Premier League

လေခွန်မဆောင်ရတိုင်း ပြောချင်တာလျှောက်ပြောနေတဲ့ လူကာကူးကို တုံ့ပြန်လိုက်တဲ့ တူဟယ်

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်ဟာ တိုက်စစ်မှူး လူကာကူးကို ၎င်းရဲ့ စိတ်မကျေမနပ်ဖြစ်မှုကို ထုတ်ဖော်ပြောဆိုတာက အသင်းကို လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ အကူအညီမဖြစ်ဘူးလို့ ရှင်းရှင်းလင်းလင်း သိအောင် တုံ့ပြန်ခဲ့ပြီး ဒီထက် ပိုပြီး ကောင်းကောင်းသိထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

တူဟယ်ရဲ့အသင်းဟာ ဒဏ်ရာပြဿနာ၊ ကိုဗစ်ကူးစက်ခံရမှုတို့နဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး လူကာကူးက အင်တာမီလန်အသင်းကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့အကြောင်းကို ပြောကြားထားတဲ့ အင်တာဗျူးထွက်ပေါ်လာချိန်မှာ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိထားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် အဲဒါကို မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါတွေက ကျွန်တော်တို့ မလိုချင်တဲ့ ဆူညံသံတွေကို သယ်ဆောင်လာနိုင်လို့ပါ”

“ကျွန်တော်တို့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်နဲ့ အာရုံစိုက်မှုကို လိုအပ်ပြီး အဲဒီ ပြောစကားတွေက အကူအညီမဖြစ်ပါဘူး။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အဲဒါကို အမှန်တကယ်ဖြစ်နေတာထက် ပိုပြီး ကြီးသွားအောင် မလုပ်ချင်ပါဘူး။ ဒါက ဒီနေ့ ကမ္ဘာဖြစ်ပြီး ခင်ဗျားက လူကာကူးလိုမျိုး နာမည်ကြီးကစားသမားဆိုရင် ခင်ဗျားပြောသမျှ အရာအားလုံးက လူတွေအားလုံးသိသွားမှာပါ”

“သူက အတွေ့အကြုံရှိတဲ့ကစားသမားဖြစ်ပြီး သူ ဒီလိုမျိုး စကားပြောတဲ့အခါမှာ စကားလုံးတိုင်းက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို သိသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဘယ်လ်ဂျီယမ်တိုက်စစ်မှူး လူကာကူးဟာ ချဲလ်ဆီးအသင်းက အခြေအနေတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပြီး နည်းပြ တူဟယ်ဟာ တခြား ကစားကွက်နဲ့ ကစားဖို့ ရွေးချယ်ခဲ့တာကြောင့် တစ်နေ့မှာ အင်တာကို ပြန်လည်ပြောင်းရွှေ့မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

တူဟယ်က ကြားသမျှ အရာအားလုံးက ၎င်းအတွက် အသစ်တွေ ဖြစ်နေပြီး လက်ရှိဘာမှ ဖြစ်နေတာမရှိဘူးလို့ ရှင်းလင်းသွားပါတယ်။ “ခင်ဗျား ကစားကွက်တွေ အများကြီး အပြောင်းအလဲ လုပ်တာ မြင်မှာပါ။ ဘယ်သူမဆိုတွေ့မှာပါ။ လူကာကူး ရောက်လာတဲ့အချိန်မှာ သူ ကစားခဲ့ပြီး ဒဏ်ရာရခဲ့တယ်”

