Premier League

မာနေးရဲ့ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကို ချဲလ်ဆီးအသင်း ဘယ်လိုတုံ့ပြန်ခဲ့ကြလဲ

ချဲလ်ဆီးဝါရင့်နောက်ခံကစားသမား အက်ဇ်ပလီကွေတာက တနင်္ဂနွေနေ့ညနေမှာ လီဗာပူးလ်အသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ၎င်းရဲ့ မျက်နှာကို တံတောင်နဲ့ တွတ်ခဲ့တဲ့ မာနေးအနေနဲ့ အနီကတ်နဲ့ ထုတ်ပယ်ခံရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပွဲစတင်ပြီး စက္ကန့်ပိုင်းအကြာမှာ လီဗာပူးလ်အသင်းက တိုက်စစ်ကို အဝေးဘော ပေးပို့မှု ပြုလုပ်ခဲ့ပြီး မာနေးရဲ့ တံတောင်ဟာ ဘောလုံးလုယူဖို့အတွက် ကြိုးပမ်းခဲ့တဲ့ အက်ဇ်ပလီကွေတာနဲ့ ရှင်းရှင်းလင်းလင်းကို ထိတွေ့ခဲ့တာဖြစ်ပါတယ်။ ဆာဒီယို မာနေးဟာ ပွဲစစချင်း စက္ကန့်အနည်းငယ်လောက်မှာ အက်ဇ်ပလီကွေတာကို တံတောင်နဲ့ တွတ်ခဲ့တဲ့အချိန်မှာ အနီကတ် ပြသခံရမှုကနေ လွတ်မြောက်ခဲ့တာက ကံကောင်းသွားခဲ့တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒိုင်လူကြီး အန်သိုနီ တေလာက ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးကို သတိပေးတဲ့အနေနဲ့ အဝါကတ်ပြားသာ ပြသခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ကိုလည်း VAR က ကြားဝင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဆာဒီယို မာနေးဟာ အဲဒီဖြစ်စဉ်ဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာမှာပဲ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူသွားတဲ့အချိန်မှာ ချဲလ်ဆီးအသင်းအတွက် အနာပေါ် ဆားပက်သလို ဖြစ်ခဲ့ရပြီး ဆီနီဂေါကြယ်ပွင့်က ချာလိုဘက်ရဲ့ အမှားကနေတဆင့် အခွင့်ကောင်း ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အက်ဇ်ပလီကွေတာက ၎င်းကို တံတောင်နဲ့ တွတ်ခဲ့တဲ့ ဆာဒီယို မာနေးဟာ အဲဒီဖြစ်စဉ်အပြီးမှာ ကွင်းထဲ ဆက်ရှိနေခွင့်ပြုခြင်းခံထားရတာကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ “အဲဒါက အနီကတ်ဆိုတာ ရှင်းပါတယ်။ အဲဒါက ပွဲစစချင်း ပထမဆုံး လုပ်ရပ်လားဆိုတာ ကျွန်တော် မသိဘူး။ အဲဒါက ရှင်းလင်းတဲ့ အနီကတ်ပဲ။ သူ ဘောလုံးလုပ်ချင်ခဲ့တာမဟုတ်ပါဘူး။ သူ ဘောလုံးကို မမြင်ရဘူး။ သူ ကျွန်တော့်ကို တံတောင်နဲ့ တွတ်ချင်ခဲ့တာပါ။ ရိုးရိုးသားသားပြောရရင် ကျွန်တော် နားမလည်ပါဘူး”

“ကျွန်တော်တို့ ဟိုနေ့တုန်းကလည်း ဒီလို ဆုံးဖြတ်ချက်မျိုးနဲ့ ကြုံခဲ့ရတယ်။ ပင်နယ်တီ ၂ ကြိမ်ရရမယ့် အခြေအနေဖြစ်ခဲ့ပြီး VAR က ကြားမဝင်ခဲ့ဘူး။ ဒီနေ့ ပထမဆုံး လှုပ်ရှားမှုက ရှင်းလင်းတဲ့ အနီကတ်ပဲ။ ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ ဒီလို ဆုံးဖြတ်ချက်တွေပဲ ရနေပါတယ်။ ဟုတ်တာပေါ့၊ အဲဒီဆုံးဖြတ်ချက်တွေက ပွဲကို ပြောင်းလဲနိုင်တယ်။ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ဘောလုံးနဲ့အတူ ၅၀-၅၀ ဖျက်ထုတ်မှုတွေကို လူသိအောင်လုပ်နေရတယ်။ ရိုးရိုးသားသားပြောရရင် ပင်နယ်တီဟာသတွေလည်း ကျွန်တော်တို့ မြင်ခဲ့ရတယ်”

