္သည္ေတြရဲ႕ အခြင့္အေရးေတြကိုေတာ့ ဆာလား၊ မာေနးနဲ႔ ဂ်ိဳတာတို႔ အသုံးမခ်ႏိုင္ခဲ့ဘဲ ပြဲခ်ိန္ ၅၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဆာလားရဲ႕ ကန္ခ်က္ကို မန္ဒီက ပုတ္ထုတ္သြားခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ မာေနးရဲ႕ တန္ျပန္တိုက္စစ္ကေန ကန္ခ်က္ကို မန္ဒီ ပိတ္ဆို႔ကာကြယ္သြားခဲ့ရၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အလြန္ဆိုရဲ႕ ျဖတ္တင္ေဘာကေန ပူလီရွစ္ခ်္ အနီးကပ္ ပိတ္ခြင့္ရခဲ့ေပမယ့္ ထိခ်က္မမွန္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ေနာက္တစ္ဂိုးထပ္ရၿပီး ဦးေဆာင္ႏိုင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္သင္းစလုံး အခြင့္အေရးေတြကို အသုံးခ်ႏိုင္ျခင္းမရွိေတာ့တာေၾကာင့္ ပထမပိုင္းက ရလဒ္အတိုင္းပဲ ပြဲၿပီးဆုံးခဲ့ၿပီး ႏွစ္ဂိုးစီ သေရက်ခဲ့သလို အိမ္ရွင္ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ပိုမိုနစ္နာခဲ့တဲ့ ပြဲအျဖစ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ လီဗာပူးလ္တို႔နဲ႔ တစ္မွတ္စီ ခြဲယူခဲ့တာပဲျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးအသင္းက ၂၁ ပြဲကစား ၄၃ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနခဲ့ၿပီး လီဗာပူးလ္အသင္းကေတာ့ ပြဲ ၂၀ ကစား ၄၂ မွတ္နဲ႔ တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ခ်ိန္မွာ ဦးေဆာင္သူ မန္ခ်က္စတာစီးတီးရဲ႕ ၅၃ မွတ္နဲ႔ ၁၀ မွတ္အနည္းဆုံး ကြာဟသြားခဲ့ၿပီျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ စိတ္ဝင္စားစရာ ခ်န္ပီယံၿပိဳင္ဆိုင္မႈကေတာ့ ၿပီးဆုံးခါနီးသလိုျဖစ္လာခဲ့ၿပီး ပရိသတ္ေတြအတြက္ စိုးရိမ္စရာျဖစ္လာခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.