Bundesliga La Liga Ligue1 Premier League Serie A Transfer News

အသင်းသစ်တွေနဲ့ ဆွေးနွေးခွင့်ရရှိနေပြီဖြစ်တဲ့ ထိပ်တန်းကစားသမား ၁၁ ဦး

၂၀၂၂ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဟာ အပြောင်းအရွှေ့ကိစ္စတွေ လုပ်ဆောင်ဖို့အတွက် တရားဝင် ဖွင့်လှစ်ခဲ့ပြီ ဖြစ်ပါတယ်။

အသင်းတွေကလည်း ရာသီ ဒုတိယဝက်အတွက် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် လုပ်ဆောင်နေကြပြီဖြစ်ပြီး ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတွေကလည်း အသင်းသစ်တွေနဲ့ လွတ်လွတ်လပ်လပ် ညှိနှိုင်းဆွေးနွေးခွင့် ရရှိနေပြီဖြစ်ပါတယ်။ အဲဒီကစားသမားတွေထဲမှာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေလည်း အပါအဝင်ဖြစ်ပြီး ဘောလုံးသမိုင်းမှာ အကြီးမားတဲ့ အလွတ်အပြောင်းအရွှေ့တွေထဲကတစ်ခုအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ များနေတာဖြစ်ပါတယ်။

အမှန်တော့ ဒီ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းသစ်တွေနဲ့ လွတ်လွတ်လပ်လပ် ညှိနှိုင်းခွင့်ရပြီဖြစ်တဲ့ ထိပ်တန်းကစားသမား ၁၁ ဦးအထိ ရှိနေပြီး Transfermarkt က ဖော်ပြထားတဲ့ အဲဒီကစားသမားတွေအားလုံးရဲ့ တန်ဖိုး စုစုပေါင်းဟာ ယူရို သန်း ၅၄၀ အထိ အံ့အားသင့်ဖွယ် ရှိနေတာဖြစ်ပါတယ်။

ဂိုး- အန်ဒရေး အိုနာနာ(အိုင်းယက်စ်)- ယူရို ၁၇ သန်း

ခံစစ်- ခရစ္စတင်ဆန်(ချဲလ်ဆီး)- ယူရို ၃၅ သန်း

ခံစစ်- နစ်ကလပ် ဆူးလ်(ဘိုင်ယန်မြူးနစ်)- ယူရို ၃၅ သန်း

ခံစစ်- အန်တိုနီယို ရူဒီဂါ(ချဲလ်ဆီး)- ယူရို ၃၅ သန်း

ကွင်းလယ်- ဖရန့်ခ် ကက်ဆီ(အေစီမီလန်)- ယူရို ၄၈ သန်း

ကွင်းလယ်- မာဆယ်လ်လို ဘရိုဇိုဗစ်(အင်တာမီလန်)- ယူရို ၄၀ သန်း

ကွင်းလယ်- ပေါလ် ပေါ့ဂ်ဘာ(မန်ချက်စတာယူနိုက်တက်)- ယူရို ၅၅ သန်း

ညာတောင်ပံ- အူ့စ်မန် ဒမ်ဘီလီ(ဘာစီလိုနာ)- ယူရို ၃၀ သန်း

တိုက်စစ်- ဒီဘားလား(ဂျူဗင်တပ်)- ယူရို ၅၀ သန်း

တိုက်စစ်- ခီလီယန် အမ်ဘာပေ(ပီအက်စ်ဂျီ)- ယူရို ၁၆၀ သန်း

ဘယ်တောင်ပံ- လိုရန်းဇိုး အင်ဆစ်ဂ်ညီ(နာပိုလီ)- ယူရို ၃၅ သန်း

လာမယ့် ၂၀၂၂ ခုနှစ် နွေရာသီ အပြောင်းအရွှေ့စျေးကွက်ဟာ ရူးသွပ်ချင်စရာအကောင်းဆုံး အလွတ် အပြောင်းအရွှေ့တွေကို မြင်တွေ့ရနိုင်ခြေရှိနေပြီး ၂၀၂၁ ခုနှစ်တုန်းကလည်း လီယွန်နယ် မက်ဆီ၊ ဆာဂျီယို ရာမို့စ်နဲ့ ဒွန်နာရမ်းမားတို့ကလည်း ဘော့စ်မန် သဘောတူညီမှုနဲ့ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ခဲ့ကြတာဖြစ်ပါတယ်။

ဒီစာရင်းထဲက ကစားသမားအချို့ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်တဲ့ အခွင့်အရေး ရှိနေဆဲဆိုတာ မှန်ပေမယ့် အကုန်လုံး စာချုပ်သစ် မချုပ်တော့ဘဲ အသင်းကို စွန့်ခွာကြဖို့ကလည်း ဖြစ်နိုင်ခြေ ပိုများနေတယ်လို့ ဆိုရမှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုချင်တယ်ဆိုရင် ဒီလို အခြေအနေအထိ စောင့်ဆိုင်းနေမှာမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။ တကယ်လို့ အမ်ဘာပေသာ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဘောလုံးသမိုင်းမှာ မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့မှုပြီးရင် တန်ဖိုးအမြင့်ဆုံး ဘော့စ်မန်သဘောတူညီမှုနဲ့ အပြောင်းအရွှေ့ဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:၂၀၂၂ ခုႏွစ္ ဇန္နဝါရီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ အေျပာင္းအေရႊ႕ကိစၥေတြ လုပ္ေဆာင္ဖို႔အတြက္ တရားဝင္ ဖြင့္လွစ္ခဲ့ၿပီ ျဖစ္ပါတယ္။