“ကိုဗစ် ကူးစက်ခံရပြီး သူ လေ့ကျင့်ရေးမရှိဘဲ ကစားနေခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော် အံ့အားသင့်ခဲ့ရတာပါ။ တစ်ခုခုတော့ ဖြစ်နေပြီဆိုတဲ့ပုံစံနဲ့ ဒီလို ဆွေးနွေးမှုမျိုးထဲ ကျွန်တော် ဝင်ပါမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဘာမှ ဖြစ်နေတာကို လုံးဝ မရှိနေလို့ပါ”လို့ တူဟယ်က ပြောကြားသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ တိုက္စစ္မႉး လူကာကူးကို ၎ရဲ့ စိတ္မေက်မနပ္ျဖစ္မႈကို ထုတ္ေဖာ္ေျပာဆိုတာက အသင္းကို လမ္းေၾကာင္းေပၚ ျပန္ေရာက္နိုင္ဖို႔ အကူအညီမျဖစ္ဘူးလို႔ ရွင္းရွင္းလင္းလင္း သိေအာင္ တုံ႔ျပန္ခဲ့ၿပီး ဒီထက္ ပိုၿပီး ေကာင္းေကာင္းသိထားသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တူဟယ္ရဲ့အသင္းဟာ ဒဏ္ရာျပႆနာ၊ ကိုဗစ္ကူးစက္ခံရမႈတို႔နဲ႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး လူကာကူးက အင္တာမီလန္အသင္းကို ျပန္လည္ေျပာင္းေရႊ႕ခ်င္တဲ့အေၾကာင္းကို ေျပာၾကားထားတဲ့ အင္တာဗ်ဴးထြက္ေပၚလာခ်ိန္မွာ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၄ ပြဲသာ အနိုင္ရရွိထားခဲ့တာျဖစ္ပါတယ္။ “ကၽြန္ေတာ္ အဲဒါကို မႀကိဳက္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါေတြက ကၽြန္ေတာ္တို႔ မလိုခ်င္တဲ့ ဆူညံသံေတြကို သယ္ေဆာင္လာနိုင္လို႔ပါ”

“ကၽြန္ေတာ္တို႔ တည္ၿငိမ္တဲ့ ပတ္ဝန္းက်င္နဲ႔ အာ႐ုံစိုက္မႈကို လိုအပ္ၿပီး အဲဒီ ေျပာစကားေတြက အကူအညီမျဖစ္ပါဘူး။ တစ္ဖက္မွာလည္း ကၽြန္ေတာ္တို႔ အဲဒါကို အမွန္တကယ္ျဖစ္ေနတာထက္ ပိုၿပီး ႀကီးသြားေအာင္ မလုပ္ခ်င္ပါဘူး။ ဒါက ဒီေန႔ ကမၻာျဖစ္ၿပီး ခင္ဗ်ားက လူကာကူးလိုမ်ိဳး နာမည္ႀကီးကစားသမားဆိုရင္ ခင္ဗ်ားေျပာသမၽွ အရာအားလုံးက လူေတြအားလုံးသိသြားမွာပါ”

“သူက အေတြ႕အၾကဳံရွိတဲ့ကစားသမားျဖစ္ၿပီး သူ ဒီလိုမ်ိဳး စကားေျပာတဲ့အခါမွာ စကားလုံးတိုင္းက ဘယ္ေလာက္တန္ဖိုးရွိလဲဆိုတာကို သိသင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉး လူကာကူးဟာ ခ်ဲလ္ဆီးအသင္းက အေျခအေနေတြနဲ႔ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ ေျပာၾကားခဲ့ၿပီး နည္းၿပ တူဟယ္ဟာ တျခား ကစားကြက္နဲ႔ ကစားဖို႔ ေရြးခ်ယ္ခဲ့တာေၾကာင့္ တစ္ေန႔မွာ အင္တာကို ျပန္လည္ေျပာင္းေရႊ႕မယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

တူဟယ္က ၾကားသမၽွ အရာအားလုံးက ၎အတြက္ အသစ္ေတြ ျဖစ္ေနၿပီး လက္ရွိဘာမွ ျဖစ္ေနတာမရွိဘူးလို႔ ရွင္းလင္းသြားပါတယ္။ “ခင္ဗ်ား ကစားကြက္ေတြ အမ်ားႀကီး အေျပာင္းအလဲ လုပ္တာ ျမင္မွာပါ။ ဘယ္သူမဆိုေတြ႕မွာပါ။ လူကာကူး ေရာက္လာတဲ့အခ်ိန္မွာ သူ ကစားခဲ့ၿပီး ဒဏ္ရာရခဲ့တယ္”

“ကိုဗစ္ ကူးစက္ခံရၿပီး သူ ေလ့က်င့္ေရးမရွိဘဲ ကစားေနခဲ့ပါတယ္။ အဲဒါေၾကာင့္ ကၽြန္ေတာ္ အံ့အားသင့္ခဲ့ရတာပါ။ တစ္ခုခုေတာ့ ျဖစ္ေနၿပီဆိုတဲ့ပုံစံနဲ႔ ဒီလို ေဆြးေႏြးမႈမ်ိဳးထဲ ကၽြန္ေတာ္ ဝင္ပါမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဘာမွ ျဖစ္ေနတာကို လုံးဝ မရွိေနလို႔ပါ”လို႔ တူဟယ္က ေျပာၾကားသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.