“ပြီးတော့ တစ်ခါတလေမှာ ကျွန်တော်တို့ အမှန်တကယ် အန္တရာယ်ရှိတဲ့ အပြုအမူတွေကို မြင်ရပြီး အရေးယူတာမရှိပါဘူး။ ပင်နယ်တီနဲ့ပတ်သက်ပြီး ဒိုင်လူကြီးတွေက နည်းနည်း ပိုပျော့ပျောင်းတဲ့သဘောထားရှိတဲ့ပွဲအနည်းငယ်ကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ဘာတွေဖြစ်နေလဲ ကျွန်တော် မသိပေမယ့် တူညီတဲ့ပွဲစဉ်တစ်ပွဲတည်းမှာ ဒါမှမဟုတ် တစ်ရာသီလုံးမှာ တသမတ်တည်း တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်မျိုးတော့ မတွေ့ရပါဘူး။ အဲဒါက စိတ်ပျက်စရာပါပဲ။ ကျွန်တော် အနှေးပြကွက် ပြန်ကြည့်ခဲ့ပေမယ့် အဲဒါကို ကျွန်တော် ကြည့်စရာကို မလိုခဲ့ပါဘူး။ တကယ့်တကယ်တမ်းမှာ အဲဒါက ရှင်းလင်းတဲ့ အနီကတ်ဆိုတာ ကျွန်တော် သိနေခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမား မန်ဒီဟာ မာနေးရဲ့ ဂိုးသွင်းယူခြင်းကို ခံခဲ့ရပြီးနောက် နာရီအနည်းငယ်အကြာမှာ အာဖရိကဖလားအတွက် ထွက်ခွာမယ့် လေယာဉ်ပေါ်မှာ လီဗာပူးလ်ကြယ်ပွင့်နဲ့ ဓာတ်ပုံအတူတူ ရိုက်ခဲ့ကြပြီး တနင်္ဂနွေနေ့ညနေပွဲစဉ်မှာ ၎င်းရဲ့လက်ရွေးစင်အသင်းဖော်အနေနဲ့ အနီကတ်နဲ့ ထုတ်ပယ်ခံရသင့်လားဆိုတဲ့ ထင်မြင်ချက်ကို ပွဲအပြီးမှာ မေးမြန်းခြင်းခံခဲ့ရပါတယ်။ “ဆာဒီယိုက ကျွန်တော့် ညီအစ်ကိုပါ။ ကျွန်တော်နဲ့ တစ်နိုင်ငံတည်းသားတွေပါ။ ဒါပေမယ့် ပထမတစ်မိနစ်အပြီးမှာ သူ ကွင်းထဲမှာ ဆက်ရှိမနေသင့်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အေဒူယာ မန်ဒီနဲ့ ဆာဒီယို မာနေးတို့ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဇင်ဘာဘွေနဲ့ ကစားရမယ့် ဆီနီဂေါအသင်းရဲ့ပထမဆုံးပွဲစဉ်အတွက် ပြိုင်ဘက်တွေအဖြစ်ကနေ အသင်းဖော်တွေအဖြစ်နဲ့ ပါဝင်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ပွဲစဉ်အတွင်း ချဲလ်ဆီးအသင်း ၂-၀ နဲ့ နောက်ကနေ လိုက်ကစားနေရချိန်မှာ ကိုဗာချစ်ရဲ့ သွင်းဂိုးကို VAR က ပြန်လည်စစ်ဆေးခဲ့တာကြောင့် ချဲလ်ဆီး နည်းပြ တူဟယ်ဟာ ဒေါသပေါက်ကွဲခဲ့ပါတယ်။