အသင္းေတြကလည္း ရာသီ ဒုတိယဝက္အတြက္ ကစားသမားေတြကို ေခၚယူနိုင္ဖို႔အတြက္ လုပ္ေဆာင္ေနၾကၿပီျဖစ္ၿပီး ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ကစားသမားေတြကလည္း အသင္းသစ္ေတြနဲ႔ လြတ္လြတ္လပ္လပ္ ညႇိႏွိုင္းေဆြးေႏြးခြင့္ ရရွိေနၿပီျဖစ္ပါတယ္။ အဲဒီကစားသမားေတြထဲမွာ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာေပလည္း အပါအဝင္ျဖစ္ၿပီး ေဘာလုံးသမိုင္းမွာ အႀကီးမားတဲ့ အလြတ္အေျပာင္းအေရႊ႕ေတြထဲကတစ္ခုအျဖစ္ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ဖို႔ မ်ားေနတာျဖစ္ပါတယ္။

အမွန္ေတာ့ ဒီ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အသင္းသစ္ေတြနဲ႔ လြတ္လြတ္လပ္လပ္ ညႇိႏွိုင္းခြင့္ရၿပီျဖစ္တဲ့ ထိပ္တန္းကစားသမား ၁၁ ဦးအထိ ရွိေနၿပီး Transfermarkt က ေဖာ္ျပထားတဲ့ အဲဒီကစားသမားေတြအားလုံးရဲ့ တန္ဖိုး စုစုေပါင္းဟာ ယူရို သန္း ၅၄၀ အထိ အံ့အားသင့္ဖြယ္ ရွိေနတာျဖစ္ပါတယ္။

ဂိုး- အန္ဒေရး အိုနာနာ(အိုင္းယက္စ္)- ယူရို ၁၇ သန္း

ခံစစ္- ခရစၥတင္ဆန္(ခ်ဲလ္ဆီး)- ယူရို ၃၅ သန္း

ခံစစ္- နစ္ကလပ္ ဆူးလ္(ဘိုင္ယန္ျမဴးနစ္)- ယူရို ၃၅ သန္း

ခံစစ္- အန္တိုနီယို ႐ူဒီဂါ(ခ်ဲလ္ဆီး)- ယူရို ၃၅ သန္း

ကြင္းလယ္- ဖရန႔္ခ္ ကက္ဆီ(ေအစီမီလန္)- ယူရို ၄၈ သန္း

ကြင္းလယ္- မာဆယ္လ္လို ဘရိုဇိုဗစ္(အင္တာမီလန္)- ယူရို ၄၀ သန္း

ကြင္းလယ္- ေပါလ္ ေပါ့ဂ္ဘာ(မန္ခ်က္စတာယူနိုက္တက္)- ယူရို ၅၅ သန္း

ညာေတာင္ပံ- အူ႔စ္မန္ ဒမ္ဘီလီ(ဘာစီလိုနာ)- ယူရို ၃၀ သန္း

တိုက္စစ္- ဒီဘားလား(ဂ်ဴဗင္တပ္)- ယူရို ၅၀ သန္း

တိုက္စစ္- ခီလီယန္ အမ္ဘာေပ(ပီအက္စ္ဂ်ီ)- ယူရို ၁၆၀ သန္း

ဘယ္ေတာင္ပံ- လိုရန္းဇိုး အင္ဆစ္ဂ္ညီ(နာပိုလီ)- ယူရို ၃၅ သန္း

လာမယ့္ ၂၀၂၂ ခုႏွစ္ ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ဟာ ႐ူးသြပ္ခ်င္စရာအေကာင္းဆုံး အလြတ္ အေျပာင္းအေရႊ႕ေတြကို ျမင္ေတြ႕ရနိုင္ေျခရွိေနၿပီး ၂၀၂၁ ခုႏွစ္တုန္းကလည္း လီယြန္နယ္ မက္ဆီ၊ ဆာဂ်ီယို ရာမို႔စ္နဲ႔ ဒြန္နာရမ္းမားတို႔ကလည္း ေဘာ့စ္မန္ သေဘာတူညီမႈနဲ႔ ပီအက္စ္ဂ်ီအသင္းကို အလြတ္ေျပာင္းေရႊ႕ခဲ့ၾကတာျဖစ္ပါတယ္။

ဒီစာရင္းထဲက ကစားသမားအခ်ိဳ႕ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္တဲ့ အခြင့္အေရး ရွိေနဆဲဆိုတာ မွန္ေပမယ့္ အကုန္လုံး စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့ဘဲ အသင္းကို စြန႔္ခြာၾကဖို႔ကလည္း ျဖစ္နိုင္ေၿခ ပိုမ်ားေနတယ္လို႔ ဆိုရမွာျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္တယ္ဆိုရင္ ဒီလို အေျခအေနအထိ ေစာင့္ဆိုင္းေနမွာမဟုတ္ဘူးဆိုတာ သိနိုင္ပါတယ္။ တကယ္လို႔ အမ္ဘာေပသာ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့မယ္ဆိုရင္ ေဘာလုံးသမိုင္းမွာ မက္ဆီရဲ့ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ခဲ့မႈၿပီးရင္ တန္ဖိုးအျမင့္ဆုံး ေဘာ့စ္မန္သေဘာတူညီမႈနဲ႔ အေျပာင္းအေရႊ႕ျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.