VAR က ပထမပိုင်းမှာ ကိုဗာချစ် သွင်းယူခဲ့တဲ့ အံ့အားသင့်ဖွယ် သွင်းဂိုးကို ပြန်လည်သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့်က ပင်နယ်တီဧရိယာအစွန်ကနေ မြေမကျဘောကန်သွင်းယူခဲ့ချိန်မှာ လီဗာပူးလ်ဂိုးသမား ကယ်လေဟာရဲ့မြင်ကွင်း ပိတ်ဆို့ခံထားခဲ့ရသလားဆိုတာကို ပြန်လည်စစ်ဆေးချင်ခဲ့တာဖြစ်ပါတယ်။

တူဟယ်က VAR က ချဲလ်ဆီးရဲ့ ပထမဂိုးကို စစ်ဆေးနေချိန်မှာ ဒေါသတကြီးနဲ့ အိိမ်ပြန်ကြရအောင််လို့ ပြောဆိုနေခဲ့တာကို ရုပ်သံကင်မရာက ရိုက်ကူးနိုင်ခဲ့ပြီး တကယ်လို့သာ ကိုဗာချစ်ရဲ့ ဂိုးကိုသာ VAR က ခွင့်မပြုခဲ့ဘူးဆိုရင် ဂျာမန်လူမျိုးနည်းပြပုံစံက တကယ်အိမ်ပြန်မယ့်ပုံ ပေါ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးဝါရင့္ေနာက္ခံကစားသမား အက္ဇ္ပလီေကြတာက တနဂၤေႏြေန႔ညေနမွာ လီဗာပူးလ္အသင္းနဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ၎ရဲ့ မ်က္ႏွာကို တံေတာင္နဲ႔ တြတ္ခဲ့တဲ့ မာေနးအေနနဲ႔ အနီကတ္နဲ႔ ထုတ္ပယ္ခံရသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ပြဲစတင္ၿပီး စကၠန႔္ပိုင္းအၾကာမွာ လီဗာပူးလ္အသင္းက တိုက္စစ္ကို အေဝးေဘာ ေပးပို႔မႈ ျပဳလုပ္ခဲ့ၿပီး မာေနးရဲ့ တံေတာင္ဟာ ေဘာလုံးလုယူဖို႔အတြက္ ႀကိဳးပမ္းခဲ့တဲ့ အက္ဇ္ပလီေကြတာနဲ႔ ရွင္းရွင္းလင္းလင္းကို ထိေတြ႕ခဲ့တာျဖစ္ပါတယ္။ ဆာဒီယို မာေနးဟာ ပြဲစစခ်င္း စကၠန႔္အနည္းငယ္ေလာက္မွာ အက္ဇ္ပလီေကြတာကို တံေတာင္နဲ႔ တြတ္ခဲ့တဲ့အခ်ိန္မွာ အနီကတ္ ျပသခံရမႈကေန လြတ္ေျမာက္ခဲ့တာက ကံေကာင္းသြားခဲ့တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။

ဒိုင္လူႀကီး အန္သိုနီ ေတလာက ဆီနီေဂါလက္ေရြးစင္တိုက္စစ္မႉးကို သတိေပးတဲ့အေနနဲ႔ အဝါကတ္ျပားသာ ျပသခဲ့တာျဖစ္ၿပီး အဲဒီျဖစ္စဥ္ကိုလည္း VAR က ၾကားဝင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ဆာဒီယို မာေနးဟာ အဲဒီျဖစ္စဥ္ျဖစ္ပြားၿပီး မိနစ္အနည္းငယ္အၾကာမွာပဲ လီဗာပူးလ္အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူသြားတဲ့အခ်ိန္မွာ ခ်ဲလ္ဆီးအသင္းအတြက္ အနာေပၚ ဆားပက္သလို ျဖစ္ခဲ့ရၿပီး ဆီနီေဂါၾကယ္ပြင့္က ခ်ာလိုဘက္ရဲ့ အမွားကေနတဆင့္ အခြင့္ေကာင္း ယူနိုင္ခဲ့တာျဖစ္ပါတယ္။

အက္ဇ္ပလီေကြတာက ၎ကို တံေတာင္နဲ႔ တြတ္ခဲ့တဲ့ ဆာဒီယို မာေနးဟာ အဲဒီျဖစ္စဥ္အၿပီးမွာ ကြင္းထဲ ဆက္ရွိေနခြင့္ျပဳျခင္းခံထားရတာကို ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။ “အဲဒါက အနီကတ္ဆိုတာ ရွင္းပါတယ္။ အဲဒါက ပြဲစစခ်င္း ပထမဆုံး လုပ္ရပ္လားဆိုတာ ကၽြန္ေတာ္ မသိဘူး။ အဲဒါက ရွင္းလင္းတဲ့ အနီကတ္ပဲ။ သူ ေဘာလုံးလုပ္ခ်င္ခဲ့တာမဟုတ္ပါဘူး။ သူ ေဘာလုံးကို မျမင္ရဘူး။ သူ ကၽြန္ေတာ့္ကို တံေတာင္နဲ႔ တြတ္ခ်င္ခဲ့တာပါ။ ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္ နားမလည္ပါဘူး”

“ကၽြန္ေတာ္တို႔ ဟိုေန႔တုန္းကလည္း ဒီလို ဆုံးျဖတ္ခ်က္မ်ိဳးနဲ႔ ၾကဳံခဲ့ရတယ္။ ပင္နယ္တီ ၂ ႀကိမ္ရရမယ့္ အေျခအေနျဖစ္ခဲ့ၿပီး VAR က ၾကားမဝင္ခဲ့ဘူး။ ဒီေန႔ ပထမဆုံး လႈပ္ရွားမႈက ရွင္းလင္းတဲ့ အနီကတ္ပဲ။ ကၽြန္ေတာ္တို႔ကို ဆန႔္က်င္တဲ့ ဒီလို ဆုံးျဖတ္ခ်က္ေတြပဲ ရေနပါတယ္။ ဟုတ္တာေပါ့၊ အဲဒီဆုံးျဖတ္ခ်က္ေတြက ပြဲကို ေျပာင္းလဲနိုင္တယ္။ ကၽြန္ေတာ္ နားမလည္ပါဘူး။ ကၽြန္ေတာ္တို႔ ပရီးမီးယားလိဂ္မွာ ေဘာလုံးနဲ႔အတူ ၅၀-၅၀ ဖ်က္ထုတ္မႈေတြကို လူသိေအာင္လုပ္ေနရတယ္။ ရိုးရိုးသားသားေျပာရရင္ ပင္နယ္တီဟာသေတြလည္း ကၽြန္ေတာ္တို႔ ျမင္ခဲ့ရတယ္”

“ၿပီးေတာ့ တစ္ခါတေလမွာ ကၽြန္ေတာ္တို႔ အမွန္တကယ္ အႏၲရာယ္ရွိတဲ့ အျပဳအမူေတြကို ျမင္ရၿပီး အေရးယူတာမရွိပါဘူး။ ပင္နယ္တီနဲ႔ပတ္သက္ၿပီး ဒိုင္လူႀကီးေတြက နည္းနည္း ပိုေပ်ာ့ေပ်ာင္းတဲ့သေဘာထားရွိတဲ့ပြဲအနည္းငယ္ကို ကၽြန္ေတာ္တို႔ ေတြ႕ေနရပါတယ္။ ဘာေတြျဖစ္ေနလဲ ကၽြန္ေတာ္ မသိေပမယ့္ တူညီတဲ့ပြဲစဥ္တစ္ပြဲတည္းမွာ ဒါမွမဟုတ္ တစ္ရာသီလုံးမွာ တသမတ္တည္း တည္ၿငိမ္တဲ့ ဆုံးျဖတ္ခ်က္မ်ိဳးေတာ့ မေတြ႕ရပါဘူး။ အဲဒါက စိတ္ပ်က္စရာပါပဲ။ ကၽြန္ေတာ္ အေႏွးျပကြက္ ျပန္ၾကည့္ခဲ့ေပမယ့္ အဲဒါကို ကၽြန္ေတာ္ ၾကည့္စရာကို မလိုခဲ့ပါဘူး။ တကယ့္တကယ္တမ္းမွာ အဲဒါက ရွင္းလင္းတဲ့ အနီကတ္ဆိုတာ ကၽြန္ေတာ္ သိေနခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီး ဂိုးသမား မန္ဒီဟာ မာေနးရဲ့ ဂိုးသြင္းယူျခင္းကို ခံခဲ့ရၿပီးေနာက္ နာရီအနည္းငယ္အၾကာမွာ အာဖရိကဖလားအတြက္ ထြက္ခြာမယ့္ ေလယာဥ္ေပၚမွာ လီဗာပူးလ္ၾကယ္ပြင့္နဲ႔ ဓာတ္ပုံအတူတူ ရိုက္ခဲ့ၾကၿပီး တနဂၤေႏြေန႔ညေနပြဲစဥ္မွာ ၎ရဲ့လက္ေရြးစင္အသင္းေဖာ္အေနနဲ႔ အနီကတ္နဲ႔ ထုတ္ပယ္ခံရသင့္လားဆိုတဲ့ ထင္ျမင္ခ်က္ကို ပြဲအၿပီးမွာ ေမးျမန္းျခင္းခံခဲ့ရပါတယ္။ “ဆာဒီယိုက ကၽြန္ေတာ့္ ညီအစ္ကိုပါ။ ကၽြန္ေတာ္နဲ႔ တစ္နိုင္ငံတည္းသားေတြပါ။ ဒါေပမယ့္ ပထမတစ္မိနစ္အၿပီးမွာ သူ ကြင္းထဲမွာ ဆက္ရွိမေနသင့္ေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေအဒူယာ မန္ဒီနဲ႔ ဆာဒီယို မာေနးတို႔ဟာ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ဇင္ဘာေဘြနဲ႔ ကစားရမယ့္ ဆီနီေဂါအသင္းရဲ့ပထမဆုံးပြဲစဥ္အတြက္ ၿပိဳင္ဘက္ေတြအျဖစ္ကေန အသင္းေဖာ္ေတြအျဖစ္နဲ႔ ပါဝင္ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔ လီဗာပူးလ္တို႔ပြဲစဥ္အတြင္း ခ်ဲလ္ဆီးအသင္း ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားေနရခ်ိန္မွာ ကိုဗာခ်စ္ရဲ့ သြင္းဂိုးကို VAR က ျပန္လည္စစ္ေဆးခဲ့တာေၾကာင့္ ခ်ဲလ္ဆီး နည္းၿပ တူဟယ္ဟာ ေဒါသေပါက္ကြဲခဲ့ပါတယ္။

VAR က ပထမပိုင္းမွာ ကိုဗာခ်စ္ သြင္းယူခဲ့တဲ့ အံ့အားသင့္ဖြယ္ သြင္းဂိုးကို ျပန္လည္သုံးသပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးကြင္းလယ္ၾကယ္ပြင့္က ပင္နယ္တီဧရိယာအစြန္ကေန ေျမမက်ေဘာကန္သြင္းယူခဲ့ခ်ိန္မွာ လီဗာပူးလ္ဂိုးသမား ကယ္ေလဟာရဲ့ျမင္ကြင္း ပိတ္ဆို႔ခံထားခဲ့ရသလားဆိုတာကို ျပန္လည္စစ္ေဆးခ်င္ခဲ့တာျဖစ္ပါတယ္။

တူဟယ္က VAR က ခ်ဲလ္ဆီးရဲ့ ပထမဂိုးကို စစ္ေဆးေနခ်ိန္မွာ ေဒါသတႀကီးနဲ႔ အိိမ္ျပန္ၾကရေအာင္္လို႔ ေျပာဆိုေနခဲ့တာကို ႐ုပ္သံကင္မရာက ရိုက္ကူးနိုင္ခဲ့ၿပီး တကယ္လို႔သာ ကိုဗာခ်စ္ရဲ့ ဂိုးကိုသာ VAR က ခြင့္မျပဳခဲ့ဘူးဆိုရင္ ဂ်ာမန္လူမ်ိဳးနည္းျပပုံစံက တကယ္အိမ္ျပန္မယ့္ပုံ ေပၚပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.